မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၃ (မော်ကွန်း)
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ထဲက မိတ္ထီလာ၊ သာစည် ၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်တွေမှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူ မစီးဖို့ စစ်ကောင်စီက ကန့်သတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ကစလို့ အဲဒီမြို့နယ်တွေမှာ ဆိုင်ကယ်တစ်စီးမှာ အမျိုးသားနှစ်ဦးအတူ စီးနင်းခွင့်မပြုတော့ကြောင်း၊ ဆိုင်ကယ်တစ်စီးကို ကျားတစ်ဦးမတစ်ဦး သို့မဟုတ် မနှစ်ဦးသာ စီးနင်းရမယ်လို့ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေ လိုက်လံကြေညာနေကြောင်း နယ်ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေကို ဆိုင်ကယ်တွေနဲ့ လာရောက်ပစ်ခတ်တာမျိုးမဖြစ်အောင် သတ်မှတ်လိုက်တာဖြစ်နိုင်ကြောင်း ဒေသခံတွေက ထင်မြင်ချက်ပေးပါတယ်။
ယခင်ရက်ပိုင်းကလည်း ရန်ကုန်တိုင်း မြို့နယ်တချို့မှာ ဆိုင်ကယ်တစ်စီး လူတစ်ဦးသာစီးနင်းရန် စစ်ကောင်စီက လိုက်လံကန့်သတ်ခဲ့ပါသေးတယ်။
မိတ္ထီလာနဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ စစ်ကောင်စီကိုပြန်လည်ခုခံတိုက်ခိုက်တဲ့ ဖြစ်စဥ်တွေလည်း ဖြစ်ပွားနေပြီး စစ်ကောင်စီသတင်းပေးတချို့လည်း သတ်ဖြတ်ခံရမှုတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
#Dailynews

