မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၁၄ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ပိတ်စွယ်နယ်မြေ (၁) စွန်းလွန်းဘုန်းကြီးကျောင်းအဆင်းနားက စစ်ကောင်စီသတင်းပေးလို့ နာမည်ကျော်သူတစ်ဦး ဒီကနေ့ မနက်အစောပိုင်းက နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံတွေကဆိုပါတယ်။
“သူတို့ကြောင့်ဖမ်းခံထားရသူတွေအများကြီးပဲလေ။အိမ်ချိတ်ပိတ်လိုက်ရသူတွေရှိတယ်။ အဖမ်းခံရပြီး ပြန်လွှတ်လာရင်တောင်နေစရာမရှိကြတော့ဘူး။ပတ်ဝန်းကျင်ကလူတွေကိုလည်း ဖမ်းခိုင်းမယ် ခြိမ်းခြောက်သေးတယ်”လို့ အနီးအနားက ဒေသခံတစ်ဥဦးက ပြောပါတယ်။
သေဆုံးသူဦးသန်းလှိုင်က စစ်ကောင်စီတပ်ကို သတင်းပေးလုပ်ငန်းတွေလုပ်ဆောင်ပြီး လူငယ်တွေလဲ PDF လို့စွပ်စွဲကာ ဖမ်းဆီးခိုင်းမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဦးသန်းလှိုင်ကို သတင်းပေးမလုပ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် ဆက်လုပ်တာကြောင့် ရှင်းလင်းပစ်ခဲ့တာဖြစ်တယ်လို့ ပတ္တမြားမြေ PDF က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၄ရက်နေ့ မနက် ၁၀:၀၀ နာရီလောက်မှာလည်း အောင်နီလာ (၁)ရပ်ကွက်ထဲက စစ်ကောင်စီသတင်းပေး နေလင်းအောင်ရဲ့နေအိမ်က ကားကို လက်ပစ်ဗုံးနဲ့ပစ်ပြီး သတိပေးခဲ့သေးတယ်လို့ပတ္တမြားမြေ PDF ထုတ်ပြန်ထားပါတယ်။
#Dailynews

