ပုသိမ် – ၂၀၂၁ နိုဝင်ဘာ ၁၆ (မော်ကွန်း)
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရေကြောင်းရဲတပ်ဖွဲ့စခန်းကို ဒီကနေ့ညပိုင်း ပစ်ခတ်ခံရတယ်လို့ ဒေသ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
ပုသိမ် ကမ်းနားလမ်းဘေးမှာရှိတဲ့ ရေကြောင်းရဲ တပ်ဖွဲ့စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေရှိတယ်လို့ သိရပါတယ်။
”ဒီည ၇:၄၀ လောက်မှာ သေနတ်သံတွေစကြားရတယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်တဲ့ပုံစံမျိုးကြားရတယ်။ သေနတ်သံ ၁၀ ချက်နီးပါး ကြားရတယ်။ သေနတ်သံတွေကြောင့် ထွက်မကြည့်ရဲဘူး” လို့ ပုသိမ်မြို့ ဒေသခံတဦးက ပြောပါတယ်။
ဒီပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် ထိ ခိုက်မှုကို မသိရသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေအများအပြား ထပ်မံရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။
မနေ့ကလည်း ပုသိမ်-ချောင်းသာသွားကားလမ်း ပိုင်းမှာ စစ်ကောင်စီခန့် ဟိုတယ်/ခရီး ပြည် ထောင်စုဝန်ကြီး ယာဥ်တန်းကို ဒေသခံ တော်လှန် ရေးတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်။
#Dailynews

