မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၁၅ (မော်ကွန်း)
မန္တလေးတိုင်းမိုးကုတ်မြို့မှာ ဒီကနေ့ ညနေ ၄:၀၀ နာရီဝန်းကျင်က စစ်ကောင်စီ တပ်တွေ တောနင်းဝင်ရောက်လာတာကြောင့် ပတ္တမြားမြေ PDF အဖွဲ့နဲ့ ထိတွေ့မှုဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ညနေပိုင်းပစ်ခတ်သံတွေကြားတယ်။ မြို့ထဲကနေ ကြားရတယ်။ စစ်ကားတွေလဲ တပ်ကူတက်သွားတာမြင်တယ် “လို့ဒေသခံတစ်ဦးကဆိုပါတယ်။
ထိတွေ့ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က သေဆုံးမှုရှိနိုင်ပြီး PDF ဘက်ကတော့ အကျဆုံးမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပတ္တမြားမြေ PDF ကထုတ်ပြန်ထားပါတယ်။
ဒီကနေ့မှာပဲ မိုးကုတ်မြို့ အထက ၁ ကျောင်းအနီးနဲ့ မြို့မရဲစခန်းအနီး ပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့ပါတယ်။
မိုးကုတ်မြို့မှာ မနေ့ညကလည်း စစ်ကောင်စီ တပ်ရဲ့ငါးရံ့အင်းတပ်စခန်းနဲ့ တောင်ကချင်အချုပ်ထောင်တို့ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။
#Dailynews

