သတင်းများ

ဆိပ်ဖြူမြို့နယ်၊ ပိုင်းကျေးရွာက ကလေးသုံးယောက်မိခင်ကို အာဏာသိမ်းစစ်တပ်က လည်လှီးပြီး သတ်သွား

July 11, 2022

ဆိပ်ဖြူ – ၂၀၂၂ ဇူလိုင် ၁၁ (မော်ကွန်း) မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပိုင်းကျေးရွာက အမျိုးသမီးတစ်ဦးကို အာဏာသိမ်းစစ်တပ်အဖွဲ့တွေက လည်လှီးကာသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိထားပါတယ်။ အသတ်ခံရသူဟာ အသက်၃၈နှစ်အရွယ်ရှိပြီး အသက်၁၆နှစ်အရွယ်သမီးတစ်ယောက်၊ အသက် ၁၂န​ဲ့ အသက်ကိုးနှစ်အရွယ် သားနှစ်ယောက်ရှိတဲ့မိခင်တစ်ဦးဖြစ်ပါတယ်။ ဇူလိုင် ၉ ရက်က ပိုင်းကျေးရွာကို အာဏာသိမ်းစစ်တပ်အဖွဲ့တွေ စစ်ကြောင်းထိုးလာတာကြောင့် ရွာခံပြည်သူတွေထွက်ပြေးကြရပြီး မနှင်းဝေနဲ့အမျိုးသားဖြစ်သူတို့ကတော့ အိမ်ကို ဝက်စာကျွေးဖို့ ခဏပြန်ချိန်မှာ စစ်သားတွေနဲ့တွေ့ပြီး အသတ်ခံရတာလို့ ဒေသခံကပြောပါတယ်။ အမျိုးသားဖြစ်သူကတော့ လွတ်မြောက်လာခဲ့ပြီး မနှင်းဝေကို လည်ပင်းကို ဓါးနဲ့လှီးထားတဲ့ဒဏ်ရာတွေနဲ့အတူသေဆုံးနေတာကို ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံကဆိုပါတယ်။ “သေဆုံးသူက မနှင်းဝေ၊ သူ့မှာကလေးသုံးယောက်ကျန်ခဲ့တယ်၊ ရွာကိုတော့ မီးမရှို့ဘူး၊ အိမ်တွေ ဝင်မွှေပြီး ပစ္စည်းတွေယူတယ်၊ ဝက်တွေ သတ်စားတယ်၊ တန်ဖိုးကြီးပစ္စည်းသယ်လို့ရတာအကုန်သယ်တယ်၊ ကုန်စုံဆိုင်က ပစ္စည်းတေွ […]

အပြည့်အစုံဖတ်ရန်

ပခုက္ကူမြို့နယ်က ရွာနှစ်ရွာကို အာဏာသိမ်းစစ်တပ်တစ်ရက်ထဲမီးရှို့၊ နေအိမ် ၁၅၀ကျော် မီးလောင်ဆုံးရှုံး

July 8, 2022

ပခုက္ကူ – ၂၀၂၂ ဇူလိုင် ၈ (မော်ကွန်း) မကွေးတိုင်း ပခုက္ကူမြို့နယ်က ရှားဒူးကျေးရွာနဲ့ စိုင်ဖြူကျေးရွာကိုအာဏာသိမ်းစစ်တပ်က ဒီကနေ့ တစ်ရက်ထဲ မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅၅လုံး ပျက်စီးဆုံးရှူံးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က အင်အား ၃၀ ဝန်းကျင်နဲ့ မနေ့ကညနေပိုင်းမှာဆိုက်ခမ်းကနေ စိုင်ဖြူရွာကိုကူးပြီး ရှားဒူးရွာကို ဆက်ပြီးစစ်ကြောင်းထိုးခဲ့တာလို့ အဲဒီဒေသခံကပြောပါတယ်။ ဒီကနေ့ မနက် ၈း၀၀ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က အိမ်​ခြေ၂၀၀ ကျော်ရှိတဲ့ ရှားဒူးရွာကို မီးရှို့တာကြောင့် နေအိမ် ၁၅၀လုံး မီးထဲပါသွားတယ်လို့ ဒေသခံကပြောပါတယ်။ စစ်တပ်က ရှားဒူးရွာကို မီးရှို့ပြီးနောက် နေ့ခင်း ၁၁း၀၀ နာရီဝန်းကျင်မှာ စိုင်ဖြူရွာကို ဝင်ရောက်ပြီးထပ်မံမီးရှို့တာကြောင့်နေအိမ် ငါးလုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့​ပြောပါတယ်။ “အခုထိရွာသားတွေက ထွက်ပြေးနေကြတုန်းဆိုတော့ အဆက်သွယ်လည်းမရသေးဘူး၊ ကြောက်တော့မပြန်ရဲကြသူတွေလဲမပြန်ကြဘူး၊ တချို့တလေတော့မီးလောင်တဲ့အခြေနေသွားကြည့်ကြတာရှိတယ် “လို့ ရှားဒူးရွာအနီးကရွာသားတစ်ဦးကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

” အဆုံးထိတော်လှန် “၅/”တို့အားမာန်” ကလေးမြို့ပင်မသပိတ် ၅၁၆ ရက်မြောက်လှုပ်ရှားမှု

July 8, 2022

ကလေး – ၂၀၂၂ ဇူလိုင် ၈ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးကလေးမြို့ပင်မသပိတ်ရဲ့ ပျက်ရက်မရှိ ဆန္ဒထုတ်ဖော်မှု ၅၁၆ ရက်မြောက်နေ့ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်တွေ ကျေးရွာတွေကို မီးရှို့လို့ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ကလေးမြို့နယ်က ပြည်သူတွေကို ကလေးမြို့ပင်မသပိတ်အပါအဝင်တော်လှန်ရေးအင်အားစုတွေက ကူညီထောက်ပံ့နေပြီး “စစ်ဘေးရှောင်ကူညီရေးအဖွဲ့ -ကလေးဒေသ” ဆိုတဲ့ Facebook စာမျက်နှာမှာ သွားရောက်ချိတ်ဆက်နိုင်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ကင်းလှည့်သွားတဲ့ ရဲတစ်ဦးရဲ့နေအိမ်ဓားပြအတိုက်ခံရမှု သုံးရက်ကြာသည့်အထိဖမ်းမမိသေး

July 8, 2022

မအူပင် – ၂၀၂၂ ဇူလိုင် ၈ (မော်ကွန်း) ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲဒုတပ်ကြပ်တစ်ယောက်ရဲ့နေအိမ် ဓါးပြတိုက်ခံရပြီး သုံးရက်ကြာတဲ့အထိ ရှာဖွေဖမ်းဆီးလို့မရသေးကြောင်း ဒေသခံတွေဆီကသိရပါတယ်။ အမှတ် ၇ ရပ်ကွက်မှာနေထိုင်တဲ့ ရဲဒုတပ်ကြပ် နောင်နောင်ထွန်း လှည့်ကင်းသွားနေတဲ့အချိန်မှာ သူ့နေအိမ်ကို အမျိုးသားလေးဦးရောက်လာပြီး ဓားပြတိုက်သွားတာလို့ မအူပင်မြို့ခံတစ်ဦးက ပြောပါတယ်။ ” ညပိုင်းဖြစ်သွားတာ အဲ့ရဲက အပြင်သွားနေတာ တိုက်ပြီးတော့ နာရီဝက်လောက်ကြာမှ အဲ့အိမ်ရှေ့မှာ ရဲကားတွေရော စစ်ကားတွေရော ရောက်လာတာ သတင်းဖုံးထားတယ် အခိုးခံရတယ်ဆိုပြီး ရပ်ကွက်ထဲသတင်းလွှင့်ထားတယ်”လို့ မြို့ခံကပြောပါတယ်။ ရဲဒုတပ်ကြပ် နောင်နောင်ထွန်း အိမ်ကနေ ရွှေထည်ပစ္စည်းနဲ့ အခြားတန်ဖိုးရှိတဲ့ပစ္စည်း သိန်း ၅၀ ကျော်ဖိုပါသွားတယ်လို့ သူကဆိုပါတယ်။ ဓားပြတိုက်ခံရပြီး နာရီဝက် အကြာမှာ စစ်ကောင်စီတပ်သားတွေက မြို့ဝင်ထွက်လမ်းတွေနဲ့ လူစည်းကားတဲ့နေရာတွေမှာ ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့ပေမယ့် […]

အပြည့်အစုံဖတ်ရန်

ပခုက္ကူမြို့နယ် ရှားဒူးကျေးရွာကို အာဏာသိမ်းစစ်တပ် မီးရှို့နေ

July 8, 2022

ပခုက္ကူ – ၂၀၂၂ ဇူလိုင် ၈ (မော်ကွန်း) မကွေးတိုင်းပခုက္ကူမြို့နယ်၊ရှားဒူးအုပ်စု ၊ရှားဒူးရွာကို ဒီကနေ့မနက် ၈:၀၀နာရီဝန်းကျင်ကစတင်ပြီး အာဏာသိမ်းစစ်တပ်က မီးရှို့နေတယ်လို့ အနီးအနားကျေးရွာဒေသခံတွေကပြောပါတယ်။ ဒီကနေ့မနက် ၇:၄၅ဝန်းကျင်ကစပြီး ရှားဒူးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး ရွာထဲရောက်တာနဲ့စတင်မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ ၂၀၀ ဝန်းကျင် ရှိတဲ့ ရှားဒူး ရွာကမီးရှို့ခံရတာကြောင့် မီးခိုးလုံးတွေအူထွက်နေပြီး အဝေးရွာတွေကနေပါလှမ်းမြင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မီးခိုးတွေကလည်း အဝေးကကြည့်ရင်တောင် မိီးခိုးတွေအူထွက်နေတာ၊ ပခုက္ကူမြို့နယ်ဘက်ခြမ်းမှာမီးလောင်တာပုဂံညောင်ဦး ဧရာဝတီမြစ်တစ်ဖက်ကမ်းကတောင်မီးခိုးတွေမြင်နေရတယ်”လို့ အနီးအနားဒေသခံတစ်ဦးကပြောပါတယ်။ ရှားဒူးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းစတင်ထိုးလာတာနဲ့ ​ဒေသခံရွာသူရွာသားတွေက ထွက်ပြေးနေရပြီး အခုထိရွာထဲမဝင်ရသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေနေကိုမသိရသေးဘူးလို့ဒေသခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ရှားဒူးရွာအနီး အရှေ့ကမ်းဖြူရွာ၊ ဒဲ့ပြားရွာနဲ့တောင်ပလူရွာတွေကို ပြီးခဲ့တဲ့ဇွန်လတုန်းက မီးရှို့ခဲ့သေးတယ်လို့​ဒေသခံတွေဆီကသိရပါတယ်။ ပုံစာ – မီးရှို့ခံနေရတဲ့ရှားဒူးရွာ ဓာတ်ပုံ – […]

အပြည့်အစုံဖတ်ရန်

မန္တလေးမြို့ မီးရထားရိပ်သာရုံးမှာ ပေါက်ကွဲမှုနဲ့ပစ်ခတ်မှု ယနေ့ နေ့လယ်က ဖြစ်ပွား

July 7, 2022

မန္တလေး – ၂၀၂၂ ဇူလိုင် ၇ (မော်ကွန်း) မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ၂၈လမ်း ၊ ၇၇လမ်းနဲ့ ၇၈လမ်းကြားမှာရှိတဲ့ မီးရထားရိပ်သာရုံးမှာ ဒီကနေ့ နေ့လယ်ပိုင်းလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ အနီးအနားဒေသခံတွေကပြောပါတယ်။ မီးရထားရိပ်သာရုံးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား သုံးဦးအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး သေနတ်ပစ်ခတ်သံ တွေကြားခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မီးရထားရိပ်သာရုံးမှာစောင့်နေတဲ့စစ်ကောင်စီတပ်သားတွေကို လက်ပစ်ဗုံးတစ်လုံး၊ ကျည် ၆တောင့်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးအခြေစိုက် Generation Z Power အဖွဲ့ထံကသိရပါတယ်။ “ကျွန်တော်တို့ စောင့်ကြည့်နေတာ လဝက်ကျော်လောက် ရှိပါပြီ၊သူတို့ဘက်ကပြန်ပစ်ခတ်ဖို့အချိန်မရလိုက်တော့ သူတို့ဘက်က ပြန်တုန့်ပြန်ပစ်ခတ်တာတော့မရှိပါဘူး” လို့ Generation Z Power အဖွဲ့ဘက်က ဆိုပါတယ်။ မန္တလေးမြို့ ၊မီးရထား ရိပ်သာရုံးက စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးအစောင့်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြိီး စစ်ကောင်စီဘက်က […]

အပြည့်အစုံဖတ်ရန်

“ဆဲဗင်းဂျူလိုင်စိတ်ဓါတ်ကိုင်စွဲ ဆက်လက်တိုက်ပွဲဝင်ကြ” ယနေ့ ပုလဲမြို့နယ်သပိတ်လှုပ်ရှားမှု

July 7, 2022

ပုလဲ – ၂၀၂၂ ဇူလိုင် ၇ (မော်ကွန်း) ဆဲဗင်းဂျူလိုင် နှစ်(၆၀)ပြည့် နိုင်ငံတဝန်း နေရာအသီးသီးမှာ ဆန္ဒထုတ်ဖော်မှုတွေနဲ့အတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကလည်း ဒီကနေ့ ဒေသခံပြည်သူလူထုအင်အားတွေနဲ့အတူ ဆန္ဒပြကြတဲ့မြင်ကွင်းဖြစ်ပါတယ်။ “ရွာတွေကို မီးရှို့ဖျက်ဆီး၊ အပြစ်မဲ့ပြည်သူတွေကို ပစ်သတ်ကာ အရက်စက်ဆုံး၊ အယုတ်မာဆုံး ဖိနှိပ်လေလေ ပုလဲပြည်သူတွေက ပုန်ကန်ထကြွလေလေ” လို့ ပုလဲလူထုသပိတ်တိုက်ပွ ဦးဆောင်ကော်မတီက ကြေညာပါတယ်။ ဒီကနေ့ ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေနဲ့အတူ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်း လုံခြုံရေးပေးရင်း ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ ဓါတ်ပုံ – ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ #Dailynews

အပြည့်အစုံဖတ်ရန်

“ဆဲဗင်းဂျူလိုင် စိတ်ဓါတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြ” ရန်ကုန်သပိတ်

July 7, 2022

ရန်ကုန် – ၂၀၂၂ ဇူလိုင် ၇ (မော်ကွန်း) ဒီကနေ့ ရန်ကုန်မြို့တစ်နေရာမှာ ပြုလုပ်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် နှစ်(၆၀) ပြည့်နေ့ တော်လှန်ရေးလှုပ်ရှားမှုဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို တကသများ – ရန်ကုန်နဲ့အတူ အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ (အကရ)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)၊ အ​ခြေခံပညာ​ကျောင်းသားသမဂ္ဂများကွန်ရက်(အကသများကွန်ရက်)၊ ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ထဝ အကသ)၊ ပညာနန်းတော်ကိုယ်ပိုင်ကျောင်းကျောင်းသားများသမဂ္ဂတွေက ကျောင်းသားရဲဘော်တွေ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ ရုပ်သံမှတ်တမ်း – DUSU YouTube – https://youtu.be/1_uriwMSB_4 #Dailynews

အပြည့်အစုံဖတ်ရန်

” ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကိုင်စွဲပြီးတိုက်ပွဲဝင်ကြ” ကလေးမြို့ပင်မသပိတ် ၅၁၅ ရက်မြောက်နေ့ဆန္ဒထုတ်ဖော်မှု

July 7, 2022

ကလေး – ၂၀၂၂ ဇူလိုင် ၇ (မော်ကွန်း) ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ စစ်အာဏာရှင်စနစ်ကိုသပိတ်မှောက်လာတာ ဒီကနေ့ဆို ရက်ပေါင်း(၅၁၅)ရက်ရှိလာပါပြီ။ ယနေ့ကျရောက်သည့် ဇူလိုင်လ ၇ ရက်ဟာ ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံ နှစ် (၆၀) ပြည့်မြောက်တဲ့နေ့လည်းဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းသားပေါင်းရာကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။ သတ်ဖြတ်ခဲ့တဲ့နောက်တစ်နေ့ ဇူလိုင် (၈) ရက် နံနက်အစောပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဆက်လက် ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ဆဲဗင်းဂျူလိုင်နှင့်ပတ်သက်ပြီး သခင်ကိုယ်တော်မှိုင်းရဲ့ ထင်ရှားတဲ့ မိန့်ခွန်းကတော့ “ဒီအဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို တော့ ဘယ်သူမှဖြိုလို့ မရပါဘူး” ဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပခုက္ကူမြို့မစျေးက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

July 4, 2022

ပခုက္ကူ – ၂၀၂၂ ဇူလိုင် ၄ (မော်ကွန်း) မကွေးတိုင်း၊ပခုက္ကူမြို့၊ မြို့မစျေး(အရှေ့စျေး)က ရှမ်းဧကရီရွှေဆိုင်ကို ဒီကနေ့ နေ့လယ် ၁၂ : ၀၀ နာရီဝန်း​ကျင်မှာ ဓါးပြတိုက်သွားပြီး ရွှေနဲ့ငွေအမြောက်အများပါသွားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။ ဒေသခံတချို့ရဲ့ ပြောဆိုချက်အရတော့ ရွှေတစ်ကျပ်သားနဲ့ ငွေသိန်းတစ်ရာလောက်ပါသွားတယ်လို့ သိရပါတယ်။ “လူလေးဦးဆိုင်ကိုရောက်လာပြီး နှစ်ယောက်က သေနတ်အတိုနဲ့ထုတ်ပြီးချိန်တာတဲ့၊ နှစ်ယောက်က အပြင်မှာစောင့်နေတာ၊ ဆိုင်ပိုင်ရှင်ကိုရိုက်ပြီးရွှေနဲ့ပိုက်ဆံနဲ့ယူသွားတာ၊ရိုက်ခံရသူက ပွန်းပဲ့ရုံပဲ’လို့ ပခုက္ကူမြို့ခံတစ်ဦးကပြောပါတယ်။ ဓားပြတိုက်သူတွေက Mask တပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ​ပခုက္ကူမြို့မစျေးမှာဓားပြတိုက်ခံရပြီးနောက် စျေးအတွင်းက အခြားရွှေဆိုင်တွေပါ ပိတ်လိုက်ကြတယ်လို့ စျေးသည်တစ်ဦးကပြောပါတယ်။ ပခုက္ကူမြို့က နေအိမ်တစ်အိမ်မှာလည်း ပြီးခဲ့တဲ့သီတင်းပတ်က ဓားပြဝင်တိုက်ခံရတာကြောင့် အိမ်ရှင်ဟာ ဓားနဲ့ထိုးခံခဲ့ရပြီး Apple KTV မှာလဲ ဓားပြတိုက်ခံရတာကြောင့် ဝန်ထမ်းတစ်ဦး ဓားထိုးခံထားရသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

လှည်းတန်းတွင် စစ်ကောင်စီသတင်းပေးအမျိုးသမီးသုံးဦး သေနတ်ဖြင့်ပစ်ခံရ၊ တစ်ဦးသေဆုံး

July 4, 2022

ရန်ကုန် – ၂၀၂၂ ဇူလိုင် ၄ (မော်ကွန်း) ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် လှည်တန်းဈေးမှာ စစ်ကောင်စီသတင်းပေး အမျိုးသမီးဒလန်သုံးဦး သေနတ်နဲ့ပစ်ခံလိုက်ရပြီး တစ်ဦးသေဆုံးတယ်လို့ လှည်တန်းမှာနေထိုင်တဲ့ ပြည်သူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “ KFC အရှေ့နဲ့ လှည်းတန်းဈေးဘေးနားကလမ်းထောင့်နားမှာ ခေါက်မုန့်ရောင်းတာ။ သားအမိနှစ်ယောက်၊ နောက်တစ်ယောက်ကအမျိုးပဲ၊ ညီမလား အစ်မလားမသိဘူး။ သားအမိမှာ အမေကတော့ ပွဲချင်းပြီးပဲသေသွားတယ်။ ဒလန်အကြီးစား ကြံ့ဖွံ့အကြီးစား။ လှည်းတန်းမှာ ကလေးတွေဆန္ဒပြ ဘာညာလုပ်ရင် သူတို့ပဲသတင်းပေးနေကြတာ။ တိကျတယ်ပေါ့နော်” လို့ လှည်းတန်းနေပြည်သူတစ်ဦးက ပြောတာပါ။ ကျန်တဲ့နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်စီးကားတစ်စီးနဲ့ လူသေအလာင်းနဲ့ ဒဏ်ရာရသူတွေကို စစ်ကောင်စီက လာရောက်ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။ “သူတို့ကသတင်းပေါက်တာကြာပြီ။ သေနတ် သမားနှစ်ဦး လာပစ်သွားတာ။ ဆယ်ချက်စီ ပစ်ထည့်သွားတာ။ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့အဝင်ကျောက်ဖားဂိတ်မှာ အာဏာသိမ်းစစ်တပ်ကဖမ်းဝရမ်းနဲ့ တိုက်စစ်ပြီး ရိုက်နှက်စစ်ဆေးမှုတွေပြုလုပ်နေ

July 3, 2022

မိုးကုတ် – ၂၀၂၂ ဇူလိုင် ၃ (မော်ကွန်း) မန္တလေးတိုင်းမိုးကုတ်မြို့အဝင် ကျောက်ဖား စစ်ဆေးရေးဂိတ်မှာ အာဏာသိမ်းစစ်တပ်က မြို့ထဲဝင်သူတွေကို သူတို့ဆီက ဖမ်းဝရမ်းစာရင်းတွေနဲ့တိုက်စစ်ပြီး ရိုက်နှက်စစ်ဆေးမှုတွေလုပ်နေတယ်လို့ ​ဒေသခံတွေကပြောပါတယ်။ ဖမ်းဝရမ်းစာရင်းထဲပါဝင်နေတဲ့ သူတွေနဲ့ ရုပ်ဆင်တူသူဆိုရင် ပိုစစ်ဆေးခံရပြီး လက်ကိုင်ဖုန်းထဲက Facebook ၊ VPN တွေကိုစစ်ဆေးတဲ့အပြင် ဓာတ်ပုံတွေထဲမှာ လက်နက်ကိုင်ဆောင်ထားသူပုံပါရင်လည်း ရိုက်နှက်စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံက ပြောပါတယ်။ “မနေ့ကတော့ လူတစ်​ယောက်ကို ခေါင်းကို စွပ်ပြီး ကားပေါ်တင်ခေါ်သွားတာတွေ့တယ်၊ အဲ့အချိန်တခြားတယောက်ကိုလည်း တုတ်ကို ကိုယ်တိုင်ကောက်ခိုင်းပြီး မှောက်ခိုင်းပြီးရိုက်တာ၊ တုတ်တောင်ကျိုးတယ် “လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ရိုက်နှက်ခံရသူဟာ ဖုန်းထဲမှာ လက်နက်ကိုင်ဆောင်ထားသူပုံတွေ့တာကြောင့် ရိုက်နှက်ခံရတာဖြစ်ပြီး အခြားသူပုံဖြစ်နေတဲ့အတွက် ပြန်လွှတ်လိုက်တယ်လို့ ပြောပါတယ်။ လက်နက်ကိုင်ဆောင်ပုံတွေနဲ့ VPN သုံးသူတွေကို မှတ်လောက်အောင်ဆုံးမရမယ်လို့ဆိုကာ စစ်ဆေးကြောင်း စစ်ဆေးခံရသူတွေက […]

အပြည့်အစုံဖတ်ရန်
1 … 182 183 184 185 186 187 188 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."