တမူး – ၂၀၂၂ ဇွန် ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တမူးမြို့ ကလေး – တမူး အာရှလမ်းမပေါ် နန်းမွန်းတားရွာရှေ့၊ ဒီကနေ့ ညနေပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာတွေတင်ဆောင်လာတဲ့ကားကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) က ဖမ်းဆီးပြီး ဘီယာတွေကို ဖျက်ဆီးခဲ့တယ်လို့ PDF ထံကနေ သတင်းရရှိပါတယ်။ ရုပ်သံဖိုင် – တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #Dailynews
ကလေး – ၂၀၂၂ ဇွန် ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ၄၉၉ ရက်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ကလေးမြို့သပိတ်ဟာ တင်းကြပ်တဲ့ ဖမ်းဆီး၊ စောင့်ကြည့်မှုအခြေအနေကြားထဲကနေ သပိတ်ကို ပျက်ရက်မရှိဘဲ နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေတာဖြစ်ပါတယ်။ ရုပ်သံ – CJ YouTube – https://youtu.be/TCRAFWWR0Sw #Dailynews
မိုးကုတ် – ၂၀၂၂ ဇွန် ၂၀ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ သုံးစွဲသူတွေ သိသိသာသာမြင့်တက်လာတယ်လို့ မူးယစ်ဆေးဝါးကြောင့်ထိခိုက်ခံစားရသူတွေကို ကူညီစောင့်ရှောက်ပေးနေသူတွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။ ဝယ်ယူလို့ရနိုင်တဲ့နေရာတွေ အရင်ထက်များလာပြီး ဈေးသက်သာတာကြောင့် သုံးစွဲဖို့ ပိုလွယ်ကူလာတယ်လို့ ဒေသခံကပြောပါတယ်။ “သူတို့ပိုက်တွေအပြားတွေ၊ တစ်ထောင်၊ထောင့်ငါးရာ စျေးပေါပေါပဲ၊ တခါတလေကျ တစ်ပိုက်ဘယ်လောက်လဲဆိုပြိီး ဝယ်နေကြတာ၊ တစ်ရက်ကို ယင်းရှိတဲ့သူဆိုတစ်သောင်း၊တစ်သောင်းတစ်သောင်းခွဲကုန်တယ်”လို့သတင်းရင်းမြစ်ကပြောပါတယ်။ မိုးကုတ်မြို့မှာ ဘိန်းဖြူ ၊ WY ၊ မက်သ်အဖက်တမင်းတွေရောင်းဝယ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲလို့ ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရသူတွေကို ကူညီစောင့်ရှောက်ပေးနေသူတချို့ကလည်း ဆေးဖြတ်လိုသူလူငယ်တွေ များပြားလာတယ်လို့ဆိုပါတယ်။ လွတ်လွတ်လပ်လပ်ရောင်းချခွင့်ရနေတဲ့မူးယစ်ဆေးဝါးရောင်းသူတွေကို ဖမ်းဆီးအရေးယူမယ့်သူတွေလည်းမရှိသလောက်ပဲလို့ ဒေသခံတစ်ဦးကဆိုပါတယ်။ “မူးယစ်ဆေးကတော့ ပဲကြီးလှော်တောင်ရှာ၀ယ်ရခက်နေမယ်၊ ရပ်ကွက်ထဲပေါ်ပေါ်ထင်ထင်ရောင်းနေတာ၊ဖမ်းမနေဘူး၊ဆေးပေါတော့ ဆေးသမားတွေများလာရော “လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ မူးယစ်ဆေးရောင်းဝယ်သူတွေကိုဖမ်းမိပြီးသွားရင်လည်း ငွေပေးပြီးရင်ပြန်လွှတ်လာတယ်လို့ ဒေသခံက ပြောပါတယ်။ မိုးကုတ်မြို့ပင်တောင်ကျေးရွာအနီးမှာ […]
ကလေး – ၂၀၂၂ ဇွန် ၂၀ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ ရက်ပေါင်း ၄၉၈ ရက်မြောက် ဒီကနေ့ဆန္ဒထုတ်ဖော်မှုမြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ ဇွန် ၁၇ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၄၉၅ ရက်မြောက် ဒီကနေ့ ဆန္ဒထုတ်ဖော်မှုမြင်ကွင်းဖြစ်ပါတယ်။ ကလေးမြို့သပိတ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြားက သပိတ်ကို ပျက်ရက်မရှိအောက် ရရာနည်းလမ်းတွေနဲ့ ဆန္ဒထုတ်ဖော်နေဆဲဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ ဇွန် ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း ၊ ကလေးမြို့ပင်မသပိတ်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ၄၉၃ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
မန္တလေး – ၂၀၂၂ ဇွန် ၁၅ (မော်ကွန်း) မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အိမ်စီးကားနှစ်စီးနဲ့ လက်နက်တွေအပ်ဖို့မနေ့ကလိုက်လံကြေညာခဲ့တယ်လို့မြို့ခံတွေဆီကသိရပါတယ်။ ” ကားကနှစ်စီး၊အိမ်စီးကားနဲ့ ကားပေါ်မှာလော်စပီကာကြီးတင်ပြီးအော်သွားတာ၊သွားတာလည်းမြန်တယ်၊ မှန်တွေတော့အမဲရောင်တွေဆိုတော့မမြင်ရဘူး”လ်ို့မြို့ခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းတွေကိုအရင်ဖွင့်ပြပြီးနောက် ဒီမိုကရေစီစံချိန်စံညွှန်းနဲ့အညီ လက်နက်အပ်ကြဖို့ဆိုတာတွေ လိုက်လံကြေညာခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ “စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လက်နက်ကိုင် ခုခံနေတာက်ို စစ်တပ်က လက်နက်အပ်ပါဆ်ိုတော့ ဟာသကြီးပေါ့ဗျာ။ သွေးကြွေးမှာ လုံးဝဆွေးနွေးသွားမှာမဟုတ်ပါဘူး” လို့ Generation Z Power GZP ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ မန္တလေးမြို့မဟာအောင်မြေမြို့နယ်ထဲမှာလည်း ဇွန်လ ၁၃ရက်နေ့ည မှာ လက်နက်အပ်ဖို့လိုက်လံကြေညာသွားခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ #Dailynews
မန္တလေး – ၂၀၂၂ ဇွန် ၁၄ (မော်ကွန်း) မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၃၅လမ်း၉၀×၉၁ကြားက ရေကြောင်းရုံးအနီးမှာ ဒီကနေ့ညနေ ၅:၀၀ ဝန်းကျင်က အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကားတစ်စီးမိုင်းဆွဲခံလိုက်ရပြီး မီးလောင်ပျက်စီးသွားတယ်လို့မြို့ခံတွေဆီကသိရပါတယ်။ ” အစကပေါက်ကွဲသံပဲ ကြားလိုက်တာ၊ ဗုံးကွဲတယ်ထင်တာ အသံတော့ကျယ်တယ်”လို့အနီးအနားဒေသခံတစ်ဥိီးကပြောပါတယ်။ စစ်ကိုင်းတိုင်း တိုက်ပွဲတွေကနေ ဒဏ်ရာရရှိလာတဲ့ စစ်သားတွေကိုဆေးကုဖို့သယ်လာတဲ့ စစ်ကားဖြစ်ပြီး ပဒေသာမိုင်းတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Generation Z Power ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားအဖွဲ့က ဒီကနေ့ထုတ်ပြန်ထားပါတယ်။ “ဗမာပြည်အထက်ပိုင်းတိုက်ပွဲတွေက ဒဏ်ရာရ စကစ တပ်သားတွေ မန္တလေး ဆိပ်ကမ်းကတဆင့် ဝင်ရောက်မယ်လို့ သတင်းရထားလို့ သူတ်ို့ သွားတဲ့လမ်းကြောင်းမှာ ကြိုတင်ပြင်ဆင်မှလှုပ်ရှားဆောင်ရွက်ခဲ့တာပါဗျာ၊ စစ်ကားအနောက်ခြမ်းကိုတော်တော်ထိသွားတယ်”လို့ GZP အဖွဲ့ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တိုက်ခိုက်ခံရတာကြောင့် စစ်သားတွေထိခိုက်ဒဏ်ရာရနိုင်ပြီး စစ်ကားလည်းပျက်စိီးသွားတယ်လို့ သူကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် အာဏာသိမ်းစစ်တပ်က ပြည်သူ၁၅ဦးခန့်ကို ဖမ်းဆီးရိုက်နှက်ကာ စစ်ဆေးမေးမြန်းတာတွေရှိခဲ့တယ်လို့ […]
ဆားလင်းကြီး-၂၀၂၂ ဇွန် ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် လင်းစာကျက်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒီနေ့ ၁၁ နာရီဝန်းကျင်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ “ဒေသခံကာကွယ်ရေး မဟာမိတ်ညီနောင်များစုပေါင်းကာ စိန်ပြောင်း လက်နက်ကြီး ၆၀မမ၊ ၈၀မမ၊ ၁၂၀မမတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ ၎င်းရွာများအပြင် အန်ီးနားရှိကျေးရွာများမှ ပြည်သူများရှောင်တိမ်းနေရပြီး ဖမ်းဆီခံထားရသူများလည်းရှိကြောင်းသိရပါတယ်။ လူသားဒိုင်းကဲ့သ်ို့ ဖမ်းဆိီးထားကြောင်းသိရသဖြင့် ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ ပြန်လည်ဆုတ်ခွာခဲ့ခြင်းဖြစ်ပါတယ်”လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဆားလင်းကြီးမြို့နယ်ထဲက ငွေသာကျေးရွာနဲ့ လင်းစာကျက်ရွာတွေကို ဖျက်ဆီးမီးရှို့နေပြီး လင်းစာကျက်ရွာမှာ အင်အား ၇၀ ဝန်းကျင်တပ်စွဲထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဒေသခံကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ Salingyi Border Task Force – SBTF ၊BDF၊Monywa Inventor၊Triple Two၊Alpha Special Forceတို့က […]
မိုးကုတ် – ၂၀၂၂ ဇွန် ၁၄ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ပြည်သူတွေဆီကနေ PDF နာမည်နဲ့ စာပို့ကာ ငွေကောက်ခံမှုတွေရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ “ည ၉း၀၀ နာရီလောက် ဆိုင်ကယ်နဲ့အိမ်ရှေ့ကဖြတ်သွားပြီး စာအိတ်ထဲစာထည့်ပြီး အိမ်ဝင်းထဲကိုထည့်သွားတာ၊ တခြားအပြင်ကိုမပေါက်ကြားစေဖို့လည်း ရေးထားတယ်၊ သူတို့က PDF အမည်ခံပြီးငွေကကောက်သေးတယ်၊ အလှူကခံသေးတယ်၊ ခြိမ်းခြောက်သေးတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းကနေအိမ်အချို့မှာ အခုလိုစာပစ်ပြီးငွေတောင်းခံရမှုတွေကြုံတွေ့နေရပြီး တစ်အိမ်ကို ခုနှစ်သိန်းကျပ်ကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စာအိတ်မှာ မြို့ခံနယ်ခံရွာခံအဖွဲ့အစည်းက ပေးပို့စာ လို့ရေးသားထားပြီး စာထဲမှာ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စုပေါင်းကာ ငွေကြေးတတ်နိုင်တဲ့အိမ်တွေကိုသာတောင်းတာဖြစ်ကြောင်းနဲ့ Wave Money ကနေတဆင့်ငွေလွှဲပေးဖို့ရေးသားထားပါတယ်။ ငွေမလွှဲပေးပါက ပစ္စတိုနဲ့လာမှာဖြစ်ပြီးအနှေးနဲ့အမြန်အသက်အန္တရာယ်ရှိနိုင်တယ်လို့ခြိမ်းခြောက်ရေးသားထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ “စာပစ်တဲ့သူတွေကတော့ပစ်မှာပဲ၊ဘယ်အဖွဲ့အစည်းကစာပစ်တယ်ဆိုတာကို ရှာဖွေရမှာပေါ့နော်၊ ရှာဖွေပြီး ဘာလုပ်သင့်တယ်ဆိုတာလုပ်ရမှာပေါ့၊ဘယ်အဖွဲ့တွေကလုပ်တယ်ဆိုတာကိုတော့စုံစမ်းဖော်ထုတ်ရအုံးမှာပါ”လို့ မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ […]
ရေစကြို – ၂၀၂၂ ဇွန် ၁၄ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက သဲတော၊ဇီးတော၊ ကျောက်ထပ်စတဲ့ ရွာသုံးရွာက စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်ဟာ အခုလက်ရှိမှာ မိုးမလုံတဲ့ ထန်းလက်ကာတဲတွေမှာ နေထိုင်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ ထန်းလက်ကာတဲတွေမှာနေထိုင်ရတာကြောင့် မိုးရွာလေတိုက်တဲ့ညတွေမှာ ကလေးငယ်တွေနဲ့အခက်ခဲဖြစ်ရတယ်လို့ ကလေးသုံးယောက်မိခင်ကိုယ်ဝန်ဆောင်သည်တစ်ဦးကပြောပါတယ်။ “ကလေးတွေနဲ့မိုးရွာတဲ့ညတွေဆို စုပြုံပြီးနေကြရတာပေါ့၊မိုးတွေရွာ၊လေတွေတိုက်တဲ့နေ့ဆိုရင် ညတောင်မအိပ်ရဘူး၊ပြေးလာတုံးကပါလာတာတွေကပါလာတယ်၊မပါလာတာတွေလဲရှိတယ်”လို့သူကပြောပါတယ်။ နေစရာတဲတွေကို မိုးကာတွေနဲ့ ဆောက်ထားကြသူတွေရှိသလိုအညာဒေသဖြစ်တာကြောင့် ထန်းလက်တွေနဲ့ဆောက်ထားရတဲ့တဲတွေပဲများတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ မိုးကာတွေ အဓိကလိုနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ ရွာကနေပြေးလာတာ နှစ်လ ကျော်ကြာပိီဖြစ်ပြီး နောက်ထပ်လည်းစစ်ကြောင်းထိုးနိုင်တဲ့အခြေအနေမို့ရွာမပြန်နိုင်သေးဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။ “သောက်ရေအခက်ခဲလည်း ရှိတာပေါ့ကန်ထဲကရေတွေကလည်း တိရိစ္ဆာန်တွေလည်းဆင်းသောက်၊လူလည်း အဲ့ရေပဲသုံးဆိုတော့ ရေအခက်ခဲတော့ရှိတယ်၊အစားအသောက်လည်း အခက်ခဲတွေရှိတယ်၊မျှဝေစားရတာပဲ”လို့ စစ်ရှောင်အဘွားအိုတစ်ဦးကပြောပါတယ်။ ရေစကြိုမြို့နယ်က စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေကူညီပေးနေတာတချို့ရှိပေမယ့်တကယ်အခက်အခဲဖြစ်တဲ့မိသားစုတွေကိုသာကူညီပေးနိုင်သေးတာကြောင့်လိုအပ်ချက်တွေရှိနေသေးတယ်လို့ ကူညီသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ အာဏာသိမ်းစစ်တပ်စခန်းရှိတဲ့ […]
ရန်ကုန် – ၂၀၂၂ ဇွန် ၁၃ (မော်ကွန်း) ရန်ကုန်မြို့ နေရာအချို့တွင် အာဏာသိမ်းစစ်တပ်နှင့်လက်အောက်ခံအဖွဲ့များက နေအိမ်များသို့ ဧည့်စာရင်း စစ်သည်ဟုဆိုကာ ပြည်သူများကို ဓာတ်ပုံရိုက်မှတ်တမ်းယူနေကြောင်း ပြည်သူများထံက သတင်းရရှိသည်။ ရန်ကုန်မြို့ ဆူးလေတဝိုက် ပန်းဘဲတန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကမာရွတ်လှည်းတန်းနှင့် တာမွေမြို့နယ်များတွင် လတ်တလော စစ်ဆေးနေကြောင်း ပြည်သူများထံက သိရသည်။ နေရာတချို့တွင် လူငယ်များအား ဖမ်းဆီးရိုက်နှက်ခြင်းများရှိနေပြီး စစ်ဆေးသူများတွင် အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံရဲ၊ တရားမဝင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများပါ အစုံအလင်ပါဝင်သည်ဟု လိုက်လံစုံစမ်းချက်အရ သိရသည်။ ဧည့်စာရင်းစစ်ခြင်းထက် ပြည်သူများ၏ မျက်နှာများကို အဓိကမှတ်တမ်းတင်လိုသည့် ပုံစံမျိုးဖြစ်ကြောင်း စစ်ဆေးခံရသူတချို့ကဆိုသည်။ လိုက်လံစုစည်းထားနိုင်သည့်မြို့နယ်များဖြစ်ပြီး ထပ်တိုး မြို့နယ်များလည်းရှိနိုင်ပါသည်။ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."