သတင်းများ

မီးလောင်ပြင်မှာတဲထိုးနေရတဲ့ပြည်သူတွေ စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေ အရေးတကြီးလိုအပ်နေ

December 10, 2022

မြောင် – ၂၀၂၂ ဒီဇင်ဘာ ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာ ၁၀ ရွာကို ပြီးခဲ့တဲ့လက အာဏာသိမ်းစစ်တပ်ဟာ မီးရှို့ဖျက်ဆီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့ ပြည်သူတွေဟာ ပင်ပန်းဆင်ရဲစွာနဲ့ နေထိုင်စားသောက်နေရကြောင်း ကူညီပေးနေသူတွေဆီက သိရပါတယ်။ မြောင်မြို့နယ်ထဲက မြစ်ဆုံရွာ၊ ဆူးလေကုန်းရွာ၊ သူဌေးကုန်းရွာ၊ နနွင်းကိုင်းရွာ၊ မာလကာခြံရွာ၊ ရွှေလှံရွာ၊ ဆင်ခြေရာရွာ၊ သုခဒီပရွာ၊ ဆင်လှောင်ရွာနဲ့ ပရိမ္မရွာတွေဟာ တတန်းတည်းဆက်တိုက် မီးရှို့ခံခံ့ရတာပါ။ မြစ်ဆုံကျေးရွာဆိုရင် အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ တစ်ထောင်နီးပါးရှိပြီး နေထိုင်စားသောက်ရေးတွေခက်ခဲနေတယ်လို့ ကူညီပေးနေသူကဆိုပါတယ်။ “မီးလောင်ပြင်မှာပဲ ဖြစ်သလို တဲထိုးနေကြတယ်၊ အလှူရှင်တွေပေးတဲ့ဆန်၊ ဆီ၊ ဆားတွေနဲ့ ဖြစ်သလိုစားသောက်နေကြရပါတယ်” လို့ မီးရှို့ခံနေရတဲ့ပြည်သူတွေကို ကူညီနေသူတစ်ဦးကမော်ကွန်းကို ပြောပါတယ်။ အအေးဒဏ်ပြင်းတဲ့ အညာဆောင်းရာသီကြောင့် ခြုံစောင်နဲ့ […]

အပြည့်အစုံဖတ်ရန်

ဆားလင်းကြီးမြို့နယ်၊ တောင်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေဝင်ရောက်တာကြောင့် ဒေသခံထောင်ချီထွက်ပြေး

December 9, 2022

ဆားလင်းကြီး-၂၀၂၂ ဒီဇင်ဘာ ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း မုံရွာတစ်ဖက်ကမ်း၊ ဆားလင်းကြီးမြို့နယ်ထဲက တောင်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေဝင်ရောက်လာတာကြောင့် အနီးနားဝန်းကျင်ရွာတွေက ဒေသခံထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “တို့ရွာတော့မဝင်သေးဘူး၊ ရွာရဲ့အနောက်ဘက်ပဲရှိသေးတယ်။ တချို့ကလည်း အနီးနားတောတွေထဲ၊ တချို့လည်းနီးစပ်ရာရွာတွေဆီသွားရှောင်နေရတာ၊ကြောက်လို့” လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေတောင်ရွာကိုဝင်လို့ အနီးအနားက ခွင်သာ၊ သရက်ကိုင်း၊ နှောကူးတို့၊ တောင်ကြား စတဲ့ရွာတွေက ဒေသခံတွေပါထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဆားလင်းကြီးမြို့နယ်ထဲက ရေမိန် တောင်ရွာက အိမ်ခြေငါးဆယ်ဝန်းကျင်ကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေခိုးယူတာနဲ့ လူသတ်အကြမ်းဖက်တာတွေဆက်တိုက်လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီတပ်တွေဝင်လာရင် ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ကြတာလို့ ဒေသခံတွေကပြောကြပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

တာမွေ ဦးချစ်မောင်အိမ်ယာတွင် မီးလောင်

December 9, 2022

ရန်ကုန်- ၂၀၂၂၊ ဒီဇင်ဘာ ၉ (မော်ကွန်း) တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာ၊ AGD bank ဘေးချင်းကပ်မှ Real Life Advertising ကုမ္ပဏီအဆောက်အဦးမှာ မီးလောင်မှုဖြစ်ပွါးနေပါတယ်။ မွန်းလွဲ ၂:၂၀ ဝန်းကျင်လောက်ကတည်းက မီးလောင်မှုဖြစ်ပွါးခဲ့တာပါ။ ဘယ်ကဘယ်လိုမီးစလောင်ခဲ့တယ်ဆိုတာကိုတော့လတ်တလောမသိရှိရသေးပါ။ လက်ရှိမှာ တော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က Level 1 အဆင့် မီးသတ်ယာဉ်တွေရောက်လာပြီး ငြှိမ်းသတ်နေပါတယ်။ ဘေးပတ်ဝန်းကျင်မှာတော့ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး လုံခြုံရေးယူထားတာလည်းမြင်တွေ့ရပါတယ်။ Photo: Supplied #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

December 9, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဒီကနေ့ ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ် ၅၇၈ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်

December 9, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်သပိတ်စစ်ကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်ဟာ ၅၇၈ ရက်မြောက်နေ့အဖြစ် ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သပိတ်ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် “လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်” ဆောင်ပုဒ်နဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ -CJ #Dailynews

အပြည့်အစုံဖတ်ရန်

မုံရွာမြို့အဝင်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်လက်နက်ကြီးနဲ့ရမ်းပစ်တာကြောင့် ပြည်သူနှစ်ဦးသေဆုံး

December 8, 2022

မုံရွာ-၂၀၂၂ ဒီဇင်ဘာ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ကရပ်ကွက်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရမ်းပစ်တာကြောင့် ပြည်သူနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးသွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။ “လက်နက်ကြီးထုတာ သိင်္ဂီရပ်ကွက်ထဲက အမျိုးသမီးတစ်ယောက် လက်နက်ကြီးမှန်တာ သေသွားတယ်။ နောက်တစ်ယောက်က ၁၉ နှစ်အရွယ်ကောင်လေး ညောင်ပင်စောက်သင်္ချိုင်းနားမှာ လက်နက်မှန်တာ သေတာ။ မနေ့က အဲဒီရပ်ကွက်တွေကိုစစ်တပ်ကမီးရှို့မယ်ဆိုလို့ ပြေးကြတာ” လို့ မုံရွာဒေသခံတစ်ဦးကပြောပြပါတယ်။ ပြီးခဲ့တဲ့ရက်တွေက မုံရွာမြို့အဝင်မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိတာကြောင့် အနီးနားကရပ်ကွက်တွေကို မီးရှို့မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီလိုခြိမ်းခြောက်မှုတွေကြောင့် မြို့အဝင်ရပ်ကွက်တွေဖြစ်တဲ့ ညောင်ပင်စောက်၊ ရွှေကုန်း၊ သိင်္ဂီ၊ နတ်လူထိပ်ပန်စတဲ့ရပ်ကွက်တွေကဒေသခံ တစ်ထောင်ဝန်းကျင်ထွက်ပြေးကြရတယ်လို့ မုံရွာဒေသခံတွေဆီက သိရပါတယ်။ အဲဒီမြို့အဝင်မှာ ဒီကနေ့လည်းပစ်ခတ်မှုတွေဖြစ်နေပြီး ထိခိုက်မှုအခြေအနေမသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ပျူတွေက ရွာတွေအနီး မိုင်းတွေထောင်ထားလို့ ရွာသားတွေစိုက်ခင်းကို မသွားရဲဖြစ်နေ

December 7, 2022

မြိုင် – ၂၀၂၂ ဒီဇင်ဘာ ၇ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေအနီးမှာ ပျူစောထီးတွေက နင်းမိုင်းတွေထောင်ထားတာကြောင့် ​ဒေသခံရွာသားတွေစိုက်ခင်းမသွားနိုင်ဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မြိုင်မြို့နယ်တောင်ပိုင်းက ပျူစောထီးရွာအနီးမှာ မနေ့မနက်အစောပိုင်းက တိုက်မိုင်းတစ်လုံးရှာဖွေတွေ့ရှိတာကြောင့် ရှင်းလင်းချိန်မှာ နောက်ထပ် နင်းမိုင်းလေးလုံးတွေ့ခဲ့ရတယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က တာဝန်ရှိသူက ပြောပါတယ်။ “ကျွန်တော်တို့သွားရင်းတိုက်မိုင်းအရင်တွေ့တာ၊ တိုက်မိုင်းတွေ့လို့ဖြုတ်အပြီးမှာဘေးနားမှာ နင်းမိုင်းတွေထပ်တွေ့ခဲ့တာပါ၊ မြိုင်နယ်တောင်းပိုင်းကပျူရွာတွေတိုင်း နင်းမိုင်းတိုက်မိုင်းတွေထောင်ထားပါတယ်”လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။ ကျေးရွာအနီးနားတင်မက အလှမ်းဝေးတဲ့နေရာထိပါ မိုင်းတွေထောင်ထားတာကြောင့် ဒေသခံတွေအတွက် အသက်အန္တရာယ်ရှိနေတာကြောင့် တောတောင်ထဲမသွားရဲကြဘူးလို့ ပြောပါတယ်။ ပြည်သူတွေစစ်​ရှောင်ဖို့ထွက်လာရင်တောင်နင်းမိုင်းနင်းမိနိုင်တဲ့အခြေနေဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ ဂရုစိုက်ကြဖို့လ​ည်းသတိပေးထားပါတယ်။ ပုံစာ – တွေ့ရှိထားတဲ့မိုင်းတွေ ဓာတ်ပုံ – ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) #Dailynews

အပြည့်အစုံဖတ်ရန်

ပခုက္ကူ၊ အနောက်ကုန်းကျေးရွာနေအိမ်တွေကို အာဏာသိမ်းစစ်တပ်မီးရှို့

December 6, 2022

ပခုက္ကူ – ၂၀၂၂ ဒီဇင်ဘာ ၆ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့အနောက်ကုန်းကျေးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ညပိုင်းမှာဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၆ လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဟာ ရွာထဲဝင်လာပြီးနောက် နေအိမ်တွေကိုမီးရှို့ပြီးပြန်ထွက်သွားတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာ အာဏာသိမ်းစစ်တပ် မီးရှို့တာကြောင့် ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာ ၁၁ရွာဝန်းကျင်မီးလောင်ပျက်စီးခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အခုမီးရှိူ့ခံရတဲ့ရွာကလူတွေက အိမ်ပြန်နေဖို့ဆိုတာမဖြစ်နိုင်တော့ဘူး၊ သူတို့ကို နေရာတစ်နေရာမှာထားပေးဖို့ကျွန်တော်တို့လုပ်ဆောင်နေတာရှိတယ်၊ ဒါပေမဲ့ စစ်ကြောင်းပြန်ထိုးလာရင် ပြန်ရှို့ခံရမှာကိုလည်းဒေသခံတွေကစိုးရိမ်နေကြပါတယ်”လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။ မီးရှို့ခံထားရတဲ့ရွာတွေက​ဒေသခံတွေအတွက် နေစရာနေရာနဲ့စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ ပအဖတာဝန်ရှိသူက ပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

လောက်ကိုင်မှာ နှစ်ရက်အတွင်း တရုတ်ငွေစျေး ၄၇၀ မှ ၃၇၀ ဝန်းကျင်ထိကျဆင်း

December 6, 2022

လောက်ကိုင် – ၂၀၂၂ ဒီဇင်ဘာ ၆ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ နှစ်ရက်အတွင်းတရုတ်ငွေစျေး တစ်ယွမ်ကို မြန်မာငွေ ၄၇၀ ကနေ ၃၇၀ကျပ်ဝန်းကျင်အထိ ထိုးကျခဲ့တယ်လို့ လောက်ကိုင်မြို့မှာနေထိုင်နေသူတွေကပြောပါတယ်။ ဒီဇင်ဘာ ၄ရက် မတိုင်ခင်က တစ်ယွမ်ကို ၄၇၀ ကျပ်အထိ စျေးရှိနေပြီး ဒီဇင်ဘာ ၄ရက်ကစကာ ငွေစျေးကျဆင်းခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ” အရင်က ၅၁၀ ကျပ်ထိရောက်ဖူးတယ်၊ စစ်ဖြစ်မယ်လို့သတင်းတွေစကြားပြီးကတည်းက စျေးကျသွားတာ၊ စစ်ဖြစ်မယ်သတင်းကြားပြီး​တော့စျေးတွေလည်းကျ လူတွေလည်း ပြန်ကုန်ကြပြီ၊ မြို့ထဲမှာရှုပ်ယှက်ခတ်နေတာပဲ”လို့ ဒေသခံက ပြောပါတယ်။ ဒီကနေ့မနက်ပိုင်းအထိ တရုတ်ငွေစျေး တစ်ယွမ်ကို မြန်မာငွေ ၃၉၀ ကျပ်အထိရှိနေပြီး ညနေ လေးနာရီနောက်ပိုင်းမှာ ငွေစျေးနှုန်း ၃၇၀ အထိ ကျဆင်းခဲ့တာလို့ဒေသခံက ပြောပါတယ်။ တရုတ်ငွေစျေးဟာ စစ်တပ်ကအာဏာမသိမ်းခင်မှာ တစ်ယွမ်ကို […]

အပြည့်အစုံဖတ်ရန်

” ယုံကြည်ချက်ကို သေဒဏ်ချလို့မရ” ကလေးမြို့ပင်မသပိတ် ပြည်သူလူထုနှင့်အတူ ဆန္ဒထုတ်ဖော်

December 6, 2022

ကလေးမြို့ – ၂၀၂၂ ဒီဇင်ဘာ ၆ (မော်ကွန်း) စစ်အာဏာရှင်ကို နေ့စဉ်မပြတ်ဆန့်ကျင်ရှုတ်ချနေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ညမှာ ပြည်သူလူထုနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အကြမ်းဖက်စစ်တပ်က ကြိုးပေးသတ်ဖြတ်ဖို့ စီစဉ်ထားခံရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးနဲ့အတူရပ်တည်ကြောင်းနဲ့ ကလေးဒေသမှာ မနေ့ကကျဆုံးခဲ့ရတဲ့ ကိုခုပ်ဇိုးမုန်(ခ)ခုပ်ပီး၊ ကိုအောင်မင်းခန့်(ခ)ကိုငဝိုင်းတို့အတွက် သပိတ်လူထုက ဆုတောင်းဂုဏ်ပြုခဲ့ကြပါတယ်။ ကိုခုပ်ဇိုးမုန်(ခ)ခုပ်ပီး၊ ကိုအောင်မင်းခန့်(ခ)ကိုငဝိုင်းတို့ဟာ မနေ့က အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ ဒီကနေ့သပိတ်ရဲ့ ခေါင်းစဉ်ကတော့ ” ယုံကြည်ချက်ကို သေဒဏ်ချလို့မရ” ဖြစ်ပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ဆိုရင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်လာတာ ၆၆၈ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ” ယာခင်းထဲက ပြည်သူတွေနဲ့ ရွာပေါင်းစုံသပိတ်ဆန္ဒထုတ်ဖော်

December 6, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ ဒီဇင်ဘာ ၆ (မော်ကွန်း) အာဏာသိမ်းစစ်တပ်က ဒဂုံတက္ကသိုလ်ကျောင်းသားတွေ သတ်ဖြတ်ဖို့အကြမ်းဖက်နေတဲ့အပေါ် စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်နဲ့ပြည်သူတွေက ရှုတ်ချကြောင်း ဒီကနေ့ဆန္ဒထုတ်ဖော်ကြပါတယ်။ “ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ” သပိတ်ခေါင်းစဉ်နဲ့အတူ စစ်အာဏာရှင်ကို ၆၃၅ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

December 6, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဒီကနေ့ ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 160 161 162 163 164 165 166 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."