ဆားလင်းကြီး-၂၀၂၂ ဒီဇင်ဘာ ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း မုံရွာတစ်ဖက်ကမ်း၊ ဆားလင်းကြီးမြို့နယ်ထဲက တောင်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေဝင်ရောက်လာတာကြောင့် အနီးနားဝန်းကျင်ရွာတွေက ဒေသခံထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“တို့ရွာတော့မဝင်သေးဘူး၊ ရွာရဲ့အနောက်ဘက်ပဲရှိသေးတယ်။ တချို့ကလည်း အနီးနားတောတွေထဲ၊ တချို့လည်းနီးစပ်ရာရွာတွေဆီသွားရှောင်နေရတာ၊ကြောက်လို့” လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေတောင်ရွာကိုဝင်လို့ အနီးအနားက ခွင်သာ၊ သရက်ကိုင်း၊ နှောကူးတို့၊ တောင်ကြား စတဲ့ရွာတွေက ဒေသခံတွေပါထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဆားလင်းကြီးမြို့နယ်ထဲက ရေမိန် တောင်ရွာက အိမ်ခြေငါးဆယ်ဝန်းကျင်ကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေခိုးယူတာနဲ့ လူသတ်အကြမ်းဖက်တာတွေဆက်တိုက်လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီတပ်တွေဝင်လာရင် ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ကြတာလို့ ဒေသခံတွေကပြောကြပါတယ်။
#Dailynews

