သတင်းများ

“အားကိုးစရာလည်းမရှိဘူး၊ သွားစရာလည်းမရှိဘူး၊ နေစရာလည်းမရှိတော့ဘူး၊ စားစရာလည်းမရှိတော့ဘူး၊ ဘာစီးပွားရေးမှလည်းလုပ်စရာကိုမရှိတော့တဲ့အတွက် ဘဝကြီးက နေမထူး သေမထူးဖြစ်သွားပြီ”

November 22, 2022

ရန်ကုန် – ၂၀၂၂ နိုဝင်ဘာ ၂၂ (မော်ကွန်း) မင်္ဂလာဒုံမြို့နယ် ပျဥ်းမပင်ကျေးရွာအုပ်စုထဲက စံသမာဓိ၊ မြဝတီ၊ ဓမ္မပါလ၊မြဲမြံအောင်နဲ့ ဂုံညှင်းနီး ရပ်ကွက်တွေကို တပ်ပိုင်မြေမှာပါဝင်နေတယ်ဆိုပြီးဖယ်ရှားခိုင်းလို့ ရပ်ကွက်တွင်းနေထိုင်သူတွေ စားဝတ်နေရေးအခက်အခဲဖြစ်နေကြပါတယ်။ အိမ်ခြေတစ်‌‌သောင်းဝန်းကျင်နဲ့ လူဦးရေငါးသောင်းနီးပါးနေထိုင်တဲ့ အဲဒီ့ရပ်ကွက်တွေကို စစ်ကောင်စီက နိုဝင်ဘာ ၁၈ ရက်မှာ အပြီးဖျက်သိမ်းဖို့ အကြောင်းကြားထားပေမယ့် ရက်ထပ်တိုးပြီး ဒီကနေ့နောက်ဆုံးထားဖျက်သိမ်းဖို့ သတိပေးထားပါတယ်။ အဲဒီရပ်ကွက်တွေမှာနေထိုင်သူအများစုဟာ ၂၀၀၈ ခုနစ်နာဂစ်ကြောင့် ဧရာဝတီတိုင်းကနေပြောင်းရွှေ့လာသူတွေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ရွှေ့ပြောင်းလာကြသူအများစုနေထိုင်ကြတာလို့ ရပ်ကွက်နေထိုင်သူတွေဆီကသိရပါတယ်။ နေအိမ်တွေပြောင်းရွှေ့ရေးနဲ့ပတ်သပ်ပြီး စစ်ကောင်စီရဲ့ မင်္ဂလာဒုံမြို့နယ်ထွေအုပ်အမိန့်စာမှာ အများပြည်သူစိတ်ငြိုငြင်စေမယ့် ကျူးကျော်နေထိုင်မှုတွေ ဖြစ်ပေါ်နေတဲ့အဲ့ဒီနေရာတွေမှာ ကျူးကျော်မှုတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်စေတဲ့အပြင် ကျန်းမာရေး(သို့မဟုတ်) လုံခြုံရေးကို ထိခိုက်စေပြီး ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်ကြောင်းတွေ့ရှိရတယ်လို့ ထုတ်ပြန်ထားတာပါ။ အဲဒီရပ်ကွက်တွေမှာနေထိုင်သူတွေကတော့ ကျူးကျော်နေထိုင်ကြတာမဟုတ်ဘဲ တရားဝင်စာရွက်စာတမ်းတွေနဲ့ ဝယ်ယူနေထိုင်ကြတာလို့ ဆိုကြပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမျိုးသမီးရဲဘော်တွေရှင်းလင်း

November 22, 2022

ပခုက္ကူ – ၂၀၂၂ နိုဝင်ဘာ ၂၂ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁၄ရပ်ကွက်၊ အာဏာသိမ်းစစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းကို အမျိုးသမီးတော်လှန်ရေးရဲဘော်တွေက ဒီကနေ့သွားရောက်ရှင်းလင်းခဲ့တယ်လို့ Earthquake Peoples Defense Force အဖွဲ့၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုပိန်ကမော်ကွန်းကိုပြောပါတယ်။ နေအိမ်ရှေ့မှာရှိနေတဲ့ ဦးမြင့်သိန်းကို ​အမျိုးသမီးရဲဘော်တွေသွားရောက်ပစ်ခတ်ချိန်မှာ ပြန်ခုခံခဲ့ပြီး သေနတ်နဲ့သုံးချက်ပစ်ခတ်ခဲ့တယ်လို့ ကိုပိန်ကပြောပါတယ်။ “သူက အမျိုးသမီးရဲဘော်တစ်ယောက်ကိုဝင်လုံးတာ၊ အဲ့မှာသေနတ်နဲ့သုံးချက်ပစ်လိုက်တယ်၊ ရင်ဘတ်နဲ့ဗိုက်ကိုထိပြီးနေရာတင်ပွဲချင်းပြီးသေတာ”လို့ ကိုပိန်ကပြောပါတယ်။ ဦးမြင့်သိန်းက ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်တာ၊ ထောက်ခံစာယူချိန်မှာ ငွေကြေးအများအပြားတောင်းခံတာတွေကိုလုပ်ဆောင်နေသူဖြစ်တယ်လို့ သူကပြောပါတယ်။ အခုလိုရှင်းလင်းခံရပြီးနောက် ပခုက္ကူမြို့တွင်းကနေရာတိုင်းမှာ စစ်ဆေးတင်းကြပ်နေပြီး အာဏာသိမ်းစစ်တပ် က တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းလိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပုံစာ – ရှင်းလင်းခံရသူ ဓာတ်ပုံ – Supplied #Dailynews

အပြည့်အစုံဖတ်ရန်

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ဝန်းရံမှုနဲ့အတူ ကလေးမြို့ပင်မသပိတ်က ၆၅၄ ရက်မြောက်ဆန္ဒထုတ်ဖော်

November 22, 2022

ကလေးမြို့ – ၂၀၂၂ နိုဝင်ဘာ ၂၂ (မော်ကွန်း) ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ဝန်းရံမှုနဲ့အတူ ကလေးမြို့ပင်မသပိတ်အင်အားစုဟာ ပြည်သူအင်အားအမြောက်အများနဲ့ ၆၅၄ ရက်မြောက်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ် ၆၂၁ ရက်မြောက်နေ့အဖြစ်ဆန္ဒထုတ်ဖော်

November 22, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၂၂ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြားမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ၆၂၁ ရက်မြောက်နေ့အဖြစ် ဒီကနေ့ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်နဲ့အတူ ဒေသခံပြည်သူတွေနဲ့ ရွာပေါင်းစုံသပိတ်ဟာပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ညပိုင်း ၇:၃၀ ဝန်းကျင်အထိ အာဏာသိမ်းစစ်တပ်ဟာ ချင်းတွင်းတံတားကနေ လက်ပံတောင်းကြေးနီစီမံကိန်းထိ ပစ်ခတ်နေဆဲဖြစ်ပါတယ်။ ဝမ်ပေါင်ကြေးနီစီမံကိန်းဆီကိုလာတဲ့ တွဲကားတွေကို လုံခြုံရေးပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဒီကနေ့ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကို တပ်ဖြန့်ခဲ့တာကြောင့် ဒေသခံ ၆၅၀၀ ဝန်းကျင်ဟာ ထွက်ပြေးနေကြရပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “မြသွေးသပိတ်”ရဲ့ ညနေဆည်းဆာသပိတ်

November 22, 2022

ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “မြသွေးသပိတ်”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အစောင့်အရှောက်နဲ့ မြေပဲလာဖော်တဲ့ ပျူတွေတိုက်ခိုက်ခံရ၊ နှစ်ဦးသေဆုံး

November 22, 2022

မြိုင် – ၂၀၂၂ နိုဝင်ဘာ ၂၂ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကွကျေးရွာတောင်ဘက်မှာမြေပဲလာဖော်တဲ့ အာဏာသိမ်းစစ်တပ်က စစ်သားနဲ့ပျူစောထီးတွေကို ဒီကနေ့မနက်အစောမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးနှစ်ဦးသေဆုံးခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)ဆီကသိရပါတယ်။ “မြေပဲခင်းက သူတို့လာစိုက်ထားတွေလည်းဖော်တယ်၊ အခုဟာတော့သူတို့ဟာပါ၊ သူတို့ဘက်ကလက်နက်ကြီး၆၀မမတွေနဲ့လည်းပစ်တယ်၊ လက်နက်ငယ်တွေနဲ့လည်းပြန်ပစ်ပါတယ်၊ သူတို့ဘက်ကပျူစောထီးသေတာ၂ယောက်တော့မြင်ခဲ့ရတယ်”လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) တာဝန်ရှိသူကပြောပါတယ်။ ပျူစောထီးတွေ မြေပဲလာဖော်တာကို အာဏာသိမ်းစစ်တပ်က စစ်သားဆယ်ယောက်ဝန်းကျင်က လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးလိုက်ပါလာချိန်မှာကင်းပုန်းဝပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေနဲ့ ဆယ်မိနစ်ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူစောထီးနှစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့သူကပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Ppdf)၊Middle Revolution Tesk Force (MRTF)၊ JRT၊ GOE၊Royal Sevenတပ်ဖွဲ့၊ ကိုအောင်ကြီးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒီကနေ့ထုတ်ပြန်ထားပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ဝမ်ပေါင်ကြေးနီကားတွေကို လုံခြုံရေးယူပေးဖို့ တပ်တွေဖြန့်ထားလို့ ဒေသခံထောင်ချီထွက်ပြေးနေရ

November 22, 2022

ဆားလင်းကြီး – ၂၀၂၂ နိုဝင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က တရုတ်ပိုင်ဝမ်ပေါင်ကုမ္ပဏီရဲ့သတ္တုလုပ်ကွက်ကို ကြေးနီလာသယ်တဲ့ကားတွေအတွက် အာဏာသိမ်းစစ်တပ်က လုံခြုံရေးယူဖို့ ဒီကနေ့နံနက်အစောကတည်းက ပုသိမ်-မုံရွာလမ်းဘေးဝဲယာတွေမှာ တပ်တွေဖြန့်ထားလို့ ဒေသခံထောင်ချီထွက်ပြေးနေရပါတယ်။ “လက်ရှိဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာမှာဒီကောင်တွေတပ်စွဲထားတယ်၊ အရင်ကဆို ကြေးကားတွေကို လုံခြုံရေးယူပေးရင် ရွာတွေကို မီးရှို့တယ်၊ လက်နက်ကြီးနဲ့ပစ်တယ်” လို့ ဆားလင်းကြီးဒေသခံသတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။ ဝမ်ပေါင်ကုမ္ပဏီမှာ အမြဲလုံခြုံရေးယူနေတဲ့စစ်သားတွေထဲက ၅၀ ဝန်းကျင်ကို ကုမ္ပဏီအနီးအနားမှာချထားပါတယ်။ ဒါအပြင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မုံရွာမြို့ကနေ လာတဲ့ စစ်တပ်ဖောကားအနည်းဆုံး ၁၀ စီးရှိပြီး ပုသိမ်-မုံရွာလမ်းမ၊ ဝဲယာကကျေးရွာတွေမှာ ချထားတယ်လို့ဆိုပါတယ်။ “လောလောဆယ် ဝမ်ပေါင်ကနေ တွဲကား ကြေးကား လေးစီးထွက်သွားပြီ၊ ၁၂ စီးဝင်တယ်လို့ကြားထားတယ်၊ ကံကုန်းဘေးက မိုးကြိုးဆာလဖြူရစ်စက်ရုံကိုလည်း တွဲကားတွေဝင်နေတယ်၊ ဘယ်အတွက်သုံးဖို့လည်းမသိဘူး” လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ပြုလုပ်နေကျဖြစ်တဲ့ […]

အပြည့်အစုံဖတ်ရန်

“ဖက်ဆစ်ယန္တရားကိုဖြိုဖျက်၊ ပြည်သူ့ယန္တရားကို တည်ဆောက်” အရာတော်သပိတ် မုံရွာမြို့အဝင်မှာ ဆန္ဒထုတ်ဖော်

November 22, 2022

အရာတော် – ၂၀၂၂ နိုဝင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုသပိတ်ဥဦးဆောင်ကော်မတီဟာမုံရွာမြို့နယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူပူးပေါင်းကာ လုံခြုံရေးတင်းကြပ်တဲ့ မုံရွာမြို့အဝင် ဆွမ်းအုပ်အဝိုင်းပတ်မှာ ဒီကနေ့ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ကျေးလက်တောင်ယာလုပ်ငန်းခွင်မှာ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဆန္ဒထုတ်ဖော်

November 21, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ တောင်ယာလုပ်ငန်းခွင်က ပြည်သူလူထုနဲ့အတူ ၆၂၀ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ကို ဆင်နွှဲခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ဖက်ဒရယ်ပြည်သစ် ဖော်ဆောင်ဖို့ အတွေးအခေါ်တိုက်ပွဲ ဆင်နွဲစို့” အသံမတိတ်တဲ့ပြည်ကြီးတံခွန်သပိတ်

November 21, 2022

ပြည်ကြီးတံခွန် – ၂၀၂၂ နိုဝင်ဘာ ၂၁ (မော်ကွန်း) မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ရဲ့ ဒီကနေ့ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

November 21, 2022

ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “မြသွေးသပိတ်”ရဲ့ ညနေဆည်းဆာသပိတ်

November 21, 2022

ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “မြသွေးသပိတ်”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 163 164 165 166 167 168 169 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."