မြိုင် – ၂၀၂၂ ဒီဇင်ဘာ ၇ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေအနီးမှာ ပျူစောထီးတွေက နင်းမိုင်းတွေထောင်ထားတာကြောင့် ဒေသခံရွာသားတွေစိုက်ခင်းမသွားနိုင်ဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မြိုင်မြို့နယ်တောင်ပိုင်းက ပျူစောထီးရွာအနီးမှာ မနေ့မနက်အစောပိုင်းက တိုက်မိုင်းတစ်လုံးရှာဖွေတွေ့ရှိတာကြောင့် ရှင်းလင်းချိန်မှာ နောက်ထပ် နင်းမိုင်းလေးလုံးတွေ့ခဲ့ရတယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က တာဝန်ရှိသူက ပြောပါတယ်။
“ကျွန်တော်တို့သွားရင်းတိုက်မိုင်းအရင်တွေ့တာ၊ တိုက်မိုင်းတွေ့လို့ဖြုတ်အပြီးမှာဘေးနားမှာ နင်းမိုင်းတွေထပ်တွေ့ခဲ့တာပါ၊ မြိုင်နယ်တောင်းပိုင်းကပျူရွာတွေတိုင်း နင်းမိုင်းတိုက်မိုင်းတွေထောင်ထားပါတယ်”လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။
ကျေးရွာအနီးနားတင်မက အလှမ်းဝေးတဲ့နေရာထိပါ မိုင်းတွေထောင်ထားတာကြောင့် ဒေသခံတွေအတွက် အသက်အန္တရာယ်ရှိနေတာကြောင့် တောတောင်ထဲမသွားရဲကြဘူးလို့ ပြောပါတယ်။
ပြည်သူတွေစစ်ရှောင်ဖို့ထွက်လာရင်တောင်နင်းမိုင်းနင်းမိနိုင်တဲ့အခြေနေဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ ဂရုစိုက်ကြဖို့လည်းသတိပေးထားပါတယ်။
ပုံစာ – တွေ့ရှိထားတဲ့မိုင်းတွေ
ဓာတ်ပုံ – ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)
#Dailynews

