ပေါက် – ၂၀၂၂ နိုဝင်ဘာ ၂၉ (မော်ကွန်း) မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းက ရွာရှစ်ရွာကိုအာဏာသိမ်းစစ်တပ်က နိုဝင်ဘာလအတွင်းမှာ စစ်ကြောင်းထိုးမီးရှို့တာကြောင့် ဒေသခံထောင်ချိီ စားနပ်ရိက္ခာနဲ့ နေစရာအခက်ခဲ ဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “စစ်တပ်ကအသွားအပြန်တစ်လျှောက်လုံးမှာ ရွာစဉ်ရွာဆက်မီးရှို့လာခဲ့တာပါ၊ တွေ့တာအကုန်ရှို့တာဗျ၊ ဝက်တွေကျွဲနွားတွေ အစဖွက်ထား သိုထားတဲ့ပစ္စည်းတွေပါ ရှာပြီးယူသွားကြတာဗျ၊ အခုဆိုပြာပုံပေါ်မှာပဲ ရှင်းပြီးနေနေကြရပါတယ်၊ အားလုံးဗလာအနေအထားနဲ့ ရင်ဆိုင်နေကြရတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံရွာသားတွေ ရွာတွေထဲမှာ ဝင်ရောက်နေထိုင်နိုင်ပေမယ့်စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့သွားတာကြောင့် နေစရာအခက်ခဲ ဖြစ်နေတယ်လို့ပြောပါတယ်။ နေအိမ်တွေအပြင် စောင်၊ အဝတ်အထည်နဲ့ စားနပ်ရိက္ခာတွေကိုပါ မီးရှို့ ဖျက်ဆီးသွားတာကြောင့် ဒေသခံတွေအတွက် စားနပ်ရိက္ခာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကထောက်ပံ့ကူညီနေရတယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ တာဝန်ရှိသူကပြောပါတယ်။ “ရွာတွေထဲ ဝင်မလာနိုင်အောင်ကာကွယ်ခဲ့ပေမယ့် လက်နက်လူအင်အားမမျှတော့ မတားဆီးနိုင်ခဲ့ပါဘူး၊ ပြည်သူတွေကိုကျနော်တို့ ပကဖ၊ ပအဖအဖွဲ့တွေကပဲ […]
ပခုက္ကူ – ၂၀၂၂ နိုဝင်ဘာ ၂၇ (မော်ကွန်း) မကွေးတ်ိုင်း၊ ပခုက္ကူမြို့မှာ အာဏာသိမ်းစစ်တပ်ဟာ ဆိုင်ကယ်တစ်စီးတည်း နှစ်ယောက်စီးသူတွေကို မနေ့ကဖမ်းဆီးပြီး တစ်စီးကို ငါးသောင်းတောင်းနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပခုက္ကူမြို့ပေါ်က လမ်းကြိုလမ်းကြားတွေပါမကျန် ဖမ်းဆီးနေတာကြောင့် ဖမ်းဆီးခံရသူ ဆယ်ဥဦးထက်မနည်းရှိနေတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ “နှစ်ယောက်မစီးရတော့အသွားအလာတွေ ပါးကုန်တာလျှောက်ဖမ်းပြီး ဒဏ်ကြေးငွေဆောင်ခိုင်းတာ၊ သက်သက် သူတို့စားရပေါက်လုပ်နေကြတာ၊ ဆိုင်ကယ်တွေကိုလည်းတွေ့တာနဲ့စစ်၊ သူတို့သတ်မှတ်ထားချိန်စီးရင်လည်းတွေ့တာနဲ့ပစ်တာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပခုက္ကူမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ဆိုင်ကယ်မောင်းနှင်သူတွေကို ဆိုင်ကယ်ဦးထုပ်၊ ဘက်မှန်၊ လူလိုင်စင်၊ဆိုင်ကယ်လိုင်စင်၊ ကိုဗစ်စာရွက်တစ်ခုမကျန်စစ်ဆေးတာကြောင့် အဖမ်းခံရသူများပြီး ပိုက်ဆံပေးနေရတယ်လို့ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ဆိုင်ကယ်တစ်စီးကို နှစ်ယောက်မစီးရလို့ ကန့်သတ်ချုပ်ချယ်တာကြောင့် ဆိုင်ကယ်မစီးတတ်သူတွေနဲ့ မကျန်းမာသူတွေအတွက်သွားရေးလာရေးခက်ခဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပခုက္ကူမြို့ပေါ်မှာ ဆိုင်ကယ်တစ်စီးတည်းမှာ နှစ်ယောက်စီးတဲ့ စျေးသည်အမျိုးသမီးနှစ်ဦးကို အာဏာသိမ်းစစ်တပ်က မနေ့မနက်ပိုင်းမှာ ပစ်ခတ်ဖမ်းဆီးသွားခဲ့ပါတယ်။ #Dailynews
ပခုက္ကူ – ၂၀၂၂ နိုဝင်ဘာ ၂၆ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့၊ အခွန်လွတ်စျေးအနီးမှာ ဒီကနေ့မနက်ပိုင်းကစျေးလာရောင်းတဲ့ အမျိုးသမီးနှစ်ဦး ကိုအာဏာသိမ်းစစ်တပ်က စပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပခုက္ကူမြို့၊ မြစ်လည်ကကျေးရွာတွေကနေ စျေးလာရောင်းတဲ့အမျိုးသမီးနှစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ဆိုင်ကယ်တစ်စီးမှာ လူတစ်ယောက်ပဲစီးဖို့ ကန့်သတ်ထားတာကိုမသိရှိကြဘူးလို့ သူကပြောပါတယ်။ “ရွာကလူတွေကျမသိကြဘူး၊ မနေ့ကမှစသတ်မှတ်တာဆိုတော့ မသိကြသူများတယ်၊ အမျိုးသမီးနှစ်ယောက်ကတော့ အဖမ်းခံထားရတယ်”လို့ ဒေသခံက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ပခုက္ကူမြို့ပေါ်မှာ မနက် ၈နာရီကနေ ညနေ ၆နာရီအတွင်းဆိုင်ကယ်တစ်စီးကိုတစ်ယောက်ပဲ မောင်းနှင်ဖို့နဲ့ ညနေ ၆နာရီကနေ နောက်ရက်မနက် ၈နာရီအထိ ဆိုင်ကယ်မစီးဖို့ နိုဝင်ဘာ ၂၄ရက်နေ့က ကြေညာထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပခုက္ကူမြို့၊ လမ်းကြိုလမ်းကြားတွေပါမကျန် မြို့အဝင်အထွက်အထိ အာဏာသိမ်းစစ်တပ်က စစ်ဆေးမှုတွေပြုလုပ်နေပြီးဒီကနေ့မှာဆိုင်ကယ်နှစ်ယောက်စီးတာကြောင့်ဖမ်းဆီးခံရသူ ဆယ်ယောက်ကျော်ရှိတယ်လို့ ဒေသခံက ပြောပါတယ်။ #Dailynews
ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၂၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ရန်ကုန် – ၂၀၂၂ နိုဝင်ဘာ ၂၅ (မော်ကွန်း) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ တပ်ပိုင်မြေမှာပါဝင်နေတယ်ဆိုပြီး ဖယ်ရှားခိုင်းတဲ့ရပ်ကွက်ငါးခုထဲက တစ်ခုဖြစ်တဲ့ စံသမာဓိရပ်ကွက်မှာ စစ်ကောင်စီတပ်တွေ၊ ရဲတွေနဲ့ တုတ် ဓားကိုင်ဆောင်ထားတဲ့ လူမိုက်တွေက ဒီနေ့လယ်ပိုင်းကစပြီး နေအိမ်တွေကိုဖျက်ဆီးနေတယ်လို့ အဲဒီရပ်ကွက်မှာနေထိုင်သူတွေက မော်ကွန်းကိုပြောပါတယ်။ “ရဲရယ်စစ်တပ်ရယ် ဓားတွေကိုင်ထားတဲ့လူမိုက်တွေပါတယ်။ အပြာဝတ်စုံနဲ့။ ဓားကိုင်ထားတဲ့သူတွေကရှေ့က ရဲကဒုတိယ စစ်တပ်ကနောက်မှာ။ သူတို့ဘက်ဟိုးနဲ့ထိုးတဲ့ဆီက ငါ့အိမ်ခေါင်းရင်းထိရောက်နေပြီ” လို့ ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။ ရပ်ကွက်နေသူတွေက အိမ်တွေမဖျက်ဖို့ တောင်းပန်တာ၊ တားတာတွေလုပ်လို့ အမျိုးသမီးတစ်ဦးကိုလည်း စစ်တပ်ကခေါ်သွားတယ်လို့ သိရပါတယ်။ “သူတို့(စစ်တပ်)ကပြောတယ်။ မတရားတာတော့ဖြစ်လို့မရပါဘူးတဲ့။ အဲ့လိုပြောပေမယ့် သူတို့မတရားတာလုပ်နေတာလေ။ ဖျက်စာပါလားဆိုတော့လည်း ဘာမှမပြနိုင်ဘူးလေ။တို့တွေက အပါမခံနိုင်တော့တားကြတာ။ တားတော့ ကောင်မလေးကိုခေါ်သွားတယ်။ မေးစရာရှိလို့တဲ့ ပြန်လွှတ်ပေးမယ်ပြောတယ်။ ငါတို့က သွားစရာမရှိတော့ဘူးလေ။ မဖယ်ပေးလို့ပစ်သတ်မယ်ဆိုလည်းသတ်သွားပါတော့။ မတက်နိုင်တော့ဘူးပြောလိုက်တယ်” စစ်ကောင်စီက ပြောင်းရွှေ့ခိုင်းထားတဲ့ရပ်ကွက်ငါးခုဟာ […]
ရေစကြို – ၂၀၂၂ နိုဝင်ဘာ ၂၅ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မြေတော်ကျေးရွာကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၂၂ရက်ကစတင်ပြီး မနေ့ကအထိ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ နိုဝင်ဘာ ၂၃ရက်က အာဏာသိမ်းစစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ပြည်သူ သုံးဦး ထိမှန်ဒဏ်ရာရရခဲ့ပြီး မနေ့ကလည်း အသက် ၅၀ ဝန်းကျင်အမျိုးသမီးတစ်ဦး နဲ့ အသက် ၁၂နှစ်ဝန်းကျင်ကလေးတစ်ဦး ထပ်မံထိမှန်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “အနောက်ဘက်ကမ်းကို အမြဲပစ်နေတာ၊ စစ်ကြောင်းရယ်လို့တော့ မထိုးသေးဘူးဗျ။ ဒရုန်းနဲ့ချတာတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေပဲ လုပ်နေတာ၊အရှေ့ဘက်ကမ်းကနေပစ်တာ မြေတော်က ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းပါးက ကျေးရွာပါ”လို့ဒေသခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ် က ၆၀မမ လက်နက်ကြီး အပြင် ဒရုန်းနဲ့ လူစုရှိတဲ့နေရာတွေကိုပစ်ချတာကြောင့်ထိခိုက်ဒဏ်ရာရကြတာလို့ ဒေသခံကပြောပါတယ်။ လက်နက်ကြီးထိမှန်ထားသူတွေဟာ ဒဏ်ရာအခြေနေမပြင်းထန်တာကြောင့်စိုးရိမ်စရာမရှိဘူးလို့ပြောပါတယ်။ #Dailynews
ကလေးမြို့ – ၂၀၂၂ နိုဝင်ဘာ ၂၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်အင်အားစုဟာ ဒီကနေ့မှာ ဒေသခံပြည်သူတွေနဲ့အတူ ၆၅၇ ရက်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၂၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်း၊ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်အင်အားစုဟာ ဒီကနေ့ညနေမှာ ဒေသခံပြည်သူတွေ၊ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၂၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ပြည်ကြီးတံခွန် – ၂၀၂၂ နိုဝင်ဘာ ၂၅ (မော်ကွန်း) မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ဟာ ၅၈၅ ရက်မြောက်နေ့အဖြစ် ဒီကနေ့ညမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ရန်ကုန် – ၂၀၂၂၊ နိုဝင်ဘာ ၂၄ (မော်ကွန်း) ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ မြလမ်းမှာ ဒီနေ့နံနက် ၇:၀၀ နာရီ လောက်က လျှပ်စစ်စက်ဘီးရဲ့မော်တာဖြုတ်ခိုးနေကြတဲ့ သူခိုးငါးယောက်ကို ရပ်ကွက်သားတွေဝိုင်းပြီး ဖမ်းဆီးခဲ့ကြရာ နှစ်ဦးဖမ်းမိခဲ့ပါတယ်။ “ရပ်ကွက်ထဲကလူတွေတွေ့ပြီးဝိုင်းဖမ်းကြတာ။ ဓာတ်တိုင်အောက်ထိုင်ခိုင်းပြီးကြိုးတုတ်ထားတာ။ ပြီးတော့ရဲလက်အပ်လိုက်ကြတယ်။” လို့ ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတင် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်ထဲမှာ ခိုးမှုတွေတောက်လျှောက်ဖြစ်ပွါးနေတာကြောင့် ရပ်ကွက်သားတွေဟာ ကင်းပုန်းဝပ်စောင့်ဖမ်းလို့ အခုလိုမိတာလို့ ၎င်းရပ်ကွက်မှာနေသူတစ်ဦးကပြောပါတယ်။ ရပ်ကွက်ထဲက ပစ္စည်းခိုးခံရသူ ကာယကံရှင်တစ်ဦးကတော့ “စစဖြစ်ချင်းတုန်းက အုပ်ချုပ်ရေးမှူးကိုသွားပြောတော့ ငါ့ဟာနဲ့ငါတောင် မနည်းဂရုစိုက်နေရတာ၊ အပြင်တောင်မထွက်ရဲဘူးတဲ့။ ကိုယ့်ပစ္စည်းကိုထိန်းသိမ်းကြတဲ့။ ကျွန်မကတော့ ဒီလိုရပ်ကွက်သားတွေစည်းစည်းရုံးရုံးနဲ့ဝိုင်းပြီးဖမ်းကြတာ သိပ်ကောင်းတယ်။ ဒီလိုပဲလုပ်ရတော့မှာ” လို့ပြောပါတယ်။ ပြီးခဲ့တဲ့ လေးရက်လောက်ကလည်း ကျိုက္ကဆံရပ်ကွက်အတွင်းမှာပဲ ရပ်ကွက်သူ/သား တွေ ပေါင်းပြီး သူခိုးနှစ်ဦး ဖမ်းမိခဲ့ပါသေးတယ်။ ပုံစာ […]
ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ကြားကာလကျန်းမာရေးအစီအစဉ်အနေနဲ့ အာဏာဖီဆန်ကျန်းမာရေးဝန်ထမ်းတွေက ဒေသတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဝိုင်းဝန်းမှုနဲ့အတူ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်နေပါတယ်။ ဒီကနေ့မှာတော့ ယင်းမာပင်မြို့နယ်ထဲက စာသင်ကျောင်းတစ်ကျောင်းမှာ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်အဖွဲ့ဝင်တွေနဲ့ အာဏာဖီဆန်ကျန်းမာရေးဝန်ထမ်းတွေက ကျောင်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သန်ချဆေးတိုက်ကျွေးခြင်း၊ ရာသီတုပ်ကွေးဖျားနာမှုတွေ စတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့ကြပါတယ်။ ဒီလို ဒေသတော်လှန်ရေးအင်အားစုတွေက ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဟာ ကျောင်း ၁၀ ကျောင်းမြောက်ရှိလာခဲ့ပြီလို့ ရွာပေါင်းစုံသပိတ်ဆီကသိရပါတယ်။ ကြားကာလကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ ငွေကြေးအင်အားလိုအပ်နေကြောင်း ဦးဆောင်သူတွေကပြောပါတယ်။ ဓာတ်ပုံ – CJ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."