ရန်ကုန် – ၂၀၂၃၊ ဖေဖော်ဝါရီ ၇ (မော်ကွန်း)
မရမ်းကုန်းမြို့နယ် ၊၈ မိုင် မှ MPT exchange ရုံးရှိ စက်ခန်းမီးလောင်မှုဖြစ်ပွါးပြီး အင်တာနက်လိုင်းဆွဲအားတွေနှေးကွေးနေပါတယ်။
“စက်ခန်းကဝါယာရှော့ဖြစ်တာ။ အဲ့ဒါကြောင့်အခုလိုင်းတွေကျနေတာ။မီးကတော့ငြိမ်းသွားပါပြီ” လို့ MPT မှ ဝန်ထမ်းတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က တော့ MPT exchange ရုံးမှာ ဒီနေ့မနက် ၁၀:၂၃ နာရီမှာ မီးလောက်မှုဖြစ်ပွါးပြီး ၁၀:၄၅ နာရီမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
လက်ရှိMPT အသုံးပြုသူတွေအနေနဲ့ဖုန်းခေါ်ဆိုလို့သာရပြီး အင်တာနက်သုံးရတာနှေးကွေးနေတယ်လို့ပြောကြပါတယ်။
“ဖုန်းခေါ်လို့တော့ရတယ်။လိုင်းကလုံးဝကိုမတက်တာ၊ နှေးနေတယ်” လို့ MPT အသုံးပြုသူတစ်ဦးကပြောပါတယ်။
MPT exchange ရုံးဆိုတာ အသုံးပြုသူတွေကို မြို့နယ်အသီးသီးမှာ ဖုန်းဆင်းကဒ်ဝန်ဆောင်မှုတွေ၊ ဖုန်းဘေဆောင်တာတွေ နဲ့ ဝန်ဆောင်အမျိုးမျိုးပေးနေတဲ့နေရာပါ။
#Dailynews

