အရာတော် – ၂၀၂၃ ဇူလိုင် ၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒီကနေ့ လူထုအင်အား ၅၀၀ ဝန်းကျင်ဟာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” သပိတ်ဆောင်ပုဒ်နဲ့အတူ ဒေသခံလူထုဟာ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော် မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(အရတ ပကဖ)၊ အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ(ဗကသများ အဖွဲ့ချုပ်) တို့နဲ့ ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဓာတ်ပုံ – CJ
#Dailynews

