ရန်ကုန်-၂၀၂၅ ဇွန် ၂၆ (မော်ကွန်း) ပဲခူးတိုင်း၊ စစ်တောင်းမြစ်အရှေ့ခြမ်းမှာရှိတဲ့ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေကို ‘စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး ’ အဖြစ် ဒီနေ့တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးထက်မနည်းသေခဲ့သလို သုံ့ပန်း ၂၀ ကျော် မိခဲ့ပြီး အများအပြား ထွက်ပြေးသွားကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၂၈ လက်နဲ့အတူ အခြားပစ္စည်းအများအပြားသိမ်းဆည်းရမိတယ်လို့ ဓါတ်ပုံနဲ့တကွဖော်ပြပါတယ်။ ဒီစစ်ဆင်ရေးကို NUG၊ အမှတ်(၂) စစ်ဒေသခွဲ(JOC)ရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေး နယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅) ၊ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ မနေ့တုန်းကလည်း […]
မိုးကုတ်-၂၀၂၅ ဇွန် ၂၆ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ လုယက်ဓါးပြတိုက်နေသူတချို့ကို မြို့ကိုထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA)ရဲ့ ရဲတပ်ဖွဲ့ ဝင်တွေက ဖမ်ဆီးဖို့ကြိုးစားရင်း အပြန်အလှန်ပစ်ခတ်မှုတွေ ဒီနေ့မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။ ဒီပစ်ခတ်မှုတွေအတွင်း အပြန်မလှန် ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ မြို့ခံတချို့က ပြောပေမယ့် မော်ကွန်းအနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။ “ လူထုကို ဓားပြတိုက်နေသူတွေကို လူထုက တာဝန်သိ သတင်းပေးတာကြောင့် သွားရောက်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဓားပြနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ပစ္စတိုသေနတ် လေးလက်နဲ့ TNLA ယူနီဖောင်းတွေလည်း သိမ်းဆည်း ရမိခဲ့ပါတယ်”လို့ အခင်းဖြစ်ပွားမှုအခြေအနေကို TNLA ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။ ပတ္တမြားမြို့တော်မှာ ဓားပြတိုက်နေသူတွေကို မနေ့ညသန်းခေါင်လောက်က စတင်ပြီး TNLA ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ […]
ရန်ကုန် – ၂၀၂၅ ဇွန် ၂၆ (မော်ကွန်း) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ စခန်းသိမ်းနိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းပြန်ထိုးလာတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ ပုလဲနယ်နဲ့ ယောနယ်ကို ဆက်သွယ်ထားတဲ့ ပုလဲ-ဂန့်ဂေါ ကားလမ်းပေါ်မှာရှိပြီး ဒေသတွင်းမှာ အရေးပါတဲ့ ကန့်ဒေါင့်ကျေးရွာရဲစခန်းကို PLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီလ ၁၉ ရက်မှာ စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက်သိမ်းယူခဲ့တာပါ။ ဒီရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပြီးနောက် ဆက်တိုက်ဆိုသလို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာနေပြီး တိုက်ပွဲတွေလည်း နေ့စဉ်နီးပါးဖြစ်နေတယ်လို့ ပုလဲဒေသခံတချို့က ပြောပါတယ်။ လက်ရှိမှာ ၎င်းတိုက်ပွဲတွေကြောင့် ပုလဲမြို့နယ်အတွင်းမှာ ကန်ဒေါင့်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာခန့်က ဒေသခံထောင်နဲ့ချီ […]
ရန်ကုန်- ၂၀၂၅ ဇွန် ၂၅ (မော်ကွန်း) အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်ဖွဲ့တွေနဲ့ မဟာမိတ်ကရင်တပ်တွေဟာ ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းက စစ်ကောင်စီစခန်းကိုးခုကို ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းကို သုတ်သင်ခဲ့ကာ သုံးဦးအရှင်ဖမ်းမိခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါးနဲ့ ဖြူးမြို့နယ်တွေအတွင်းက စစ်ကောင်စီစခန်း ကိုးခုကို ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF)၊ စစ်ဆင်ရေးနယ်မြေ (၂)ကွပ်ကဲမှုအောက်က တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲကနေ လက်နက်ကြီး၊ လက်နက်ငယ်အစုံ (၁၆)လက်နဲ့ ခဲယမ်း၊ စစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီတိုက်ပွဲတွေအတွင်း […]
ရန်ကုန်- ၂၀၂၅ ဇွန် ၂၅ (မော်ကွန်း) မန္တလေး-PDF လို့ သိကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ မန္တလေး-PDF က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းမှာ အထူးတိုက်ခိုက်ရေး ၊ ကြံ့ခိုင်မှု ၊ စစ်နည်းဗျူဟာတွေနဲ့ နိုင်ငံရေးသင်ခန်းစာတွေကို လေ့ကျင့်သင်ကြားခဲ့ပြီး သုံးလကျော်ခန့် ကြာမြင့်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မန္တလေး_PDF ဟာ မဟာမိတ် TNLA တပ်နဲ့အတူ မန္တလေးတိုင်းထဲက မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး နဲ့ မတ္တရာမြို့နယ်တွေကို လွှမ်းမိုးထိန်းချုပ်ထားပြီး စစ်ကောင်စီအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ မန္တလေးမြို့ကို စစ်ရေးအရဖိအားပေးထားနိုင်တဲ့ နွေဦးတော်လှန်ရေးက ပေါ်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ အောက်ပါ ဓါတ်ပုံတွေကတော့ မန္တလေး-PDF ရဲ့ သင်တန်းဆင်းပွဲ ပုံရိပ်တချို့ ဖြစ်ပါတယ်။ […]
ရန်ကုန်-၂၀၂၅ ဇွန် ၂၅ (မော်ကွန်း) ပြီးခဲ့တဲ့သုံးလက လှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့က လူအသေအပျောက်များခဲ့တဲ့ Sky Villa အဆောက်အဦအောက်က အမျိုးသမီးရုပ်အလောင်းတစ်ခု မနေ့ကထပ်မံရှာတွေ့တယ်လို့ အဲဒီမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေဆဲ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဆောင်-B၊ အခန်းအမှတ် L-9 မှာ အဲဒီ အမျိုးသမီးရုပ်အလောင်းနဲ့အတူ ကျပ်ငွေ ၂၈,၅၀၀,၀၀၀ သိန်း၊ ရွှေ ၈၈ ကျပ်သား၊ ရွှေကလစ်တစ်ခု၊ စိန်နားကပ်တစ်ခု၊ စိန်ဆွဲသီးတစ်ခု၊ စိန်လက်စွပ်တစ်ကွင်း၊ ပတ္တမြားကြယ်သီးငါးခု၊ ပတ္တမြားနားကပ်တစ်ရံ၊ ရွှေနားကပ်ခြောက်ရံ၊ ရွှေလက်စွပ်၁၇ကွင်း၊ ရွှေဆွဲသီးငါးခု၊ ရွှေဟန်းချိန်တစ်ခု၊ ရွှေလက်ကောက် ၂၁ကွင်း၊ ပလက်တီနမ် ဆွဲကြိုးတစ်ကုံး၊ ရွှေဆွဲကြိုး ၁၀ ကုံး၊ ဘဏ်စာအုပ်သုံးအုပ်၊ မှတ်ပုံတင်နှစ်ခု၊ အိမ်ထောင်စုဇယားမူရင်းတစ်ခု၊ အိမ်ဂရံတစ်ခု၊ ဖုန်းအပျက်တစ်လုံးတို့လည်းတွေ့ရပြီး ပိုင်ရှင်ထံလွှဲပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အင်အားရစ်ချ်တာစကေး ၇ […]
ရန်ကုန် – ၂၀၂၅ ဇွန် ၂၅ (မော်ကွန်း) နိုင်ငံတကာဈေးကွက်မှာ ကမ္ဘာ့ရွှေဈေး အနည်းငယ်ပြန်လည် ကျဆင်းလာပေမယ့် ပြည်တွင်းရွှေဈေးကတော့ ကျဆင်းသွားတာမရှိသေးဘဲ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်မှာတန့်နေတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။ အရှေ့အလယ်ပိုင်း စစ်ရေးသတင်းကြောင့် တစ်အောင်စကို ဒေါ်လာ ၃,၄၅၀ ဝန်းကျင်ထိ အမြင့်ဆုံးရောက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ဒီသီတင်းပတ်ထဲမှာ ပြန်လည်ကျဆင်းလာပြီး တစ်အောင်စကို ဒေါ်လာ ၃,၃၄၀ ဝန်းကျင်ကို ပြန်ကျဆင်းသွားတာပါ။ ဒီရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိလာပြီးနောက် ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းခဲ့တယ်လို့ ဈေးကွက်လေ့လာသူတချို့က ပြောပါတယ်။ ပြည်တွင်းရွှေဈေးကွက်မှာတော့ ဒီလ ဒုတိယအပတ်အတွင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်ထိ မြင့်တက်ခဲ့ပြီး ဒီနေ့ညနေပိုင်း ဈေးဖွင့်လှစ်မှုမှာလည်း တစ်ကျပ်သားကို […]
ရန်ကုန်-၂၀၂၅ ဇွန် ၂၅ (မော်ကွန်း) တော်လှန်ရေးသမား၊ စာရေးဆရာတစ်ဦးဖြစ်တဲ့ ငြိမ်းအေးအိမ်(ခ) ဦးငြိမ်းအေးရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်မြို့ က ရေဝေးသုသာန်မှာ ဒီနေ့မနက် ၁၀ နာရီမှာ ကျင်းပခဲ့ပါတယ်။ ဒီလ ၂၃ ရက်က ကွယ်လွန်ခဲ့တဲ့ အသက် ၆၉ နှစ်အရွယ်သူဟာ အစာပြွန်ကင်ဆာ ဝေဒနာကို ခံစားခဲ့ရပါတယ်။ ထားဝယ်ဇာတိဖွားသူဟာ ၁၉၇၆ မှာ ဖြစ်ပွားတဲ့ ‘ မှိုင်းရာပြည့်’ သပိတ်ကော်မတီကို ဦးဆောင်သူဖြစ်ပြီး အဲဒီတုန်းက အာဏာရှင်မဆလအစိုးရရဲ့ ပုဒ်မ ၅ (ည)နဲ့ ဖမ်းဆီးအကျဉ်းချတာ ခံခဲ့ရပါတယ်။ ၁၉၈၅ မှာ ဗမာပြည်ကွန်မြူနစ်ပါတီ(CPB)ထံ တောခိုကာ အာဏာရှင်ဗိုလ်ချုပ်နေဝင်းအစိုးရကို တော်လှန်ခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ပိုင်း ရန်ကုန်ကို ပြန်လည်ရောက်ရှိလာပြီး မော်ဒန်၊ ပို့စ်မော်ဒန် အနုပညာသည်တွေကြား ထင်ရှားခဲ့တဲ့ […]
ဓနု – ၂၀၂၅ ဇွန် ၂၄ (မော်ကွန်း) ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) ခြောက်ကြိမ်မြောက်စစ်သင်တန်းဆင်းခဲ့ပြီး လက်နက်တွေကို မဟာမိတ် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )က ပံ့ပိုးတာဖြစ်တယ်လို့ DPLF/DPLA ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က မော်ကွန်းကိုပြောပါတယ်။ DPLA တပ်စတင် တည်ထောင်ကတည်းက TNLA အနေနဲ့ တောက်လျှောက်ပံ့ပိုးခဲ့တာဖြစ်သလို ဒီတစ်ကြိမ် စစ်သင်တန်းဆင်းပွဲမှာလည်း လက်နက်တပ်ဆင်တဲ့အခါမှာ TNLA က ပံ့ပိုးခဲ့တာဖြစ်တယ်လို့ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။ “တပ်စတည်ထောင်ကတည်းက အခုချိန်ထိ ပံ့ပိုးကူညီပေးနေတာပါ”လို့ DPLF/DPLA ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA)ကို ၂၀၂၂ ဩဂုတ်မှာ ဓနုလူငယ်တွေ၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေစုစည်းကာ စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်၊ ကလော၊ ရပ်စောက်၊ နောင်ချို၊ ပင်းတယနဲ့ ရွာငံမြို့နယ်တွေကို စတင်အခြေခံခဲ့ပါတယ်။ DPLF/DPLA […]
ရန်ကုန် – ၂၀၂၅ ဇွန် ၂၄ (မော်ကွန်း) စစ်ကောင်စီတပ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို သုံးရက်ဆက်တိုက် အပြင်းအထန်ထိုးစစ်ဆင်လာပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ နောင်ချို ဒေသခံတချို့က ပြောပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာ နောင်ချိုမြို့အဝင် ကံကြီးရွာအနီးက ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မွန်းလွဲပိုင်းထိ လက်နက်ကြီးပစ်ခတ်သံ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သံတွေကို နောင်ချိုမြို့ပေါ်ကနေ ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနက် ငါးနာရီခွဲကနေ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆက်တိုက်ကြားရတာ။ဂျက်ဖိုက်တာနဲ့လည်း နှစ်ကြိမ်သုံးကြိမ်လောက် လာကြဲတယ်။ Y-12 တွေနဲ့လည်း ခုထိပတ်ဝဲနေတယ်” လို့ နောင်ချိုဒေသခံတစ်ဦးက ဒီနေ့မွန်းလွဲပိုင်းမှာ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို နောင်ချို-တောင်ခမ်းလမ်းပိုင်းကနေ ကံကြီးရွာနဲ့ နောင်ဩရွာကို ဖြတ်ဝင်လာတဲ့ စစ်ကြောင်းနဲ့ ပြင်ဦးလွင်-ဘန့်ဘွေး-နောင်ချို လမ်းပိုင်းကနေ အုမ္မတီးရွာကို […]
ရန်ကုန် – ၂၀၂၅ ဇွန် ၂၃ (မော်ကွန်း) ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်နားကကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားလာတဲ့တိုက်ပွဲတွေကြောင့် အခြေခံပညာစာသင်ကျောင်းအများအပြား ပိတ်ထားရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ အထူးသဖြင့် ပုသိမ်မြစ်အနောက်ဘက်ကမ်းက ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ကျေးရွာတွေမှာ အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဒီလပိုင်းထဲမှာ ဆက်တိုက်ဖြစ်လာတာပါ။ လက်ရှိမှာ ရခိုင်ရိုးမနဲ့နီးကပ်နေတဲ့ကျေးရွာတွေက စာသင်ကျောင်း ၁၀ ကျောင်းခန့်ကို ပြီးခဲ့တဲ့သုံးရက် သောကြာနေ့ကတည်းက ပိတ်ထားရတယ်လို့ ဒေသခံစစ်ဘေးရှောင်တချို့က ပြောပါတယ်။ ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ လေးမျက်နှာမြို့နယ်က သဲနုကုန်း၊ ရေဖြူနဲ့ ကျားကိုက်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်နေပြီး ၎င်းကျေးရွာတွေက ဒေသခံရာနဲ့ချီပြီးတော့ လေးမျက်နှာမြို့ပေါ်ကို ထွက်ပြေးလာကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “နေ့တိုင်းလိုလိုလည်း ပစ်သံတွေကကြားနေတယ်။ ရိုးမအစပ်ဘက်မှာ တော်တော်လေးအခြေအနေဆိုးနေတယ်။ လေးမျက်နှာတို့ ငသိုင်းချောင်းတို့ မြို့ပေါ်တွေမှာတောင် လူမရှိတော့သလောက်ပဲ၊ အသွားအလာလည်းသိပ်မရှိတော့ဘူး […]
ရန်ကုန် – ၂၀၂၅ ဇွန် ၂၃ (မော်ကွန်း) ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်ကားလမ်းဘေးနဲ့ လမ်းအရှေ့ခြမ်း ပဲခူးရိုးမအစပ်က ရွာတွေကို စစ်ကောင်စီတပ်က ဒီရက်တွေအတွင်း စစ်ကြောင်းထိုး၊ ရွာမီးရှို့တာတွေ လုပ်နေလို့ ဒေသခံတွေ ဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ရန်ကုန်-ပြည်လမ်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့အနီးမှာရှိတဲ့ စစ်ကွင်းတာဆုံက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဒီလ ၁၆ ရက်က ဝင်တိုက်ခဲ့ရာမှာ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အရာရှိတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက် သေခဲ့ရပြီးနောက် ရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတာ ဖြစ်ပါတယ်။ “ အင်အား ၄၀၀ လောက်နဲ့ စစ်ကွင်းနဲ့မင်းလှကြားက ရိုးမဘက်ခြမ်းကရွာတွေကို မီးရှို့ စစ်ကြောင်း ထိုးနေတာ။ အဲဒီဘက်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း မင်းလှမြို့ပေါ် တချို့ ရောက်လာကြတယ်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."