အောင်ပိုင် ရန်ကုန် – သြဂုတ် ၇၊ ၂၀၂၀ (မော်ကွန်း) တိုက်ပွဲဖြစ်ပွားရာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များမှ ကျေးရွာအုပ်စု ၁၅ စု တွင် မဲဆန္ဒရှင်စာရင်းမကြေညာနိုင်သေးကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြို့နယ်စုစုပေါင်း ၉ မြို့နယ်ရှိသည့်အနက် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ အမ်း စသည့်မြို့နယ်များမှကျေးရွာများဖြစ်သည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ဆိုသည်။ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ယခုလိုမဲဆန္ဒရှင်စာရင်းမကြေညာနိုင်ခြင်းသည် တိုက်ပွဲများ၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပြီး မဲပေးပိုင်ခွင့် အခွင့်အရေးဆုံးရှုံးစေသည်ဟုဆိုသည်။ “ကျော်တော်မြို့နယ်မှာ ကျေးရွာပေါင်း ၂၀ ဝန်းကျင်လောက်က မဲဆန္ဒရှင်တွေက ရွာလုံးကျွတ် စစ်ဘေးရှောင်စခန်းတွေကို ရောက်သွားကြတယ်။ တချို့ရွာတွေက မရှိတော့ဘူး။ ဒါကြောင့် မဲပေးတဲ့နေ့ရောက်ရင် သူတို့ရှိတဲ့နေရာတွေမှာ မဲပုံးထောင်နိုင်အောင် စီစဉ်ပေးရမယ်။” […]
ဂေထော ရန်ကုန် – ၂၀၂၀ ဩဂုတ် ၇ (မော်ကွန်း) မွန်ညီညွတ်ရေးပါတီသည် လာမည့်အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခုတို့ရှိ မဲဆန္ဒနယ်များ၌ ကိုယ်စားလှယ်လောင်း ၆၇ နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ယင်းပါတီထံမှ သိရသည်။ မွန်ညီညွတ်ရေးပါတီက ဇူလိုင် ၂၆ ရက်ကထုတ်ပြန်ခဲ့သည့် မဲဆန္ဒနယ် ၆၂ နေရာတွင် ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းရှိ ကော့သောင်းမြို့နယ်တို့ မပါဝင်ခဲ့သော်လည်း လက်ရှိတွင် ပဲခူးတိုင်းနှင့်တနင်္သာရီတိုင်း၌ ခြောက်နေရာတိုးလာခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၌ ဝင်ရောက်ယှဉ်ပြိုင်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ပါတီ၏တွဲဘက်အတွင်းရေးမှူး (၁) နိုင်လယိတမက “ကျွန်တော်တို့ပါတီကော်မတီလည်းရှိတယ်။ ပါတီရုံးတွေလည်းရှိတယ်။သမိုင်းကြောင်းအရ ပဲခူးဆိုတာမွန်တို့ရဲ့ ဟံသာ၀တီနေပြည်တော်ဖြစ်ခဲ့တဲ့အတွက် နိုင်ငံရေးအရနိုးကြားလာအောင်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်လာအောင်ရည်ရွယ်ပြီး ကျွန်တော်တို့ရှုံးသည်ဖြစ်စေ၊နိုင်သည်ဖြစ်စေ ဝင်ပြိုင်ဖြစ်တာပေါ့” ဟု သူကပြောသည်။ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကိုလည်း တင်သွင်းထားပြီးဖြစ်ကြောင်းနှင့် ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်းကို လာမည့်အပတ်အတွင်း၌ ပါတီ၏ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် […]
အောင်ပိုင် ရန်ကုန် – သြဂုတ် ၆၊ ၂၀၂၀ (မော်ကွန်း) မဲဆန္ဒရှင်စာရင်း ကြေညာရက်ကို တစ်ပတ်ထပ်တိုးတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ တွေက တာဝန်ရှိသူတွေက ဒီနေ့ညနေပိုင်းမှာ မော်ကွန်းကို ပြောပါတယ်။ စာရင်းမှားယွင်းမှုတွေ ပြင်ဆင်ချိန်ပိုရအောင်နဲ့ ကြည့်ရှုချိန်ပိုရအောင်လို့ အခုလိုသက်တမ်း တိုးပေးတာလို့ ရန်ကုန်တိုင်းဒေသကြီး၊ ကော်မရှင်အဖွဲ့ခွဲက အတွင်းရေးမှူး ဦးတင်မောင်အေး က ပြောပါတယ်။ ယခင်ကြေညာချက်အရ မဲဆန္ဒရှင်စာရင်းစစ်ဆေးရက်ဟာ မနက်ဖြန်မှာ ကုန်ဆုံးမှာ ဖြစ် ပေမယ့် အခုသက်တမ်းတိုးမြှင့်ပေးမှုကြောင့် သြဂုတ် ၁၄ ရက်အထိ စိစစ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရဲ့ ဥက္ကဌဖြစ်သူ ဒေါ်တင်လှိုင်ကလည်း မဲဆန္ဒရှင်စာရင်းစစ်ဆေးရက်ကို ထပ်တိုးမြှင့်ပေးတဲ့ ခွင့်ပြုစာကို ဒီနေ့ပဲ လက်ခံရရှိတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက တိုက်ပွဲတွေ ဖြစ်ပွားနေရာ ကျေးရွာအုပ်စု […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဩဂုတ် ၅ (မော်ကွန်း) ရခိုင့်တပ်တော်(AA)ကလွဲပြီး အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခွင့်ရတယ်လို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ် နိုင်အောင်မငေးက ပြောတယ်။ အစိုးရကိုယ်စားလှယ်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စားလှယ် (NCA-S EAO) (၇) ကြိမ်မြောက် ညှိနိုင်းအစည်းအဝေးကို မနေ့က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ ကျင်းပခဲ့ပြီး ဒီနေ့ အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောတာပါ။ “ အပစ်ရပ်စဲရေးမလုပ်ခဲ့သေးတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ကြားဖို့ ပြောထားတယ်၊ ဒါကိုလည်း နိုင်ငံတော်က ဖိတ်ပေးပါမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ AA ကလွဲပြီး ဖိတ်ပေးပါမယ်လို့ ဒီနေ့အစည်းအဝေးမှာ တရားဝင်ပြောပါတယ်” လို့ နိုင်အောင်မငေးက ပြောတယ်။ ညီလာခံတက်ရောက်ခွင့်ရတဲ့အဖွဲ့တွေရဲ့ အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ရမှာဖြစ်ပြီး ကိုယ်စားလှယ်တက်ရောက်ခွင့်ရှိမှာ […]
စည်သူ ရန်ကုန်-၂၀၂၀ သြဂုတ် ၅ (မော်ကွန်း) ဂျပန်နိုင်ငံကနေ ချေးငွေရယူပြီး COVID-19 ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့တဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း(SMEs)တွေကို ထောက်ပံ့ပေးမယ့်အစီအစဉ်ကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုလိုက်ပါတယ်။ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ-JICA ဆီကနေ ဂျပန်ယန်း ၁၅ ဘီလီယံ ( ကျပ် ၁၉၀ ဘီလီယံ) ချေးယူကာ ဒီလုပ်ငန်းတွေကို အထောက်အပံ့ပေးဖို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့တာပါ။ ဒီချေးငွေကို ရယူကြမယ့် SMEs လုပ်ငန်းတွေကို အာမခံပစ္စည်းတင်ပြမှုအပေါ်မူတည်ပြီး တစ်နှစ်အတိုးနှုန်း ၅ ဒဿမ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ကောက်ခံမှာဖြစ်ပြီး ချေးငွေသက်တမ်း သုံးနှစ်အောက်ချေးငွေတွေကို ဆိုင်းငံ့ကာလ ခြောက်လနဲ့ သုံးနှစ်နဲ့ငါးနှစ်ကြားချေးငွေတွေကိုတော့ ဆိုင်းငံ့ကာလတစ်နှစ်ပေးမှာ ဖြစ်ပါတယ်။ ဒီချေးငွေရဲ့သတ်မှတ်ချက်အရ ချေးငွေစုစုပေါင်းရဲ့ […]
ရေဂင် ရန်ကုန်- ၂၀၂၀ ဩဂတ် ၅ (မော်ကွန်း) COVID-19 ကြောင့် စီစဉ်ပြီးမှ ပျက်ခဲ့ရသည့် ရိုးရာလက်ဝှေ့ပွဲပေါင်း ၆၀ ကျော်အထိရှိပြီး လတ်တလော ပြန်လည်ကျင်းပနိုင်ရန်ပင် မလွယ်ကူသေးကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဗဟိုအမှုဆောင် ဦးလွှမ်းမိုးအောင်က ပြောသည်။ “ကိုဗစ်မတိုင်ခင် အဖွဲ့ချုပ်ကို ပွဲခွင့်ပြုမိန့်တောင်းထားပြီး ခွင့်ပြုမိန့်ရပြီးသားလက်ဝှေ့ပွဲ (၆၀) ကျော်လောက် အထိရှိတယ်။ အများစုကတော့ နယ်ပွဲတွေပေါ့။ အကုန်လုံး ကိုဗစ်ဂယက်နဲ့ ပျက်သွားတာ” ဟု ဦးလွှမ်းမိုးအောင်က ပြောသည်။ လတ်တလောတွင် ပရိတ်သတ်မပါသည့် ရိုးရာလက်ဝှေ့ပွဲတချို့ကို ကျင်းပရန် စီစဉ်နေသော်လည်း အစိုးရခွင့်ပြုချက်ရရန်လိုသေးသည်ဟု သူကဆိုသည်။ ထို့အပြင် လက်ဝှေ့ပွဲများ ကျင်းပရာတွင် အထောက်အပံ့ပေးနေသည့် စီးပွားရေးလုပ်ငန်းများသည်လည်း COVID-19 ကြောင့် ထိခိုက်နေသည့်အတွက် ပြိုင်ပွဲများကျင်းပရေးအပေါ် သက်ရောက်မှုရှိနေကြောင်း သူကရှင်းပြသည်။ လက်ဝှေ့ပွဲများရပ်ဆိုင်းထားရသည့်အတွက် နောက်ဆက်တွဲအကျိုးဆက်အဖြစ် […]
ရေဂင် ရန်ကုန်- ၂၀၂၀ သြဂတ် ၅ (မော်ကွန်း) လာမယ့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အတည်ပြုနိုင်မယ့် ဖက်ဒရယ်ဆိုင်ရာသဘော တူညီချက်တချို့ကို ရရှိခဲ့တယ်လို့ အစိုးရနဲ့ပူးတွဲကျင်းပတဲ့ နေပြည်တော်က နှစ်ရက်ကြာ အစည်းအဝေးအပြီးမှာ အပစ်အခတ်ရပ်စဲထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘက်က ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောတယ်။ သြဂုတ် ၄ ရက်က စတင်ကျင်းပတဲ့ ဒီအစည်းအဝေးက ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို မနက်ဖြန် (သြဂတ် ၆ ) နေပြည်တော်မှာ စတင်ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးမှာ တင်ပြအတည်ပြုမှာ ဖြစ်ပါတယ်။ “ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ရဲ့ အပိုင်း(၁) ဖြစ်တဲ့ NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်တွေကို သဘောတူညီခဲ့ပါတယ်။ အပိုင်း (၂) ဖြစ်တဲ့ ၂၀၂၀အလွန် အဆင့်လိုက် […]
စည်သူ ရန်ကုန်-၂၀၂၀ သြဂုတ် ၅ (မော်ကွန်း) အီးမေးလ်နဲ့ ဒစ်ဂျစ်တယ်သက်သေခံဆိုင်ရာ အခြေခံအဆောက်အအုံစနစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် သြစတြီးယား UniCredit Bank ထံကနေ ထောက်ပံ့ငွေ ယူရို ဝ.၈၆သန်းနဲ့ အတိုးမဲ့ချေးငွေ ယူရို ၄.၈၇၆သန်း ရယူဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တင်ပြထားတဲ့ ကိစ္စကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။ အဆိုပါစီမံကိန်းမှာ အစိုးရဌာနအဖွဲ့အစည်းတွေရဲ့ အရေးကြီးကိစ္စရပ်တွေကို ကိုယ်ပိုင် domain နဲ့ Email တွေ လုံခြုံစွာအသုံးပြုနိုင်ဖိုနဲ့ ဒစ်ဂျစ်တယ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊ စီမံခန့်ခွဲခြင်း၊ အသုံးပြုခြင်း၊ သိမ်းဆည်းခြင်းနဲ့ ဖျက်သိမ်းခြင်းတွေကိုပြုလုပ်ပေးနိုင်ဖို့ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဇူလိုင် ၂၇ ရက်က လွှတ်တော်ကို တင်ပြထားတာဖြစ်ပါတယ်။ ချေးငွေးသက်တမ်းဟာ ၂၄ နှစ်ဖြစ်ပြီး […]
စည်သူ ရန်ကုန်- ၂၀၂၀ ဩဂုတ် ၄ (မော်ကွန်း) ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီ အနေနဲ့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၅၂ ဦးနဲ့ ဝင်ပြိုင်မယ်လို့ ပါတီ အောင်နိုင်ရေးအဖွဲ့၊ စီမံခန့်ခွဲရေးမှူး ဦးကျော်လင်းက ပြောပါတယ်။ ပါတီ ဥက္ကဌဦးကိုကိုကြီးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမဲဆန္ဒနယ်က ဝင်ပြိုင်မှာဖြစ်ပြီ အတွင်းရေးမှူး ဦးရဲနိုင်အောင်ကတော့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ကမာရွတ်မဲဆန္ဒနယ်(၂)က ဝင်ရောက်ယှဉ်ပြိုင်မှာလို့ ဦးကျော်လင်းက ပြောပါတယ်။ ဦးကိုကိုကြီးအနေနဲ့ NLD ပါတီက ဦးသက်နိုင်စိုးနဲ့ တောင်ဥက္ကလာပမဲဆန္ဒနယ်မှာ ယှဥ် ပြိုင်ရမှာဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်လောင်း ၁၅၂ ဦးအနေနဲ့ ရခိုင်၊ကချင်နဲ့ ကယားပြည်နယ်သုံးခုကလွဲရင် ကျန်ဒေသတွေက ရွေးချယ်ထားတဲ့ မဲဆန္ဒနယ်တွေမှာ အသီးသီးဝင်ပြိုင်ဖို့ ရှိတယ်လို့ စီမံခန့်ခွဲရေးမှူး ဦးကျော်လင်းက […]
အောင်ထူးနိုင် ရန်ကုန် ၂၀၂၀ – ဇူလိုင် ၂၈ (မော်ကွန်း) ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နော်လှလှစိုးကတော့ ဖွံ့ဖြိုးရေးလုပ်ရမယ်လို့ ပြောပြီး ပြိုင်ဘက် နော်အုန်းလှက တန်းတူအခွင့်အရေးအတွက် လုပ်ရမယ်လို့ ပြောပါတယ်။ NLD ပါတီက ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းထားသူ နော်လှလှစိုးက “အဓိကကတော့ ရန်ကုန်တိုင်းမှာ ကရင်လူမျိုးတွေက နေရာအနှံ့မှာ ရှိနေတယ်၊ သူတို့ရဲ့ လူမှုစီးပွားက အရေးကြီးတယ်၊ နောက်ပြီးတော့ သူတို့ရဲ့ စာပေယဉ်ကျေးမှု အဲဒါတွေ အရေးကြီးတယ်၊ ပညာရေး၊ ကျန်းမာရေး အဲဒါတွေ အရေးကြီးတယ်၊ အဲဒါတွေ ဘက်စုံအောင် ဖွံ့ဖြိုးဖို့အတွက် ဆောင်ရွက်ပေးရမှာပေါ့” လို့ ပြောတယ်။ သူ့အနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အနှစ် ၂၀ လောက် လုပ်ခဲ့တာကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်တယ်၊ […]
အောင်ပိုင် ရန်ကုန် – ဇူလိုင် ၂၈၊ ၂၀၂၀ (မော်ကွန်း) အဆင့်မြင့်ပညာကဏ္ဍတွင် Online Learning အတွက် လိုအပ်သည့် ပစ္စည်းကိရိယာများကို ကျောင်းသားများအား ထောက်ပံ့ပေးသွားမည်ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် တက္ကသိုလ်များပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့်အတွက် Online Learning စနစ်ကို အကောင်အထည်ဖော်ရာတွင် ကျောင်းသားများ လိုအပ်သည့် ပစ္စည်းကိရိယာများကို မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို မော်ကွန်းက မေးမြန်းရာတွင် ပြောခြင်းဖြစ်သည်။ “ကျောင်းသားတွေအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို အပိုင်မပေးဘူး၊ ထောက်ပံ့ပေးမယ်။ ဒါပဲပြောထားတယ်။” ဟု ၎င်းက ဆိုသည်။ လိုအပ်သည့် ပစ္စည်းကိရိယာ အရေအတွက်ကို စာရင်းပြုစုပုံနှင့် သုံးစွဲမည့်ငွေပမာဏကို မေးမြန်းရာ ပြင်ဆင်နေဆဲဖြစ်ပြီး ပြော၍မရသေးကြောင်း ၎င်းက ဆက်ပြောသည်။ Online […]
ဂေထော ရန်ကုန်- ၂၀၂၀ ဇူလိုင် ၂၈ (မော်ကွန်း) မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ ခုအနက် ဘီးလင်းနှင့်သထုံမြို့နယ်တွင် ဝင်ပြိုင်မည့်ကိုယ်စားလှယ်မရှိသည့်အတွက် အမည် စာရင်းမသွင်းခဲ့ခြင်းဖြစ်ကြောင်း မွန်ညီညွှတ်ရေးပါတီ၏ တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမက မော်ကွန်းကို ပြောသည်။ “ အဲဒီဘက်(ဘီးလင်း) မှာလည်း မွန်တွေက အင်မတန်နည်းတဲ့အခါကျတော့ ဝင်ပြိုင်ဖို့အခွင့်ရခဲ့ပေမယ့် သို့သော် ဝင်ပြိုင်မယ့်သူ မရှိဘူး။ သထုံကတော့ မြို့နယ်ကော်မတီဝင်ရှိတယ်။ ပါတီရုံးလည်းရှိတယ်။ သို့သော်လည်းပဲ မွန်လူမျိုး တွေကနည်းတယ်။ နည်းတဲ့အခါကျတော့ ဝင်ပြိုင်လိုတဲ့ ကိုယ်စားလှယ်လောင်းတွေရှာမရတဲ့ အနေအထားဖြစ်ခဲ့တယ်”ဟု နိုင်လယိတမက ပြောသည်။ ၂၀၁၉၊ မတ်လတွင် ထုတ်ပြန်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ လူဦးရေ ၁၉၃,၀၀၀ ခန့် ရှိသော ဘီးလင်းမြို့နယ်တွင် မွန်လူဦးရေသည် ၃၅၀ ကျော်သာရှိပြီး လူဦးရေ ၂၃၆,၅၀၀ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."