စစ်တွေ- ၂၀၂၄ ဇန်နဝါရီ ၁၅ ( မော်ကွန်း) အာရက္ခတပ်တော်(AA) အဝိုင်းခံထားရတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ညအချိန် ဧည့်စာရင်းစစ်ဆေးတာကို အကြောင်းပြပြီး စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်လာနေတာကြောင့် စိုးရိမ်ကြောက်လန့်နေကြရတယ်လို မြို့ခံတချို့ကပြောပါတယ်။ ဒီလ ၁၁ ရက် ည ၁၀ နာရီခွဲအချိန်လောက်ကဆိုရင် စစ်ကောင်စီတပ်သားတချို့ စစ်တွေမြို့က ရွာသာယာရပ်ကွက်ထဲကို ဝင်ရောက်ကာ ဧည့်စာရင်းစစ်ဆေးခဲ့ပြီး အဲဒီရပ်ကွက်က လူငယ်တစ်ဦးကို ဖမ်းဆီးသွားခဲ့သေးတယ်လို စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။ ” သူတို့က ကားနဲ့ရောက်ချလာပြီး ဧည့်စာရင်းဝင်စစ်ပါတယ်။ ရပ်ကွက်ထဲက အိမ်တိုင်းကို စစ်တာမျိုးလည်း မဟုတ်ဘူး။ သူတို့ ဝင်စစ်ချင်တဲ့ အိမ်ကို ဝင်စစ်တာ။ အဲဒီနေ့ကလည်း ဧည့်စာရင်းစစ်ပြီးလို့ အထွက်မှာ ကောင်လေးကို ဖမ်းသွားတာ။ မိသားစုတွေက မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းကိုပြပေမယ့် […]
ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၁၄ (မော်ကွန်း) အာရက္ခတပ်တော် (AA) ဟာ ရခိုင်တောင်ပိုင်းက ဂွမြို့နဲ့ ဂွတစ်ဖက်ကမ်းက ကျေးရွာတချို့ကို သိမ်းပိုက်လိုက်ပြီးနောက်မှာ စစ်ကောင်စီက ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေမှာ စစ်အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်တဲ့ ဂွမြို့ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ AA တပ်တွေ သိမ်းပိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ဂွတစ်ဖက်ကမ်းက မကျီးဇင်နဲ့ ကျောက်ချွန်ကျေးရွာတွေအထိ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဧရာဝတီတိုင်းကို စစ်ရေးအရခြိမ်းခြောက်လာတာပါ။ ကျောက်ချွန်ရွာနဲ့ မကျီးဇင်ရွာက ရဲကင်းစခန်းတွေ၊ စစ်ကောင်စီစခန်းချနေရာတွေကို AA တပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သိမ်းယူလိုက်တာလို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတချို့က ပြောပါတယ်။ အခုလို AA တပ်တွေ ဂွတောင်ပိုင်းထိ တပ်ဖြန့်လာတဲ့အတွက် စစ်ကောင်စီကလည်း ဧရာဝတီတိုင်းက ရွှေသောင်ယံ၊ ချောင်းသာနဲ့ ငွေဆောင်လမ်းပိုင်းတွေမှာ […]
ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၁၄ (မော်ကွန်း) စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဖားကန့်မြို့နယ်က နွံကန်ပြိုကျမှုအတွက် ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ ဒေသခံ စေတနာ့ဝန်ထမ်းတချို့က ပြောပါတယ်။ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်အုပ်စု၊ စပေါ့ကျေးရွာအနီးက စွန့်ပစ်မြေစာပုံသွန်ချတဲ့နွံကန်ဟာ မနေ့က မနက်အစောပိုင်း ၁ နာရီခန့်မှာ ပြိုကျခဲ့ပြီး အဲဒီနွံကန်အနီးက နေအိမ်ပေါင်း ၅၀ ကျော် မြေအောက်နစ်မြုပ်သွားခဲ့ကာ လူ ၅၀ နီးပါးခန့် ပျောက်ဆုံးနေခဲ့တာပါ။ ဒါ့အပြင် ဒီဒေသဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ထိန်းချုပ်ဒေသထဲမှာရောက်နေပြီး စစ်ကောင်စီလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ထားတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။ ဒီနွံကန် ပြိုကျမှုကို မနေ့ကမနက်ပိုင်းကစလို့ ကူညီကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်နေတာဖြစ်ပြီး နွံကန်အောက်ထဲကနေ ရုပ်အလောင်း ၁၅ လောင်းကို […]
ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၁၃ (မော်ကွန်း) ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စစ်မှုထမ်းသင်တန်းအတွက် မဲမနှိုက်လိုတဲ့ နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ငွေကြေးကောက်ခံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က ပြောပါတယ်။ ရန်ကုန်တိုင်းရဲ့ ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ တောင်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်တွေမှာ ပြီးခဲ့လပိုင်းကစပြီး စစ်မှုထမ်းသင်တန်းအတွက် မဲမနှိုက်လိုတဲ့နေအိမ်တွေကို တစ်အိမ်ထောင် ငွေကျပ်နှစ်သောင်း ကောက်ခံတာတွေ ရှိနေတယ်လို့ ၎င်းမြို့နယ်တွေမှာ နေထိုင်သူတချို့က ပြောပါတယ်။ ဒီလိုငွေကြေးကောက်ခံရာမှာလည်း စစ်မှုထမ်းဥပဒေနဲ့အကြုံးဝင်နေတဲ့ အမျိုးသားတွေရှိတဲ့ နေအိမ်တွေ၊ မဲမနှိုက်လိုတဲ့အတွက် တိမ်းရှောင်နေတဲ့ နေအိမ်တွေကို အဓိကထားပြီး ငွေကြေးကောက်ခံနေတာလို့ ဒဂုံတောင်မြို့နယ် ၅၇ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ “မဲနှိုက်တဲ့နေ့က ရှောင်နေတဲ့အိမ်တွေရှိတယ်။ အဲဒီအိမ်တွေကို နောက်တစ်ကျော့ပြန်လာပြီး ပိုက်ဆံကောက်တယ်။ တစ်လနှစ်သောင်းပေးရမယ်ပေါ့။ မဲတော့နှိုက်စရာမလိုဘူးဆိုပြီး အုပ်ချုပ်ရေးမှူးတွေ ခွင်ဖန်တာပေါ့။ […]
ကျောက်တော်- ၂၀၂၄ ဇန်နဝါရီ ၁၃ ( မော်ကွန်း) အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို ပြီးခဲ့တဲ့စနေနေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ သေဆုံးသူ အရပ်သားကိုးဦး ထိတိုးလာသလို ဒဏ်ရာရသူလည်း ၃၀ အထိ ရှိတယ်လို့ မြို့ခံတချို့က ပြောပါတယ်။ ” ဒဏ်ရာပြင်းထန်သူတွေ အရမ်းများပါတယ်။ သွေးသွင်းဖို့ သွေးရှာမရတာရယ်။ ဆေးဝါးအဆင်မပြေတာရယ်ကြောင့် သေဆုံးသူတွေက ထပ်တိုးလာနိုင်ခြေရှိနေပါတယ်” လို့ ကျောက်တော်မြို့ခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ ဒီလ ၁၁ ရက် ၊မနက် ၉ နာရီကျော်မှာ ကျောက်တော်မြို့ပေါ်က လူစည်ကားတဲ့ ဓညဝတီလမ်းမကြီး၊ မြို့မစျေးတန်း၊ မြို့သစ်ရပ်ကွက်နဲ့ ရှမ်းရွာတို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့ရာမှာ အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရသူတွေ […]
ကျောက်တော် – ၂၀၂၄ ဇန်နဝါရီ ၁၁ (မော်ကွန်း) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့ထဲကို စစ်ကောင်စီက လေကြောင်းကနေ ဒီနေ့ မနက် ၉ နာရီဝန်းကျင်ကစပြီး ဗုံးသုံးကြိမ်ကြဲချတာကြောင့် အနည်းဆုံး အရပ်သားခြောက်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ကျောက်တော်မြို့မစျေးတန်းအပါအဝင် မြို့သစ်ရပ်ကွက်နဲ့ရှမ်းရွာရပ်ကွက်တို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၁၅ လုံး ဝန်းကျင်ကြဲချ တိုက်ခိုက်တာလို့ ပြောကြပါတယ်။ ” စျေးမှာ လူတွေစည်ကားနေတုန်းအချိန် လာချတာ။ ပထမတစ်ကြိမ်လာချပြီးလို့ ထိခိုက်သူတွေကို လိုက်ရှာနေကြတုန်း နောက်တစ်ကြိမ်လာချတယ်။ ကျွန်တော်တို့လည်း စျေးထဲကနေ ကားနဲ့အပြေးမြန်သွားလို့ အသက်ရှင်သေးတာ။ ကျွန်တော်တို့မျက်မြင်တွေ့ခဲ့ရတဲ့ အလောင်းက ခြောက်လောင်းပါ။ ကျွန်တော်တို့လည်း ထွက်ပြေးလာရတော့ ထိခိုက်သေဆုံးသူ အရေအတွက်ကို အတိအကျမသိခဲ့ရဘူး” လို့ အခင်းဖြစ်စဥ်နေရာမှာရှိနေခဲ့တဲ့ မြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ […]
မြောက်ဦး – ၂၀၂၄ ဇန်နဝါရီ ၁၀ (မော်ကွန်း) ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်မှုကြောင့် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေကို အဓိကမှီခိုရပ်တည်နေရတဲ့ မိသားစုတွေဟာ စားဝတ်နေရေးအကျပ်အတည်းကို ရင်ဆိုင်နေကြရတယ်လို့ မိသားစုဝင်တချို့က ပြောပါတယ်။ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့ကို အာရက္ခတပ်တော် (AA) က ဝင်ရောက်ထိုးစစ်ဆင်တဲ့ကာလအတွင်း တိုက်ပွဲတွေကြားမှာ ရခိုင်ပြည်နယ်ရဲ့ အဓိကကျတဲ့ အမ်းစက်သွယ်ရေးစခန်း လေယာဉ်ဗုံးကြဲခံရကာ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၆ ရက်ကတည်းက ပြည်နယ်တစ်ဝန်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတာပါ။ ” လတိုင်း နိုင်ငံခြားကလွှဲပေးတဲ့ငွေလေးနဲ့ စားသောက်နေရတာ။ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးကအစ ယောကျာ်းဆီက လွှဲတဲ့ငွေနဲ့ပဲ။ အခု အဆက်အသွယ်မရတာလည်း နှစ်လလောက်ရှိနေပြီ။ စားဝတ်နေရေးအဆင်မပြေလို့ နီးစပ်ရာမိတ်ဆွေတွေဆီက အတိုးနဲ့ချေးထားရတယ်။ ဖုန်းလိုင်းက ဘယ်အချိန်မှပြန်ရမလဲမသိတော့ […]
ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၁၀ (မော်ကွန်း) လျှပ်စစ်မီး စံချိန်တင်ပြတ်တောက်နေတဲ့ရန်ကုန်မြို့မှာ ဆိုလာနဲ့ဘတ္ထရီ အရောင်းပြပွဲကြီးတစ်ခုကို မီးစက်နှိုးပြီး ဒီကနေ့ စတင်ကျင်းပနေပါတယ်။ ယခုနှစ်ဆန်းကစပြီး ရန်ကုန်မြို့မှာ လေးနာရီမီးပေးပြီးရင် ရှစ်နာရီတစ်ခါ လျှပ်စစ်မီးဖြတ်တောက်ခံနေရတာကြောင့် ရန်ကုန်လူထုဟာ လျှပ်စစ်စွမ်းအင်အတွက် အခြားနည်းလမ်းတွေကို အလုအယက်အစားထိုးသုံးစွဲနေရတာပါ။ လျှပ်စစ်မီးပြန်လည်အားသွင်းဖို့တောင် လုံလောက်တဲ့အချိန်မရရှိတဲ့အထိအခက်အခဲဖြစ်နေကြပြီး အဲဒီ့အတွက် အစားထိုးနည်းလမ်းကုန်စည်တွေအရောင်းပြပွဲမှာတောင် မီးစက်နှိုးပြီး အရောင်းပြပွဲကျင်းပနေရတာပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းဘေးက အင်းယားလိတ်ဟိုတယ်အဝင်လမ်းဘေးမှာရှိတဲ့ Yangon Convention Center (YCC) မှာ ဒီနေ့ကနေ ၁၂ ရက် နေ့လယ် ၂ နာရီအထိ ကျင်းပမယ့် ဒီအရောင်းပြပွဲကို ကုန်အမှတ်တံဆိပ် ၇၀ ကျော် ပါဝင်ပြသနေပြီး လျှပ်စစ်အမှီအခိုကင်းရေးဆိုင်ရာကုန်စည်တွေရဲ့ အားသာချက်တွေကို ပြပွဲလာသူတွေထံ အပြိုင်ရှင်းပြနေကြတာကို တွေ့ရပါတယ်။ ပါဝင်ပြသနေတဲ့ […]
ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၉ (မော်ကွန်း) အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရမ်းဗြဲကျွန်းတောင်ပိုင်းက ကျောက်နီမော်ရွာကို စစ်ကောင်စီက မနေ့က နေ့လယ်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ဦးရေ ၄၁ ဦးထိရှိလာပြီလို့ အဲဒီ့ဒေသမှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ မနေ့က နေ့လယ် ၁ နာရီခန့်မှာ ရခိုင်ကမ်းရိုးတမ်းက ရမ်းဗြဲကျွန်းပေါ်မှာရှိတဲ့ ကျောက်နီမော်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ သေဆုံးသူများပြားခဲ့တဲ့အပြင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ဗုံးထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း ၅၂ ဦးထိ ရှိခဲ့တယ်လို့ ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့က မှတ်တမ်းဓါတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားတာပါ။ ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် ကျောက်နီမော်ရွာရဲ့ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အလယ်ပိုင်းရပ်ကွက်တွေက ဒေသခံပြည်သူတွေရဲ့ နေအိမ်ပေါင်း […]
ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၈ (မော်ကွန်း) တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက ဒီနေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးအလုံး ၂၀ နီးပါး ကြဲချပြီး တိုက်ခိုက်ခဲ့တယ်လို့ မိုးကုတ်ဒေသခံတချို့က ပြောပါတယ်။ ဒီနေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီရဲ့ Y-12 လေယာဉ်က မိုးကုတ်မြို့ရဲ့ အရှေ့ပိုင်းမှာရှိတဲ့ ပတ္တမြားမြေဂေါက်ကွင်းနဲ့ အနီးတစ်ဝိုက်ကို ဗုံးကြဲခဲ့တာလို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိ ဗုံးကြဲချသွားတဲ့ ဂေါက်ကွင်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီ ယခင်ကတပ်စွဲခဲ့တဲ့ စစ်ဗျူဟာကုန်းတစ်ခုလည်း တည်ရှိပြီး ကျောက်မျက်ရတနာလုပ်ကွက်တချို့လည်း တည်ရှိတယ်လို့ အခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “လူအထိအခိုက်တော့ မကြားမိသေးဘူး။ ကြဲသွားတာတော့ ဗုံးအလုံး ၂၀ ကျော်တယ်။ အရင်ရက်တွေကလည်း လေယာဉ်တွေဝဲတာရှိတယ်။ ဒီနေ့လည်း ပုံမှန်ဝဲသွားတာပဲထင်တာ ဂေါက်ကွင်းဘက်လောက်မှာ […]
ကန့်ဘလူ-၂၀၂၅ ဇန်နဝါရီ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်တဲ့နယ်မြေမှာရှိတဲ့ တင်ငုတ်ကြီးကျေးရွာက ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ခေါင်းဆောင်တစ်ဦးကို သူ့နေအိမ်မှာတင် အမည်မသိလူနှစ်ယောက်က သေနတ်နဲ့ ဝင်ပစ်သွားလို့ သေဆုံးခဲ့ရပြီး ဒီနေ့အထိ အမှုမှန်မပေါ်သေးဘူးလို့ ဒေသခံတချို့က ပြောပါတယ်။ ဒီလ ၆ ရက် နံနက် ၆ နာရီကျော်မှာ ဦးဝေသိန်း(၃၇) နှစ် အသတ်ခံရတာဖြစ်ပြီး ဇနီးနဲ့ ကလေးသုံးဦး ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ “125-ဆိုင်ကယ်အစိမ်းရောင်နဲ့လူစိမ်းအမျိုးသားနှစ်ယောက်ဝင်လာပြီး ပစ်သွားတယ်လို့ ပြောတယ်။ ရင်ဘက် နှစ်ချက်၊ ဗိုက် တစ်ချက်ကျည်မှန်တာတွေ့တယ်။ သေနတ်သံကြားတော့ လူတွေရုတ်ရုတ်သဲသဲဖြစ်လာပြီး သူ့အိမ်ကိုသွားကြတော့ အသက်မမီတော့ဘူး” လို့ တင်ငုတ်ကြီးရွာသားတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ သေဆုံးသူကိုယ်ခန္ဓာထဲကနေ ၅ဒသမ၅၆ ကျည် သုံးတောင့်တွေ့ရပြီး လက်သည်တရားခံကို မသိရသေးပဲ ဒေသတာဝန်ရှိသူတွေက […]
ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၇ (မော်ကွန်း) ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဒီနေ့ထိ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့တစ်ခုလုံးနီးပါး ကြေမွပျက်စီးသွားတယ်လို့ ဒေသခံသတင်းရင်းအမြစ်တချို့က ပြောပါတယ်။ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့လပိုင်းကစပြီး ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်ကို မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတာပါ။ ဒီရက်ပိုင်းအတွင်းမှာတော့ စစ်ကောင်စီဟာ ဗန်းမော်မြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဗန်းမော်မြို့ပေါ်က KIA တပ်တွေ ခိုအောင်းနိုင်မယ့် သမိုင်းဝင် ရှေးဟောင်း သိမ်တော်ကြီးဘုရားအပါအဝင်၊ ဗန်းမော်ပြည်သူ့ဆေးရုံ၊ မြို့နယ်ခန်းမ၊ ဟိုတယ်အဆောက်အဦတွေ၊ နေအိမ်၊တိုက်ခန်း အများအပြားကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲခဲ့ပြီး ဗန်းမော်မြို့တစ်ခုလုံး ရစရာမရှိအောင် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."