ရေဦး – ၂၀၂၂ ဇန်နဝါရီ ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသတွင်း PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ကျဆုံးမှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက ရေဦးမြို့နယ်၊ ရွာမိဿာရွာအနီးမှာ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ခုနှစ်ဦး ကျဆုံးကြောင်း ဒေသခံက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကလည်း သေဆုံးမှုတွေရှိတယ်လို့ဆိုပါတယ်။
“စစ်တပ်ဘက်က သေတဲ့သူတွေကို ရေဦးသုဿန်ထဲမှာ မီးရှို့နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ညနေပိုင်းမှာလည်း ရွာသစ်ကုန်းရွာအနီးမှာ ပြည်သူတစ်ဦးကို ပစ်ခတ်သွားကြောင်း ဒေသခံက ပြောပါတယ်။
#Dailynews

