ရန်ကုန် – ၂၀၂၂ ဇွန် ၁၀ (မော်ကွန်း)
ယနေ့ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ လူစည်ကားရာ ပဒုမ္မာလမ်းအတွင်း ဖောက်ခွဲမှုတစ်ခုပြုလုပ်အပြီး အာဏာသိမ်းစစ်တပ်ထုတ်ကုန်များ ရောင်းချသည့် ဆိုင်များအား အရေးယူတိုက်ခိုက်သွားမည့်အကြောင်းအရာပါ ထုတ်ပြန်ချက်တစ်စောင်ကို စမ်းချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာခဲ့သည်။
ပဒုမ္မာလမ်းရှိ CUBA ဘားအနီးတွင် ယနေ့ညနေ ၆း၀၀ ဝန်းကျင် စမ်းချောင်း PDF က ဖောက်ခွဲမှုလုပ်ခဲ့သည်ဟု ဆိုသည်။
ဘားများတွင် လာရောက်ပျော်ပါးကြသူများ၊ အာဏာသိမ်းစစ်တပ်ထုတ်ကုန်များအား ရောင်းချနေသည့် ဆိုင်များအား အသိပေးသောအနေဖြင့် ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
#Dailynews

