ဖားကန့် – ၂၀၂၂ ဇွန် ၃ (မော်ကွန်း)
အင်တာနက်ဖြတ်တောက်ခံထားရတာ ကိုးလကျော်ရှိလာပေမယ့် ကချင်ပြည်နယ်၊ ဖားကန့်မြို့ လူထုသပိတ်ကတော့ လမ်းပေါ်ထွက် ဆန္ဒပြနေတုန်းပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ အမျိုးသမီးတွေ ဦးဆောင်တဲ့ ဖားကန့်မြို့လူထုသပိတ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်းနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရတို့ကို ကြိုဆိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်၊ ကရင်နီပြည်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းတို့က နေရာတချို့နဲ့ စစ်ကိုင်းတိုင်းက မြို့နယ်အများစုကို အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ပြီး ကျေးရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကို လုပ်ဆောင်နေပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

