ရန်ကုန်-၂၀၂၃ မေ ၉ (မော်ကွန်း)
ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ နောင်နန်း၊လမြန်ရွာမှာ ဒီနေ့လယ်ပိုင်းက ရေတွင်းထဲပြုတ်ကျတဲ့ သားဖြစ်သူကိုဆင်းကယ်ရင်း သားအဖနှစ်ယောက်လုံး ရေနစ်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကချင်ပြည်နယ်/မြစ်ကြီးနားက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“ဖြစ်တာက ၁၁ နာရီလောက်က၊ ဖြစ်ပြီးနာရီဝက်လောက်မှ ညီမတို့ရုံးကိုဖုန်းခေါ်တာရှင့်။ ညီမတို့သွားတဲ့အချိန်ကျ နှစ်ယောက်လုံးက အသက်မရှိတော့ဘူး။ ရေတွင်းကို ရေထွက်အောင်လုပ်နေရင်း သားကအရင်ပြုတ်ကျသွားတာ။ အဲ့တာနဲ့အဖေကပြန်ဆင်းကူရင်း အဲ့လိုဖြစ်သွားတာ၊ ရေတွင်းက ပေ ၄၀ နဲ့ ၆၀ ကြားမှာရှိတယ်” လို့ ပြောပါတယ်။
သေဆုံးခဲ့တဲ့သားအဖနှစ်ယောက်မှာ အဖေဖြစ်သူက အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး သားဖြစ်သူက ၂၀ ကျော်အရွယ်ဖြစ်ကာ လက်ရှိအလောင်းတွေကိုတော့ မိသားစုဆန္ဒအရ သူတို့အိမ်မှာပဲထားထားတယ်လို့ သိရပါတယ်။
ပုံစာ – ရေတွင်းထဲပြုတ်ကျသေဆုံးတဲ့သားအဖနှစ်ဦး
Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကချင်ပြည်နယ်/မြစ်ကြီးနား
#Dailynews

