UNFC  ဘယ္လဲ

Illustration- MAUNG NOE

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ ဒုတိယအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇွန် ၂၁ ရက်က စတင် ကျင်းပခဲ့ကြပါတယ်။ UNFC ကို၂ဝ၁၁ က စတင်ဖွဲ့စည်းခဲ့ပြီး ထိုစဉ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ ပါဝင်ခဲ့ပါတယ။် UNFC အဖွဲ့ ကြးီ ရဲ့ ပထမအကြိမ် ညီလာခံကို ၂ဝ၁၄ က ကျင်းပနိုင်ခဲ့ပြီး နှစ်နှစ်တစ်ကြိမ် ညီလာခံကျင်းပရန် ဆုံးဖြတ်ထားခဲ့ကြပေမယ့် လက်နက်ကိုင်လှုပ်ရှားမှုများ ပြင်းထန်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအနေအထားများအောက်မှာ ၂ဝ၁၆ က မကျင်းပနိုင်ခဲ့ကြပါ။ ၂ဝ၁၇၊ ဇွန်အတွင်း ရောက်မှ ဒုတိယအကြိမ် ညီလာခံကို ပြန်လည် ကျင်းပနိုင်ခဲ့ကြပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ညီလာခံတို့အကြားမှာ တစ်ဖွဲ့ချင်းအလိုက်၊ အုပ်စုအလိုက် နုတ်ထွက်ခွင့် တောင်းဆိုမှုတွေ ရှိခဲ့ကြပြီး အပြောင်းအလဲများစွာလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒုတိယအကြိမ်ညီလာခံသို့ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခွင့်တင်ထားတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပေမယ့် တခြားနုတ်ထွက်ခွင့်တောင်းထားတဲ့ ‘ဝ’အမျိုးသားအဖွဲ့ချုပ်ကတော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ အလားတူ ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခြင်း ခံခဲ့ရတဲ့ တအာန်းလက်နက်ကိုင်အဖွဲ့ (TNLA) နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့လည်း တပ်မတော်နဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အတွက် တက်ရောက်နိုင်ခြင်း မရှိခဲ့ကြပါဘူး။ ထို့ပြင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဟာ UNFC မှာ ပါဝင်ထားတဲ့ တစ်ချိန်တည်းမှာ NCA နဲ့ မတူတဲ့ လမ်းကြောင်းအတိုင်း ချီတက်မယ်လို့ ကြွေးကြော်ထားတဲ့ ‘ဝ’အဖွဲ့ (UWSA) ဦးဆောင်ထားတဲ့ ‘ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ’ မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေပြန်ပါတယ်။ ဆိုရရင် UNFC ဒုတိယညီလာခံ ကျင်းပချိန်မှာ မူလဖွဲ့စည်းစ အချိန်ကနဲ့ မတူတဲ့ ဖွဲ့စည်းပုံ အပြောင်းအလဲတွေ များစွာပေါ်ပေါက်လျက် ရှိနေခဲ့ပါတယ်။

ဒါကြောင့်လည်း UNFC အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ နိုင်ဟံသာ (NMSP) က ‘မြန်မာပြည်ကို စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ရေးအတွက် အခက်အခဲအမျိုးမျိုးကြားမှာ ဆက်လက် တိုက်ပွဲဝင်သွားကြရဦးမှာပါ။ တစ်ဖက်က လက်နက်ကိုင်တိုက်ပွဲကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားရမှာ ဖြစ်သလို စားပွဲပေါ်မှာ ညှိနှိုင်းဆွေးနွေးရမယ့် တိုက်ပွဲကိုလည်း အားကောင်းကောင်းနဲ့ ဆက်လက်ဆင်နွှဲသွားရမှာပါ။ ဒီလိုအနေအထားမျိုးမှာ တချို့ လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့က NCA ကို လက်မှတ်ထိုးကြတယ်။ မြောက်ပိုင်း ခုနစ်ဖွဲ့ကတော့ NCA နဲ့ မတူတဲ့ လမ်းကြောင်း လျှောက်မယ်ဆိုပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေကြတယ်။ လက်ကျန် UNFC အဖွဲ့တွေကတော့ ကြားနေသဘော ရပ်တည်နေကြတယ်။ ဒီလိုအနေအထားမျိုးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ဆက်စပ်စုစည်းဆောင်ရွက်နိုင်ဖို့ UNFC ရဲ့ အခန်းက အရေးကြီးတဲ့ နေရာကို ရောက်ရှိနေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး အင်အားစုနှစ်ခုကို ဆက်စပ်စုစည်းနိုင်တဲ့ အသင့်တော်၊ အကိုက်ညီဆုံး အင်အားစုဟာ UNFC ပါပ။ဲ ဒီတာဝန်ကိုလည်း UNFC က ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်’လို့ သဘောထား ဖော်ပြသွားခဲ့ပါတယ်။

ဒုတိယညီလာခံ

UNFC ရဲ့ ဒုတိယအကြိမ်ညီလာခံ စတင်ကျင်းပရာမှာ ညီလာခံ အဖွင့်အမှာစကားကို ညီလာခံသဘာပတိ UNFC ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက အားလုံးပါဝင်ရေးမူအရ UNFC အဖွဲ့မှ KIO နုတ်ထွက်ရခြင်း အကြောင်းရင်းကို ရှင်းလင်းတင်ပြသွားခဲ့ပါတယ်။ သူ့တင်ပြချက်ထဲမှာ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးက အတည်ပြုခဲ့တဲ့အချက် ၃၇ ချက်ဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုသလို တစ်ပြည်လုံးကို လွှမ်းခြုံမှုမရှိဘူးလို့ ဆိုပါတယ်။ NLD အစိုးရကို လူထုက ရွေးကောက်တင်မြှောက်လိုက်တာ မှန်ပေမယ့် လုပ်ပိုင်ခွင့်အာဏာဟာ တပ်မတော်လက်ထဲမှာ ရှိနေပြီး လက်တွေ့အားဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုကို လုပ်ဆောင်မရအောင ်ဖြစ်နေတယ။် လက်ရိ ှNCA လက်အောက်က အစိုးရနဲ့ တပ်မတော်တို့ရဲ့ ဆောင်ရွက်မှုတွေကို စမ်းသပ် အကဲဖြတ်ဖို့ ဘဝတူ တိုင်းရင်းသားတွေ ညီညွတ်ဖို့ အထူးလိုအပ်နေချိန်ဖြစ်တယ်။ ဒီကာလအတွင်း အဖွဲ့ဝင်အချို့ နုတ်ထွက်ခွင့် တောင်းခံလာခြင်းဟာ UNFC အဖွဲ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုသစ်တွေ ဖြစ်တယ်။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ရေးအတွက် ဘယ်လု ိနည်းနာတွေ ကျင့်သုံးမယ်ဆိုတာ အားလုံး ဝိုင်းဝန်းစဉ်းစားအဖြေရှာဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။

ဒီလို နုတ်ထွက်စာတင်တဲ့အထဲမှာ KIO အဖွဲ့လည်း ပါဝင်ပါတယ။် KIO အဖွဲ့ဟာ UNFC အဖွဲ့စည်းလုံးညီညွတ်ရေး အတွက် တစိုက်မတ်မတ် ပါဝင်ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် UNFC က နုတ်ထွက်ခွင့်တောင်းခံရတာကို KIO အဖွဲ့အစည်းရော  ကချင်ပြည်သူတစ်ရပ်လုံးပါ စိတ်မကောင်းကြပါဘူး။ ဒါပေမဲ့ ဒေသတွင်းအခြေအနေ၊ အစိုးရရဲ့ ခွဲခြားအုပ်ချုပ်မှု၊ တပ်မတော်ရဲ့ ဖိအားအမျိုးမျိုးအောက်မှာ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ သိပ်သည်းစွာ စုစည်းရပ်ခံဖို့ လိုအပ်တဲ့ အနေအထားကို ရောက်ရှိနေခဲ့ပါတယ်။ ဒါကြောင့် UNFC ကနေ နုတ်ထွက်ရခြင်း ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံးစုစည်းညီညွတ်ရေးအတွက် ‘ဝ’အဖွဲ့နဲ့ UNFC ပေါင်းစည်းရေးအတွက် KIO အနေနဲ့ ဆယ်ကြိမ်ထက်မနည်း ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ KIO ရဲ့ မူဝါဒကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံး ပါဝင်ခွင့်ရရေးပါပဲ။ မြောက်ပိုင်းအဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်မရရင် ငြိမ်းချမ်းရေးရဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘဝတူ အင်အားစုချင်း ပေါင်းစည်းရပ်ခံဖို့ KIO အနေနဲ့ UNFC က နုတ်ထွက်ခွင့်တောင်းခံပြီး မြောက်ပိုင်းအဖွဲ့နဲ့ ပူးပေါင်းရပ်တည်ရတာကို အားလုံး နားလည်ပေးစေချင်ပါတယ်။

UNFC အနေနဲ့ ယခင် သမ္မတ ဦးသိန်းစိန်လက်ထက်ကတည်းက NCA စာချုပ် ဖြစ်ထွန်းလာအောင် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ NCA စာချုပ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ တိုင်းရင်းသားများ စုစည်းညီညွတ်ရေးထက် ပိုမိုကွဲပြားရေးကိုသာ ဖြစ်ပေါ်စေခဲ့ပါတယ်။ UNFC အနေနဲ့ အစိုးရသစ်လက်ထက်မှာလည်း ဇွဲမလျှော့ဘဲ ဆက်လက်ကြိုးပမ်းနေဆဲပါပဲ။ NCA အခြေပြုတဲ့ ၂၁ ရာစု ပင်လုံ အခင်းအကျင်းကလည်း စစ်မှန်တဲ့ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်ကို ရောက၊် မရောက်ဆိုတာ တပ်အပ်မပြောနိုင်ကြောင်း တင်ပြသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ UNFC ဒုတိယညီလာခံကနေ နုတ်ထွက်ခွင့်တောင်းခံထားတဲ့ အဖွဲ့လေးဖွဲ့ကို နုတ်ထွက်ခွင့်ပေးလိုက်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ နုတ်ထွက်ခွင့်တောင်းခံထားတဲ့ အဖွဲ့လေးဖွဲ့ကတော့ ဒုတိယညီလာခံ မတိုင်ခင် တောင်းလိုက်တဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIO) ၊ ‘ဝ’အမျိုးသားအဖွဲ့ချုပ် (WNO) နဲ့ ယခင်ကတည်းကတောင်းဆိုထားတဲ့ တအာန်းပလောင်အဖွဲ့ (TNLA) နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ ဖြစ်ကြပါတယ်။ KIO အနေဖြင့် UNFC အဖွဲ့ ဝင်အဖြစ်မှ နုတ်ထွက်သွားပေမယ့် UNFC နဲ့ လုပ်ငန်းတွေ ဆက်စပ်လုပ်ကိုင်ဖို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ‘ဝ’ အမျိုးသားအဖွဲ့ ချုပ် (WNO) ကတော့ ၎င်းတို့အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး UWSA ‘ဝ’အဖွဲ့ကြီးနဲ့ ပူးပေါင်းလိုက်မယ့် အနေအထားဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ NCA လက်မှတ်ရေးထိုးလိုက်လို့ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲခံထားရတဲ့ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ကို UNFC အဖွဲ့ဝင်အဖြစ် ပြန်လည်ပါဝင်နိုင်ရေးကိစ္စကိုလည်း ဒီညီလာခံမှာ ဆက်လက်ဆွေးနွေး ဆုံးဖြတ်ကြပါလိမ့်မယ်။အလားတူ UNFC အဖွဲ့ဝင်အသစ်အဖြစ် လျှောက်ထားကြမယ့် အဖွဲ့တချို့လည်း ရှိပါသေးတယ်။ ဒီအဖွဲ့တွေကတော့ ကချင်အမျိုးသားအစည်းအရုံး (KNO) ၊ ကူကီးအဖွဲ့ နဲ့ ဇိုမီးအဖွဲ့ (ZRO) တို့ပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုအဖွဲ့ဝင်သစ်တွေ ပါဝင်ခွင့်ပြုရေးနဲ့ ပတ်သက်ပြီး လက်ရှိကျင်းပနေတဲ့ ညီလာခံမှာ တင်ပြဆုံးဖြတ်ကြမှာ မဟုတ်ပါဘူး။ ညီလာခံနောက်ပိုင်း ဖွဲ့စည်းပေါ်ပေါက်လာ မယ့် UNFC ကော်မတီတွေက မူအရ ဆုံးဖြတ်သွားကြမှာ ဖြစ်ပါတယ်။ယခုအခါ UNFC အဖွဲ့မှ အဖွဲ့ဝင်လေးဦးကို နုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်သဖြင့် လက်ရှိတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စုစုပေါင်း ငါးဖွဲ့သာ ကျန်ရှိ တော့မှာဖြစ်ပါတယ်။ ထို့ပြင် SSPP ပါတီမှာ UNFC အဖွဲ့တွင် ဆက်လက် ပါဝင်လျက်ရှိသည့်တိုင် အခြားတစ်ဖက်တွင် ‘ဝ’ အဖွဲ့ (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေး ညှိနှိုင်းရေး ကော်မတီမှာလည်း ပါဝင်လျက်ရှိပါတယ်။ ဒါ ကြောင့် ရှေ့ဆက်ပြီး UNFC နဲ့ ‘ဝ’ခေါင်းဆောင်တဲ့အဖွဲ့ နှစ်ဖွဲ့ အကြား ဘယ်လိုစခန်းသွားကြမယ်ဆိုတာကိုလည်း ဆွေးနွေးညှိ နှိုင်းကြရဦးမှာ ဖြစ်ပါတယ်။ NCA မှာ လက်မှတ်ထိုးဖို့ အလားအလာရှိတဲ့ UNFC အဖွဲ့နဲ့ NCA လမ်းကြောင်းနဲ့ မတူတဲ့နည်းလမ်းအတိုင်း လျှောက်မယ်ဆိုတဲ့ UWSA ခေါင်း ဆောင်တဲ့အဖွဲ့တို့အကြား SSPP ဘယ်လို စခန်းသွားမလဲဆိုတာကလည်းစဉ်း စားစရာ ပါပဲ။

၂ဝ၁၁ UNFC စတင်ဖွဲ့စည်းစက ၁၁ ဖွဲ့ ရှိခဲ့ရာက အခုအခါ ငါးဖွဲ့သာ ကျန်တော့ မယ့် အခြေအနေဖြစ်ပေမယ့် နောက်ထပ်တိုးလာစရာ အဖွဲ့သစ်တွေလည်း ရှိနေပြန်ပါတယ်။ သို့ပေမဲ့ ဒီသတင်းကို ကြားသိလိုက်တဲ့ အစိုးရက ညီလာခံ မတိုင်မီကတည်းက ချင်းမိုင်ကို ကိုယ်စားလှယ် လွှတ်ပြီး အကယ်၍ UNFC အနေနဲ့ အဖွဲ့ ဝင် အသစ်တွေ လက်ခံမယ်ဆိုရင် NCA မှာ လက် မှတ်ထိုးရေးအတွက် အစိုးရနဲ့ UNFC တို့ ဆွေးနွေးနေမှုကို ရပ်ဆိုင်းပစ်မယ်လို့ ခြိမ်းခြောက် ရာဇသံပေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာ ဇွန် ၂၁ ရက်က နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း NCA ဆွေးနွေးညှိနှိုင်းရာမှာ အရင်က ပါဝင်ခဲ့တဲ့ အဖွဲ့ ၂၁ ဖွဲ့ကိုသာ လက်ခံမည်ဖြစ်ပြီး အဖွဲ့ဝင်သစ် တိုးချဲ့ လာခြင်းကိုလက်ခံမည်မဟုတ်လို့ ကြေညာခဲ့ပါတယ်။

ဖွဲ့စည်းပုံမတူ ရည်မှန်းချက်တူ

ဇွန် ၂၆ ရက် UNFC အဖွဲ့ ဒုတိယညီလာခံ နောက်ဆုံးနေ့ သဘာပတိ နှုတ်ဆက်မိန့်ခွန်း ပြောကြားရာမှာ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပထမအချက်အားဖြင့် မိုင်ဂျာယန် လက်နက်ကိုင်အဖွဲ့အစည်းများ စုံညီအစည်းအဝေးက ချမှတ်တဲ့လုပ်ငန်းစဉ်များကို အသက်ဝင်အောင် ဆက်လက်ကြိုးပမ်းရန် တိုက်တွန်းကြောင်း၊ ဒုတိယအနေဖြင့် လက်ရှိနိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးဖြစ်စဉ်အပေါ် ချမှတ်ထားတဲ့မူဘောင်များကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းကြောင်း၊ တတိယအားဖြင့် ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး ရလဒ်များကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းကြောင်း၊ အားလုံး ဘဝတူ၊ ခံစားချက်တူသလို ရည်မှန်းချက်ပန်းတိုင်တူရန် အရေးကြီးကြောင်း၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်အောက်မှာ ညီညွတ်ဖို့လိုအပ်ကြောင်း ထောက်ပြ ပြောဆိုသွားပါတယ်။ အခုအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း အုပ်စုသုံးစုကွဲနေပြီး NCA လက်မှတ်ထိုးတဲ့ အုပ်စု၊ NCA လက်မှတ် မထိုးတဲ့အုပ်စု၊ မြောက်ပိုင်းအုပ်စုသုံးစု ဖြစ်နေတယ်။ ဒီလိုအုပ်စုတွေ ကွဲနေပေမယ့် ရည်မှန်းချက်က အတူတူပဲ။

ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေကို ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာကို ညှိနှိုင်းဆွေးနွေးဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

UNFC ဒုတိယညီလာခံကနေပြီး ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ (NMSP)၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒေါက်တာခင်မောင် (ANC)၊ အထွေထွေအတွင်းရေးမှူးအဖြစ် ခူဦးရယ် (KNPP) တို့ကို ရွေးချယ်ခဲ့ကြပါတယ်။ UNFC မှာ ယခင်က ဗဟိုအလုပ် အမှုဆောင် ၁၂ ဦးဖြင့် ဖွဲ့စည်းထားခဲ့ရာက ယခု အသစ်ပြန်လည်ဖွဲ့စည်းရာမှာ CEC ၉ ဦးသာ ပါဝင်ခဲ့ပါတယ်။ ယခင်က ကောင်စီဝင် ၂၃ ဦး ရှိခဲ့ရာမှ ယခုအခါ ၁၅ ဦးသာ ရှိပါတော့တယ်။ ယေဘုယျအားဖြင့် UNFC အဖွဲ့ဟာ NCA လက်မှတ်ထိုးသူ၊ လက်မှတ်မထိုးသူနဲ့ မြောက်ပိုင်းအဖွဲ့ရယ်လို့ သုံးပိုင်းကွဲသွားတဲ့အတွက် သိသာထင်ရှားစွာ အင်အားယုတ်လျော့သွားပြီလို့ ဆိုနိုင်ပါတယ်။ KNO ၊ ကူကီးအဖွဲ့နဲ့ ZRO အဖွဲ့တို့က အဖွဲ့ဝင်သစ်တွေ လျှောက်ထားတယ်ဆိုပေမယ့် အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က အဖွဲ့ဝင်သစ်တွေ မသွတ်သွင်းရဘူးလို့ တားဆီးကန့်သတ်ထားပါတယ်။ ဆိုရရင် UNFC အနေနဲ့ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးအဖြစ် အနာဂတ်မှာ ဆက်လက် ခေါင်းဆောင်မှုပေးရေးဟာ မရေရာ၊ မသေချာတဲ့ အနေအထား ရောက်နေပါပြီ။

ဇွန် ၂၉ ရက် UNFC အဖွဲ့က ကြေညာချက်ထုတ်ပြန်ရာမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး အခင်းအကျင်းနဲ့ ရလဒ်တွေကို သုံးသပ်ရာမှာ NCA စာချုပ်ပါ သဘောထားများ၊ အချက်အလက်များကို လိုက်နာမှု အားနည်းပျက်ကွက်နေတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့် မပြုလုပ်နိုင်ခြင်း၊ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ ဆွေးနွေးပွဲတွေမှာ မူဝါဒတွေကို ကျေလည်လည် ဆွေးနွေးခွင့် မရခြင်းတို့ကြောင့် ညီလာခံရလဒ်တွေဟာ အားလုံးကိုယ်စားပြုမှု၊ လွှမ်းခြုံနိုင်မှု မရှိခဲ့ဘူး။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အဆုံးမသတ်နိုင်ခဲ့တဲ့အတွက် ညီလာခံကျင်းပပုံ၊ ဆုံးဖြတ်ချက်ချမှတ်ပုံ နည်းလမ်းတွေဟာ မျှတရှင်းလင်းမှုမရှိခြင်း စတဲ့ အားနည်းချက်တွေ ရှိနေခဲ့ကြောင်း သုံးသပ်တင်ပြထားပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးတန်းတူညီမျှစွာ ပါဝင်ခွင့်ရရေး၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များ ပြန်လည်သုံးသပ် ပြင်ဆင်ခွင့်ရရေး၊ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှာ အားလုံးသဘောတူ လက်ခံနိုင်တဲ့ အဆင့်ရောက်အောင် အကြေအလည် ဆွေးနွေးနိုင်ရေးတို့ ဆောင်ရွက်ပြီးမှသာ ပြည်ထောင်စုသဘောတူစာချုပ် လက်မှတ်ထိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ ပါရှိပါတယ်။

တန်းတူညီမျှ အားလုံးပါဝင်ကြ

တကယ်တော့ ၂ဝ၁၁ မှာ UNFC ကို စတင်ဖွဲ့စည်းချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၁၁ ဖွဲ့အထိ ရှိခဲ့ပါတယ်။ ၂ဝ၁၃ မှာ NCA စာချုပ် ရေးဆွဲခဲ့ကြစဉ်ကလည်း ဒီအဖွဲ့အစည်းအားလုံး ပါဝင်ခဲ့ကြတာပါပဲ။ ၂ဝ၁၆ NCA စာချုပ် လက်မှတ်ရေးထိုးဖို့ အရင်သမ္မတဟောင်း ဦးသိန်းစိန် ဦးစီးတဲ့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပခဲ့ကြစဉ်က နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်တွေ ပြည့်စုံအောင် အကြေအလည် မဆွေးနွေးခဲ့ကြရသေးပါဘူး။ နောက်တစ်ချက်က နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်ရေးမူကို လက်မခံနိုင်တဲ့ တပ်မတော်က တအာန်းပလောင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့နဲ့ ရခိုင်အဖွဲ့ (AA) တို့ကို ပါဝင်ခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် NCA လက်မှတ်ရေးထိုးချိန်မှာ UNFC အဖွဲ့က လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့ရယ်လို့ နှစ်ခြမ်းကွဲသွားခဲ့ကြရတာပါ။ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစုပင်လုံပထမအစည်းအဝေးနောက်ပိုင်းမှာ NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေရဲ့ နယ်မြေတွေကို တပ်မတော်က ပြင်းထန်တဲ့ ထိုးစစ်ဆင် ဖိအားပေးမှုအောက်မှာ မြောက်ပိုင်းအဖွဲ့ဆိုတာ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ် ထိုးထားပေမယ့် NCA လက်မှတ်မထိုးရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခွင့်မရတဲ့ ‘ဝ-မိုင်းလား’အဖွဲ့နဲ့ မြောက်ပိုင်းအဖွဲ့တွေ ပူးပေါင်းမိပြီး ‘ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ’ ဖွဲ့စည်းကာ NCA နဲ့ မတူတဲ့ လမ်းကြောင်းလျှောက်မယ်ဆိုတဲ့ သဘောထား ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ NCA နဲ့ မတူတဲ့ လမ်းကြောင်းလို့ ကြွေးကြော်ထားပေမယ့် NCA နဲ့ ‘ဝ’အဖွဲ့တို့ရဲ့ အခြေခံသဘောထား ၇ဝ ရာခိုင်နှုန်း တူညီကြပါတယ်။ NCA ဟာ ပြည့်စုံလုံလောက်မှု မရှိလို့ UNFC လက်ကျန်အဖွဲ့တွေနဲ့ ပြန်လည်သုံးသပ်ဆွေးနွေးဖို့ သဘောတူထားပြီးလည်း ဖြစ်ပါတယ်။ UNFC လက်ကျန်အဖွဲ့တွေနဲ့ NCA ကို ပြန်လည်သုံးသပ်ညှိနှိုင်းရင် သူတို့အားလုံး NCA ကို လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။ အလားတူ ‘ဝ’ ခေါင်းဆောင်တဲ့ မြောက်ပိုင်းအဖွဲ့ကို NCA လမ်းပြမြေပုံပေါ်ကို ငြိမ်းချမ်းရေးကော်မရှင်က ဆွဲတင်နိုင်ရင် အဆင်ပြေနိုင်ပါတယ်။ အရေးကြီးဆုံးက တပ်မတော်အနေနဲ့ စစ်ရေးဖိအားပေးမှုကို ရပ်ဆိုင်းပြီး အားလုံးပါဝင်ရေးကို မူအရ လက်ခံလိုက်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး အောင်မြင်ချောမွေ့သွားနိုင်ပါတယ်။ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးမှာအဖွဲ့အစည်းအားလုံး တန်းတူညီမျှစွာ ပါဝင်ခွင့်ရကြမယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် အခြေခံကောင်းတွေ ချမှတ်နိုင်ပါလိမ့်မယ်။ ။

၂၀၁၇- ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ သုံးသပ်ချက် ဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."