ရန်ကုန် – ၂၀၂၁ နိုဝင်ဘာ ၂၈ (မော်ကွန်း)
NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး တစ်ဦးဖြစ်တဲ့ မုံရွာအောင်ရှင်ဟာ ဒီနေ့မနက် ၆ နာရီခွဲခန့်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
သူဟာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလ ၁၈ ရက်မှ ပြန်လည် လွတ်မြောက်ခဲ့တာပါ။
အာဏာသိမ်း စစ်ကောင်စီရဲ့ ရေကြည်အိုင် စစ်ကြောရေးစခန်းမှ လွတ်မြောက်လာပြီးနောက် ရက် ၄၀ ကြာမှ သေဆုံးသွားခဲ့တာပါ။
မုံရွာအောင်ရှင်ဟာ အသက် (၇၇)နှစ်ရှိပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး နဲ့ ဒီလှိုင်းစာစောင်ရဲ့ အယ်ဒီတာချုပ်တာဝန်ကိုထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
မုံရွာအောင်ရှင်ဟာ ယခင်က ပန်းနာရင်ကြပ်ရောဂါခံရှိပြီး နေအိမ်မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။
Photo: မုံရွာအောင်ရှင် Facebook
#Dailynews

