၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Feature ဖြစ်ပါသည်။ ဟေမာန်ပြည့်နှင့် အိရွှေဖြူ ရေးသည်။ ရန်ကုန် (ဖေဖော်ဝါရီ၊ ၂၀၁၉) ရေစက်မောင်းတဲ့အသံလို တဝူးဝူး စက်သံတွေ ထွက်လာ ပြီး မကြာခင်မှာပဲ လေထဲမှာ ပုပ်အဲ့အဲ့အနံ့တွေ ထွက်ပေါ်လာ ပါတယ်။ အော့အန်ချင်လောက် အောင် ဆိုးရွားတဲ့ဒီအနံ့က စက်သံ အရှိန်ရလာတာနဲ့အမျှ ပိုပြီး ပြင်းထန်လာပါတယ်။ ဒီအနံ့တွေရဲ့ ဇာစ်မြစ်ကတော့ မရမ်းကုန်းမြို့နယ်က လူဦး ရေထောင်ဂဏန်းရှိတဲ့ မုဒိတာအိမ်ရာက နေ့စဉ်စွန့်ပစ်တဲ့ မိလ္လာတွေကို သိုလှောင်ထားတဲ့ အုတ်ကန်ကြီးဆီက လာတာပါ။ မိလ္လာကန်ထဲမှာရှိတဲ့ မစင်တွေကို နေ့စဉ် စက်နဲ့ခြေမွတဲ့အခါ ဒီအနံ့ဆိုးတွေက လှိုင်လှိုင်ထွက်ပေါ်လာမြဲ ဖြစ်ပါတယ်။ မစင်နဲ့အညစ်အကြေးတွေကိုခြေပြီး ထွက်လာတဲ့ အရည် ကြည်တွေကို မြောင်းထဲကနေတစ်ဆင့် စွန့်ထုတ်တာဖြစ်ပါတယ်။ ဒီအနံ့ဆိုးတွေကို […]
၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Feature ဖြစ်ပါသည်။ ဗညားကျော် ရေးသည်။ ရန်ကုန် (ဖေဖော်ဝါရီ၊ ၂၀၁၉) ည ၁၁ နာရီဝန်းကျင်လောက်မှာ မစုတို့ မိသားစုရဲ့ ခြံဝင်းထဲကို လူတစ်စုဝင်လာပြီး သူ့ခင်ပွန်း ရှိလား ဆိုပြီး လှမ်းအော်မေးပါတယ်။ တံခါးဖွင့်ကြည့် လိုက်ချိန်မှာ ရဲငါးယောက်နဲ့ အရပ်ဝတ် သုံး ယောက်ကိုမြင်လိုက်ရတယ်။ သူ့ခင်ပွန်းအိပ်နေပါ တယ်လို့ ပြောရုံရှိသေး ရဲသုံးယောက်က အိမ်ပေါ် ပြေးတက်လာကာ ခြင်ထောင်ထဲမှာရှိတဲ့ သူ့ ခင်ပွန်းကို အတင်းလုံးထွေးဝင်ဖမ်းပြီး လက်ထိပ် ခတ် ခေါ်သွားပါတယ်။ ဘာအပြစ်ရှိလို့ အခုလိုမျိုး […]
၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Cover Story ဖြစ်ပါသည်။ အောင်ပိုင် ရေးသည်။ ကျော်ဇေယျ ပံ့ပိုးသည်။ ရန်ကုန် (ဖေဖော်ဝါရီ၊ ၂၀၁၉) (ငွေကြေးအရင်းအနှီးရှိရင်တောင် မြေနေရာနဲ့လုပ်ခွင့်လိုင်စင်ရဖို့ခက်ခဲတဲ့ စက်သုံးဆီရောင်း ဝယ်ရေးလုပ်ငန်းတစ်ခု အချိန်တိုအတွင်း ဘာကြောင့်ဘယ်လိုပေါ်လာသလဲ။ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရက ဘယ်လိုပါဝင်ပတ်သက်သလဲ၊ ကုမ္ပဏီရှယ်ယာရှင်တွေနဲ့ ဒါရိုက်တာတွေက ဘယ် သူတွေလဲ၊ အကျိုးအမြတ်တွေကရော ဘယ်လိုလဲ၊ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုကြောင့် Yangon Petrol ပေါ်လာရသလဲဆိုတာ အသေးစိတ် ဖော်ပြထားပါတယ်။) စက်သုံးဆီဈေးကွက်ထဲမှာ ရောင်း ချနေတဲ့ ဈေးနှုန်းထက် တစ်လီတာကို ၄၀ ကျပ်ထက်မနည်းတဲ့ လျှော့ဈေးနဲ့ ရောင်း ချခဲ့လို့ အချိန်တိုတွင်း လူအများစိတ်ဝင် စားလာတဲ့ စက်သုံးဆီဆိုင်တစ်ဆိုင် နေ့ ချင်းညချင်းဆိုသလို ရန်ကုန်မြို့မှာ ပေါ် […]
၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Feature ဖြစ်ပါသည်။ အိရွှေဖြူ ရေးသည်။ မသော်တာဟာ သူတို့လမ်းထဲ အသံချဲ့စက်ကျယ်လောင်စွာဖွင့်တဲ့ အလှူခံတွေ ဝင်လာမှာကို ကြောက်ရွံ့နေသူတစ်ယောက်ပါ။သူ ကြောက်ရွံ့တာက သူ့အတွက်မဟုတ်ပါဘူး။ ခြောက်လသားအရွယ် သမီးငယ်အတွက် စိုးရိမ်ထိတ်လန့်တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာက သူနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဗဟိုအမျိုးသမီးဆေးရုံ ဝန်ထမ်းအိမ်ရာဝင်းထဲကို ဆောင်းဘောက်စ်သံအကျယ်ကြီးဖွင့်ပြီး အလှူခံတွေဝင်လာ တုန်းကဆိုရင် သူ့သမီးရဲ့ ရင်ဘတ်ဟာ တဒိန်းဒိန်း လှိုက်ခုန်နေတဲ့ အပြင် မျက်အိမ်လည်း ပြူးကျယ်သွားတယ်လို့ဆိုပါတယ်။ […]
၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Profile ဖြစ်ပါသည်။ ကျော်ဇေယျာထွန်း ရေးသည်။ ပုဂံရာဇဝင်တွင် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဆိုသည့် သူရဲ ကောင်းလေးဦး ထင်ရှားခဲ့သည်။ ကျန်စစ်သား သည် ပုဂံပြည့်ရှင်မင်းဖြစ်ခဲ့သလို ငထွေရူးသည် တစ်မနက်တည်းနှင့် ထန်းအပင်တစ်ထောင်ကို တက်နိုင်သည်။ ငလုံးလက်ဖယ်သည် နွားအရှဉ်း ၃၀ နှင့်အတူ ထွန်ရေးမှန်အောင် လယ်ထွန်နိုင် သည်။ ညောင်ဦးဖီးက ဧရာဝတီမြစ်၏ ညောင်ဦး ကမ်းပါးမှ တစ်ဖက်ကမ်းသို့ ရေကူးသွားနိုင်ပြီး တစ်ဖက်သို့ရောက်လျှင် မြေကြီးပေါ်သို့ ခြေ ထောက် မထောက်ဘဲ ညောင်ဦးကမ်းပါးသို့ ပြန်၍ကူးနိုင်သည်။ ပြီးလျှင် […]
၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Feature ဖြစ်ပါသည်။ စီဇံမျိုးကျော် ရေးသည်။ မိုးကုတ် (ဇန်နဝါရီ၊ ၂၀၁၉) ဗုံးကြဲခံထားရသလို ချိုင့်တွေ၊ ကျင်းတွေ ပြည့် နှက်နေတဲ့ တောင်ကြောတစ်လျှောက်မှာ ဝါး တိုင်တွေထောင်၊ တာပေါ်လင်စတွေ မိုးထားတဲ့ တစ်ဖက်ယက် တဲသေးသေးလေးတွေက ဟို တစ်စု ဒီတစ်စု နေရာယူထားကြတယ်။ အဲဒီတဲလေးတွေထဲမှာတော့ စကျင်ကျောက်တွေကို တူနဲ့ ထုခွဲတဲ့သူက ထုခွဲ၊ ရွှံ့ပေနေတဲ့ကျောက်တွေကို ရေဆေးတဲ့သူက ဆေးနဲ့ […]
(ငွေကြေးအရင်းအနှီး ရှိရင်တောင် မြေနေရာနဲ့လုပ်ပိုင်ခွင့်လိုင်စင်ရဖို့ခက်ခဲတဲ့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းတစ်ခု အချိန်တိုတွင်း ဘာကြောင့်ဘယ်လိုပေါ်လာပါသလဲ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဘယ်လိုပါဝင်ပတ်သက်သလဲ၊ ကုမ္ပဏီရှယ်ယာရှင်တွေနဲ့ ဒါရိုက်တာတွေက ဘယ်သူတွေလဲ၊ အကျိုးအမြတ်တွေကရော ဘယ်လိုလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုကြောင့် Yangon Petrol ပေါ်လာရသလဲဆိုတာ အသေးစိပ်ဖော်ပြထားပါတယ်။) အောင်ပိုင် ရေးသည်။ ကျော်ဇေယျ ပံ့ပိုးသည်။ ရန်ကုန် (ဇန်နဝါရီ၊ ၂၀၁၉) ရန်ကုန်တိုင်းဒေသကြီးအစိုးရဆီကနေအခွင့်ထူးတွေ ရရှိထားတာကြောင့် ဈေးကွက်ထဲမှာရောင်းချနေတဲ့ဈေးနှုန်းထက် တစ်လီတာကို ၄၀ ကျပ်ထက်မနည်းလျှော့ဈေးပြီးရောင်းချလို့ YP လို့အများခေါ်ကြတဲ့ Yangon Petrol စက်သုံးဆီအရောင်းဆိုင်တွေဟာ အချိန်တိုတွင်းလူအများစိတ်ဝင်စားလာမှုကိုရလာကြပါတယ်။ ရောင်းချခွင့်လိုင်စင်မရသေးပေမယ့်လည်း ဈေးကွက်ထဲမှာရောင်းချခွင့်ရနေတာ၊ အစိုးရပိုင်မြေနေရာမှာ လုပ်ပိုင်ခွင့်ရရှိတာ၊ ဆီဆိုင်တစ်ဆိုင် ဖွင့်ရင်အဆင့်ဆင့်လျှောက်ထားရမယ့် ထောက်ခံချက်တွေနဲ့ ခွင့်ပြုချက်တွေကို တိုင်းဒေသကြီးအစိုးရရဲ့အစီအမံနဲ့ လွယ်လင့်တကူအလျင်အမြန်ရရှိသွားတာဟာ အထူးအခွင့်ရေးတွေပါပဲလို့ စက်သုံးဆီလုပ်ငန်းအသိုင်းအဝိုင်းကပြောကြပါတယ်။ အထူးသဖြင့် ဈေးကွက်ကြီးပြီး အချက်အချာကျလွန်းတဲ့ စီးပွားရေးမြို့တော်ရန်ကုန်လိုနေရာမှာ အရင်းအနှီးရှိခဲ့ရင်တောင် ဆီဆိုင်အသစ်ဖွင့်ခွင့်ရဖို့ […]
၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Cover Story ဖြစ်ပါသည်။ ကျော်ဇေယျ ရေးသည်။ မကွေး (ဇန်နဝါရီ၊ ၂၀၁၈) ဆောင်းရာသီဝင်ခဲ့ပြီ ဆိုပေမယ့် နိုဝင်ဘာရဲ့ နေ့လယ်ခင်းနေက ပူလောင်လွန်း တော့ အိမ်ထဲမှာတောင် အပေါ် အင်္ကျီ ဗလာကျင်းနဲ့ ဆောင်းနေ့ခင်းကို ဦးရင်ကြည် စစ်ခင်းနေရတယ်။ အိမ်အပြင်မှာတော့ တံလျှပ်တွေက တလက်လက်ထလို့။ ပဲခူးရိုးမကြီးရဲ့ မြောက်ဘက်ပိုင်း တောင်တန်းတွေရဲ့ ဆင်ခြေလျှောမှာရှိတဲ့ ဦးရင်ကြည်နေထိုင်ရာ ရွှေပန်းရွာဟာ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ထဲ မှာ ပါဝင်ပါတယ်။ သစ်ကြီးဝါးကြီးတွေနဲ့ ပဲခူးရိုးမကြီး စည်ပင်သာယာခဲ့တုန်းက ဦးရင်ကြည်တို့ဒေသရဲ့ ဆောင်းဟာ ဆောင်းလို […]
ကျော်ဇေယျ မေးမြန်းသည် ရက္ခိုင့်တပ်မတော် (Arakan Army-AA) ကိုသောင်းကျန်းသူအဖြစ်သတ်မှတ်ပြီးထိရောက်စွာ နှိမ်နင်းဖို့ တပ်မတော်ကို သမ္မတရုံးကညွှန်ကြားလိုက်တယ်လို့ ဇန်နဝါရီ ၇ ရက်ကသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မီဒီယာတွေကို ပြောဆို ခဲ့ပါတယ်။ ဒီလိုမီးစိမ်းပြလိုက်တဲ့အတွက် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ် ဘယ်လို ထိခိုက်နိုင်မလဲ ဆိုတာကိုသိရဖို့ နိုင်ငံရေးလေ့လာသူဦးသန်းစိုးနိုင်၊ ပြည်ထောင်စုအင်စတီကျုရဲ့ သုတေသန ညှိနှိုင်းရေးမှူး ဒေါက်တာစိုင်းဦးနဲ့ ရခိုင်အမျိုးသားပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်တို့ကို မော်ကွန်းက မေးမြန်းထား ပါတယ်။ အောက်ဖော်ပြပါတို့မှာအဆိုပါ မေးမြန်းမှုတွေထဲကအချို့ကိုထုတ်နှုတ်တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ Photo-Kaung Htet San ဦးသန်းစိုးနိုင် ( နိုင်ငံရေးလေ့လာသုံးသပ်သူ) “ရခိုင်မှာအာဆာ(ARSA)တွေ လာရောက်ပြီးတော့ ရဲကင်းတွေကိုတိုက်တုန်းက တပ်မတော်ကထိုးစစ်ဆင်ခဲ့သလို အခုအခါ မှာလည်း ပြင်းထန်တဲ့ထိုးစစ်တွေ ရခိုင်ဒေသမှာ ကြုံရတော့မယ်လို့ ထင်ပါတယ်။ “မကြာသေးခင်ကပဲ ကျွန်တော် သတင်းဌာနတစ်ခုမှာပြောပါတယ်။ AA […]
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Profile ဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ ရန်ကုန်မြို့၏ နိုဝင်ဘာလနံနက်ခင်း ဝေလီဝေလင်း အချိန်တွင် တစ်စီးတလေ ဖြတ်သွားသည့် ကား သံမှအပ တိတ်ဆိတ်နေ၏။ ဆောင်း၏ အငွေ့ အသက်သည် ပီပီပြင်ပြင် မဖြစ်ပေါ်သေး။ အနည်း ငယ်အေးသည် ဆိုရုံမျှသာ။ လမ်းမီးတိုင်များသည် အလင်းရောင်ပေးနေဆဲ။ ပလက်ဖောင်းပေါ် ခပ် ကွေးကွေးခွေနေသည့် လေလွင့်ခွေးများသည် အိပ်မောကျနေဆဲပင်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (စည်ပင်)မှ ဝီရိယကောင်းလှသည့် သန့်ရှင်းရေးအလုပ်သမတစ်ဦးကတော့ အုန်းတံမြက်စည်းတစ်ချောင်းကို ကိုင်ပြီး ပလက်ဖောင်းတစ် လျှောက်ရှိ အမှိုက်သရိုက်များကို ရှင်းလင်းနေသည်။ လေးနာရီ ကျော်လာသည်နှင့် ကန်တော်ကြီးပတ်လမ်းတစ်လျှောက် လမ်း လျှောက်သူတစ်ဦးစ နှစ်ဦးစကို တွေ့လာရ၏။ ထိုအချိန်တွင် အင်္ကျီအပြာရောင်ဝတ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ကန်တော်ကြီးဥယျာဉ်ထဲသို့ မျက်စိဆေးရုံရှေ့ဝင်ပေါက်မှတစ်ဆင့် […]
၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Legacy ဖြစ်ပါသည်။ ထွန်းဝင်းငြိမ်းရေးသည်။ မုတ္တမကနေ မော်လမြိုင်ဘက်ကို သံလွင်တံတားက ကူးလာတဲ့အခါ သံလွင်ရဲ့ရေပြင်ထက်မှာ ရွှေရောင် တွေ ပြိုးပြိုးပြက်ပြက်နဲ့ အလွန်လှပ တဲ့ရှုခင်းကို တွေ့ရပါတယ်။ တောင် တန်းတစ်ခုကို မြို့ ကပတ်ပတ်လည် ဝန်းရံထားတဲ့ မြင်ကွင်းဟာ သာယာ ကြည်နူးဖွယ်ရာ ခံစားမှုကို ဖြစ်ပေါ် စေပါတယ်။ ကျယ်ပြန့်ကြည်လင်တဲ့ သံလွင်မြစ်ရေပြင်၊ စိမ်းမြတဲ့ တောင် တန်း၊ တောင်တန်းပေါ်က ရွှေရောင် တဝင်းဝင်းနဲ့ […]
၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Feature ဖြစ်ပါသည်။ သြမွန် ရေးသည်။ ရွှေဇင် ပံ့ပိုးသည်။ မွန်တိုင်းရင်းသူ မိယဉ်ဂိုချမ်း သည် ကိုးတန်းကျောင်းသူ အရွယ်က မွန်ရိုးရာဝတ်စုံ ဝတ် ကာ အစ်မဖြစ်သူနှင့်အတူ ရန် ကုန်မြို့တော်ဝန်မဏ္ဍပ်တွင် သြင်္ကန်အက ဝင်ပြိုင်ခဲ့ဖူးသည်။ သူတို့ကပြယှဉ်ပြိုင်သည့် ဓာတ် ပုံများ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်သို့ တင်လိုက် သည့်အခါ ယင်းဓာတ်ပုံအောက် တွင် မှတ်ချက်အမျိုးမျိုးဖြင့် ေ၀ ဖန်ခံခဲ့ရလေသည်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."