သတင်းဆောင်းပါးများ

မယ်ဒလင် တစ်လက်နဲ့ ဘဝရဲ့ အလင်းရောင်ကို ထွန်းညှိထားသူ

November 5, 2018

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး  ဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ “ဘဝသံသရာ xxx ရှည်လျား ထွေပြား xxx မနေမနား တစ်သွား တည်းသွားကြတာ xxx ခရီး ပန်း တိုင် xxx မရောက်မချင်း  တစ် ယောက်ဆင်း တစ်ယောက်တက် xxx ဆက်လက်ထွက်ခွာ” မယ်ဒလင်အသံနဲ့အတူ အသံမြင့်မြင့်နဲ့ မပီမသ သီဆို လိုက်တဲ့ သီချင်းသံဟာ ရထားတွဲ ထဲမှာ စူးခနဲ ထွက်ပေါ်လာပါတယ်။ အရောင်ခပ်မှိန်မှိန် အင်္ကျီအပြာ ရောင် အကွက်စိပ်စိပ်ကို ဝတ်ဆင် ထားတဲ့ သူ့ပုံစံက အသားဖြူဖြူ အရပ်ခပ်ပုပုနဲ့ ကချင်လွယ်အိတ် တစ်လုံးကို ဘေးတစ်စောင်း လွယ်ထားပါတယ်။ ညာဘက်မှာတော့ မျက်မမြင်တွေအသုံးပြုတဲ့ ကြိုးတပ် ထားတဲ့ လမ်းလျှောက်တုတ်တစ်ချောင်းကို […]

အပြည့်အစုံဖတ်ရန်

ဦးကျော်နိုင် စွမ်းအင်မူဝါဒဆိုင်ရာ လေ့လာသုံးသပ်သူ

November 5, 2018

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး  ဖြစ်ပါသည်။ ကျော်ဇေယျ တွေ့မေးသည်။ ကုန်သွယ်မှုလိုငွေ အမြဲလိုလိုပြနေပြီး သွင်းကုန် များလွန်းနေတဲ့ ဒီနိုင်ငံမှာ စက်သုံးဆီဟာလည်း အရေးကြီး သွင်းကုန်ပစ်္စည်း တစ်မျိုးပါ။ အခုတော့ သမိုင်းတစ်လျှောက် ဒီကုန်ပစ်္စည်းဟာ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းကို ရောက်ရှိနေပါပြီ။ စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းနဲ့အတူ အထွေထွေ ကုန်ပစ်္စည်းသယ်ယူပို့ ဆောင်ရေးစရိတ်တွေလည်း မြင့်တက်လာသလို အခြေခံကုန်ဈေးနှုန်းတွေ လည်း တိုးမြင့်လာနေပါတယ်။ လက်ရှိ စက်သုံးဆီဈေးနှုန်းတွေ တက်နေရတာဟာ စက် သုံးဆီတင်သွင်းသူတွေပြောသလို အမေရိကန်ဒေါ်လာ ဈေးနှုန်း တက်နေတာကြောင့်ဆိုတာ ဖြစ်နိုင်သလား။ အစိုးရအနေနဲ့ရော စက်သုံးဆီကဏ္ဍမှာ ဘယ်လို ဖြေရှင်းဆောင်ရွက်သင့်သလဲ။ အများပြည်သူအပေါ်မှာ တိုက်ရိုက်သက်ရောက်တဲ့ ဒီစက်သုံးဆီ ကဏ္ဍ အကျပ်အတည်းကို ရေရှည်မှာ ဘယ်လိုဖြေရှင်းသင့်သလဲ ဆိုတာတွေကို  စွမ်းအင်မူဝါဒဆိုင်ရာ လေ့လာသုံးသပ်သူဖြစ်တဲ့ အလွတ်တန်းအကြံပေး […]

အပြည့်အစုံဖတ်ရန်

နာၿပီးရင္းနာ၊ အခါခါနာ

November 5, 2018

၂ဝ၁၈၊ ႏုိဝင္ဘာလထုတ္ ေမာ္ကြန္းမဂၢဇင္း အမွတ္(၅၉)မွ သတင္းေဆာင္းပါး  ျဖစ္ပါသည္။ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစု ပင္လုံ တတိယအႀကိမ္ ပိတ္ပြဲအခမ္းအနားမွာ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂ္ၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္က ၂၀၂၀ မတုိင္မီ ၂၁ ရာစုပင္လုံအစည္းအေ၀းကုိ ေနာက္ထပ္သုံးႀကိမ္ ထပ္မံက်င္းပသြားမည္ျဖစ္ေၾကာင္း၊ ၂၀၁၈ အတြင္း ေနာက္ထပ္ တစ္ႀကိမ္ႏွင့္ ေနာက္ႏွစ္မွာ  ႏွစ္ႀကိမ္က်င္းပရန္ ရည္ရြယ္ထားေၾကာင္း၊ ဒီညီလာခံသုံးႀကိမ္အတြင္း ဖက္ဒရယ္ ဒီမုိကေရစီစနစ္ဆုိင္ရာ အေျခခံမူေတြ ခ်မွတ္ႏုိင္ရန္ ႀကိဳးပမ္းၾကဖုိ႔ လုိေၾကာင္း တုိက္တြန္းေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ ၂၀၁၈ ေအာက္ တုိဘာထဲ ေရာက္လာတဲ့တုိင္ စတုတ္ၳအေက်ာ့ ပင္လုံညီလာခံအတြက္ စုိင္းျပင္းျပင္ဆင္တဲ့ အရိပ္အေရာင္ ဘာမွမေတြ႕ၾကရေသးပါဘူး။ ၿပီးခဲ့တဲ့ တတိယအေက်ာ့ ပင္လုံညီလာခံကုိ က်င္းပႏုိင္ခဲ့ တယ္ဆုိေပမယ့္လည္း ႏုိင္ငံေရးအရ ထိေရာက္တုိးတက္တဲ့ လက္ၡဏာ ဘာမွမရရွိခဲ့ပါဘူး။ […]

အပြည့်အစုံဖတ်ရန်

မသန္စြမ္းသက္ႀကီးမ်ားအေရး မူ၀ါဒေကာင္းေတြ ေဖာ္ေဆာင္ေပးပါ

November 5, 2018

၂ဝ၁၈၊ ႏုိဝင္ဘာလထုတ္ ေမာ္ကြန္းမဂၢဇင္း အမွတ္(၅၉)မွ သတင္းေဆာင္းပါး  ျဖစ္ပါသည္။ ဗညားေက်ာ္ ေရးသည္။ ရန္ကုန္ (ႏုိ၀င္ဘာ၊ ၂၀၁၈) Photo-Banyar Kyaw မနက္ခင္းနဲ႔အတူ တိတ္ဆိတ္ေနတဲ့ မလႊကုန္း ဘူတာေလးဟာ မနက္ ၇ နာရီခြဲ ၿမိဳ႕ပတ္ရထား ဆိုက္ေရာက္ခ်ိန္မွာ ခရီးသည္ အတက္အဆင္းနဲ႔ တခဏခ်င္း ဆူညံသြားပါတယ္။ ခရီးသည္ေတြနဲ႔အတူ အျမင္အာ႐ုံမသန္စြမ္းတဲ့ ဦးက်င္ တိတ္ဟာ ေတာင္ေ၀ွးတစ္ဖက္၊ မယ္ဒလင္တစ္လက္ကို ေက်ာပိုး ထားရင္း ရထားကုိယ္ထည္ကို ကိုင္စမ္းကာ ရထားေပၚ တက္ လိုက္ပါတယ္။ ရထားေပၚေရာက္တဲ့အခါ စတီးခ်ဳိင့္တစ္လံုးကို သူ႔ဗိုက္ ေအာက္မွာ တြယ္ခ်ိတ္ထားၿပီး ညိဳညစ္ညစ္မယ္ဒလင္ကို တီးကာ  ေခတ္ေဟာင္းအဆိုရွင္ေတြျဖစ္တဲ့ ေအာင္သူ၊ သန္းႏိုင္နဲ႔ ဂီတာ ေဖ၀င္းတို႔ရဲ႕ သီခ်င္းေတြထဲက ေကာင္းႏိုးရာရာေတြကို အသံခပ္ ေအးေအးနဲ႔ […]

အပြည့်အစုံဖတ်ရန်

ရထားကို မျှော်နေတဲ့ အဖော်မဲ့ သံလမ်းများ

November 5, 2018

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး  ဖြစ်ပါသည်။ အောင်ပိုင် ရေးသည်။ ရန်ကုန် (နိုဝင်ဘာ၊ ၂၀၁၈) Photo-Aung Py လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးကားဝင်း တစ်ဝိုက်ဟာ အဝေးပြေးကားတွေ၊ ခရီးသည် တွေ၊ လက်မှတ်ဖြတ်ဖို့ လိုက်ဆွယ်နေသူတွေ၊ ဈေးသည်တွေနဲ့ ရှုပ်ယှက်ခတ်နေသလို YBS လိုင်းကားတွေ၊ တက္ကစီတွေနဲ့ ဆိုင်ကယ် ကယ်ရီတွေကလည်း ဥဒဟို သွားလာနေကြ ပါတယ်။ အဲဒီကနေ ဆိုင်ကယ်နဲ့  ၁၀ မိနစ်သာသာ သွားလိုက်ရင် တော့ နွယ်ပင်တွေ ရစ်တွယ်တက်နေတဲ့ အဝါရောင် အဆောက် အအုံလေးတစ်ခု ရှိနေတယ်။ ရေညှိ အထပ်ထပ်ကပ်နေတဲ့          အဆောက်အအုံစြင်္ကပလက်ဖောင်းနဲ့ ကပ်လျက်မှာတော့ လူ့ တစ်ရပ်နီးပါးလောက် ရှည်တဲ့ မြက်ပင်တွေကြားထဲ မြုပ်နေတဲ့ ရထားသံလမ်းတစ်ခု ရှိနေပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ကင်ဆာသဖွယ် အမြစ်တွယ် ပွန်ဇီ လိမ်လည်မှု သတိပြု

November 5, 2018

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ စီဇံမျိုးကျော် ရေးသည်။ ရန်ကုန် (နိုဝင်ဘာ၊ ၂၀၁၈) မမေမဒီခင်တစ်ယောက် ညဘက် ဖုန်းသုံး နေရင်း အွန်လိုင်းကသတင်းတစ်ခုကို မြင်မိ လိုက်ရတဲ့အချိန်မှာ သွေးဆောင့်တိုးသွား တာကြောင့် ဖုန်းကိုပစ်ချပြီး  အိပ်ရာထဲ ခဏလောက် လှဲချလိုက်ရပါတယ်။ ခဏ နေတော့ အမျိုးသားဖြစ်သူ လာတိုက်တဲ့ သွေးတိုးကျဆေးကို သောက်ရင်း ကြားရတဲ့ သတင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။ သူ ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းက ပိုက်ဆံတွေ လိမ်လည်ထွက်ပြေးသွားပြီ ဆိုတဲ့ သတင်းကြောင့် အခုလို ဖြစ်သွား တာပါ။ အဲဒီလုပ်ငန်းမှာ စုစုပေါင်း ငွေ ကျပ်သိန်း ၂၅၀ နီးပါး မမေမဒီခင် တစ် ယောက် ရင်းနှီးထားတာပါ။ သူ အနှစ်နှစ် အလလ […]

အပြည့်အစုံဖတ်ရန်

သမိုင်းဝင် ငြိမ်းချမ်းရေး ထိပ်သီး အစည်းအဝေး ကျင်းပ

November 5, 2018

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ ပင်လုံညီလာခံများတွင် ဆွေးနွေးညှိနှိုင်းမရဘဲ တစ်ဆို့နေသောအချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် အစိုးရနှင့် NCA/SEAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို NCA လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့်သည့်  အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့သည်။ ယခုကဲ့သို့ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပစ်ရပ်တိုင်း ရင်းသား ၁၀ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးခဲ့သည်။ အဓိက ဆွေးနွေးမည့်အချက်များမှာ ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တပ်မတော် ဆိုင်ရာ ကိစ်္စရပ်များ၊ ၂၁ ရာစုပင်လုံ အစည်းအဝေးများ ဆက်လက်ကျင်းပနိုင်ရေး၊ ဒီမိုကရေစီ […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းတွေအတွက် မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး

November 2, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ရန်ကုန် (သြဂုတ်၊ ၂ဝ၁၈) သာမန်ကလေးတစ်ယောက်အတွက် လှစ်ခနဲ ဖြတ်သွားလို့ရတဲ့ ကျောင်းဝင်းတံခါးပေါက်ဟာ အသက် ၁ဝ နှစ်အရွယ် မိုးမြတ်သူအတွက်တော့ ခက်ခဲလှပါတယ်။ တစ်ပေဝန်းကျင်လောက်မြင့်တဲ့ တံခါးအောက်ခြေပေါင်ကို ဘယ်ခြေနဲ့ ကျော် တက်ရမလား၊ ညာခြေနဲ့ ကျော်တက်ရမလား ဆိုတာ ရွေးနေရတာကိုက အလုပ်တစ်ခုလိုဖြစ် နေတယ်။ အဲဒီလိုအချိန်မျိုးမှာ နောက်က အတင်းတိုးဝှေ့ကျော်တက် တဲ့ ကလေးတွေ ရှိတတ်တာကြောင့် ခလုတ်တိုက် လဲကျမသွား အောင် သတိထား ကာကွယ်ပေးနေရတယ်လို့ သမီးဖြစ်သူကို ကျောင်းလိုက်ပို့ပေးတဲ့ မိခင်ဖြစ်သူ ဒေါ်ခင်သ္တာအေးက ဆို ပါတယ်။ ဒုတိယတန်းကျောင်းသူ မိုးမြတ်သူဟာ သူငယ်နာ အကြောတင်းဖြစ်နေတဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးဖြစ်ပါ တယ်။ သူရဲ့ ဘယ်ဘက်လက်၊ ညာဘက်ခြေထောက်၊ […]

အပြည့်အစုံဖတ်ရန်

ခက်ခဲကြမ်းရှ ဝါးဖောင်မျှောသူတို့ဘဝ

September 12, 2018

၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။  ကျော်ဇေယျာထွန်း ရေးသည် သံတွဲချောင်းသည်  တောင်တန်းများ အထပ်လိုက် ရှိနေသည့် ရခိုင်ရိုးမကြီးကို  အဖျားခံကာ တသွင်သွင် စီးဆင်းနေသည်။ ရခိုင်ရိုးမထဲမှ ထွက်လာသည့် မြွေကြီးတစ်ကောင်ပမာ ရှိသည့် ထိုချောင်းသည် သံတွဲမြို့ကို  ဦးခိုက်ကွေ့ဝိုက်သွားပြီးသည့် နောက် ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်သွားသည်။ မိုးရာသီတွင် ရေလျှံကာ သံတွဲမြို့ပေါ်အထိ ရေကြီးတတ် သည့် ထိုချောင်းသည် နွေရာသီရောက်လျှင် သောင်ခုံများ ပေါ် လာတတ်ပြီး တချို့သော နေရာများဆိုလျှင် ခြေကျင်ဖြတ်ကူးသွား၍ ရသည်အထိ ချောင်းရေက တိမ်လှသည်။ ကျွန်တော်သည် သံတွဲမြို့၊ ရွှေဆံတော်ဘုရားတောင်ပေါ် ရောက်သည့်အခါတိုင်း ထိုချောင်းဘက်သို့ ငေးကြည့်မိတတ် သည်။ နွေရာသီရေကျချိန်ဆိုလျှင် ချောင်းထဲတွင် ကျောက်စုပ်နေ ကြသူများကို စည်စည်ကားကား တွေ့ရတတ်သည်။ တစ်ခါတစ်ရံ စက်တပ် လှေငယ်ကလေးများသည် […]

အပြည့်အစုံဖတ်ရန်

အိမ်ရာ အိမ်မက် အကောင်အထည်ဖော်ဖို့ခက်

September 10, 2018

၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ ရန်ကုန် (မေ – ဇူလိုင် ၂ဝ၁၈) ဗညားကျော်ရေးသည် Photo – Banyar Kyaw ကိုမျိုးဆက်တစ်ယောက် သူ ကာလရှည်ကြာ မက်လာခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင် အထည်ဖော်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချပေးတဲ့ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်လျှောက်လွှာနဲ့ ထောက်ခံစာတချို့ကို ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ် ချုပ်ရေးရုံးမှာ ပြီးခဲ့တဲ့မတ်အကုန်က တင်ခဲ့လိုက်ပါတယ်။ ကိုမျိုးဆက်ရဲ့ အိပ်မက်က သူ့မိသားစုကို အိုးပိုင်၊ အိမ်ပိုင်နဲ့ သူမအိုခင်မှာ ထားခဲ့ချင်တာပါ။ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရဖို့ မဲနှိုက်ရမှာဖြစ်ပြီး ဘယ်နေ့၊ ဘယ်ရက်မှာ မဲနှိုက်ခွင့် ရမယ်ဆိုတာတော့ တိတိကျကျ သူမသိသေးပါဘူး။ မဲပေါက်မှသာ အိမ်ခန်း ရရှိမှာဖြစ်ပါတယ်။ ”ပေါက်ရင်တော့ ကံပေါ့၊ မပေါက်ရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ”လို့ […]

အပြည့်အစုံဖတ်ရန်

မြေမြှုပ်မိုင်း ရှင်းလင်းရေး ငြိမ်းချမ်းရေး ရမှတဲ့လား

September 7, 2018

#MawKunMagazine #Kyaw Zayya ၂ဝ၁၈၊ မတ်-ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၅)မှ Feature ဖြစ်ပါသည်။ ဘားအံ (ဧပြီ၊၂ဝ၁၈) Photo – Kyaw Zayya ဦးခူးလ်မလားဟာ သားဖြစ်သူနဲ့အတူ သူနေ ထိုင်နေရာ ပန်ကိုင်ရွာရဲ့ အနောက်ဘက် တောင် တန်းဆီကို ဝါးခုတ်ဖို့ မတ် ၁၄ ရက် နံနက်ပိုင်းမှာ ထွက်လာခဲ့ပါတယ်။ ”အဖေအရှေ့က ကြိုသွားပြီး ဝါးတွေကိုကြည့်ထားလိုက်မယ်” လို့ သားဖြစ် သူကိုပြောပြီး အရှေ့ကနေ ခပ်သုတ်သုတ်နဲ့ တောင်ကုန်းပေါ်ကို တက်သွားလိုက်ပါတယ်။ သူတို့ခုတ်ယူမယ့် ဝါးပင်တွေနား မရောက်ခင်မှာဘဲ ‘ဒိန်း’ဆိုတဲ့ ကျယ်လောင်တဲ့အသံနဲ့အတူ ဦးခူးလ်မလားရဲ့ အော်သံပါ ထွက်ပေါ်လာပါတယ်။ သားဖြစ်သူ ဘာမှမဖြစ်ပေမယ့် ဦးခူးလ်မလားကတော့ ဒဏ်ရာများစွာနဲ့ သွေးအိုင်ထဲ လဲလို့နေပါတယ်။ ဦးခူလ်မလားဟာ မြေမြှုပ်မိုင်းတစ်လုံးကို […]

အပြည့်အစုံဖတ်ရန်
1 … 6 7 8 9 10 11 12 … 34

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."