မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ Profile ဖြစ်ပါသည် သက်ဦးမွန် ရေးသည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က မီဒီယာများတွင် သတင်းလူသားတစ်ဦး ဟိုးလေးတကျော် ပေါ်ထွက်ခဲ့သည်။ သူသည် အမှန်တရားအတွက် မည်သူ့ကိုမှ ကြောက်ရွံ့မနေဘဲသူယုံကြည်ရာကို ထုတ်ဖော်ပြောဆိုခဲ့သူ ဖြစ်၏။ ထို့အတွက်လည်း ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်။ သူလုပ်ကိုင်သည့် အဖွဲ့အစည်းမှလည်း ထုတ်ပယ်ခံခဲ့ရ၏။ ထိုဖြစ်ရပ်အပြီး သူ့ကို ပြည်သူလူထုက အမှန်တရားဘက်တော်သားအဖြစ် လေးစားဂုဏ်ပြုခဲ့ကြသည်။ သူ့အဖွဲ့အစည်းအတွက်မူ သူကသိုးမည်းတစ်ကောင်ဖြစ်ခဲ့ရလေသည်။ ရင်းနှီး၍ မှန်ကန်သော အမြင်ရှိသည့် သူငယ်ချင်းအချို့ကသာ ယနေ့အချိန်ထိ သူ့ကို ခင်မင်ရင်းစွဲ ဆက်ဆံမပြတ်ရှိခဲ့၊ လေးစားခဲ့ကြ၏။ အများစုကမူ သူနှင့် ပတ်သက်ဆက်ဆံလျှင် သူတို့ကို တစ်စုံတစ်ရာ ထိခိုက်မည် စိုးရိမ်သောကြောင့် အဆက်အဆံ မလုပ်ကြတော့ချေ။ သူကား သတင်းစာဆရာ နှစ်ဦးဖြစ်သော ကိုဝလုံး […]
မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ သတင်းဆောင်းပါးဖြစ်ပါသည် အောင်ပိုင် ရေးသည်။ ဧရာဝတီတိုင်းမှာ ၆၉ ကြိမ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကျင်းပဖို့ ရက်ပိုင်းအလို တိုင်းအစိုးရရဲ့ ညွှန်ကြားစာတစ်စောင်ဟာ ပွဲစီစဉ်သူတွေနဲ့ ဒေသခံ ကရင်တွေရဲ့ မူလအစီအစဉ်ကို ရုတ်တရက် ကန့်သတ်လိုက်ပါတယ်။ အဲဒီစာဟာ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီသို့လိပ်မူထားပြီး အခမ်းအနားကျင်းပရာမှာ ကရင်အာဇာနည်ဆိုတဲ့ စကားရပ်ကို အသုံးမပြုဖို့ပဲဖြစ်ပါတယ်။ စာမှာ လက်မှတ်ထိုးထား သူက ဧရာဝတီတိုင်းဒေသကြီးရဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် ကရင်အာဇာနည်နေ့ဖြစ်တဲ့ သြဂုတ် ၁၂ ရက် ရောက်တဲ့အခါမှာတော့ ကျင်းပမြဲနေရာဖြစ်တဲ့ ဟင်္သာတမြို့နယ်က ကရင်ပြည်သူ့ပါတီခြံဝင်းထဲမှာ ကရင်အာဇာနည်နေ့လို့ခေါင်း စဉ်မတပ်ဘဲ ကျင်းပခဲ့ကြရပါတယ်။ ဒီပိတ်ပင်တားဆီးမှုတွေရှိပေမယ့် သူတို့ရင်ထဲကို စူးနစ်စိုက်ဝင်နေပြီးသားဖြစ်တဲ့ ကရင်အာဇာနည်ဆိုတဲ့ အသိအမှတ်ပြုမှုကိုတော့ ဆွဲနုတ်ပယ်ဖျက်ဖို့ရာ စွမ်းနိုင်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ကြောင်း ဦးဆောင်ကျင်းပသူတွေက […]
မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ သတင်းဆောင်းပါးဖြစ်ပါသည် ကျော်ဇေယျရေးသည် လငန်းကျွန်း(ဖေဖော်ဝါရီ၊ ၂၀၂၀) ပင်လယ်ပျော်လူမျိုးစုရယ်လို့ လူသိများတဲ့ တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုတန်းတွေမှာ ကျင်လည်နေထိုင်တဲ့ ဆလုံတိုင်းရင်းသားတွေ ဒီနိုင်ငံမှာ ဆက်လက်ရှင်သန်ရေးဟာ ခြိမ်းခြောက်ခံနေရပါတယ်။ ဗမာတိုင်းရင်းသားမျိုးနွယ်စု ကိုးစုထဲပါပြီး လူဦးရေ ၁,၇၀ဝ လောက်ပဲ ရှိတော့တဲ့ ဒီလူမျိုးစုကို အဓိကခြိမ်းခြောက် နေတာက အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ပုလဲသယံဇာတ အလိုရမ္မက်ပါ။ ဆလုံလူမျိုးတွေ ကျင်လည်ရာ ဒီကျွန်းတန်းတွေမှာ ပုလဲမွေးမြူရေးလုပ်ငန်းတွေဟာ ရာစုနှစ်တစ်ဝက်မက ရှိနေပြီး ဆက်လက်ပြီးတော့လည်း တိုးချဲ့ လုပ်ကိုင်နေကြပါတယ်။ ကပ္ပလီပင်လယ်အစပ်က ဒေါ်ပုတို့ ရှင်သန်ရာ လငန်းကျွန်းတန်းမှာဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရောက်ရှိလာတဲ့ ပုလဲမွေးမြူရေးလုပ်ငန်းကြောင့် အသက်မွေးဝမ်းကျောင်းအလုပ်တွေ ထိခိုက်နေရပါတယ်။ “ဒုက္ခရောက်ပေါ့။ သူတို့ ဒါမျိုးလုပ်ရင် ကျွန်မတို့က လုပ်စားမရပြီ။ ဘယ့်နှယ်လုပ်မတုံး” […]
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၇ မှ သတင်းဆောင်းပါးဖြစ်ပါသည် အောင်ပိုင် ရေးသည်။ နေလည်းမပူ၊ မိုးလည်းမရွာတဲ့ ဇွန်လရဲ့ တစ်ခုသော နေ့လယ်ခင်းမှာ ထီးရောင်စုံတွေနဲ့ ရှေ့ နောက် ဘေးပတ်လည် ကာရံထားတဲ့ လူတန်းတစ်ခုဟာ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံး အဆောက်အအုံထဲကနေ ဆင်ဝင်အပြင်ဘက်ကို တဖြည်းဖြည်း ရွေ့လျားလာပါတယ်။ တံခါးဖွင့်၊ စက်အသင့်နှိုးထားတဲ့ အပြာရောင် Police စာတန်းနဲ့ မှန်စတစ်ကာ အမည်းကပ်ထားတဲ့ အဖြူရောင် ဟိုက် အေ့ကားဆီသို့ ဦးတည်သွားနေတာပါ။ ကားဆီအရောက်မှာတော့ ထီးအမိုးအောက်ကလက်ထိပ် နဲ့လူတချို့ဟာ ကားပေါ်တက်သွားပြီးနောက် ထီးကိုင်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီး ၁၀ ယောက်လောက်ဟာ သူတို့ရဲ့ ထီးတွေကို ပိတ်လိုက်ကြပါတယ်။ တရားရုံးဝင်းအပြင်ဘက် မောင်းထွက်သွားတဲ့ကားကို ကြည့်ရင်း ထီးမိုးပေးကြတဲ့သူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပြုံးပြနှုတ်ဆက်စကားဆိုကာ […]
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှပုံရိပ်လွှာဖြစ်ပါသည် ကျော်ဇေယျာထွန်း ရေးသည်။ မြို့နယ်တိုင်းလိုလိုတွင် နာရေးကူညီမှုအသင်းများ ရှိတတ်ကြသည်။ တချို့သောရပ်ကွက်၊ ကျေးရွာများ၌ပင် နာရေးကူညီမှု အသင်းများကို တွေ့ရတတ်သည်။ ထိုနာရေးကူညီမှုအသင်းများ အလုပ်လုပ်ကြသည်၊ မလုပ်ကြသည်ကို မမြင်ဖူးသော်လည်း ရခိုင်ပြည်နယ်၊ ဂွမြို့ရှိ ထာဝရမေတ္တာနာရေးကူညီမှုအသင်း၏ အကူအညီပေးရေးလုပ်ငန်းများကိုတော့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် နေ့တိုင်းလိုလိုပင် တွေ့နေရသည်။ နာရေးကူညီမှုအသင်းတစ်ခုအနေဖြင့် ဆေးရုံတွင် သေဆုံးသည့်အလောင်းကို နေအိမ်သို့ပို့ပေးမည်၊ ပြီးလျှင် အလောင်းကို နေအိမ်မှသုသာန်သို့ပို့ဆောင်ကာ သင်္ဂြိုဟ်ပေးမည်။ ယင်းမှာ နာရေးအသင်းတစ်သင်းအတွက် လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာဖြစ်သည်။ သို့သော် ထာဝရမေတ္တာအသင်းသည် ပုပ်ပွနေသည့် အလောင်းများ၊ ကိုယ်ခန္ဓာမပြည့်စုံတော့သည့် အလောင်းများ၊ ကြိုးဆွဲချကာ သေဆုံးနေသည့် အလောင်းများ၊ မှုခင်းဖြစ်၍ သေဆုံးကြသူများ၊ ဆိုင်ကယ်နှင့်မော်တော်ယာဉ် မတော်တဆဖြစ်၍ သေဆုံးကြသည့်အလောင်းများကိုပါ ထုပ်ပိုးသယ်ဆောင်ကာ လိုရာခရီးဆုံးအထိ ပို့ဆောင်ကူညီပေးကြလေသည်။ ဤနေရာတွင် […]
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ဗညားကျော် ရေးသည်။ ရန်ကုန် (စက်တင်ဘာ၊ ၂၀၁၉) ညနေ ၅ နာရီဝန်းကျင်လောက်မှာ ကိုသူရအောင်ဟာ သူ့ဦးလေးနဲ့အတူ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတချို့တင်ထားတဲ့ကားနဲ့ မူဆယ်ကနေ မန္တလေးကို ဆင်းလာခဲ့ပါတယ်။ တစ်နာရီဝန်းကျင်လောက် ကားမောင်းပြီး နမ့်ဖက်ကာမြို့နဲ့ ကွတ်ခိုင်မြို့ကြားအရောက်မှာ ၁၂ ဘီးတပ်ကုန်တင်ကားကြီးနှစ်စီး လမ်းမကြီးကို ကန့်လန့်ဖြတ်ပိတ်ထားတာကို လှမ်းမြင်လိုက်ရပါတယ်။ အဲဒီကားနှစ်စီးအနားမှာ အစိမ်းရောင်ယူနီဖောင်းအပြည့်နဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၁၅ ယောက်လောက်ကို တွေ့လိုက်ရပါတယ်။ အဲဒီထဲကတစ်ယောက်က သူ HIJET ကားလေးကို ရပ်ဖို့တားပါတယ်။ ကားရပ်ပေးလိုက်တော့ ကားသော့၊ ဖုန်းနဲ့ပိုက်ဆံအိတ်တွေကို ထုတ်ခိုင်းပြီး သိမ်းယူလိုက်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဒီလမ်းပေါ်မှာ အခုလိုပဲ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့ ကြုံခဲ့ပြီး ဆက်ကြေးပေးခဲ့ရဖူးတာကြောင့် “တွေ့တွေ့ချင်းတော့ စိတ်ထဲ […]
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၇ မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ကျော်ဇေယျ ရေးသည်။ ဆိုက်ခေါင် (ဇူလိုင်-ဩဂုတ်၊ ၂၀၁၉) အသက် ၇၉ နှစ်အရွယ် ဦးအောင်ကြီးဟာ စည်းရိုးခတ်ထားတဲ့ သူပိုင်ခဲ့ဖူးတဲ့မြေယာတွေကို ကြည့်လိုက်၊ လက်ထဲက မိတ္တူစာရွက်တချို့ကို ကြည့်လိုက်နဲ့ ဝေခွဲမရဖြစ်နေတယ်။ စည်းရိုးခတ်ထားတဲ့ ဆူးကြိုးတွေရဲ့အပေါ်မှာတော့ အနီအောက်ခံပေါ်မှာ အဖြူရောင်စာလုံးနဲ့ “မကျူးကျော်ရ၊ ဥပဒေအရ ထိရောက်စွာအရေးယူမည်” လို့ ရေးထားတဲ့ ဗီနိုင်းတချို့ချိတ်ဆွဲ သတိပေးထားတယ်။ “ခြံစည်းရိုးတောင်ခတ်နေကြပြီဆိုတော့ သူတို့ဒီဥပဒေနဲ့များ ရယူသွားကြပြီလားမသိဘူး”လို့ လက်ထဲက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ မိတ္တူစာရွက်တွေကို မျက်မှောင်ကြုတ်ကြည့်ရင်း ဦးအောင်ကြီးကပြောတယ်။ ဦးအောင်ကြီးနေထိုင်ရာ ဆိုက်ခေါင်ရွာဟာ အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲမှာရှိတာပါ။ ဒီရွာဟာဘဏ်တွေ၊ စတိုးဆိုင်တွေ၊ ဈေးတွေနဲ့ ဖွံ့ဖြိုးတဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ ဆီဆိုင်မြို့နယ်ဟာ ဟိုပုံး၊ […]
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ ပုံရိပ်လွှာဖြစ်ပါသည်။ ထွန်းဝင်းငြိမ်း ရေးသည်။ ငယ်ဘဝ ဦးစန္ဒာသီရိကို ရွှေဝါရောင်သံဃာတော်များနဲ့ နိုင်ငံရေးမိတ်ဆွေတွေကြားမှာ ဦးဇင်းပုရစ်ဆိုပြီး ချစ်စနိုး ခေါ်ကြတဲ့အမည်က လူသိများပါတယ်။ အသားလတ်လတ်၊ အရပ်မနိမ့်မမြင့်၊ မျက်နှာဝိုင်းဝိုင်းနဲ့ အညာသားဦးစန္ဒာသီရိကို ၁၉၆၈ က မြင်းခြံခရိုင် တောင်သာမြို့နယ်ထန်းပင်ကန်ရွာမှာ အဖဦးလူတုတ်၊ အမိထွေးတို့က မွေးဖွားပါတယ်။ ညီအကိုမောင်နှမ ခြောက်ယောက်မှာ တတိယမြောက်သား ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ထန်းပင်ကန်ရွာ ကျောင်းဆရာတော် ဦးကုမာရရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ဗုဒ္ဓစာပေပရိယတ္တိတွေကို သင်ကြားခဲ့ရတယ်။ အသက် ၁၂ နှစ်အရွယ်မှာ ရန်ကုန်မြို့ကို ဘကြီးဘုန်းကြီးဖြစ်သူ ဦးပုံညာနန္ဒ (သင်္ဃန်းကျွန်း၊ ရွှေသိမ်ဓမ္မသိင်္ဂီကျောင်းတိုက်၊ ပဓာနနာယကဆရာတော်)က ခေါ်လာတဲ့အတွက် ကိုရင်ဘဝနဲ့ရောက် ရှိပြီး ပထမငယ်တန်းမှာ စာဝါလိုက်ခဲ့ပါတယ်။ Photo-Tun Win Nyein ၂၀၀၇ […]
မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၈ မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ဟေမာန်ပြည့် ရေးသည်။ နေဝင်သွားသည်နှင့် ပေသုံးထောင်ကျော်အမြင့်ရှိ တောင်တန်းပေါ်က ကျောင်းစာကြည့်တိုက်အတွင်းမှ မီးရောင်မှိန်ပျပျ လင်းလက်လာသည်။ ခဏအတွင်းမှာပဲ ကျောင်းသားများ၏ စာအံသံများ စာကြည့်တိုက်အတွင်းမှ ပျံ့လွင့်လာသည်။ ထိုစာကြည့်တိုက်အခန်းငယ်သည် ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းခရိုင်အတွင်းရှိ ဝေဘူလမြို့၏ တစ်ခုတည်းသော အထက်တန်းကျောင်း စာကြည့်တိုက်ဖြစ်ပြီး ယင်းကျောင်း၏ မလှပသော သမိုင်းကို ရိုက်ချိုးရန် ဆရာများက ကျောင်းသားများအတွက် ညစာကြည့်ဝိုင်း ဖန်တီးပေးထားခြင်းဖြစ်သည်။ ဝေဘူလအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင်သူမရှိသည်မှာ သုံးနှစ်ဆက်တိုက်ရှိပြီဖြစ်သည်။ နှစ်တိုင်းနီးပါး တက္ကသိုလ်ဝင်တန်းအောင်ချက် အနည်းဆုံး ပြည်နယ်ဖြစ်နေသည့် ချင်းပြည်နယ်တွင် ဝေဘူလ အထက ကဲ့သို့ တက္ကသိုလ်ဝင်တန်းအောင်ချက် သုညဖြစ်နေသည့် ကျောင်းအရေအတွက်မှာ ပြီးခဲ့သည့် သုံးနှစ်အတွင်း ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ကျောင်းပေါင်း ၂၀ […]
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Profile ဖြစ်ပါသည်။ ဗညားကျော် ရေးသည်။ ကြည့်မြင်တိုင် ဗားကရာစက်လှေဆိပ်ကနေ ရန်ကုန်မြစ်ကိုဖြတ်ပြီး တစ်ဖက်ကမ်းကို ကူးလိုက်တာနဲ့ အလတ်ချောင်းလှေဆိပ်ကို ရောက်ပါတယ်။ လှေဆိပ်မှာတော့ သမ္ဗန်စီးသူတွေ ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ ရှုပ်ရှုပ်ထွေးထွေးပါပဲ ။ အဲဒီစက်လှေဆိပ်ရဲ့ ဘယ်ဘက်မှာတော့ သမ္ဗန်တွေကို စီကာစဉ်ကာ ဆိုက်ကပ်ထားတဲ့ မြင်ကွင်းက ရေပေါ်မှာ ဘဲအုပ် တန်းစီနေသလိုပါပဲ။ ရေကျရက်ဖြစ်လို့ အလတ်ချောင်း ကမ်းစပ် နဖူးစီးမှာ ရွှံ့နွံတွေ၊ အမှိုက်တွေကို အဖွေးသား တွေ့ပါတယ်။ ခြေမျက်စိလောက်ထိအနက်ရှိတဲ့ ရွှံ့ နွံတွေပေါ်မှာ လုံချည် တိုတိုဝတ်ထားတဲ့ အသားအရေ ခပ်လတ်လတ်နဲ့ အမျိုးသမီးကြီး တစ်ဦးဟာ ခြေဗလာနဲ့ သွားလာရင်း ရပ်ထားတဲ့ သမ္ဗန်တွေကို ညီညီညာညာဖြစ်ဖို့ တွန်းထိုးညှိယူနေသလို သမ္ဗန်ချင်း ကပ်လျက် […]
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Feature ဖြစ်ပါသည်။ ဟေမာန်ပြည့် ရေးသည်။ ဆေးဖက်ဝင်/စက်မှုဂုန်လျှော် အလယ်ပိုင်းဒေသအတွက် တော်လှန်ရေးသီးနှံဖြစ်လာမလား ငါန်းဇွန် (ဇွန်၂ဝ၁၉) မြန်မာနိုင်ငံတွင် ယခင်ကမစိုက်ခဲ့ဖူးသော အပင်တစ်မျိုးကို အလယ်ပိုင်းမိုးခေါင်ရေရှား၊ အပူပိုင်းဒေသတွင် လွန်ခဲ့သည့် ကိုးလတုန်းက ပြည်ပကုမ္ပဏီတစ်ခုက စမ်းသပ်စိုက်ပျိုးခဲ့သည်။ ထိုစိုက်ခင်းမှာ ရုတ်တရက်ကြည့်လိုက်လျှင် ချဉ်ပေါင်လက်ကြားစိုက်ခင်းနှင့်ပင် တူလှသည်။ အချို့စိုက်ခင်းများတွင်အပင်များမှာ လူ့ခါးစောင်းလောက် အမြင့်ရှိကြပြီး အချို့အပင်များကတော့ လူတစ်ရပ်မရှိတရှိ မြင့်ကြသည်။ လက်ညှိုးတစ်လုံးစာ လုံးပတ်ရှိသည့်ထိုအပင်များ၏ အရွက်များမှာ ချဉ်ပေါင်လက်ကြားများလို အရင်းတုတ်ကာ အဖျားချွန်သွားကြသည်။ ထိုအပင်မှာ အင်္ဂလိပ်လို Hemp ဟုခေါ်ပြီး မြန်မာလို ဆေးဖက်ဝင်/ စက်မှုလုပ်ငန်းသုံး ဂုန်လျှော်ပင်ဟု သုတေသနလုပ်ရန် စိုက်ပျိုးထားသည့် အမေရိကန်အခြေစိုက် အာဟာရ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် III M (သရီးအမ်) ကုမ္ပဏီကဆိုသည်။ […]
၂ဝ၁၉၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှဖြစ်ပါသည်။ သက်ဦးမွန်ရေးသည်။ ကျောက်တန်း (ဇွန် ၂၀၁၉) ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (Arakan Army – AA) တို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လကုန်ပိုင်းလောက်ကစပြီး တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတာဟာ ယခုဆိုရင် ခြောက်လကျော်ကာလထဲကို ရောက်ရှိ လာပါပြီ။ တိုက်ပွဲတွေဟာ ကျေးရွာတွေအနီးမှာ ဖြစ်ပွားတာတွေရှိသလို မြို့ပေါ်မှာလည်းဖြစ်ပွားခဲ့ကြပါတယ်။ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူအရေအတွက်ဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းမျိုးနွယ်များအစည်းအရုံး (REC – Rakhine Ethnics Congress) က မှတ်တမ်းတင် ထားတဲ့ အချက်အလက်များအရဆိုရင် ယနေ့အချိန်ထိ ရခိုင်ပြည်နယ်မှာ စစ်ဒဏ်ကြောင့် သေဆုံးသူ အရပ်သား ၅၀ ကျော် ရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."