သတင်းများ

KNPP စစ်ပညာသင်တန်း ၊ သင်တန်းဆင်းပွဲကျင်းပ

June 26, 2021

ဓါတ်ပုံ- KnIC တလဲဒူဆို- ၂၀၂၁ ဇွန် ၂၅ (မော်ကွန်း) ကရင်နီပြည်နယ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNPP တပ်မတော်ထိန်းချုပ်နယ်မြေ တလဲဒူဆို ( TALEH DU HSO) ဒေသမှာ ဒီကနေ့နံနက်ပိုင်းတုန်းက စစ်ပညာသင်တန်း (အပတ်စဉ်-၇၀) ဆင်းပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီသင်တန်းဆင်းပွဲက မှတ်တမ်းဓါတ်ပုံတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

လွှတ်မည်ဟု သတင်းထွက်ပေါ်မှုကြောင့် မိသားစုဝင်များ စောင့်ဆိုင်းနေသော်လည် နေ့လည်ခင်းအထိ နိုင်ငံရေးသမားများ မလွတ်ကြသေး

June 26, 2021

ဓါတ်ပုံ- မော်ကွန်း ရန်ကုန်- ၂၀၂၁ ဇွန် ၂၆ (မော်ကွန်း) စစ်ကောင်စီက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဟု လူမှုကွန်ယက်တွင် ယမန်နေ့ညပိုင်းက သတင်းများ ပျံ့နှံ့လာပြီးနောက် ယနေ့တွင် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်ရှေ့တွင် မိသားစုဝင်အများအပြား လာရောက် စောင့်ဆိုင်းနေကြသည်။ မနက် ၇ နာရီ ဝန်းကျင်ကတည်းက ရာနှင့်ချီသော မိသားစုဝင်များသည့် ထောင်ရှေ့ပတ်ဝန်းကျင်နှင့် အနီးရှိ စားသောက်ဆိုင်များတွင် လွတ်မြောက်လာနိုင်သည့် မိသားစုဝင်များကို စောင့်ဆိုင်းနေကြသော်လည်း နေ့လည် ၁၂ နာရီ ၄၀ မိနစ်အထိ တစုံတရာ ထူးခြားမှု မရှိသေးပေ။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဇွန် ၂၅ အထိ တစ်နိုင်ငံလုံးတွင် နိုင်ငံရေးလှုပ်ရှားသူ ၅,၀၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားသည်။ ထိုအထဲက […]

အပြည့်အစုံဖတ်ရန်

စစ်အုပ်စုနေရာအနှံ့ရှိနေသော်လည်း မန္တလေးသပိတ်များ လမ်းမပေါ်တက်

June 25, 2021

ဓါတ်ပုံ-Simulation & CJ မန္တလေး – ၂၀၂၁ ဇွန် ၂၅ (မော်ကွန်း) မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ PDF အဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှု့တွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်တပ်က နေရာအနှံ့လှည့်လည်နေကြပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့စဥ်လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။ ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ် ပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းဟာ စစ်ကောင်စီတပ်တွေက လက်နက်တွေနဲ့ လှည့်လည်နေတဲ့ကြားကနေ မြို့တွင်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ကျောင်းသားလူငယ်တွေရဲ့ မန္တလာတက္ကသိုလ်ကျောင်းသား/သူများသပိတ်စစ်ကြောင်းကလည်း မန္တလေးမြို့တွင်းမှာပဲ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လှည့်လည် ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။ မန္တလေးမြို့သစ်ပိုင်းဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ်၊ ၁၁၄ လမ်း ၊ ၅၉A လမ်းမှာ ဒီကနေ့ ဇွန်လ၂၅ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီကို ကူညီပေးနေတဲ့ အမျိုးသားတစ်ဦး ပစ်ခတ်ခံခဲ့ရတဲ့အတွက် […]

အပြည့်အစုံဖတ်ရန်

“သွေးမအေးတဲ့မုံရွာ” စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်း စစ်အုပ်စုစောင့်ကြည့်နေတဲ့ကြားက ဆန္ဒပြခဲ့

June 24, 2021

ဓါတ်ပုံ-Khaung Su Thar မုံရွာ – ၂၀၂၁ ဇွန် ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်းက ပြည်ထောင်စုလမ်းမကြီးပေါ်ထိတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “ငါတို့၏ဦးခေါင်းတို့သည် သွေးဖြင့်ချင်းချင်းနီလင့်ကစား ဘယ်သောအခါမှ ဦးမညွှတ်” “သွေးမအေးတဲ့မုံရွာ” “၅/တို့တော်လှန်သွေး ရဲရဲတောက်နီနေပြီ”စတဲ့ စာသားပါ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး မုံရွာမြို့ရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့ ပြည်ထောင်စုလမ်းပေါ် ရေစင်ကြီးမီးပွိုင့်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒပြနေတဲ့သတင်းရလို့ စစ်ကောင်စီတပ်တွေ ရောက်ရှိလာချိန် ဆန္ဒပြလူထုကတော့ ရပ်ကွက်တွေထဲအထိဆင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။ မုံရွာမြို့မှာ စစ်ကောင်စီတပ်တွေက ပစ်ခတ် ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမယ့် ပြည်သူလူထုကတော့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း နေ့စဥ် ဆန္ဒထုတ်ဖော်နေကြပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

လားရှိုးတွင် ကိုဗစ်အတည်ပြုလူနာ နှစ်ရာကျော်ရှိလာ၊ လေးဦးသေဆုံးထား

June 23, 2021

လားရှိုး – ၂၀၂၁ ဇွန် ၂၃ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် COVID – 19 အတည်ပြုလူနာ မြင့်တက်လျက်ရှိရာ ၂၀၉ ဦးထိရှိလာပြီဖြစ်ကြောင်း COVID – 19 ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ပရဟိတအသင်းတစ်ခုထံမှ သတင်းရရှိသည်။ ဇွန် ၈ ရက်နေ့က အတည်ပြုလူနာတစ်ဦး စတင်တွေ့ရှိခဲ့ပြီး ယနေ့ ဇွန် ၂၃ ရက်နေ့ထိ စုစုပေါင်း အတည်ပြုလူနာ ၂၀၉ ဦးထိရှိလာခဲ့သည်။ အတည်ပြုလူနာအားလုံးကို လားရှိးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ထားပြီး လေးဦးသေဆုံးထားကြောင်း အဆိုပါ ပရဟိတအသင်းသားတစ်ဦးက မော်ကွန်းကို ပြောသည်။ လားရှိုးမြို့မဈေးအား Lock Down ရက်သတ္တပတ် နှစ်ပတ် ချထားပြီး ဘူတာဈေးနှင့် အောင်မင်္ဂလာဈေးတို့မှ အတည်ပြုလူနာတွေ့ရှိထားသည့်နေရာများကိုလည်း Lok Down ချထားကြောင်း သူကပြောသည်။ မနေ့က […]

အပြည့်အစုံဖတ်ရန်

မန္တလေးတွင် PDF နှင့် စစ်အုပ်စု အပြန်အလှန်ပစ်ခတ်

June 22, 2021

ပုံစာ – အပြန်အလှန်ပစ်ခတ်ခဲ့သည့် တိုက်တစ်တိုက်ဝန်းကျင် စစ်အုပ်စုလက်အောက်ခံတပ်များ စောင့်ဆိုင်းနေစဥ်။ မန္တလေး – ၂၀၂၁ ဇွန် ၂၂ (မော်ကွန်း) မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၄လမ်းနဲ့ ၁၁၁F လမ်းအနီးမှာ ဒီကနေ့ ဇွန်လ ၂၂ရက် မနက် ၇ နာရီဝန်းကျင်ကနေစပြီး နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေ​ပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာကို Mdy PDF အဖွဲ့ ရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲစတင်မယ်လို့ MDY PDF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မန္တလေးမြို့သစ်၊ မနော်ဟရီလမ်းတောင်ဘက်၊ ၅၄လမ်း ၁၁၁F လမ်းအနီးက တိုက်တစ်တိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားသုံးပြီး လာရောက်​ပိတ်ဆို့ခဲ့ရာမှာ တိုက်ထဲကနေ ပြန်ပစ်ခဲ့တာလို့ အခင်းဖြစ်ပွားရာ ရောက်ရှိနေသူတွေက ပြောပါတယ်။ “အထဲက ဘယ်နှစ်ယောက်မှန်းတော့မသိဘူး။ ပြန်ပစ်တယ်။ စစ်တပ်ကောရဲကော အဲဒီတိုက်ပတ်ပတ်လည် ပိတ်ဆို့ထားတယ်။ […]

အပြည့်အစုံဖတ်ရန်

ရှို့မီးကြောင့် အလုံရှိ အီဒ်ဂါဗလီမီးလောင်

June 21, 2021

ဓါတ်ပုံ- မော်ကွန်း ရန်ကုန်- ၂၀၂၁ ဇွန် ၂၁ (မော်ကွန်း) ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမဘေး၊ သစ်တောကားမှတ်တိုင် အနီးရှိ အီဒ်ဂါ ဗလီဝတ်ကျောင်းတော်ဟာ ဒီနေ့မနက် ၂ နာရီမှာ အမည်မသိသူ တစ်ချို့ရဲ့ မီးရှို့မှုကြောင့် လောင်ကျွမ်းပျက်စီးသွားတယ်လို့ အနီးမှာ နေထိုင်သူတွေက ပြောပါတယ်။ ဗလီမီးလောင်ပျက်စီးပြီးနောက် စစ်ကောင်စီရဲ့ အာဏာပိုင်တွေက အဲဒီကျောင်းက ဘုရားဝတ်ပြုချိန်တွေကို နှိုးဆော်သည့် နိဗ္ဗာန်ဆော် (မော်ဇင်) တစ်ဦးကို ခေါိယူသွားတယ်လို့ အနီးမှာနေထိုင်သူတွေက နေ့လည်ပိုင်းမှာတွေ့တော့ ပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

မုံရွာဆိုင်ကယ်သပိတ် စစ်အာဏာရှင်ကို မြို့လယ်ခေါင်မှာ ဆန့်ကျင်ဆန္ဒပြ

June 21, 2021

ဓါတ်ပုံ-Khaung Hsu Thar မုံရွာ – ၂၀၂၁ ဇွန် ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီကနေ့ ဇွန်လ ၂၁ရက်နံနက်ပိုင်းက မုံရွာမြို့ရဲ့ ပင်မသပိတ်စစ်ကြောင်းဟာ မြို့လယ်မီးပွိုင့်အထိတက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ မုံရွာပင်မဆိုင်ကယ်သပိတ်စစ်ကြောင်းဟာ မြို့လယ်မီးပွိုင့်မှာ ရပ်တန့်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ပါတယ်။ “မုံရွာဟာသွေးမအေးဘူး အချိန်အခါတခုအတွက် စောင့်ပြီး ပြင်ဆင်နေတာဖြစ်တယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြားကနေ ရုန်းထွက်ပြီး နေ့စဉ်ရက်ဆက်မပြတ် အာဏာရှင်ကိုဆန့်ကျင် တော်လှန်နေကြတာဖြစ်ပြီး အခါအခွင့်သင့်ရင် သင့်သလို မုံရွာမြို့ရဲ့ လမ်းမကြီးတွေထက်ကို ချီတက်ပြီး သပိတ်မှောက်ဆန့်ကျင်နေတာဖြစ်တယ်” လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို မုံရွာက စစ်အာဏာရှင်ဆန့်ကျင်ရေးလူငယ်တွေ မကြာခဏခံခဲ့ရပြီး ကိုဝေမိုးနိုင်အပါအဝင် တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

မူဆယ်မှာ တရုတ်နိုင်ငံသားတွေ ကာစီနိုတွေပိတ်ပြီး နေရပ်ပြန်

June 21, 2021

မူဆယ် – ၂၀၂၁ ဇွန် ၂၁ (မော်ကွန်း) မူဆယ်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသားတွေဟာ ကာစီနိုရုံတွေကို ပိတ်ပြီး သူတို့နိုင်ငံကို ပြန်နေကြပြီဖြစ်ကြောင်း မူဆယ်မြို့က ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ မူဆယ်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသားတွေကို သူတို့အစိုးရက ဇွန်လ ၂၁ရက်နေ့မှာ အကုန်ပြန်ခေါ်ထားတာကြောင့် မြန်မာ -တရုတ်အဝင်ဂိတ်ကနေ ပြန်ဝင်သူတွေများပြားနေတယ်လို့ မူဆယ်မြို့ ဒေသခံတစ်ဦးကပြောပါတယ်။ “မူဆယ်မှာ ကာစီနိုရုံတွေကောအကုန်ပြန်ပိတ်ပြီ၊ တရုတ်လူမျိုးတွေအကုန်ပြန်ခေါ်တယ်။ အဝင်အထွက်ဂိတ်မှာကားတွေအကုန် ပြည့်ကြပ်နေတာပဲ ၊ ပစ္စည်းတွေလည်း အကောင်းတွေကို တရုတ်တွေက အကုန်လမ်းမှာ စုပုံသွားတယ်” လို့ အဲဒီဒေသခံက ဆိုပါတယ်။ တရုတ်နိုင်ငံဘက်မှာတော့ သူတို့အစိုးရဟာ မြန်မာပြည်ဘက်ကို ရောက်နေတဲ့သူတွေရှိရင် ပြန်ခေါ်ဖို့ တစ်အိမ်တက်ဆင်း လိုက်လံပြောကြားနေကြောင်းနဲ့ ပြန်ခေါ်ရတဲ့အကြောင်းအရင်းကို မသိရဘူးလို့ ပြန်ဝင်မယ့် တရုတ်လူမျိုးတစ်ဦးကပြောပါတယ်။ တရုတ် – မြန်မာ အဝင်အထွက်ဂိတ် […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့က ရပ်ကွက်တစ်ခုမှာ ကိုဗစ်အတည်ပြုလူနာများတာကြောင့် ရပ်ကွက်ကို Semi Lock Down ချ

June 21, 2021

ဓါတ်ပုံ – မော်ကွန်းမဂ္ဂဇင်း ပုံစာ – မိုးကုတ်မြို့အဝင်မုခ်ဦး မိုးကုတ် – ၂၀၂၁ ဇွန် ၂၁ (မော်ကွန်း) မန္တလေးတိုင်းမိုးကုတ်မြို့အရှေ့ပိုင်း က အောင်သာယာရပ်ကွက်မှာ COVID – 19 အတည်ပြုလူနာ ၃၀ ကျော် တွေ့ရှိခဲ့တာကြောင့် ဇွန်လ ၂၁ရက် ဒီကနေ့မှာ အဲဒီရပ်ကွက်ကို Semi Lock Down ချထားတယ်လို့ COVID ရောဂါ တားဆီးကာကွယ်ရေးလုပ်နေတဲ့ လူမှုကူညီရေးအသင်း တစ်ခုကနေ သတင်းရရှိပါတယ်။ မိုးကုတ်မြို့မှာ ဇွန်လ ၉ရက်နေ့ကစပြီး ဇွန်လ ၂၁ရက်နေ့ထိ COVID – 19 အတည်ပြုလူနာ ၅၄ဦး ထိရှိလာပြီဖြစ်တယ်လို့ အဲဒီအသင်းမှာ ပါဝင်ဆောင်ရွက်နေသူက ဆိုပါတယ်။ ဇွန်လ ၉ရက်နေ့က ပိုးစတွေ့သူနဲ့ ထိစပ်တဲ့သူ တွေကိုစစ်ဆေးခဲ့ရာ […]

အပြည့်အစုံဖတ်ရန်

စစ်တပ်အခြေစိုက်ထားတဲ့ လမ်းမပေါ် တက်ကာ မန္တလေးက သံဃာတွေနဲ့ပြည်သူတွေ ဆန္ဒပြ

June 19, 2021

ဓါတ်ပုံ- Simulation ၊ CJ မန္တလေး – ၂၀၂၁ ဇွန် ၁၉ (မော်ကွန်း) မန္တလေးမြို့က သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းဟာ ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ လူသိများပြီး စစ်အုပ်စုတပ်တွေအထပ်ထပ်ချထားတဲ့ စစ်တပ်ဘေးက ၃၈လမ်းမကြီးပေါ်တက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလေး ရတနာပုံတက္ကသိုလ် သပိတ်စစ်ကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်အဖြူတွေ ဝတ်ဆင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလေးမြို့က ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကတော့ “ကြောက်ခေတ်ကို မှောက်ပစ်” လို့ကြွေးကြော်ပြီး ချီတက်ဆန္ဓထုတ်ဖော်ခဲ့ကြပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့အတူ ငါတို့အားလုံးရဲ့နိုင်ငံတော်”လို့ရေးသားထားတဲ့ ပိတ်စကိုကိုင်ဆောင်ကာ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဒီနေ့ကစလို့ ကြောက်ခေတ်ကို လွန်မြောက်စေရမယ်လို့လည်း ကျန်းမာရေးမိသားစု-မန္တလေး က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မန္တလာတက္ကသိုလ် သပိတ်စစ်ကြောင်းကလည်း မြို့တွင်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

လားရှိုးတွင် ၁၁ ရက်အတွင်း ကိုဗစ်လူနာ ၁၂၀ ကျော်ရှိလာ

June 19, 2021

လားရှိုး – ၂၀၂၁ ဇွန် ၁၉ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာ ဇွန်လ ၈ရက်နေ့ကစပြီး ဇွန်လ ၁၉ရက်နေ့အထိ ၁၁ ရက်အတွင်း ပိုးတွေ့လူနာ ၁၂၂ ဦးထိရှိလာတယ်လို့ လားရှိုးမြို့ COVID – 19 ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့တစ်ခုရဲ့ သတင်းရင်းမြစ်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ မနေ့က ပိုးတွေ့အတည်ပြုလူနာ ၁၀၃ ဦးထိတွေ့ခဲဲ့ပြီးနောက် လားရှိုးမြို့မစျေးက ကုန်စိမ်းတန်းကို ဇွန်လ ၁၈ရက်ကစပြီး ဇူလိုင်လ ၂ရက်နေ့ထိ Lock Down ချထားတယ်လို့ ဆိုပါတယ်။ “လားရှိုးမြို့က မြို့မစျေး၊ကုန်စျေးတန်းကစျေးသည်တစ်ဦးဆီကနေ ကိုဗစ်ပိုးတွေ့ခဲ့​ပြီးတော့ ၊ ဇွန်လ ၁၈ရက်နေ့မှာလည်း ရပ်ကွက်(၅)က အောင်မင်္ဂလာစျေးကစျေးသည်တစ်ဦးဆီမှာ ကိုဗစ် ပိုးတွေ့ခဲ့တယ်”လို့ သူက ဆိုပါတယ်။ ဒီကနေ့မှာတော့ ထပ်မံ ပိုးတွေ့ရှိသူ ၁၉ ယောက်ရှိလာခဲ့ပြီး […]

အပြည့်အစုံဖတ်ရန်
1 … 235 236 237 238 239 240 241 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."