မိုးကုတ်မြို့က ရပ်ကွက်တစ်ခုမှာ ကိုဗစ်အတည်ပြုလူနာများတာကြောင့် ရပ်ကွက်ကို Semi Lock Down ချ

မိုးကုတ်မြို့က ရပ်ကွက်တစ်ခုမှာ ကိုဗစ်အတည်ပြုလူနာများတာကြောင့် ရပ်ကွက်ကို Semi Lock Down ချ

ဓါတ်ပုံ – မော်ကွန်းမဂ္ဂဇင်း
ပုံစာ – မိုးကုတ်မြို့အဝင်မုခ်ဦး

မိုးကုတ် – ၂၀၂၁ ဇွန် ၂၁ (မော်ကွန်း)

မန္တလေးတိုင်းမိုးကုတ်မြို့အရှေ့ပိုင်း က အောင်သာယာရပ်ကွက်မှာ COVID – 19 အတည်ပြုလူနာ ၃၀ ကျော် တွေ့ရှိခဲ့တာကြောင့် ဇွန်လ ၂၁ရက် ဒီကနေ့မှာ အဲဒီရပ်ကွက်ကို Semi Lock Down ချထားတယ်လို့ COVID ရောဂါ တားဆီးကာကွယ်ရေးလုပ်နေတဲ့ လူမှုကူညီရေးအသင်း တစ်ခုကနေ သတင်းရရှိပါတယ်။

မိုးကုတ်မြို့မှာ ဇွန်လ ၉ရက်နေ့ကစပြီး ဇွန်လ ၂၁ရက်နေ့ထိ COVID – 19 အတည်ပြုလူနာ ၅၄ဦး ထိရှိလာပြီဖြစ်တယ်လို့ အဲဒီအသင်းမှာ ပါဝင်ဆောင်ရွက်နေသူက ဆိုပါတယ်။

ဇွန်လ ၉ရက်နေ့က ပိုးစတွေ့သူနဲ့ ထိစပ်တဲ့သူ တွေကိုစစ်ဆေးခဲ့ရာ မှာ ထပ်တိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ဆ်ိုပါတယ်။
” ၉ရက်နေ့က စတွေ့တဲ့လူနာရဲ့ ထိစပ်တွေကို RTDနဲ့ စစ်ဆေးရာမှာ ၅၄ ယောက် ကိုဗစ် ၁၉ရောဂါပိုးတွေ့ရတယ်။ ပြည်သူ့ဆေးရုံကြီးမှာ second wave ကတည်းက ပြင်ဆင်ထားတဲ့နေရာတွေရှိတယ်။ ပိုးတွေ့လူနာတွေကို ပို့ဆောင်ထားတယ်လို့ ” သူက ဆိုပါတယ်။

အရင် ကိုဗစ် ပထမ၊ ဒုတိယလှိုင်းတွေထက် လက်ရှိမှာ ဆရာဝန် ၊ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့လုပ်အားရှင်တွေ အင်အားနည်းနေပြီး ဆေးရုံကတော့ တာဝန်ယူဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း က စံတော်ဝင်ကွာရတင်းစင်တာကို ပြန်လည်ဖွင့်လှစ်ထားပြီး မြို့အဝင်အထွက်ဂိတ် က ပန်းမထိပ်ဂိတ်ကိုတော့ ဇွန်လ ၂၂ရက်နေ့ကစပြီးပြန်လည်ဖွင့်လှစ်မယ်လို့ သူကဆိုပါတယ်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."