ဓါတ်ပုံ- မော်ကွန်း
ရန်ကုန်- ၂၀၂၁ ဇွန် ၂၁ (မော်ကွန်း)
ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမဘေး၊ သစ်တောကားမှတ်တိုင် အနီးရှိ အီဒ်ဂါ ဗလီဝတ်ကျောင်းတော်ဟာ ဒီနေ့မနက် ၂ နာရီမှာ အမည်မသိသူ တစ်ချို့ရဲ့ မီးရှို့မှုကြောင့် လောင်ကျွမ်းပျက်စီးသွားတယ်လို့ အနီးမှာ နေထိုင်သူတွေက ပြောပါတယ်။
ဗလီမီးလောင်ပျက်စီးပြီးနောက် စစ်ကောင်စီရဲ့ အာဏာပိုင်တွေက အဲဒီကျောင်းက ဘုရားဝတ်ပြုချိန်တွေကို နှိုးဆော်သည့် နိဗ္ဗာန်ဆော် (မော်ဇင်) တစ်ဦးကို ခေါိယူသွားတယ်လို့ အနီးမှာနေထိုင်သူတွေက နေ့လည်ပိုင်းမှာတွေ့တော့ ပြောပါတယ်။
#Dailynews

