သတင်းများ

ဆားလင်းကြီးမှာ လူငယ်တစ်ဦးကို အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ပြီး အိမ်သာထဲထည့်ခဲ့

April 1, 2023

ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၁ ‌(မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ မနေ့က ဗိုက်သရက်ရွာမှာ တပ်စွဲခဲ့ပြီး ဒီကနေ့မှာတော့ ‌နေအိမ်တစ်လုံးကိုမီးရှို့ပြီး လူငယ်တစ်ဦးကို သတ်ဖြတ်ကာ အိမ်သာထဲကို ထည့်ခဲ့ကြောင်း ဒေသခံက မော်ကွန်းကိုပြောပါတယ်။ “အဲဒီမီးရှို့တဲ့ အိမ်ရဲ့အိမ်သာထဲကိုထည့်ခဲ့တာ၊ ထည့်ပြီးတော့မှ အဲဒီအိမ်ကိုမီးရှို့တာ၊ အိမ်သာနဲ့ အိမ်နဲ့ကနီးတော့ မီးက အိမ််သာကိုလောင်တဲ့အခါကျတော့ အိမ်သာတံခါးပွင့်ပြီးပြုတ်ကျတာ၊ လည်ပင်းတွေ ဓါးနဲ့ မွှန်းထားတယ်” လို့ ဒေသခံကပြောပါတယ်။ အသတ်ခံရသူဟာ အသက် ၂၀ ကျော် အမျိုးသားဖြစ်ပြီး မနေ့က မြင်းခြံဘွားရွာကနေ အာဏာသိမ်းစစ်တပ်ဖမ်းဆီးလာသူတွေထဲက တစ်ဦးဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ မနေ့က ဖမ်းဆီးခံထားရတဲ့ ဗိုက်သရက်ရွာသားနှစ်ဦးကတော့ ပြန်လည်လွတ်မြောက်လာပြီး အာဏာသိမ်းစစ်တပ်ဟာ အနောက်တောင်ဘက် ပုလဲနယ်၊ မုံကြိုင်းရွာ ဘုန်းကြီးကျောင်းမှာ ဒီကနေ့တပ်စွဲထားတယ်လို့ […]

အပြည့်အစုံဖတ်ရန်

ကနီမှာ ကင်းလှည့်လာတဲ့ စကစတွေကို ပကဖတွေစောင့်ကြိုတိုက်ခိုက်

March 31, 2023

ကနီ-၂၀၂၃ မတ် ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကနေ ကြို့ပင်သာရွာဘက်ကို ကင်းစောင့်ဖို့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို မနေ့က ၁၁ နာရီခွဲဝန်းကျင်က ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေ စောင့်ကြိုတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီးတပ်မဟာက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “သတင်းအတိအကျရလို့စောင့်နေတာ၊ အခုက ခွေး နှစ်ကောင်သေတယ်။ နှစ်ကောင်အပြင်းအထန် ဒဏ်ရာရတယ်။ ကင်းစောင့်ဖို့အထွက်ကို ကျွန်တော်တို့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ ကျွန်တော်တို့ဘက်ကတော့အထိအခိုက်မရှိဘူး” လို့ ကျောက်လုံးကြီးတပ်မဟာက တာဝန်ရှိသူကပြောပါတယ်။ တိုက်ပွဲကြာချိန် မိနစ် ၃၀ လောက်မှာ စစ်ကောင်စီဘက်က ကနီမြို့ပေါ်ကနေ အင်အား ၅၀ ဝန်းကျင်နဲ့ တပ်ကူတွေလာတာကြောင့် နောက်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို ကျောက်လုံးကြီးတပ်မဟာ၊ ခရိုင်တပ်ရင်း ၂၊ DPRAအဖွဲ့နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ Photo – KLG ကျောက်လုံးကြီးတပ်မဟာ […]

အပြည့်အစုံဖတ်ရန်

“သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

March 31, 2023

ယင်းမာပင် – ၂၀၂၃ မတ် ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်သပိတ်စစ်ကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်ဟာ ၆၅၆ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ -CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဆားလင်းကြီးမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးပြီး ပြည်သူ‌ခြောက်ဦးကို ဖမ်းဆီးထား

March 31, 2023

ဆားလင်းကြီီး – ၂၀၂၃ မတ် ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကြောင်းထိုးရင်း ပြည်သူခြောက်ဦးကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ဖမ်းဆီးထားကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။ ဆားလင်းကြီးမြို့နယ်၊ ‌ညောင်ပင်တိုရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့နံနက်အစောပိုင်းက အဲဒီရွာကနေထွက်ခွာလာပြီး မြင်းခြံဘွားရွာကို ဝင်ရောက်ခဲ့ကာ ဖောကားတစ်စီးနဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံကပြောပါတယ်။ “ပြည်သူနှစ်ဦးအဖမ်းခံရတယ်၊ စစ်ကြောင်းထိုးလာပြီ ကင်းတွေကအကုန်ထွက်တော့ဆိုတော့ ရွာထဲရောက်နေတဲ့ စစ်ရှောင်တွေရော၊ ရွာသားတွေရော အကုန်ပြေးရတာပဲဲ၊ သူတို့မြင်းခြံဘွားမရောက်ခင်ကတည်းက ကျုပ်တို့က ရွာမှာကပြေးဖို့ပြင်ပြီးသား”လို့ ဒေသခံကပြောပါတယ်။ မြင်းခြံဘွားရွာမှာ အာဏာသိမ်းစစ်တပ်က အချိန်အတော်ကြာရပ်နားခဲ့ပြီး မတောင့်တရွာကို ဆက်လက်ထွက်ခွာသွားကာ ရွာအနောက်က ကင်းတဲတစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံကပြောပါတယ်။ အဲဒီကင်းတဲက ရဲဘော်တွေလွတ်မြောက်သွားခဲ့ပေမယ့် ရွာထဲက အသက် ၆၀ နဲ့ ၄၀ အရွယ်အမျိုးသားနှစ်ဦးနဲ့ အသက် ၄၀ အရွယ် […]

အပြည့်အစုံဖတ်ရန်

ရေစကြို ပ.က.ဖ စခန်းစီးနင်းခံရပြီး ရဲဘော် ငါးဦးကျဆုံး

March 31, 2023

ရေစကြို – ၂၀၂၃ မတ် ၃၁ မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်ပြည်သူ့ကာ​ကွယ်ရေးတပ်ဖွဲ့စခန်းနေရာကို ဒီနေ့မနက် ၄:၀၀ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် ရဲ‌ဘော်ငါးဦးကျဆုံးခဲ့တယ်လို့ ရေစကြိုပ.က.ဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။ “အထိုင်စခန်းမှာစကားပြောနေကြတာ၊ အလစ်ပစ်ခံရတာဆိုတော့လေးယောက်က ပစ်ခံရပြီးကျတယ်၊တစ်ယောက်ကအရှင်ဖမ်းမိတာ၊ အဲ့တစ်ယောက်ကို ပေါက်ပြားတွေနဲ့ခုတ်သတ်ထားတယ်၊ ပစ်ခံထားရတဲ့တစ်ယောက်ဆိုရင်လည်းဦးခေါင်းထဲမှာဘာမှမရှိတော့ဘူး”လို့ ရေစကြိုပ.က.ဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။ ရေစကြိုမြို့ပေါ်ကနေ အင်အား၄၀ ဝန်းကျင်နဲ့အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းကို မနေ့ကညောင့်စောင်နဲ့ သမန္တပို့ရွာကြားမှာ ရေစကြိုပ.က.ဖ က မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သားအများအပြားထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် စခန်းကိုဝင်စီးခဲ့တာလို့ သူကဆိုပါတယ်။ “မနေ့က မိုင်းဆွဲတော့သူတို့ဘက်ကဒဏ်ရာရသူများတယ်၊ သူတို့နောက်ပြန်မဆုတ်ဘူး၊ ဘုန်းကြီးကျောင်းထဲနေပြီး မြို့ပေါ်ကအင်အားထပ်တိုးတာ၊ အင်အား ၇၀လောက်နဲ့ဒီနေ့မနက်စခန်းကို ပစ်ဝင်တာ၊ ပစ်ခတ်မှုဖြစ်တာကနီးနီးလေး ၊ လက်တစ်ပြန်တောင်မဝေးဘူး”လို့ ရေစကြိုပ.က.ဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ စခန်းဝင်စီးခံရချိန်ပစ်ခတ်ခံရမှုကြောင့် ပကဖအဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပြီး သုံးဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သူကဆိုပါတယ်။ ကျဆုံးရဲဘော်ငါးဦးရဲ့အလောင်းတွေကိုပြန်သယ်နိုင်ခဲ့ပြီး […]

အပြည့်အစုံဖတ်ရန်

အရာတော်မှာ ပြည်သူတွေကို လေကြောင်းအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီအကြောင်းဟောပြော

March 31, 2023

အရာတော် – ၂၀၂၃ မတ် ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒီကနေ့ညပိုင်းက ဒေသခံပြည်သူတွေကို လေကြောင်းအန္တရာယ်အသိပညာပေးခြင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီအခြေခံသဘောတရားတွေကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ပြီး ဟောပြောခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းမှာ လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်ခံနေရပြီး အရာတော်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီလက ‌တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့တိုက်ခိုက်တာကြောင့် စာသင်ကျောင်းနဲ့ဆေးရုံတွေ ပျက်စီးခဲ့ရပါသေးတယ်။ ဒီကနေ့ ဟောပြောပွဲကို အရာတော်မြို့နယ်က ပြည်သူ ၁,၀၀၀ လောက်တက်ရောက်ခဲ့တယ်လို့ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီတာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ဒီကနေ့ဟောပြောပွဲကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ကာ နည်းပညာတက္ကသိုလ်(မုံရွာ) ကျောင်းသားများသမဂ္ဂနဲ့အတူ ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။ ဓါတ်ပုံ – အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ ဘန့်ဘွေးရွာမှာအထိုင်ချနေတဲ့ စကစနဲ့ပျူတွေကို ပကဖတွေက လက်နက်ကြီးအလုံး ၄၀၀ ကျော်ပစ်ခတ်တိုက်ခိုက်

March 30, 2023

ယင်းမာပင် – ၂၀၂၃ မတ် ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေကို ဒီနေ့မနက်အစောပိုင်း ၁ နာရီဝန်းကျင်ကဒေသခံကာကွယ်ရေးမဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး လက်နက်ကြီး အလုံး ၄၀၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီးတပ်မဟာကတာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ “သူတို့ဘက်အထိခိုက်ကျဆုံးကတော့ လောလောဆယ်အထိစုံစမ်းနေတုန်းဗျ။ ကျွန်တော်တို့က ၆၀ မမ လက်လုပ်တွေ အလုံး ၄၀၀ ကျော်ပစ်ခဲ့တာဆိုတော့ ဘယ်လိုနေနေ အထိခိုက်ကတော့ရှိမှာပဲ။ ကျွန်တော်တို့ဘက်က အထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ သူတို့ဘက်က ပျူရွာထဲက ကောင်တာပြန်ထောက်(ပြန်ပစ်)တယ်။ ရွှေတောင်ဦးကနေလည်း ၁၂၀တွေနဲ့ လှမ်းပစ်တယ်” လို့ ကျောက်လုံးကြီးတပ်မဟာက တာဝန်ရှိသူကပြောပါတယ်။ အဲဒီဘန့်ဘွေးပျူရွာမှာ စစ်ကောင်စီတပ်တွေဟာ အထိုင်ချတပ်စွဲနေပြီး အင်အားပြန်များလာချိန်ဆို ကျောက်မှော်၊ နဘူးတောအပြင် အနီးကရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်တာကြောင့် အခုလိုသွားရောက်တိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။ ဘန့်ဘွေးပျူရွာကိုပစ်ခတ်ခဲ့တဲ့ […]

အပြည့်အစုံဖတ်ရန်

ထန်တလန်မှာ စကစတပ်လေယာဉ်နဲ့ဗုံးကျဲ၊ ဒေသခံ ၁၀ ဦးထက်မနည်းသေ

March 30, 2023

ရန်ကုန်-၂၀၂၃ မတ် ၃၀ (မော်ကွန်း) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အနီး ခွာဖိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်တွေနဲ့ ဒီကနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က အကြောင်းမဲ့ လာရောက်ပစ်ခတ်တာကြောင့် ဒေသခံ ၁၀ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရထားတယ်လို့ ဒေသခံတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ “ ဂျက်ဖိုက်တာနှစ်စီး Mi 35 တစ်စီး၊ လေယာဉ်နှစ်စီးက နေဗုံးလေးလုံးချတယ်။ Mi 35 က ပစ်ပေးတယ်။ အဲဒီရွာထဲကို ဘာအကြောင်းမှမသိဘဲနဲ့ ဗုံးချသွားတဲ့အတွက် ပြည်သူတွေလည်းနေအိမ်တွေထိသွားတယ်။ လက်ရှိအချိန်အထိ ကျွန်တော်တို့သိရသလောက် ပြည်သူတွေလည်း ၁၀ ယောက်ကျသွားတယ်။ ပြီးတော့ ဒဏ်ရာရတာ ၂၀ ဝန်းကျင်ရှိတယ်” လို့ သူကပြောပါတယ်။ အဲဒီဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆက်ရှာဖွေနေဆဲဖြစ်ပြီး မီးလောင်သွားတဲ့အိမ်စာရင်းအတိအကျလည်းမသိရသေးဘူးလို့ သူကပြောပါတယ်။ ခွာဖိုရွာဟာ တော်လှန်ရေးတပ်တွေရှိတဲ့နေရာမဟုတ်ဘဲ ဒေသခံတွေပဲနေထိုင်တဲ့ရွာဖြစ်တယ်လို့ ဆိုပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ဆွိတီးဟုမ်း ကုန်ကြမ်းစက်ရုံနဲ့ကုန်ချောစက်ရုံတစ်ခြမ်းမီးလောင်ဆုံးရှုံး

March 30, 2023

ရန်ကုန်- ၂၀၂၃၊ မတ် ၃၀ (မော်ကွန်း) လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်းနဲ့ မင်းကြီးမဟာမင်းခေါင်လမ်းထောင့်ရှိ Sweety Home ကုန်ကြမ်းစက်ရုံတစ်ခုနဲ့ကုန်ချောစက်ရုံတစ်ခြမ်း မနေ့ကမီးလောင်ပျက်စီးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မီးစတင်လောင်ကျွမ်းတဲ့ ကုန်ကြမ်းစက်ရုံကနေ အနီးအနား ပေ ၄၀ မှာရှိတဲ့ Sweety Home ရဲ့နောက်ထပ်ကုန်ချောစက်ရုံကို မီးကူးသွားတာလို့သူကပြောပါတယ်။ “ဆုံးရှုံးမှုတန်ဖိုးကတော့တွက်နေတုန်းပါ။ steel structure အဆောက်အဦးနှစ်ခု၊ အလျား ၃၅၇ ပေ အနံပေ ၈၀ ရှိတဲ့အဆောက်အဦးတစ်လုံးရယ် နောက်ထပ် ပေ ၃၅၀၊ ပေ၈၀ နောက်ထပ်အဆောက်အဦးတစ်ခြမ်းမီးလောင်မှုထဲပါသွားတယ်။ ရေမြှုပ်ဖော့ဖြတ်စတွေ၊ စက်တွေ၊ ဓာတုပစ္စည်းတွေမီးလောင်သွားတယ်။” လို့သူကပြောပါတယ်။ Sweety Home စက်ရုံတွေမီးလောင်ကျွမ်းခဲ့မှုဟာ ရေမြှုပ်ဖော့တွေကိုဖွတဲ့စက်ကနေအပူလွန်ကဲပြီးလောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်။ ဒီလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတော့မရှိဘူးလို့သူကအတည်ပြုပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မနေ့ညနေ ၃:၀၀ နာရီကျော်လောက်မှာ Sweety […]

အပြည့်အစုံဖတ်ရန်

ထီးချိုင့်၊ ညောင်ပင်သာရွာကို အာဏာသိမ်းစစ်တပ် မီးရှို့

March 30, 2023

ထီးချိုင့် – ၂၀၂၃ မတ် ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ညောင်ပင်သာရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၉:၀၀ ဝန်းကျင်မှာ စတင်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အင်အား ၇၀ ဝန်းကျင်ပါတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဟာ ကသာမြို့ကနေ သံခွန်မော်တော် နှစ်စီးနဲ့ မြစ်ကြောင်းအတိုင်းဆင်းလာပြီးနောက် ညောင်ပင်သာရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ဒေသခံတစ်ဦးကဆိုပါတယ်။ “ရှို့ခံရတဲ့အိမ်အရေအတွက်များတယ်၊ ရွာလုံးကျွတ်လောက်မယ်ထင်တယ်၊ ခုထိမီးရှို့နေတုံး “လို့ ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ညောင်ပင်သာရွာထဲမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းရှိနေတာကြောင့် နေအိမ်ပျက်စီးမှုအခြေနေကိုမသိရသေးဘူးလို့ ဒေသခံကဆိုပါတယ်။ ထီးချိုင့်မြို့နယ်က ဆပ်ပြေးကျေးရွာလည်း မတ်လ ၂၈ ရက်နဲ့ ၂၉ရက်တွေက အာဏာသိမ်းစစ်တ​ပ်ရဲ့မီးရှို့မှုကြောင့်နေအိမ် ၆၀ ကျော်မီးလောင်ပျက်စီးခဲ့ရပါတယ်။ Data for Myanmar ရဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၂၈ နောက်ဆုံးတွက်ချက်မှုတွေအရ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့အပေါင်းအပါတွေ […]

အပြည့်အစုံဖတ်ရန်

“သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

March 30, 2023

ယင်းမာပင် – ၂၀၂၃ မတ် ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်သပိတ်စစ်ကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်ဟာ ၆၅၅ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ -CJ #Dailynews

အပြည့်အစုံဖတ်ရန်

တာဟန်းပင်မသပိတ်ခံတပ်ဖြိုခွင်းခံရခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ် လူထုတရားဟော‌ပြောပွဲပြုလုပ်

March 30, 2023

ကလေးမြို့ – ၂၀၂၃ မတ် ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့တာဟန်းပင်မသပိတ်ခံတပ်ဖြိုခွင်းခံရခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ လူထုတရားဟောပြောပွဲကို ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကလ.တ.က.သ)နဲ့ ပင်မသပိတ်တို့က ဦးဆောင်ကာ ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ သွေးသစ္စာသီချင်းသီဆိုတာ၊ Kalay Civil Army ကပေးပို့တဲ့ ရုပ်သံမှတ်တမ်းကိုကြည့်ရှုတာ၊ သပိတ်တရားဟောတာ၊ ပင်မသပိတ်မှာပထမဆုံးကျဆုံးခဲ့တဲ့ မအားခူရဲ့အတ္ထုပ္ပတ္တိကိုဖတ်ကြားတာနဲ့ ကမ္ဘာမကြေဘူးသီချင်းသီဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ဒီနေ့ထိ ရပ်နားခြင်းမရှိသေးတဲ့ သပိတ်တစ်ခုဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ အချိန်ကာလတစ်ခုကြာမြင့်လာတဲ့အခါ ပြည်သူလူထုဟာ ခက်ခဲပင်ပန်းလာတာတွေရှိလာပေမယ့် ရင်းထားရတဲ့ အသက်တွေ၊ အိုးအိမ်စည်းစိမ်တွေတွေအတွက် လူထုတစ်ရပ်လုံး တော်လှန်ရေးနဲ့ယှဉ်တဲ့နိုးကြားမှုတွေနဲ့ ပြန်လည်စုစည်းလာဖို့လိုတယ်လို့ ကလေးမြို့ပင်မသပိတ်ခေါင်းဆောင် ကိုဗိုက်ပူက မော်ကွန်းကိုပြောပါတယ်။ ပျက်ရက်မရှိဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်နေတဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ဆို ရက်ပေါင်း ၇၈၂ ရှိလာခဲ့ပါပြီ။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 139 140 141 142 143 144 145 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."