သတင်းများ

မိုခါမုန်တိုင်းကြောင့် မတူပီမှာအပျက်အစီးများ

May 17, 2023

ရန်ကုန်-၂၀၂၃ မေ ၁၇ (မော်ကွန်း) ဆိုင်ကလုန်းမိုခါကြောင့် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်မှာ နေအိမ်အများအပြား ပျက်စီးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-CDF မတူပီ က ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ “ ကျွန်တော်တို့လက်လှမ်းမီသလောက် ပြောရမယ်ဆိုရင် မတူပီမြို့နယ်တစ်ခြမ်းလောက်ပဲ ရနိုင်တာရှိတယ်။ ဝေးတဲ့ နေရာကတော့ ဆိုင်ကယ်လမ်းတွေပျက်လို့၊ ဖုန်းလိုင်းမရတာတွေဖြစ်လို့၊ လောလောဆယ်တော့ မြို့နယ်တစ်ခြမ်းတောင် ကျေးရွာပေါင်း ၃၀ လောက်မှာ ပျက်စီးတဲ့အိမ်က ၅၀ နီးပါးလောက်ရှိတယ်။ လောလောဆယ်က ရွာသုံးဆယ်လေးဆယ်လောက်ပဲ စာရင်းကကောက်လို့ရသေးတယ်” လို့ ဒီနေ့ နေ့လည်ပိုင်းမှာ ပြောပါတယ်။ စစ်ကောင်စီရဲ့ ဖြတ်တောက်မှုကြောင့် နဂိုကတည်းက ဆက်သွယ်ရေးစနစ်ဆိုးရွားတဲ့ ချင်းပြည်နယ်ဟာ အခုတော့ မုန်တိုင်းကြောင့်ပိုမိုဆိုးရွားသွားပြီလို့ သူက ဆိုပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပိတ်ဆို့ မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ယခင်က တစ်ရက်သွားရတဲ့ကျေးရွာတွေကိုရောက်ဖို့ အခုဆိုရင် […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းအပြီး အိမ်ဆောက်ပစ္စည်းတွေ မြောက်ဦးမှာအဆမတန်စျေးတက်နေ

May 17, 2023

ရန်ကုန်- ၂၀၂၃၊ မေ ၁၇ (မော်ကွန်း) အိမ်ဆောက်ပစ္စည်းဈေးတွေ ခုန်တက်နေလို့ မုန်တိုင်းဘေးသင့်သူတွေရဲ့ နေအိမ်တွေပြန်ဆောက်ဖို့ အခက်အခဲတွေ့နေရတယ်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့က ဒေသခံတစ်ချို့က ပြောပါတယ်။ “ ဝါးဈေးတွေတက်သွားတယ်၊ ရှာမရတော့ဘူး။ မရှိမဲ့၊ရှိမဲ့ဟာလေးတွေနဲ့ ဝယ်လို့ရတယ်။ ဒါပေမဲ့ ဈေးတွေတက်နေတော့၊ အခက်အခဲတွေရှိနေတယ်။ ဒီလိုမျိုးစျေးတွေတက်နေတာကို သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုက ထိန်းပေးစေချင်တာ။ ဥပမာ- AA လို အဖွဲ့အစည်းတွေက ထိန်းသိမ်းပေးစေချင်တာ” လို့ မြောက်ဦးဒေသခံတစ်ဦးကပြောပါတယ်။ “မိုခါ”မုန်တိုင်းဘေးကရှောင်ဖို့ မြောက်ဦးမြို့ပေါ်ကို ကျေးရွာတွေက ဒေသခံတွေ၊ စစ်တွေ၊ကျောက်တော်လိုအခြားမြို့နယ်က သူတွေအပါအဝင် လူပေါင်း ၂၀,၀၀၀ ကျော်လောက် ခိုလှုံခဲ့ပြီး အဲဒီအထဲက တစ်ဝက်လောက်က မုန်တိုင်းကြောင့် နေအိမ်တွေပျက်စီးသွားတဲ့အတွက် ဒီနေ့အထိ မပြန်နိုင်ကြသေးဘူးလို့ မြောက်ဦးဒေသခံတစ်ချို့က ရှင်းပြပါတယ်။ တစ်ချို့ အိမ်ပြန်ဆောက်ဖို့ လုပ်ပေမယ့် ရှိတဲ့ငွေရင်းနဲ့ […]

အပြည့်အစုံဖတ်ရန်

မိုခါမုန်တိုင်းကြောင့် မြောက်ဦးကစစ်ဘေးရှောင်စခန်းပျက်စီး

May 16, 2023

ရန်ကုန်- ၂၀၂၃၊ မေ ၁၆ (မော်ကွန်း) မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်ဒုက္ခသည် သုံးထောင်နီးပါးခိုလှုံနေတဲ့ တိမ်ညိုဒုက္ခသည်စခန်းတစ်ခုလုံးဟာ ဆိုက်ကလုန်မိုခါကြောင့် အလုံးစုံပျက်စီးသွားတယ်လို့ စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။ “ အကုန်လုံးပျက်စီးသွားပြီ။ ကျောင်းတွေ၊ ဆေးရုံတွေ၊ နေအိမ်တွေ အကုန်လုံးပဲ။ ဘာမှမကျန်တော့ဘူး”လို့ သူကပြောပါတယ်။ စစ်ဘေးရှောင်ကျေးရွာရှစ်ရွာ စုစည်းခိုလှုံနေတဲ့ အဲဒီဒုက္ခသည်စခန်းကလူတွေကို နီးစပ်ရာနေထိုင်လို့ရမယ့်အဆောက်အအုံတချို့မှာ ရွှေ့ပြောင်း နေရာချထားရတယ်လို့ သူကဆိုပါတယ်။ လတ်တလော သူတို့ဒုက္ခသည်စခန်းကို ကူညီကယ်ဆယ်ထောက်ပံ့ရေးမရောက်သေးသလို ရိက္ခာ၊ ဆေးဝါးနဲ့ ခိုလှုံစရာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စခန်းတာဝန်ခံက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။ စကစကတော့ ရခိုင်ပြည်နယ်တစ်ဝန်းလုံးကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသအဖြစ် မေလ ၁၅ ရက် က ကြေညာခဲ့ပါတယ်။ အသက်အိုးအိမ်နဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အလွန်ကြီးမားတဲ့အတွက် မူလအခြေအနေ ကို ပြန်ရောက်ဖို့ဆောင်ရွက်ရာမှာ အခက်အခဲရှိမယ်လို့ ယူဆတဲ့အခါ ဥပဒေအရ […]

အပြည့်အစုံဖတ်ရန်

ဆိုက်ကလုန်းမိုခါကြောင့် CDF မတူပီစခန်းတစ်ခုလုံးပျက်စီး

May 16, 2023

ရန်ကုန်-၂၀၂၃ မေ ၁၆ (မော်ကွန်း) ဆိုင်ကလုန်းမိုခါကြောင့် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီရဲ့ဌာနချုပ်တစ်ခုလုံး နေစရာမရှိတော့အောင် ပျက်စီးသွားတယ်လို့ CDF-မတူပီရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ “ကျွန်တော်တို့ဌာနချုပ်ပျက်စီးတာ လုံးဝနေမယ့်နေစရာတောင်မရှိတဲ့ အခြေအနေထိဖြစ်လာတော့ မိုးကာတဲတွေဖုံးပြီး ပြန်လုပ်နေရတယ်။ သစ်ပင်တွေအကုန်လဲ၊ အိမ်တစ်အိမ်မှ မကျန်အောင်သစ်ပင်တွေပိထားတော့ ကျွန်တော်တို့ကတော့ ဗုံးခိုကျင်းမှာနေရတယ်။ လူတွေတော့ဘာမှမဖြစ်ဘူးပေါ့ ၊ အန္တရာယ်ကင်းတယ်။ဒါပေမယ့် အဆောက်အဦတွေကတော့ လုံးဝဆုံးရှုံးမှုတွေရှိတာပေါ့။ အသစ်ပြန်ဆောက်မှ အဆင်ပြေမယ့်ဟာတွေဖြစ်နေတယ်” လို့ ပြောပါတယ်။ မုန်တိုင်းဝင်ရောက်စဉ်လေပြင်းကြောင့် သစ်ပင်အများအပြားလဲပြိုပြီး စခန်းအဆောက်အဦတွေပေါ်ကိုပိနေတာကြောင့် လူအားနဲ့ ရှင်းလင်းရေးလုပ်ဖို့တောင်မလွယ်ဘူးလို့ ဆိုပါတယ်။ မုန်တိုင်းအရှိန်ကြောင့် စခန်းပျက်စီးမှုအပြင် မတူပီမြို့နယ်ထဲကကျေးရွာတွေမှာ လူနေအိမ်တွေထိခိုက်ပျက်စီးမှုတွေရှိပေမယ့် လက်ရှိအချိန်ထိတော့ စာရင်းအတိအကျမသိရသေးဘူးလို့ ပြောပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရေးလုပ်နေတဲ့ ချင်းပြည်နယ်မှာ စစ်တပ်က အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် အခုလို သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ရတာ အခက်အခဲတွေဖြစ်တယ်လို့ ကူညီဆောင်ရွက်နေသူတချို့ကပြောထားပါတယ်။ မုန်တိုင်းဝင်ရောက်ဖြတ်ကျော်ခဲ့တဲ့ ချင်းပြည်နယ်ထဲက […]

အပြည့်အစုံဖတ်ရန်

မိုခါမုန်တိုင်းကြောင့် မြောက်ဦးရှေးဟောင်းနယ်မြေ အပျက်စီးကြီးကြီးမားမားမရှိ

May 16, 2023

ရန်ကုန်- ၂၀၂၃၊ မေ ၁၆ (မော်ကွန်း) ဆိုက်ကလုန်းမိုခါကြောင့် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခြမ်းက မြို့ရွာ တွေ ကြေမွပျက်စီးကြပေမယ့် ရှေးဟောင်းမြို့တော်မြောက်ဦးက စေတီပုထိုးတွေကတော့ အထိအခိုက်သိပ်မရှိခဲ့ဘူးလို့ မြောက်ဦးမြို့အခြေစိုက်ရှေးဟောင်းချစ်သူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ အထိအခိုက်ကြီးကြီးမားမားမရှိပါဘူး။ ဘုရားတွေပေါ်မှာထီးတင်ထားတာတွေ ဘာတွေတော့ ပြုတ်ကျတာ ရှိတယ်။ ကိုးသောင်း ဘုရားမှာတော့ ခေါင်မိုးတွေ ပြုတ်ကျတယ်” လို့ သူက အခြေအနေကို ပြောပါတယ်။ ကြီးမားတဲ့ပျက်ဆီးမှုတွေ ရှေးဟောင်းနယ်မြေမှာ မရှိခဲ့ပေမယ့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာတဲ့အတွက် ရှေးဟောင်းဘုရားစေတီတွေအနီးက တောင်ကုန်းတွေမှာ မြေပြိုမှုတွေဖြစ်တာ၊ ရှေးဟောင်းနန်းတော်ရာကုန်းမှာ အုတ်ရိုးပြိုတာတွေတော့ရှိခဲ့တယ်လို့ အထက်ပါပုဂ္ဂိုလ်က ဒီနေ့ နေ့လယ်ပိုင်းကပြောပါတယ်။ မြောက်ဦးရှေးဟောင်းနယ်မြေမှာ ထင်ရှားတဲ့ ပုထိုးစေတီတွေကတော့ ကိုးသောင်းပုထိုးတော်ကြီး၊ သျှစ်သောင်းပုထိုးတော်ကြီး၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ မာန်ငါးပါးပုထိုးတော်ကြီး စတဲ့ ဘုရားတွေဟာ လူသိများပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မိုခါမုန်တိုင်းကြောင့် စပါး၊ဟင်းသီးဟင်းရွက်နဲ့ ပုစွန်ကန်တွေ ရခိုင်မှာပျက်စီး

May 16, 2023

ရန်ကုန်၊ ၂၀၂၃ မေ ၁၆ (မော်ကွန်း) မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က နွေစပါးစိုက်ဧက ငါးရာခန့်ပျက်စီးခဲ့တယ်လို့ ရခိုင်ပြည်နယ်ကလယ်သမားတစ်ချို့က ပြောပါတယ်။ အဲဒါက ပြည်နယ်တစ်ခုလုံးမှာ ဒီနှစ်စိုက်ခဲ့တဲ့ နွေစပါးဧက ၇၀၀ ကျော်ရဲ့ သုံးပုံနှစ်ပုံလောက် ပျက်စီးသွားတာလို့ သူတို့ကဆိုပါတယ်။ နွေစပါးဧက ၁၀၀ လောက် စိုက်ထားတဲ့ လယ်သမားဦးတင်ထွေးဆိုရင် ရိတ်သိမ်းနေရင်း တန်းလန်းမှာပင် သူ့စပါး သုံးပုံနှစ်ပုံလောက် မုန်တိုင်းကြောင့် ပျက်သွားတယ်လို့ပြောပါတယ်။ “ ကျနော်မှာဆိုရင် ဧက ၁၀၀ လောက် စိုက်ထားခဲ့တာ။ ၂၅ ရာခိုင်နှုန်းလောက် ရိတ်ထားပြီးပြီ။ ကျန်တာ မုန်တိုင်းကြောင့် အသီးတွေ ကြွေကျပျက်စီးသွားတယ်” လို့ သူကပြောတယ်။ မုန်တိုင်းကြောင့် နွေစပါးခင်းတွေအပြင် အခြားသီးနှံစိုက်ခင်းတွေဖြစ်တဲ့ ကွမ်းသီးခြံ၊ သရက်ခြံ စတဲ့ စိုက်ခင်းတွေ၊ ငရုတ်၊ ခဝဲ၊ […]

အပြည့်အစုံဖတ်ရန်

မိုခါမုန်တိုင်းအပြီး ကုန်ဈေးနှုန်းမုန်တိုင်း ရခိုင်ပြည်နယ်ကို စတင်မွှေနှောက်

May 16, 2023

ရန်ကုန်- ၂၀၂၃၊ မေ ၁၆ (မော်ကွန်း) မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် အဆိုးရွားဆုံးပျက်စီးကျန်ရစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာ အခြေခံစားသောက်ကုန်ဈေးတွေ ခုန်တက်သွားတဲ့အတွက် အပူပေါ်အပူဆင့်တဲ့အဖြစ်ကြုံနေရတယ်လို့ မုန်တိုင်းဒဏ်သင့် ဒေသခံတစ်ချို့ ပြောပါတယ်။ “ ဂေါ်ဖီတစ်ထုပ်ကို အရင်က ၂,၀၀၀ ပဲ ရှိတာ။ အခု ၆,၀၀၀ ရှိတယ်။ ဆန်တစ်အိတ်ကို ၅၀,၀၀၀ ဆို အခု ၈၀,၀၀၀ ဖြစ်နေပြီ” လို့ စစ်တွေမြို့က မုန်တိုင်းသင့်ဒေသခံတစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။ ဈေးနှုန်းတွေ အကုန်လုံးခုန်တက်သွားတာဖြစ်ပြီး ယခင်က ၃၀၀ တန် ကြက်ဥတစ်လုံးကို အခု ၁,၀၀၀ ကျပ် ပေးဝယ်နေရတယ်လို့ မုန်တိုင်းသင့် အခြားဒေသခံတစ်ဦးကလည်း ပြောပြပါတယ်။ ဓါတ်ဆီ တစ်လီတာ ၂,၅၀၀ ကျပ် က ဒီနေ့ ၄,၅၀၀ […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုများရှိသော်လည်း ဆက်သွယ်ရေးပြတ်တောက်နေတာကြောင့် အတိအကျမသိရသေး

May 15, 2023

ရန်ကုန်-၂၀၂၃ မေ ၁၅ (မော်ကွန်း) ဆိုင်ကလုန်းမုန်တိုင်း “ မိုခါ ” ကြောင့် ချင်းပြည်နယ်အတွင်းမှာ ထိခိုက်ပျက်စီးမှုတွေ ရှိပေမယ့် စစ်ကောင်စီရဲ့ ဆက်သွယ်ရေးလိုင်းနဲ့ အင်တာနက်ဖြတ်တောက်မှုတွေ ခံထားရတာကြောင့် ပျက်စီးဆုံးရှံးထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ စစ်ကောင်စီကို တော်လှန်နေတဲ့ CDF – ကန်ပက်လက်က တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်းက ပြောပါတယ်။ “ မုန်တိုင်းဝင်ပြီးတော့ ကမ်းရိုးတန်းဖုန်းတွေကစ အကုန်လုံး ဆက်သွယ်မှုပြတ်တောက်သွားတဲ့ အခြေအနေကရှိတယ်။ မြို့အနီးနား ကျေးရွာဘက်တွေ ပျက်စီးမှုတွေတော့ ရှိတယ်။ ဒါပေမဲ့ အရေအတွက်နဲ့ ဘယ်လိုမျိုးဟာတွေ ဆုံးရှုံးမှုရှိတယ်ဆိုတာကအစ အသေးစိတ်ကို ကျွန်တော်တို့ မသိနိုင်သေးဘူး။ ကော်မတီကနေ ချိတ်ဆက် ဆောင်ရွက်နေတာတော့ ရှိတယ်။ ဒါပေမဲ့ တိတိကျကျ မသိနိုင်သေးဘူး” လို့ ပြောပါတယ်။ အာဏာသိမ်းမှုကိုဆန့်ကျင်ပြီးတော်လှန်ရေးလုပ်နေတဲ့ ချင်းပြည်နယ်က မြို့နယ်ရှစ်ခုကို […]

အပြည့်အစုံဖတ်ရန်

ရေလွှမ်းခံရလို့ ယင်းမာပင်၊ ဆားလင်းကြီးဒေသခံတွေ ဒုက္ခရောက်နေ

May 15, 2023

စစ်ကိုင်းတိုင်း − ၂၀၂၃ မေ ၁၅ (မော်ကွန်း) မိုခါဆိုင်ကလုန်းရဲ့ လေပြင်းတိုက်၊ မိုးရွာသွန်းမှုနဲ့ မြောက်ယမားဆည်လက်တံကျိုးလို့ ယင်းမာပင်၊ ဆားလင်းကြီးနယ်မှာ ရေလွှမ်းခံရတဲ့ ဒီကနေ့မြင်ကွင်းတွေပါ။ “ဆည်လက်တံကျိုးတာရော၊ မိုးကြီးတာရော ရေတအားများတော့ အတော်ကို အလွတ်ရုန်းရတာ၊ ဆုံးရှုံးမှုကတော့ အများသားပါ”လို့ ယင်းမာပင်ဒေသခံတစ်ဦးကပြောပါတယ်။ နေအိမ်တွေ၊ မီးဖိုချောင်တွေရေထဲမျောပါကုန်သလို စာသင်ကျောင်း အုတ်တံတိုင်း၊ နေအိမ်ဝန်းထရံတွေလည်း ပျက်စီးကုန်ပါတယ်။ ယင်းမာပင်ခရိုင်ထဲက လမ်းတွေဆိုလည်း ရေတိုက်စားလို့ ပျက်စီးကုန်ပြီး ရွာချင်းဆက်လမ်းတွေ၊ တံတားတွေလည်း ရေထဲမျောပါကုန်တယ်လို့ ဒေသခံကပြောပါတယ်။ ဒေသခံတွေရဲ့ လယ်ယာစိုက်ခင်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ သိုး၊ ဆိတ်၊ နွား၊ ကြက်၊ ဝက်တွေလည်း သေကြေပျောက်ဆုံးကုန်ပြီး လယ်ယာသုံးစက်ပစ္စည်းပါ ရေမြုပ်ကုန်ပါတယ်။ ဒီကနေ့ ညနေ ၅း၀၀နာရီထိ ရေတွေမကျသေးဘဲ နေအိမ်တွေဆီပြန်လို့မရသေးကြောင်း ဒေသခံကပြောပါတယ်။ ယင်းမာပင်နဲ့ ဆားလင်းကြီးက […]

အပြည့်အစုံဖတ်ရန်

မိုခါမုန်တိုင်းကြောင့် လတ်တလော ကိုးဦးသေဆုံးထားပြီး ထိခိုက်ပျက်စီးမှုတွေလည်းရှိနေ

May 15, 2023

ရန်ကုန်-မေ ၁၅ (မော်ကွန်း) စူပါဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် ရခိုင်ပြည်နယ်မှာ ကိုးဦးသေးဆုံးခဲ့ပြီးဖြစ်တယ်လို့ ယနေ့ နေ့လည်ပိုင်းမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့နဲ့ ဒေသခံတစ်ချို့က ပြောပါတယ်။ ဘင်္ဂလားပင်လယ်အော်ဘေးမှာရှိပြီး ရခိုင်ပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်တဲ့ စစ်တွေနဲ့ ရမ်းဗြဲ မြို့တွေမှာ လူခြောက်ဦးသေဆုံးပြီး ရှေးဟောင်းမြို့တော်ဖြစ်တဲ့မြောက်ဦးမှာတော့ သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ “ စစ်တွေ အဓိဌာန်ဘုန်းကြီးကျောင်းမှာ ကလေးငယ်တစ်ဦး မှန်ကွဲစမှန်ပြီး(သေတယ်)၊ မျက်နှာဖောက်သွားတာ။ ရမ်းဗြဲမှာက လူတစ်ယောက် အုန်းပင်ပိပြီး သေတာ။ စစ်တွေအပါအဝင်စုစုပေါင်း ခြောက်ယောက် သေတယ်လို့ လောလောဆယ် သိ ထားတယ်” လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူက ဒီနေ့ နေ့လည်ပိုင်း မှာ ပြောပါတယ်။ မြောက်ဦးမြို့နယ်က သေဆုံးမှုနဲ့ ပတ်သတ်ပြီး “ မြောက်ဦးမှာ သုံးယောက်သေတာကတော့ […]

အပြည့်အစုံဖတ်ရန်

ဆိပ်ဖြူမှာ ချောင်းဖြတ်ကူးတဲ့အမျိုးသမီးတစ်ဦး တောင်ကျရေနဲ့မျောပါ ပျောက်ဆုံးနေ

May 15, 2023

ဆိပ်ဖြူ – ၂၀၂၃ မေ ၁၅ (မော်ကွန်း) မကွေးတိုင်း ၊ဆိပ်ဖြူမြို့နယ်၊ ကျောက်ကြီးကျေးရွာရဲ့ အနောက်ဘက် ချောင်းကို ဖြတ်ကူးတဲ့ အမျိုးသမီးတစ်ဦး မနေ့ညနေက တောင်ကျချောင်းရေနဲ့မျောပါ​ပြီးပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ တောင်ကျချောင်းရေနဲ့မျောပါသွားသူက အသက် ၄၀အရွယ်အမျိုးသမီးတစ်ဦး ဖြစ်ပြီး အဆိုပါချောင်းရေဟာ တစ်မိုင်ခွဲအကွာမှာ ယောချောင်းထဲကိုစီးဝင်တာလို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ” ခုထိသူ့ကိုမတွေ့ရသေးဘူး၊ ယောချောင်းအဝမှာလည်းမတွေ့ဘူး၊ ဒီမနက်သွားရှာခဲ့သေးတယ်၊ချောင်းတလျှောက်ရွာတွေကိုလည်း သူ့ကိုတွေ့ရင်ပြောပေးကြပါဆိုပြီး လိုက်ပြောထားတယ်”လို့ ​ဒေသခံအမျိုးသားကပြောပါတယ်။ ချောင်းကို လူခုနှစ်ဦးဖြတ်ကူးကြချိန် တောင်ကျချောင်းရေကျလာတာ​ကြောင့် ဟန်ချက်ပျက်ပြီး လေးယောက် ရေထဲမျောပါခဲ့တာလို့ သူက​ပြောပါတယ်။ ချောင်းအနီးနားခြုံတွေကို ကျန်သုံးဦးက လှမ်းဆွဲခဲ့တာကြောင့်ကျန်ခဲ့ပြီး တစ်ဦးပျော​က်ဆုံးနေတာလို့ သူကပြောပါတယ်။ ယောချောင်းရေဟာ မနေ့ မနက်ပိုင်းကစတင်ကာ ရေအဆမတန်မြင့်တက်လာခဲ့ပြီး ယောချောင်းအနီး ကျေးရွာတွေကနေအိမ်တွေကိုရေဝင်ရောက်မှုရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။ ပုံစာ – ရေတက်နေသည့်ယောချောင်း ဓာတ်ပုံ […]

အပြည့်အစုံဖတ်ရန်

ကေအဲန်ယူ ဒုဥက္ကဌ၏ညီနှင့်တူ ဖမ်းဆီးခံရသော်လည်း ပြန်လည်လွတ်မြောက်လာ

May 15, 2023

ကျောက်ကြီး − ၂၀၂၃ မေ ၁၅ (မော်ကွန်း) မနေ့က ကော်သူးလေ တပ်မဟာ ၃ ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းအုပ်စုကို အာဏာသိမ်းစစ်တပ်ဝင်ရောက်လာပြီး ရွာသားတွေကိုဖမ်းဆီးသွားရာမှာ ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဌရဲ့ ညီနဲ့တူဖြစ်သူတို့ပါ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်သွားကြောင်း ကေအဲန်ယူဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မော်ကွန်းကိုပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကေအဲန်ယူဒုဥက္ကဌ စောဆဲဂေရဲ့ ဖခင်နဲ့ညီဖြစ်သူလို့ သတင်းတွေထွက်နေပေမယ့် “မနေ့က ကျွန်တော်လှမ်းဆက်သွယ်ကြည့်တဲ့အခါမှာ သူတို့က အဖေနဲ့သားမဟုတ်ဘဲ ညီဖြစ်သူနဲ့သားဖြစ်သူလို့သိရတယ်၊ ပြန်လွတ်သွားပြီလို့သိရတယ်”လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။ မနေ့က ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းအုပ်စုမှာ မုန်တိုင်းကြောင့် လေပြင်းတွေတိုက်ခတ်နေချိန် အာဏာသိမ်းစစ်တပ်က ဝင်ရောက်လာတာဖြစ်ပြီး ရွာသားတွေကိုဖမ်းဆီးခဲ့တာပါ။ ကေအဲန်ယူ ဒုဥက္ကဌရဲ့ ညီနဲ့တူဖြစ်လို့ သိသိနဲ့ဖမ်းတဲ့ပုံစံမဟုတ်ဘဲ ရွာသားတွေကိုဖမ်းဆီးရင်းပါသွားတာမျိုးလို့ ပဒိုစောကလယ်စေးက ပြောပါတယ်။ ပဒိုစောဆဲဂေဟာ ယခင်က ကေအဲန်ယူတပ်မဟာ ၃၊ […]

အပြည့်အစုံဖတ်ရန်
1 … 130 131 132 133 134 135 136 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."