ဗြဟ္မစိုရ်ဆရာတော်

Photo: Than Naing Oo

၂၀၁၄-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၆)မှ ပုံရိပ်လွှာ ဆောင်းပါး ဖြစ်ပါသည်။

သန်းနိုင်ဦး ရေးသည်။

မြန်မာနိုင်ငံမှာ နာရေးကူညီမှုလုပ်ငန်းကို ပထမဆုံးစတင်ခဲ့တာက မန္တလေးမြို့  တောင်စလင်း တိုက်သစ်ဝါခင်းကုန်းဆရာတော် ဦးတိက္ခဖြစ်ပါ တယ်။ လူတွေရဲ့အယူသည်းမှုတွေကို တိုက်ဖျက် နိုင်ဖို့ တရားဟောပြောရုံမကကိုယ်တိုင်လည်း  နာရေးကူညီမှုအသင်း ပထမဆုံးစတည်ထောင် ခဲ့တဲ့  ဆရာတော်ဖြစ်ပါတယ်။

ယခုအခါ ဆရာတော်ထူထောင်ခဲ့တဲ့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကြီးက နာ ရေးကိစ္စတွေသာမက ကျန်းမာရေး၊ ပညာ ရေးစတဲ့ဘက်တွေမှာပါ အားသွန်ခွန်စိုက် ပြုလုပ်လာတာ တွေ့ရတယ်။ ဆရာတော် က ယခုရက်ပိုင်းမှာ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတစ်လျှောက် ကုက္ကိုပင်တွေစိုက်ဖို့ ဒကာ၊ ဒကာမတွေကို ဖိတ်ခေါ်နေပါတယ်။ ဆရာ တော် လက်ရှိလုပ်ကိုင်နေတာတွေက တရားဟော ဓမ္မကထိက၊ နယ်စပ်တောင်တန်းနှင့် ကမ်းရိုးတန်းဒေသ ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်း၊ ရှေးဟောင်းဘုရားများ ပြုပြင်မွမ်းမံရေးအဖွဲ့၊ ကမ္မဌာနစရိယ စတဲ့ အသင်းအဖွဲ့ပေါင်း များစွာမှာ ဦးစီးဦးဆောင် လုပ်နေတယ်။

ဆရာတော်အကြောင်းရေးဖို့ ဆရာတော်သီတင်းသုံးရာ မန္တလေးမြို့ အရှေ့ပြင်ရပ်က ဝါခင်းကုန်း တောင်စလင်းကျောင်း တိုက်သစ်ကို ကျွန်တော်သွားပါတယ်။ ဆရာတော်ကို ကျောင်း ဝင်းကျယ်ကြီးထဲက သစ်သားကျောင်းဆောင်လေးမှာ အဆင် သင့် ဖူးတွေ့ရတယ်။

ဆရာတော်ဦးတိက္ခကို ကျွန်တော် သတင်းထောက်ဘ၀ စတင်ချိန် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက သိကျွမ်းခဲ့ပြီး ဖြစ်တယ်။ အပတ်စဉ်ဂျာနယ်လှူဒါန်းခဲ့တာမို့ သိကျွမ်းရင်းနှီးခဲ့ တာပါ။ ဆရာတော်ကို ကန်တော့ပြီးချိန်မှာ ဆရာတော်က လာ ရင်းကိစ္စ မေးပါတယ်။

ဆရာတော့်ဘဝဇာတ်ကြောင်းရေးမှာမို့ လာတာပါလို့ ပြန် လျှောက်တော့ နောက်တစ်နေ့ မနက် ၉း၀၀ နာရီအရောက်လာခဲ့ ဖို့ ဆရာတော်က မိန့်ပါတယ်။

နောက်တစ်နေ့ ဆရာတော်ချိန်းတဲ့အချိန်ရောက်အောင် သွားတော့ အဆင်သင့်စောင့်နေတာ ဖူးတွေ့ရတယ်။ တောင် စလင်းကျောင်းတိုက်က ကျောင်းတိုက်ကျယ်ကြီးဖြစ်ပြီး ကျောင်း ဝင်းထဲမှာ ကမ္မဋ္ဌာန်းကျောင်းလေးတွေ ရှိတယ်။ စာသင်၊ စာချ ကျောင်းတိုက်ကြီးတွေလည်း ရှိတယ်။ ဆရာတော်သီတင်းသုံးရာ ကျောင်းက သစ်သားတစ်ထပ်ကျောင်းဆောင် ခပ်သေးသေးမျှ သာ ဖြစ်တယ်။ အနေအထိုင် ခြိုးခြံချွေတာတဲ့ ဆရာတော်ဖြစ်တာ သတိထားမိတယ်။

ကျွန်တော်လာရင်းအကြောင်း ဆရာတော်သိပြီးသားဖြစ် လို့ ဆရာတော်ကို ရှိခိုးပြီးတာနဲ့ တွေ့ဆုံမေးမြန်းမှုကို စတင်ပါတယ်။

““အရှင်ဘုရား၊ ဒီရက်ပိုင်း မန္တလေးမြို့ထုတ် သတင်းစာတွေ မှာ ရန်ကုန်-မန္တလေးအမြန်လမ်း ဘေးဝဲယာတွေမှာ ကုက္ကိုပင်တွေ စိုက်ဖို့ ဒကာ၊ ဒကာမတွေကို ဖိတ်ခေါ်နေတာ တပည့်တော်တွေ့ တယ်။ အဲဒီအကြောင်းလေး မိန့်ပါဦး ဘုရား””

““ကုက္ကိုပင်တွေ စိုက်သွားမယ်။ မန္တလေးနဲ့ တံတားဦးကြား က သစ်ပင် သိပ်မရှိဘူး။ အဲဒီအမြန်လမ်းကို မကြာခဏဖြတ်သွား နေရတာ။ နားခိုစရာ နေစရာမရှိဘူး။ မြင်ရတာ စိတ်မကောင်းဘူး။ သစ်ပင်စိုက်ပြီး ကုသိုလ်ယူတယ်ဆိုတာ တံတားဆောက်၊ ရေချမ်း စင်တည်၊ ရေတွင်းတူး၊ ကျောင်းဇရပ်ဆောက်လှူသလို ကုသိုလ် ရတာ။ သစ်ပင်စိုက်ပျိုးတဲ့သူက ကုသိုလ်အမြဲတမ်း တိုးနေတော့တာ””

ဆရာတော်က သစ်ပင်စိုက်ပျိုးတာနဲ့ပတ်သက်ပြီး အကျယ်တဝင့် ရှင်းပြနေတယ်။ ကျွန်တော်ကလည်း တင်ပါ့ဘုရား ဆိုပြီး စကားထောက်ပေးတယ်။

သစ်ပင်တွေ ရှင်သန်ကြီးထွားပြီဆိုရင် ကျေးငှက်သတ္တဝါ တွေ၊ နွားတွေ၊ ဆိတ်တွေ၊ နွားကျောင်းသား၊ ဆိတ်ကျောင်းသား တွေ ခိုအောင်းလို့ရတာပေါ့။

““အရှင်ဘုရား၊ ဘယ်လိုစိုက်မယ် စိတ်ကူးထားတုံးဘုရား””

““ရှေ့လထဲလောက်ရောက်ရင် မိုးရွာပြီ။ မြေကြီးလည်း အစိုဓာတ်ရသွားပြီဆိုရင် သစ်ပင်က အမြစ်စွဲဖို့ မခဲယဉ်းတော့ဘူး။ ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းက လူတွေထဲမှာ သစ်ပင်စိုက် တတ်တဲ့ စိုက်ပျိုးရေးသမားတွေ ပါတယ်။ ဒီရက်ပိုင်း မြေတူးတာ တွေ၊ ဘာတွေ လုပ်နေကြပြီ””

ကုက္ကိုပင်တစ်ပင်အတွက် အလှူငွေကျပ် ၅,၀၀၀ သတ် မှတ်ထားပြီး လက်ရှိအချိန်မှာ လှူတဲ့ အလှူရှင် ရာဂဏန်းရှိနေပြီ လို့ ဆရာတော်က မိန့်တယ်။ သစ်ပင်အလှူရှင်တိုင်းအတွက် ကမ္ပည်းထိုးပေးမှာဖြစ်ပြီး မရှင်မချင်း တာဝန်ယူစိုက်ပေးသွားမယ် လို့ ဆက်မိန့်ပါတယ်။

သစ်ပင်တွေကို နေ့စဉ်ရေလောင်းဖို့ ရေသယ်ကားလည်း စီ စဉ်ထားတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ကုက္ကိုပျိုးပင် အချို့ လှူထားတာ ရှိနေတယ်။

““ဘုန်းဘုန်းရဲ့ဇာတိက ဘယ်ကလဲဘုရား””

““ရေစကြိုနယ် မီးလောင်ကျွန်းရွာမှာ မွေးတယ်””

““ဘယ်နှခုနှစ်လောက်မှာ ဖွားသလဲ အရှင်ဘုရား””

““မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ် တပေါင်းလပြည့်နေ့ မှာ မွေးတယ်။ ခမည်းတော်က ဦးနီလေး၊ မယ်တော်က ဒေါ်မေ ထွေး၊ မွေးချင်းက ဆယ်ယောက်ရှိတာ၊ တစ်ယောက်သေသွား တော့ ကိုးယောက်ကျန်တယ်။ ကျုပ်က ခုနစ်ယောက်မြောက်။

““ရွာဘုန်းကြီးကျောင်းမှာ ဆယ့်လေးနှစ်သားအထိ ကိုရင် ဝတ်တယ်။ စာဝါလိုက်တော့ ပခုက္ကူအရှေ့တိုက်ကျောင်းက ပိဋကတ်ကျောင်းမှာ လိုက်တယ်။ ငယ်ဆရာတော်က ဖြုံဘူးဆရာ တော်တဲ့။ ရဟန်းခံတော့ ရွာကျောင်းပြန်ပြီး ရဟန်းခံတယ်။ ပထမငယ်၊ ပထမလတ်၊ ပထမကြီးစာမေးပွဲတွေကို ပခုက္ကူကပဲ အောင်ခဲ့တယ်။ အဘိဓမ္မာစာမေးပွဲလည်း အောင်ခဲ့တယ်။ ရဟန်း ခံပြီးတာနဲ့ မ္တလေးရောက်လာတယ်””

ဆရာတော်က သူ့ရဲ့ ငယ်ဘဝတွေကို အားပါးတရမိန့်တယ်။ ကျွန်တော် မှတ်စုလိုက်မှတ်ရင်း ငြိမ်ပြီး နားထောင်နေလိုက်တယ်။

““အဲဒီကနေ (ရဟန်းခံပြီးရာက)မန္တလေးဝါခင်းကုန်း ကျောင်းတိုက်ကို ရောက်လာတယ်။ ကိုရင်တွေ၊ ဦးဇင်းပေါက်စတွေ ကို စာချပေးရတယ်။ စာလည်း ချ၊ တရားလည်း ဟောရတာပေါ့””

““အခုလက်ရှိ သီတင်းသုံးနေတဲ့ (တောင်စလင်းတိုက်သစ်) ကျောင်းကို ဘယ်အချိန်ရောက်လာသလဲ ဘုရား””

““ဓမ္မာစရိယအောင်ပြီး အသက် ၂၇ နှစ်လောက်မှ ရောက် လာတာ။ အဲဒီတုန်းက ဒီနေရာတွေက တောဖုံးနေတာ။ တဖြည်း ဖြည်းနဲ့ တောတွေရှင်းပြီးမှ ထူထောင်ထားရတာ။ ဝါးထရံကာ သက်ကယ်မိုးဝါးကြမ်းခင်းလေးနဲ့ သီတင်းသုံးရတာပေါ့။ လာဘ် လာဘလည်း မရှိဘူး။ ကျောင်းအပျက်ကြီးတစ်ကျောင်းတော့ ရှိတယ်။ ကြွက်တွေပေါတော့ မြွေတွေ၊ ဘာတွေလည်း ရှိတယ်။ ဟိုတုန်းက ဒီဘက်က လူဆိုးလည်း ပေါတယ်။ နွားတွေ ခိုးသတ် တာ။ နွားခေါင်းချည်း မှတ်မှတ်ရရ ၁၇ ခေါင်းရဖူးတယ်။ နွားတွေ ကို သတ်ထားပြီး ခေါင်းတွေကို စွန့်ပစ်ထားကြတာလေ။ အရက် အိုးတွေဆို ချုံပုတ်ထဲဖွက်ထားကြတာ။ ငါဒီကျောင်းကို လက်ခံ တာ ဘယ်သူမှ မကြိုက်ဘူး””

ဆရာတော် ကျောင်းလက်ခံစဉ် (၁၉၆၆-၁၉၆၇)ခုနှစ် အခြေအနေနဲ့ လက်ရှိအခြေအနေကို ကျွန်တော်နှိုင်းယှဉ်ကြည့် မိတယ်။ အဲဒီတုန်းက မြို့အစွန်နေရာဖြစ်ခဲ့တဲ့ တောင်စလင်း ကျောင်းတိုက်သစ်ဝန်းကျင်နေရာတွေက ယခုအခါ မန္တလေးရဲ့ မဟာဗျူဟာနေရာတွေ ဖြစ်နေပြီ။ အနာကြီးရောဂါသည်တွေ နေ ထိုင်ကျက်စားခဲ့တဲ့ နေရာတွေက သိန်းသောင်းချီတန်နေပါပ ကော။ မန္တလေးသားလက်ဟောင်းတွေ ခေါင်းခါနှာခေါင်းရှုံ့ခဲ့တဲ့ နေရာတွေမှာ မျက်ပေါက်ကျဉ်းပေမယ့် အမြင်ကျယ်တဲ့ ပဝတ္ထိ သားတွေက အုတ်တံတိုင်းမြင့်မြင့်ခတ်ပြီး စာတန်းနီနီတွေ ချိတ် ဆွဲထားလိုက်ကြပြီ။ ဆရာတော်သီတင်းသုံးရာ ကျောင်းတိုက်ကြီး ကတော့ ဆရာတော့်အားထုတ်မှုကြောင့် သာသနာရောင်ဝါ ထိန် လင်းနေပါတော့တယ်။

ဒီကျောင်းရောက်ခါစက အနာကြီးရောဂါသည်တွေနဲ့ ဆရာတော်ဦးတိက္ခနဲ့ ရန်ဖြစ်ရပါသေးတယ်။ ဆရာတော်အရင် ရောက်နှင့်နေတာက တောထွက်ကြီး။ သူက အနာကြီးရောဂါ သည်တွေကို သီလပေးပြီး အလှူပစ္စည်းလက်ခံတယ်။ သူမရှိ တော့တဲ့အခါ ဆရာတော်ဦးတိက္ခကို လာပင့်ရင် သီလပေးတယ်။ အလှူပစ္စည်းကို အနာကြီးရောဂါသည်တွေကို ပြန်စွန့်ခဲ့တယ်။ မယူရကောင်းလားဆိုပြီး အနာကြီးရောဂါသည်တွေက စိတ်ဆိုး သေးတယ်ဟု ဆရာတော်က မိန့်ပါတယ်။

ဆရာတော်က အလှူပစ္စည်းလက်မခံတာ အခြားကြောင့် မဟုတ်ဘဲ လိုအပ်နေသူတွေမို့ ပြန်စွန့်ခဲ့တာဖြစ်ကြောင်း ဆက်မိန့် တယ်။ ကျွန်တော် ဆရာတော်ကို မေးမြန်းလျှောက်ထားနေစဉ်မှာ ပဲ အောင်ပန်းမြို့က ပွဲရုံအချို့နဲ့ ခြံလုပ်ငန်းလုပ်ကိုင်သူတွေ၊ ပွဲရုံ လုပ်သားတွေ စုပေါင်းလှူဒါန်းတဲ့ ဟင်းသီးဟင်းရွက်သစ်သီးဝလံ ကားကြီးတစ်စီး ကျောင်းရှေ့ထိုးစိုက်လာတယ်။ ဆရာတော် ဦးတိက္ခကို လာလှူကြတာပါ။ ဆရာတော်က ကုန်တွေကို ကုန် စိမ်း၊ ကုန်ခြောက် ခွဲခြားစုပုံခိုင်းတယ်။

နယ်စပ်တောင်တန်း သာသနာပြုလုပ်ငန်း လုပ်နေကြသူ တွေအတွက် ကုန်ခြောက်တွေဖြစ်တဲ့ အာလူး၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူစတာတွေ ပို့ပေးဖို့ ဦးဇင်းငယ်တွေကို ညွှန်ကြားနေတယ်။ ပဲသီးတောင့်ရှည်၊ ဂေါ်ဖီထုပ်၊ ဆလတ်ရွက်၊ ဥနီ စတဲ့ ကုန်စိမ်းတွေ ကို အနီးဝန်းကျင်က မိဘမဲ့ကျောင်းအချို့နဲ့ ဆွမ်း၊ ကွမ်း ခဲယဉ်းတဲ့ ဘုန်းတော်ကြီးကျောင်းအချို့ကို ခွဲဝေလှူဒါန်းဖို့ တပည့်သံဃာ တွေကို မိန့်တယ်။

ကိုယ်တိုင်လာလှူကြတဲ့ ဒကာတွေကိုလည်း တစ်ယောက် ချင်းစီ နာမည်မေးပြီး စာအုပ်ထဲ မှတ်ခိုင်းနေတယ်။ ပိန္နဲသီး၊ ငှက် ပျောသီးစတဲ့ သစ်သီးဝလံတွေကို ချကျွေးတယ်။ ဆရာတော်ရဲ့ လုပ်ပုံကိုင်ပုံတွေကို ကြည့်ပြီး ကျွန်တော် သာဓုခေါ်မိတယ်။

ဧည့်သည်တွေပြန်ချိန်မှာ တောင်တန်းသာသနာပြုလုပ် ငန်းတွေအကြောင်း ဆက်လက်လျှောက်ထားမေးမြန်းပါတယ်။

““တောင်တန်းသာသနာပြုလုပ်ငန်းတွေကို မြန်မာ သက္ကရာဇ် ၁၃၆၀ ခုနှစ်လောက်မှာ စလုပ်တယ်။ တောင်တန်း ဦးဥတ္တမဆရာတော်ကြီးလာရင် ကျုပ်ကျောင်းတည်းတာပေါ့။ သူ လည်း ပျံလွန်တော်မူရော ဒါ  ငါ့ကို အမွေပေးတာပဲဆိုပြီး အသင်း တွေဖွဲ့ပြီး ဆက်လုပ်တယ်””

““တင်ပါ့ဘုရား””

““တောင်တန်းဆရာတော်ကြီးတုန်းကတော့ သူတစ်ပါး တည်း တောင်ဝှေးတစ်ချောင်းနဲ့ ချင်းတောင်တန်းကို သွားနေ တာပဲ။ အသင်းတွေ၊ ဘာတွေ မရှိသေးဘူး။ ကိုယ်တိုင် တောင် တန်းဒေသရောက်တဲ့အခါ သာသနာပြုဆရာတော်တွေ ဆင်းရဲ နေတာ တွေ့ရတယ်။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ထောက်ပံ့ ပေးရတယ်။ ကျောင်းမရှိလည်း ကျောင်းဆောက်ပေးရတယ်။

““နိုင်ငံတော်ပရိယတ္တိတက္ကသိုလ်က ဆရာတော်တွေ တောင်တန်းဒေသကို လက်တွေ့ကွင်းဆင်းရတယ်။ တောင်တန်း သာသနာအတွေ့အကြုံရအောင်လို့။ နှစ်စဉ်အပါးတစ်ရာဝန်းကျင် ရှိတယ်။ လိုအပ်ရာရာကို ထောက်ပံ့ပေးရတာ။ ခြုံစောင်နည်းရင် ခြုံစောင်ပေါ့””

““လမ်းပန်းဆက်သွယ်ရေးကရော ဘယ်လိုရှိသလဲဘုရား””

““ကြမ်းတယ်။ စွန့်စားသွားရတာပေါ့။ နာဂဒေသက ပိုဆိုး တယ်။ ကားကြီးတွေနဲ့ ဖုံတွေ လုံးနေအောင် သွားကြရတာပေါ့။ ငါ့ကံက ကောင်းတယ်။ ယူစံဂျူးက ဥက္ကဋ္ဌဖြစ်နေတယ်။ သူက ဗုဒ္ဓ ဘာသာ။ သူ့ပါဂျဲရိုးကားကို ဆီပါ ထည့်ပေးသေးတာ။ နာဂဒေသ ကို သာသနာပြုကြတယ်ဆိုတော့ သူက သိပ်သဘောကျတာပေါ့။ အံ့သြစရာကောင်းတာကွာ။ သူနဲ့ ငါ အစက မသိကြဘူး။ နောက် ပိုင်း ပြောဆိုဆက်ဆံကြည့်တော့မှ သူ့ညီမနဲ့ ငါ့မြေးက အိမ် ထောင်ကျနေတာ သိရတယ်။ ဟား…ဟား…ဟား…””

ဆရာတော်က လောကဓံရဲ့ ဆန်းကြယ်မှုကို ဟားတိုက်ရယ် တယ်။ ဆရာတော်မြေးက စစ်တပ်မှာ တာဝန်ထမ်းဆောင်ရင်း ထန်တလန်မြို့နယ်က ယူစံဂျူးရဲ့ ညီမနဲ့ တွေ့ပြီး လက်ထပ်ကြတာ ပါ။ ဆရာတော်က နယ်စပ်တောင်တန်းဒေသ သာသနာပြု အကြောင်းတွေ ဆက်မိန့်တယ်။

နယ်စပ်ဒေသ တောင်တန်းသာသနာပြု လုပ်ကြရာမှာ အစိုးရအစီအစဉ်နဲ့ သွားတဲ့ ဆရာတော်တွေလည်း ရှိတယ်။ (ပရိ ယတ္တိတက္ကသိုလ်တွေက ပို့လွှတ်တဲ့ ဆရာတော်တွေ ဖြစ်တယ်။) ကိုယ့်နည်းကိုယ်ဟန်နဲ့ သာသနာပြုနေကြတဲ့ သံဃာတော်တွေ လည်း ရှိတယ်။ အစိုးရအစီအစဉ်နဲ့ သာသနာပြုနေတဲ့ သံဃာ တော်တွေက ရာဂဏန်းရှိပြီး ကိုယ့်နည်းကိုယ်ဟန်နဲ့ သာသနာပြု နေကြတဲ့ သံဃာတော်တွေက ထောင်ချီရှိတယ်။ သာသနာပြု ဆရာတော်တွေကို လှူတဲ့အခါ သင်္ကန်းတင်မကဘူး။ ငါးပိကြော်၊ ငါးသေတ္တာစတဲ့ အသားဘူး၊ ငါးဘူးတွေပါ ထည့်လှူကြရတယ်။ သာသနာပြုကိုယ်တော်တွေက ဗမာများတော့ ဗမာဟင်းဘုန်း ပေးချင်တာပေါ့။

ဆရာတော့်ကျောင်းဝင်းအတွင်းမှာ တောင်တန်းသာ သနာပြုနေကြတဲ့ ဆရာတော်တွေကို ကထိန်ခင်းတဲ့ မှတ်တမ်းပုံ တွေ ကျွန်တော်ကြည့်နေမိတယ်။ မြန်မာနိုင်ငံအနှံ့အပြား နယ်စပ် ဒေသတွေမှာ သာသနာပြုနေကြတဲ့ ဘုန်းတော်ကြီးကျောင်း ပေါင်း ၁,၃၀၀၊ သံဃာပေါင်း အပါး ၄,၀၀၀ ကျော်ကို ဆရာတော်ရဲ့ သက်တော် ၇၅ နှစ်ပြည့်မှာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ တာဖြစ်ပါတယ်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်း သားဒေသတွေအပြင် တနင်္သာရီတိုင်းဒေသကြီးထဲက ဝေးလံ ခေါင်ဖျားလှတဲ့ ဒေသတွေအထိ ပါဝင်တယ်။

ဆရာတော်ကို မေးမြန်းလျှောက်ထားနေစဉ်မှာပဲ ဝါတွင်း သီလပွဲအတွက် လာပင့်ကြတဲ့ မိသားစုတစ်စု ရောက်လာတယ်။ သူတို့ပြန်သွားမှ ကျွန်တော့်ရဲ့ မေးမြန်းမှုကို ပြန်လုပ်ပါတယ်။

““ဆရာတော် ဗြဟ္မစိုရ်အသင်းကြီး ဘာကြောင့် လုပ်ဖြစ်ခဲ့ သလဲ မိန့်တော်မူပါဦး ဘုရား””

““ဗြဟ္မစိုရ်ကတော့ ငါ သက်တော် ၆၀ ပြည့်နှစ်မှာ စလုပ် တာပဲ။ အခုဆို ၁၆ နှစ်ရှိပြီ။ တစ်နိုင်ငံလုံးမှာ အဦးဆုံးပဲ။ အခုတော့ မြို့တိုင်း၊ နယ်တိုင်းမှာ အသင်းတွေ ရှိကုန်ပြီ။ ငါစလုပ်တုန်းက အကြီးအကျယ်ကန့်ကွက်ကြတာပဲ””

နာရေးကိစ္စအ၀၀မှာ မြန်မာ့လူ့အဖွဲ့အစည်းက ဗြဟ္မစိုရ် မပေါ်ခင်အချိန်အထိ အယူသီးမှုတွေ ရှိခဲ့တယ်။ ရပ်ကွက်ထဲ နာ ရေးယာဉ်အဖြတ်မခံတာ၊ ရပ်ဝေးမှာ ကွယ်လွန်တဲ့ ရုပ်အလောင်း ကို ရပ်ကွက်အတွင်း အဝင်မခံတဲ့ အစဉ်အလာတွေ ရှိခဲ့တယ်။ တစ်လျှောက်လုံး စွဲလမ်းယုံကြည်ခဲ့တဲ့ အယူအဆတစ်ခုကို ပြောင်းလဲယုံကြည်ဖို့ရာ မလွယ်လှဘူး။ အထူးသဖြင့် ကိုးကွယ်ယုံ ကြည်မှုနဲ့ ပတ်သက်တဲ့ အစွဲအလမ်းမို့ ပိုပြီး ခက်ခဲပင်ပန်းမှာပဲလို့ ကျွန်တော်တွက်ဆမိတယ်။

““ဒကာရင်းတွေကဆို ဝိုင်းဝန်းကန့်ကွက်ကြတာ။ ဆွမ်း၊ ကွမ်းတောင် ဖျက်ပစ်ကြတာ။ ကထိန်တောင် ငါ့ကျောင်းမခင်းဘဲ ဒိပြင်ကျောင်း သွားခင်းကြတာ။ အရွဲ့တိုက်တာပေါ့ကွာ။ ငါက တော့ မတုန်လှုပ်ဘူး””

လာဘ်လာဘအပိတ်ခံပြီး အများကောင်းကျိုးအတွက် ယုံ ယုံကြည်ကြည် ရဲရဲရင့်ရင့်လုပ်ခဲ့တဲ့ ဆရာတော့်သတ္တိကို အသိ အမှတ်မပြုဘဲ မနေနိုင်ဘူး။

““ဘယ်လိုစိတ်ကူးမျိုးကြောင့် ဗြဟ္မစိုရ်အသင်းကို ထူ ထောင်ဖြစ်တာလဲ ဘုရား””

““မတ္တရာဘက်က တရားဟောပြန်လာတာ။ (မတ္တရာက မန္တလေးမြို့ မြောက်ဘက် မိုင် ၂၀ ကျော်အကွာက မြို့ဖြစ်ပါ တယ်။) ဒီဘက်ကျုံးထောင့် (အင်္ဂါထောင့်)မှာ ကားတိုက်သွား တာ။ တိုက်တာက ည ဆယ်နာရီလောက်မှာ တိုက်သွားတာ။

ဒကာနှစ်ယောက်၊ သုံးယောက်လောက်က အဲဒီနားမှာ ရပ် စောင့်နေကြတယ်။ လက်နဲ့ ကားတားတော့ ရပ်ပေးလိုက်တယ်။ ငါနဲ့ တွေ့တော့ ညဆယ်နှစ်နာရီလောက် ရှိနေပြီ””

တရားဟောရာက မောမောပန်းပန်းနဲ့ ပြန်လာတဲ့ ဆရာ တော်နဲ့ သွေးသံရဲရဲအလောင်း ကျုံးထောင့်မှာ ဆုံကြပြီ။ ဆရာ တော် ဘာလုပ်မှာပါလိမ့်။

““အသက်ရှိသေးလားမေးတော့ မရှိတော့ဘူး ကိုယ်တော် တဲ့။ ရှေ့က ကားတွေကို တားတော့ အသက်မရှိတော့ဘူးဆိုတော့ မတင်ကြတော့ဘူး။ အယူသီးကြတယ်တဲ့။ ကဲ…ဒါဆိုရင် ငါ့ကား ပေါ် တင်လို့ ပြောလိုက်တယ်။ ငါ့ကားပေါက်စလေး၊ အက်စ်အီး ကားလေးပေါ့။ ဦးဇင်းတွေကိုတော့ လိုက်သွားကြ။ ငါကတော့ ခြေကျင်လိုက်ခဲ့မယ်လို့ ပြောလိုက်တယ်””

ဆရာတော်ရဲ့ ကျောင်းနဲ့ နာရေးဖြစ်တဲ့ နေရာက တော် တော်လှမ်းသေးတယ်။ နာရီဝက်လောက် လမ်းလျှောက်သွားမှ ရောက်နိုင်တဲ့ အကွာအဝေး။ ညကြီးမိုးချုပ် တစ်နယ်တစ်ကျေးက တရားဟောပြီး ပြန်လာရာက လမ်းမှာ ပက်ပင်းကြီးတိုးကြတာ ဖြစ်တယ်။ ဆရာတော်ရဲ့ တပည့်လက်သားတွေအပေါ် ညှာတာ စိတ်၊ ဒကာ၊ ဒကာမတွေအပေါ်ထားတဲ့ မေတ္တာစိတ်က ဆရာ တော့်လုပ်ရပ်မှာ အထင်းသားပေါ်လွင်နေတယ်။

““ကျောင်းဝင်းထဲက ပိတောက်ပင်ကြီးအောက် ကားထား လိုက်တာ ညတုန်းက မှောင်မှောင်မည်းမည်းဆိုတော့ သတိ မထားမိလိုက်ဘူး။ မနက်မိုးလင်းမှ ကြည့်လိုက်တော့ ကားပေါ်မှာ သွေးတွေကို ရဲနေတာပဲ။ တော်တော်ဆေးကြောသန့်စင်ပစ်ရတယ်။

““နာရေးအသင်းထောင်မှ ဖြစ်တော့မယ်ဆိုပြီး ဆုံးဖြတ် ချက်ချလိုက်တယ်။ ငါလည်း ရတနာပုံသတင်းစာမှာ ဆောင်းပါး ရေးလိုက်တယ်။ ယသသတို့သားဆိုပြီး။ လူထုဒေါ်အမာကြီး ငါ့ဆီ ရောက်ချလာတယ်။ တရားပွဲလုပ်ချင်လို့ လာတာ။ ဒကာမကြီး တွေ့တာ ဝမ်းသာတယ်ဗျာဆိုတော့ ဘာလို့လဲဘုရားတဲ့။ ကျုပ်က နာရေးအသင်းထောင်ချင်တာလို့ ပြောလိုက်တယ်””

““ဒကာမကြီးက ဘယ်လိုပြန်လျှောက်သလဲ ဘုရား””

““ဦးလှသာရှိရင် ဒါမျိုး ရှေ့ဆုံးကနေမှာ၊ လုပ်ပါ ဘုရား။ အောင်မြင်အောင်သာ လုပ်ပါ။ တပည့်တော်တို့လည်း ကူညီပါ့ မယ်လို့ သူက ပြန်ပြောတယ်။ ဆောင်းပါးရေးပေးလို့ ပြောလိုက် တော့ ရေးပေးတယ်။ သူ့ဆောင်းပါးက ရနံ့သစ်မဂ္ဂဇင်းမှာ ပါလာ တယ်။ (ရနံ့သစ်မဂ္ဂဇင်း၊ အမှတ် ၅၅၊ ၁၉၉၇၊ နိုဝင်ဘာမှာ လူထု ဒေါ်အမာရဲ့ တိုင်ပင်ချင်တာလေးတစ်ခုဆိုတဲ့ ဆောင်းပါး ပါလာ တယ်။)

““နဒီမြန်မာဦးအောင်ခိုင်ကြီးက လူထုဒေါ်အမာဆီ ရောက် ချသွားတယ်။ ဒေါ်အမာကလည်း ကျုပ်ဆီ လမ်းညွှန်လိုက်တယ်။ ကျုပ်ဆီ ရောက်လာတယ်။ အောင်မြင်အောင်လုပ်ပါ။ လိုတာ လှူ ပါ့မယ်တဲ့။ ဒီဗိမာန်ကြီးပေါ် စလုပ်တာပဲ။ အခုလက်ရှိနေရာက လည်း ဆရာတော်ကြီးကျောင်းထဲက နေရာ။ ကျုပ်တောင်းပေး ထားတာပဲ””

နဒီမြန်မာဦးအောင်ခိုင်က ဟိုတယ်လုပ်ငန်းပိုင်ရှင်တစ် ယောက်ဖြစ်တယ်။ မန္တလေးနေ့စဉ်သတင်းစာ (၁၈.၁.၁၉၉၈ နေ့ ထုတ်)မှာ သုဘရာဇာလုပ်မယ့် ကျွန်တော်ဆိုတဲ့ ဆောင်းပါးရေး တယ်။ ကိုယ်တိုင်လည်း ဗြဟ္မစိုရ်အသင်းကြီး ထူထောင်နိုင်ဖို့ မ,တည်အလှူငွေတွေ လှူဒါန်းသူဖြစ်ပါတယ်။

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကြီး စထူထောင်တော့ ကောလိပ်ကျောင်းအုပ်ကြီး ဦးသန်းဗိုလ်က ဥက္ကဋ္ဌ၊ ဦးကျော်လွင် က အတွင်းရေးမှူး။ ဝေဖန်လိုက်ကြတာများ ဆူပွက်လို့။မကောင်း ပြောတဲ့သူရှိသလို ကောင်းတာပြောတဲ့သူလည်း ရှိတယ်။ နဒီမြန် မာဦးအောင်ခိုင်က ဒုတိယဥက္ကဋ္ဌလုပ်တယ်။ နာယကအဖွဲ့ဝင်တွေ က လူထုဒေါ်အမာ၊ အရီးတောင်းဦးကျော်သိန်း၊ ဦးခင်မောင်သန်း (စိတ်ပညာ)၊ မြန်မာစာပါမောက္ခ(ငြိမ်း)ဒေါ်လှမြတ်၊ ရွှေဘိုဒေါ်မိ မိကြီး စသူတွေ ပါဝင်ကြတယ်။ အလုပ်အမှုဆောင်အဖွဲ့ထဲမှာ လည်း ကုန်စည်ဒိုင်၊ သကြားဒိုင်၊ စက်မှုဇုံစတဲ့ လုပ်ငန်းရှင်ကြီးတွေ ပါဝင်ကြတယ်။

““အရင်က နာရေးဖြစ်ပြီဆိုရင် ရွာထဲ အဝင်မခံတာတို့၊ တုတ်တစ်ပြက်၊ ဓားတစ်ပြက်ဖြစ်တာတို့ ဖြစ်ကြသေးတာ။ ဒီနား ရပ်ကွက်က ကောင်လေးတစ်ယောက်က နာရေးကားမောင်းတာ။ အသုဘရုပ်အလောင်း နယ်ဝေးပို့ရတဲ့အခါတုန်းက အိမ်ယူသွား တော့ အရပ်က ဝိုင်းကန့်ကွက်လိုက်ကြတာ ဆူပွက်လို့။ မသာ ကား ဝင်လို့တဲ့။ ဒါနဲ့ ရဝတလူကြီး ခေါ်ငေါက်ရတယ်။ မင်းတို့အဲဒီ လိုသာ ကန့်ကွက်ကြစတမ်းဆိုရင် မင်းတို့သေရင် ငါတို့က ချ မပေးတော့ဘူး။ ဘုရားက ဟောပြီးသား။ လူနတ်ဗြဟ္မာသတ္တဝါမှန် သမျှ သေရမှာချည်းပဲ။ ဘာအယူသီးနေကြတာလဲ။ စေတနာ ကောင်းနဲ့ လုပ်တာကို ကန့်ကွက်နေသေးတယ်။ ဒီအတိုင်းသာ လုပ်နေရင် မင်းတို့ရပ်ကွက် ငါတို့က သပိတ်မှောက်မှာ။ လူသေ ရင် လာမခေါ်ကြနဲ့။ ဟဲ…ဟဲ…ဟဲ…အဲဒီလိုလည်း ခြောက်ခဲ့ရ သေးတယ်””

ဗြဟ္မစိုရ်အသင်းကြီး စတင်ထူထောင်စ ကာလတွေမှာ ဝေဖန်သံ၊ ချီးကျူးသံ၊ ကဲ့ရဲ့သံတွေ ရှိခဲ့တယ်။ ယုံကြည်ရာကို     မဆုတ်မနစ်ရဲရဲဝံ့ဝံ့လုပ်ခဲ့တာကြောင့် နိုင်ငံအဝန်း လူမှုကူညီရေး အသင်းတွေ အလျှိုလျှိုပေါ်ပေါက်လာပါပြီ။

““ဆရာတော်ကြီးတစ်ပါးကဆို သတင်းစာထဲ ငါ့ဓာတ်ပုံပါ လာတော့ ဦးတိက္ခကြီး ပိန်သွားပြီ၊ မကြာတော့ဘူးတဲ့၊ မသာကား တွေ ချလို့တဲ့။ ဟ…ဟ…ဟ…။ သူ့ဆီမှာလည်း ငါ့ဒကာ၊ ဒကာမ တွေရှိတာကိုး။ ခြောက်နှစ်လောက်နေတော့ အယူသီးတဲ့ အဲဒီ ဆရာတော်က ပျံလွန်တော်မူသွားတယ်။ ငါက မသေသေဘူး။ အဲဒီလို တွေ့ကြုံခဲ့ရတယ်။

““တချို့မြို့တွေက အဆောက်အအုံတွေ ဆောက်ပြီးမှ ကန့် ကွက်လို့ ပြန်ဖျက်ကြရတယ်။ တခြားရွှေ့ဆောက်ကြရတာလည်း ရှိတယ်။ မြေလတ်ဒေသက မြို့တစ်မြို့ဆို သိပ်အယူသီးတာ။ သူတို့ မြို့ပေါ်က ဗိမာန်ကြီးပေါ်မှာ ငါဟောခဲ့ရသေးတာ။ ကြက်မသာ၊ ဝက်မသာတွေကျတော့ အိမ်ထဲယူသွင်းကြပြီး လူမသာကျမှ အသွင်းမခံရရင် မဟုတ်တဲ့အကြောင်းတွေ အစုံဟောခဲ့ရတာ။ တစ်လလောက်နေတော့ ငါ့ကျောင်းကို စာတစ်စောင်ရောက်လာတယ်””

ဘာစာပါလိမ့်လို့ ကျွန်တော်စဉ်းစားနေတုန်း ဆရာတော် က ဆက်မိန့်တယ်။

““ဆရာတော်ဟောတာကြောင့် တပည့်တော်တို့ မြို့ အယူ သီးတာတွေ စွန့်ကုန်ပါပြီဘုရားတဲ့။ ဆရာတော်ဟောတာတွေ လည်း အမှန်တွေပါပဲတဲ့””

ဗြဟ္မစိုရ်အသင်း စတင်ထူထောင်စဉ်ကတည်းက မူဝါဒ စည်းမျဉ်းစည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သား သား ချမှတ်ထားတာ ကျွန်တော်သတိထားမိတယ်။ သင်းဖွဲ့စည်း မျဉ်းနဲ့အညီ တရားဝင်မှတ်ပုံတင်ထားတယ်။ (ဒါတောင် မှတ်ပုံ တင်သက်တမ်းတိုးမပေးတဲ့ ကာလအချို့ ရှိခဲ့ဖူးတယ်။) အသင်း မှာရှိတဲ့ အသင်းပိုင်ကားအားလုံး လိုင်စင်ရှိတယ်။ ကားဒီးလက်စ် ကားကြီး နာရေးယာဉ်အဖြစ် အသုံးပြုဖို့ရောက်လာတော့ ဘယ် လိုလူတွေကို အသုံးပြုခွင့်ပေးမှာလဲဆိုတဲ့ ကိစ္စပေါ်လာတယ်။ အဲ ဒီအကြောင်း ဆရာတော်ကို ကျွန်တော်မေးတယ်။

““လုနေကြတာပေါ့။ ဗြဟ္မစိုရ်အသင်းကြီးကို အလှူငွေကျပ် တစ်သိန်းလှူထားရင် ကားဒီးလက်စ်ကားကြီး သုံးခွင့်ရမယ်။ ဘယ်တုန်းက လှူထား၊ လှူထားရတယ်။ နာရေးဖြစ်မှ လာလှူ လည်းရတယ်။ မလှူရင် ရိုးရိုးနာရေးကားတွေကို အခမဲ့သုံးလို့ရတယ်””

ဗြဟ္မစိုရ်ရဲ့ မူဝါဒက ပြတ်တယ်။ ကျပ်တစ်သိန်းလှူရင် (လှူ ခဲ့ဖူးရင်)နူနူဝဲ၀ဲ၊ ကျိုးကျိုးကန်းကန်း၊ ဘုရင်နတ်ရွာစံတာဖြစ်ဖြစ်၊ သူတောင်းစားကွယ်လွန်တာဖြစ်ဖြစ် ကားဒီးလက်စ်နဲ့ နာရေးပို့ ခွင့်ရမယ်။ မလှူရင် ရိုးရိုးနာရေးယာဉ်နဲ့ အခမဲ့ပို့ဆောင်ပေးမယ်။

ကျွန်တော် အဲဒီ ကားဒီးလက်စ်ကား အသုံးပြုခွင့်နဲ့ ပတ် သက်လို့ ဗြဟ္မစိုရ်အသင်းမှာ အတွင်းရေးမှူးဖြစ်တဲ့ စာရေးဆရာ ကျော်ရင်မြင့်ကို မေးဖူးတယ်။

ဆရာကျော်ရင်မြင့်က ““တချို့ မြို့မိမြို့ဖတို့၊ မျက်နှာဖုံးတို့မှ သာ ကားဒီးလက်စ်ကားကြီး သုံးစွဲဖို့ ပြောကြတယ်။ ဘယ်လိုလူ တွေကို မြို့မိမြို့ဖလို့ သတ်မှတ်မှာလဲ။ အုပ်ချုပ်ရေးပိုင်းက လူတွေ ကို မြို့မျက်နှာဖုံးလို့ သတ်မှတ်ရမှာလား။ ဝိဝါဒကွဲစရာတွေ ရှိတယ်။ အလှူငွေကျပ် တစ်သိန်းဆိုတော့ မြင်သာထင်သာရှိတာပေါ့””

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း စတင်ထူထောင်စဉ်က နာ ရေးကိစ္စတွေကိုသာ လုပ်ဆောင်ခဲ့တာပါ။ ယခုအခါမှာ ကျန်းမာ ရေး၊ ပညာရေး၊ သဘာဝဘေးအ္တရာယ်ကယ်ဆယ်ရေး၊ စာကြည့် တိုက်စတဲ့ လုပ်ငန်းတွေကိုပါ လုပ်ကိုင်လာတယ်။

““ငါတို့က ဗြဟ္မစိုရ်စဖွဲ့ကတည်းက ရည်ရွယ်ချက်ရှိတယ်။ ဒါကြောင့်မို့ လူမှုကူညီရေးအသင်းလို့ နာမည်ပေးခဲ့ကြတာ။ စာသင်ဆောင်မှာလည်း ကျောင်းသား၊ ကျောင်းသူ ၃၀၀ လောက် စာသင်နေကြပြီ။ ဒီနှစ်က ဆယ်တန်းအောင်ချက် သိပ် ကောင်းတာ။ ငွေကြေးမတတ်နိုင်သူတွေရဲ့ သားသမီးတွေ လာ တက်ကြတာ။ ဆရာ၊ ဆရာမတွေကလည်း စေတနာပါပါ သင် ပေးကြတယ်။ ပညာရေးသမားချင်း ဆက်သွယ်ပြီး ရောက်လာကြ တာ။ စေတနာနဲ့ လုပ်အားပေးကြတာပေါ့။ ပညာရေးက သုံးနှစ် ရှိပြီ””

ဗြဟ္မစိုရ်ပညာဒါနကျောင်းဆောင်ရဲ့ အလှူရှင်က မြင့်မြင့် ခင်ထိုးမုန့်လမုန့်ဖြစ်တယ်။ ၁၂၀ ပေ x ၃၀ ပေ အကျယ်အဝန်းရှိ အာရ်စီသုံးထပ်ကျောင်းဆောင်ကြီးဖြစ်တယ်။ ကျပ်သိန်းပေါင်း ၂,၀၀၀ အကုန်အကျခံ တည်ဆောက်ခဲ့တာပါ။

ဗြဟ္မစိုရ်အထူးကုဆေးခန်းကို ၂၂.၈.၂၀၀၉ မှာ စတင်ဖွင့် လှစ်ခဲ့တယ်။ စနေ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးနေ့များမှာ အခမဲ့ ကုသပေး နေတာဖြစ်တယ်။ ဆေးခန်းဖွင့်တဲ့ ရက်တွေမှာ လူနာ ၄၀၀ ကျော် လာရောက်ကုသကြတယ်။ မန္တလေးမြို့ကသာမက အနယ်နယ် အရပ်ရပ်က လာရောက်ကုသကြတယ်။

ဗြဟ္မစိုရ်အထူးကုဆေးခန်းတာဝန်ခံဆရာဝန်ကြီးက ဒေါက်တာဦးသန်းထွန်းမြင့်။ အခုဆိုရင် အထူးကုလုပ်ငန်း ၁၇ မျိုး ကို ဆောင်ရွက်နိုင်ခဲ့ပြီး မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ကလေး၊ သားဖွားမီးယပ်၊ အရိုး၊ အကြောအဆစ်၊ စိတ်ရောဂါ၊ သွားနှင့် ခံတွင်းစတာတွေ ကုသနိုင်တယ်။ တိုးချဲ့ဖို့ ရှိသေးတယ်။ တိုးချဲ့နိုင်ဖို့ စေတနာ့ဝန်ထမ်းတွေ လိုတယ်။ အခု ဒီဆေးခန်းမှာ လုပ်နေ ကြသူအများစုက စေတနာ့ဝန်ထမ်းတွေပါလို့ ပြောတယ်။

ဗြဟ္မစိုရ်ဆရာတော် ဦးတိက္ခက ပရဟိတလုပ်ငန်းတွေမှာ ထက်သန်သူပီပီ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်း တွေလည်း ဗြဟ္မစိုရ်အသင်းကြီးက လုပ်ကိုင်တယ်။ နာဂစ်မုန်တိုင်း ဒဏ်ခံရသူတွေအတွက်လည်း ကူညီခဲ့တယ်။ မီးဘေးအ္တရာယ် ကြုံတွေ့ရသူ၊ ရေဘေးအ္တရာယ် ကြုံတွေ့ရသူတွေကို ကူညီ ထောက်ပံ့တယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို လည်း ကယ်ဆယ်ရေးပစ္စည်းတွေ ကူညီထောက်ပံ့ပေးခဲ့တယ်။

ကောင်းတာလုပ်တယ်၊ ပရဟိတလုပ်တယ်၊ လူမှုရေးလုပ် ငန်းတွေမှာ တက်တက်ကြကြလုပ်ပြီဆိုရင် အာဏာပိုင်အသိုင်း အဝိုင်းက မျက်လုံးဒေါက်ထောက်ကြည့်တာ ထုံးစံလို ဖြစ်နေပါပြီ။ ဆရာတော်ဦးတိက္ခက သူယုံကြည်ရာကို မတွေဝေဘဲ လုပ်စရာရှိ တာ ဆက်လုပ်သူဖြစ်တယ်။

““ဘုန်းဘုန်းလုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ ဘယ်အလုပ်က အခက်အခဲဆုံး ဖြစ်မလဲဘုရား””

““ဗြဟ္မစိုရ်ကတော့ အခက်ဆုံးပေါ့။ အာဏာပိုင်တွေက မျက်လုံးဒေါက်ထောက်ကြည့်နေတာ။ ဒါပေမဲ့ သူတို့က (အာဏာ ပိုင်တွေက) ရှေ့တော့ မတိုးပါဘူး။ အသင်းရဲ့ သြဝါဒစရိယအဖြစ် တစ်မြို့လုံးက ဆရာတော်ကြီးတွေကို ထည့်ထားတာကိုး။ နိုင်ငံ တော်သြဝါဒစရိယ မကွေးဆရာတော်ကြီးတောင် ပါသေးတယ်။ သူနဲ့ငါက သားချင်းလည်း တော်သေးတာပေါ့””

““ဘုန်းဘုန်း ရှေ့ဆက်ဘာလုပ်မယ် စဉ်းစားထားလဲ ဘုရား””

““ဘာဝနာပဲ ပွားတော့မယ်ကွာ။ ကိုယ့်ဘာသာ တရားအား ထုတ်တော့မယ်””

ဆွမ်းစားချိန်နီးလာလို့ ကျွန်တော့်ရဲ့ တွေ့ဆုံမေးမြန်းမှုကို ရပ်လိုက်တယ်။ ဆရာတော်ကို ကန်တော့ပြီး ကျွန်တော်ပြန်လာခဲ့တယ်။

[:en]မြန်မာနိုင်ငံမှာ နာရေးကူညီမှုလုပ်ငန်းကို ပထမဆုံးစတင်ခဲ့တာက မန္တလေးမြို့  တောင်စလင်း တိုက်သစ်ဝါခင်းကုန်းဆရာတော် ဦးတိက္ခဖြစ်ပါ တယ်။ လူတွေရဲ့အယူသည်းမှုတွေကို တိုက်ဖျက် နိုင်ဖို့ တရားဟောပြောရုံမကကိုယ်တိုင်လည်း  နာရေးကူညီမှုအသင်း ပထမဆုံးစတည်ထောင် ခဲ့တဲ့  ဆရာတော်ဖြစ်ပါတယ်။

ဆွမ်းစားချိန်နီးလာလို့ ကျွန်တော့်ရဲ့ တွေ့ဆုံမေးမြန်းမှုကို ရပ်လိုက်တယ်။ ဆရာတော်ကို ကန်တော့ပြီး ကျွန်တော်ပြန်လာခဲ့တယ်။—

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."