မျက်မမြင်တွေရဲ့ ဓူဝံကြယ်

မျက်မမြင်တွေရဲ့ ဓူဝံကြယ်

Photo: Kaung Myat Moe

 ၂၀၁၄-ဒီဇင်ဘာ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ ပုံရိပ်လွှာ ဆောင်းပါး ဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်။

၁၉၆၇ ဆောင်းရာသီ၊ ဖေဖော်ဝါရီရဲ့ ပထမဦးဆုံးနေ့။ သင်္ဃန်းကျွန်းမြို့နယ် အထက်တန်းကျောင်းတစ်ခုရဲ့ သိပ္ပံခန်း အတွင်းမှာ ဆယ်တန်းကျောင်းသားမောင်သိန်းလွင်တစ်ယောက် တစ်ကိုယ်တော်စမ်းသပ်မှုတစ်ခုကို ပြုလုပ်နေပါတယ်။

ဒုံးပျံလောင်စာဆိုတာ ဘယ်လိုဟာမျိုးလဲသိချင်စိတ်နဲ့ စမ်းသပ်နေစဉ်မှာပဲ ဝုန်းခနဲပေါက်ကွဲသံကြီးနဲ့အတူ သူလဲပြို ကျသွားတယ်။ လက်ထဲကိုင်ထားတဲ့ ဇွန်းက နှစ်ပိုင်းပြတ်သွားပြီး တစ်ပိုင်းက လက်ဖဝါးထဲဝင်သွားတယ်။ နောက်တစ်ပိုင်းက မီး သတ်ဆေးဘူးကိုထိပြီး မီးသတ်ဆေးရည်တွေ ထွက်လာတယ်။ သူ့ရဲ့မျက်လုံးကတော့ ဘာမှမမြင်ရတော့ဘူး။

“အဲဒီအချိန် သတိတော့ မလစ်ဘူး။ ပစ်လဲကျသွားတာ။ နားထဲမှာ အသံတွေကြားနေရတယ်။ မျက်လုံးကတော့ ဘာမှ မမြင်ရတော့ဘူး”လို့ သူက ပြန်ပြောင်းပြောပြပါတယ်။

အဲဒီပေါက်ကွဲမှုမှာ ရည်မှန်းချက်ကြီးတဲ့ သိပ္ပံပညာရှင်ဖြစ်ချင်သူ မောင်သိန်းလွင်ဟာ ဘယ်လက်တစ်ဖက်နဲ့ မျက်လုံးနှစ်လုံး ဆုံးရှုံးခဲ့ရပါတယ်။ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ချင်ခဲ့တဲ့ လူငယ်တစ်ဦးရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေဟာလည်း တစ်စစီ ကျိုးပျက်သွားရခြင်းပါပဲ။

မောင်သိန်းလွင်ဟာ သိပ္ပံပညာရှင်ဖြစ်ချင်လွန်းအားကြီးတာကြောင့် သူတို့အခန်းမှာ အတန်းပိုင်ဆရာမ မလာတဲ့နေ့၊ အခြားဆရာမတစ်ဦးက အစားဝင်သင်နေတဲ့အချိန်မှာ အတန်း ကနေလစ်ပြီးတော့ သိပ္ပံခန်းမှာ တစ်ယောက်တည်း သွားရောက် စမ်းသပ်ရင်းနဲ့ ဒီလိုအဖြစ်မျိုးကိုကြုံခဲ့ရတာပါ။

သူက သိပ္ပံပညာရပ်ကို ကျောင်းသင်ဘာသာရပ်အနေနဲ့ တင်မကဘဲ ထပ်လေ့လာစမ်းသပ်ဖို့ အားထုတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာမှာ လကမ္ဘာကို ဒုံးပျံတွေလွှတ်ပြီး စူးစမ်းနေတဲ့အချိန်ပါ။ သူကလည်း ဒုံးပျံလွှတ်ချင်နေတဲ့အတွက်ကြောင့် ဒုံးပျံလောင်စာတွေကို စမ်းသပ်ရင်း အခုလို ပေါက်ကွဲခဲ့ တာဖြစ်ပါတယ်။

သူ့ရဲ့အိပ်မက်တွေနဲ့အတူ စက္ခုအလင်းပါ ဆုံးရှုံးသွားခဲ့ရ တယ်ဆိုပေမယ့် ယင်းရဲ့အခြားတစ်ဖက်မှာတော့ သူနဲ့ဘဝတူ မျက်မမြင်တွေအတွက် မီးရှူးတန်ဆောင်အဖြစ်နဲ့ ပြန်လည် မွေး ဖွားလာခဲ့တယ်။

သူကတော့ ယနေ့လက်ရှိ ခဝဲခြံမျက်မမြင်ကျောင်းကို တည်ထောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာရအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ဘဝကိုတစ်ဆစ်ချိုး ပုံဖော်ထုဆစ်နိုင်ခဲ့သူ ဒေါက်တာသိန်းလွင်ပဲ ဖြစ်ပါတယ်။

ဘဝတူမျက်မမြင်တွေအတွက် မီးရှူးတန်ဆောင်ဖြစ်အောင် ကြိုးစားခဲ့ရတဲ့ ဦးသိန်းလွင်ရဲ့ ဘဝခရီးက ချောမွေ့ခြင်း အလျဉ်းမရှိခဲ့ပါဘူး။ ဆူးညှောင့်ခလုတ်တို့နဲ့ ပြည့်နှက်နေပါတယ်။

လွန်ခဲ့တဲ့ ၄၇ နှစ်က ဖြစ်ပွားခဲ့တဲ့ အဖြစ်ဆိုးကြီးကလည်း သူရဲ့ မှတ်ဉာဏ်ထဲမှာ အခုထိ နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်နေဆဲပါ။ ထိုအချိန်က အကြောင်းတွေကို ဒီကနေ့ ပြန်ပြောပြနေတဲ့ အသက် ၆၅ နှစ် အရွယ် ဦးသိန်းလွင်ရဲ့ အသံက လှုပ်ရှားမှု သိပ် မပြဘဲ ကန်ရေပြင်လိုတည်ငြိမ်နေပါတယ်။

တစ်ခေါင်းလုံး ဆံပင်တွေ ဖွေးဖွေးဖြူနေပြီး ခန္ဓာကိုယ် ခပ်ပြည့်ပြည့်နဲ့ အရပ် ၅ပေ ၇ လက်မရှိတဲ့ ဦးသိန်းလွင်ဟာ နေ ကာမျက်မှန်ကို တပ်ထားပါတယ်။ သူ့ရုံးခန်းဆိုဖာပေါ်မှာ ခပ် လျော့လျော့ထိုင်နေတဲ့ ဦးသိန်းလွင်ဟာ သူ့အဖြစ်တွေကို ပြန် ပြောင်းပြောပြရင်း ကျွန်တော်ကို သူ့ရဲ့ငယ်ဘဝဆီသို့ ဆွဲခေါ်သွား ပါတယ်။

သတ်သေဖို့ မတတ်နိုင်တဲ့ဘဝ

ပေါက်ကွဲမှုဒဏ်ရာတွေကြောင့် မောင်သိန်းလွင်တစ် ယောက် ဆေးရုံပေါ်မှာ တစ်နှစ်ခွဲလောက် ဆေးကုသမှုကို ခံယူခဲ့ ရပါတယ်။ သူဆေးရုံတက်နေစဉ်မှာတော့ စိတ်ဓာတ်တွေက အတော့်ကို ကျဆင်းနေပါတယ်။ ဖြစ်ချင်တာတွေကို ဖြစ်ခွင့်မရ နိုင်မှန်း သိလိုက်ချိန်ကစလ့ို သူ့မှာ ဖြေမဆည်နိုင်ဖြစ်ရပါတယ်။

“တော်တော်ကိုပဲ စိတ်ထိခိုက်ဝမ်းနည်းကြေကွဲရပါတယ်။ ယူကြုံးမရ တသသပေါ့”လို့ သူက ဆိုတယ်။

သူစိတ်ပျက်အားငယ်ရတဲ့ အကြောင်းရင်းတွေထဲမှာ သူ့ ရဲ့ခင်မင်ရတဲ့ သူငယ်ချင်းတွေ၊ နောက်ပြီးတော့ တစ်ပတ်လောက် သာ တွဲခဲ့ရတဲ့ သူ့ချစ်သူတို့ကြောင့်လည်း ပါဝင်ပါတယ်။ သူဖြစ်ဖြစ်ချင်းမှာတော့ သူ့သူငယ်ချင်းတွေနဲ့ သူ့ချစ်သူတို့က ဆေးရုံကို လာရောက် အားပေးကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူတို့တွေ ရောက်မလာတော့ပါဘူး။ သူ့ဘေးမှာ သူနာပြုနဲ့ သူ့ မိခင်ဖြစ်သူတို့သာ ကျန်ရှိပါတော့တယ်။ သူ့ဖခင်ကတော့ သူ ၁၂ နှစ်သားအရွယ်မှာ တိမ်းပါးခဲ့တာပါ။

သူ့ချစ်သူနဲ့ပတ်သက်ပြီးလည်း သူဖြေသာပါတယ်တဲ့။ ချစ်သူသက်တမ်းက တစ်ပတ်လောက်သာ ရှိသေးတာကြောင့်  သံယောဇဉ်ကြိုး မရစ်ပတ်မိသေးတာလည်း ပါတာပေါ့တဲ့။

ချစ်သူနဲ့ ပတ်သက်လို့တော့ သူက အခုလိုဖြေတယ်။

“ကိုယ်နဲ့ သူနဲ့ ချစ်ကြ၊ ကြိုက်ကြတုန်းက ကိုယ်က မျက်စိ အကောင်း၊ လက်အကောင်းလေ။ အခုလိုဖြစ်သွားတော့ သူ့မှာ လည်း ပြန်စဉ်းစားပိုင်ခွင့်ရှိတယ်လေ။ ကျိုးကျိုး၊ ကန်းကန်း ချစ် မယ်လို့ ပြောထားတာလည်း မရှိတော့လေ”

ဒီလိုအဖြစ်အပျက်တွေကြောင့် မောင်သိန်းလွင်ဟာ လူ့ လောကထဲမှာဆက်နေဖို့အတွက် ယုံကြည်ချက်တွေပျောက်ဆုံး လာခဲ့ပါတော့တယ်။ အဲဒီအတွက် ဆေးရုံတက်နေစဉ်မှာ ကိုယ့် ကိုယ်ကိုယ်သေကြောင်းကြံဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားပါ တယ်။

ပထမတစ်နည်းအနေနဲ့ သူဟာ အိပ်ဆေးတွေ စုပါတယ်။ အိပ်ဆေးဆိုတာက နေ့တိုင်းရတာ မဟုတ်ပါဘူး။ သူက သောက် ချင်တယ်လို့ လီဆယ်ပြောပြီး တောင်းယူပါတယ်။ ရလာတဲ့ဆေး ပြားတွေကို ခေါင်းအုံးအောက်ထဲမှာ ဝှက်ထားပါတယ်။ ဒါပေမဲ့ အဲဒီလိုစုနေတာ လေး၊ ငါးလုံး လောက်ရတဲ့အချိန်မှာ ဆေးရုံက ဝန်ထမ်းတစ်ဦးက သိသွားတဲ့အတွက် သူ့အကြံအစည် အထမမြောက်လိုက်ပါဘူး။

ဒါပေမဲ့ သူက သတ်သေဖို့ လက်မလျှော့သေးပါဘူး။ နောက်တစ်နည်း ထပ်ကြိုးစားပါတယ်။ အဲဒီနည်းကတော့ ဆေးရုံ ပြတင်းပေါက်ကနေ ခုန်ချဖို့ပါ။ အဲဒီတုန်းက ဆေးရုံကြီးရဲ့ ပြတင်း ပေါက်တွေမှာ သံဆန်ခါတွေ တပ်မထားသေးပါဘူး။ ဒါပေမဲ့ လည်း ကံတရားက သူ့ကို မျက်နှာသာမပေးခဲ့ပြန်ပါဘူး။

ဘာကြောင့်လဲဆိုတော့ သူ့ထက်အကြံဦးသူတစ်ယောက် က သူခုန်ချဖို့ ကြံစည်နေတဲ့အချိန်မှာပဲ ရှေ့က ခုန်ချလိုက်တာ ကြောင့် ဆရာဝန်တွေက ဆေးရုံပြတင်းပေါက်တွေမှာ သံဆန်ခါ တွေ တပ်လိုက်ပါတော့တယ်။ သူရဲ့ ဒုတိယအကြံအစည်ကလည်း သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးတော့ သူ့ကိုယ်သူ သတ် သေဖို့အတွက်ကိုတောင် မတတ်နိုင်တဲ့ဘ၀ ဆိုပြီးတော့ လူ့ လောကထဲကနေ ထွက်ခွာဖို့ကို အားလျှော့လိုက်ပါတော့တယ်။

“မအောင်မြင်ပါဘူး။ မျက်စိကလည်း မမြင်။ လက်က လည်း မရှိ။ ရှိတဲ့လက်ကလည်း ပတ်တီးတွေနဲ့ဆိုတော့ စိတ်သွား တိုင်း ကိုယ်မပါပါဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် လုပ် လို့မရတဲ့ အနေအထားဖြစ်သွားတယ်”လို့ သူက အဲဒီအချိန်တုန်း က စိတ်ဓာတ်တွေ ကျဆင်းခဲ့ရတာကို ပြန်ပြောပြပါတယ်။

သူက စကားပြောရင်း မောလာဟန်နဲ့ သူ့နံဘေးမှာချထား တဲ့ သောက်ရေခွက်ကို ညာလက်နဲ့စမ်းလိုက်ပြီး သောက်လိုက် တယ်။ ပြီးတော့ သူ့ရဲ့ဘယ်ဘက်လက်အတုမှာ ဝတ်ဆင်ထားတဲ့ နာရီကို ကိုင်တွယ်နေပါတယ်။ နာရီက မျက်မမြင်တွေအတွက် ထုတ်လုပ်ထားတဲ့ နာရီဖြစ်ပြီး ရောက်တဲ့ နာရီ မိနစ်ကို  ခလုတ် လေးနှိပ်လိုက်တာနဲ့ အသံပြုပါတယ်။

နာရီကိုကြည့်နေတဲ့အကြောင်းကတော့ သူ့အခန်းထဲမှာ မျက်မမြင်တွေအတွက် ဆော့ဖ်ဝဲတစ်ခုရေးဖို့ ပညာရှင်တွေနဲ့ တွေ့ဆုံဖို့ပါ။ သူ့ရဲ့သမီးအကြီးဖြစ်သူကလည်း လာသတိပေးနေပါ တယ်။ ဧည့်သည်တွေက အစည်းအဝေးလုပ်ဖို့ စောင့်နေပါတယ် တဲ့။ သူက အစည်းအဝေးစထားနှင့်လို့ ပြန်ပြောပြီး ကျွန်တော်နဲ့ စကားဆက်ပြောပါတယ်။

သူက ဆေးရုံပေါ်မှာ စိတ်ဓာတ်ကျအားငယ်နေပြီး ကိုယ့် ကိုယ့်ကိုယ်သတ်သေဖို့အထိ စဉ်းစားခဲ့တဲ့အချိန်မှာ  သူ့ကို လူ့ လောကမှာ ဆက်နေချင်စိတ်တွေ ယုံကြည်ချက်တွေနဲ့ အားအင် တွေကို ပေးခဲ့တာက ဘုရားသခင်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

သူ ခရစ်ယာန်ဘာသာဝင်မဖြစ်ခင်အချိန်တုန်းက လက်ဝဲ စာပေတွေကိုဖတ်ဖြစ်ခဲ့ပြီး လက်ဝဲဝါဒီလိုလို၊ ကွန်မြူနစ်လိုလို၊ ဘုရားမဲ့ဝါဒီတစ်ဦးလိုလို ဖြစ်ခဲ့သူပါ။ ဒါပေမဲ့ ဘုရားသခင်နဲ့ တွေ့ ပြီးနောက်ပိုင်းမှာတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည် သူ တစ်ယောက်ဖြစ်လာပါတယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော့်ကို ချစ်တဲ့သူတစ်ယောက်ရှိတာကို သိလိုက်ရ တဲ့အခါကျတော့ ကျွန်တော့်အတွက် အားဆေးပဲ။ ဘုရားမဲ့ဝါဒီက နေ ခရစ်ယာန်ဖြစ်လာတာပေါ့။ အဲဒီနောက်ပိုင်း ကျွန်တော် သေဖို့ကို လုံးဝမစဉ်းစားတော့ဘူး။ ရှိတဲ့အချိန်မှာ ဘာလုပ်နိုင်မလဲ စဉ်းစားပြီးတော့ပဲ လုပ်တော့တာပဲ”လို့ သူ ခရစ်ယာန်ဘာသာဝင် ဖြစ်လာတဲ့ အကြောင်းကို လေသံအေးအေးနဲ့ ရှင်းပြပါတယ်။

ဘဝကို ပြန်လည်ထုဆစ်ခြင်း

အဲဒီနောက်ပိုင်းတော့ မောင်သိန်းလွင်ဟာ သူ့ကိုယ်သူ ယုံ ကြည်မှုတွေ ရှိလာပါတယ်။ ဖြစ်ချင်တာတွေ ဖြစ်မလာနိုင်တော့တဲ့ နောက်ပိုင်း လက်ရှိရလာတဲ့ဘဝမှာ အကောင်းဆုံးနေထိုင်ဖို့ သူ ကြိုးစားပါတော့တယ်။ ဆေးရုံမှာ တစ်နှစ်ခွဲနေပြီး ဆေးရုံက ဆင်း တာနဲ့ တစ်ပြိုင်နက် သူပထမဦးဆုံး စလုပ်တာက ကျောင်းပြန် တက်ဖို့အတွက်ပါ။ ဆယ်တန်းပြန်တက်ခွင့်ရဖို့  ကြိုးစားပါတော့တယ်။

ဒါက သူ့အတွက်လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ၁၉၆၀ ကျော်လောက်က မြန်မာနိုင်ငံမှာ မျက်မမြင်တွေအတွက် ကျောင်းက နှစ်ကျောင်းသာရှိပါတယ်။ ပခုက္ကူမြို့နယ်က မျက် မမြင်လူအိုတွေအတွက် ကျောင်းရယ် (အမှန်တော့ ဂေဟာ သဘောမျိုးပါလို့ သူက ဆိုပါတယ်။)၊ ကြည့်မြင်တိုင်မြို့နယ်က ၁၄ နှစ်အောက်တွေကို စာသင်ပေးတဲ့ ကျောင်းရယ် ဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ်ရှိတဲ့ သူက အဆိုပါကျောင်းနှစ် ကျောင်းလုံးမှာ သတ်မှတ်ချက်ဘောင် မဝင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ မောင်သိန်းလွင်တစ်ယောက် ကျောင်းအပ်ခွင့် မရရှာဘဲ အိမ်ကို ပြန်လာခဲ့ရပါတော့တယ်။

“ကျွန်တော်အဲဒီအချိန်မှာ ခိုကိုးရာမဲ့ဖြစ်နေတယ်။ မျက် ရည်နဲ့မျက်ခွက်ပြန်လာရတာ။ ဒီကျောင်းလက်မခံရင် ဘယ် ကျောင်းမှာ သွားတက်မလဲ၊ မြန်မာနိုင်ငံမှာကျောင်းမှမရှိတော့တာ”လို့ အဲဒီအချိန်တုန်းက စိတ်ပျက်အားငယ်ခဲ့ရပုံကို ပြန်ပြော ပြပါတယ်။

တစ်ချိန်တည်းမှာပဲ သူဟာ ကြီးမားတဲ့သန္နိဋ္ဌာန်တစ်ခုကို သူ့ရဲ့ နှလုံးသားမှာ သံမှိုစွဲသလို စွဲမြဲနေအောင် ခပ်ပြင်းပြင်းရိုက် နှက်လိုက်ပါတော့တယ်။

“ကြုံးဝါးလိုက်တယ်။ နောင်ကျရင် ငါ မျက်မမြင်ကျောင်း (ထောင်မယ်)။ အဲဒီကျောင်းကလည်း အထက်တန်းကျောင်းဖြစ် ရမယ် ဆိုပြီးတော့ ကြုံးဝါးခဲ့တာ””လို့သူက ပြန်ပြောပြတယ်။

အဲဒီအချိန်မှာပဲ သူ့အတွက် ကောက်ရိုးတစ်မျှင်ကို ဖမ်း ဆုပ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ လူမှုဝန်ထမ်းဌာနပဲဖြစ်ပါတယ်။ သူမျက်စိကွယ်ခဲ့တဲ့ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မတိုင်မီကတည်းက သူက လူမှုဝန်ထမ်းဌာနက ဖွင့်တဲ့ လူမှုရေး မူလတန်းကျောင်းမှာ လုပ်အားပေးကျောင်းဆရာ လုပ်ကိုင်နေခဲ့တာပါ။

သူဆေးရုံတက်တုန်းက လူမှုဝန်ထမ်းက လာရောက်အား ပေးပါတယ်။ အကူအညီလိုရင် လာခဲ့ပါဆိုတဲ့ စကားကိုလည်း အမှတ်ရလိုက်မိတာပေါ့။ ကံကောင်းချင်တော့ လူမှုဝန်ထမ်းက ဒုတိယညွှန်ကြားရေးမှူးကလည်း သူ့ကိုမှတ်ချက်ပေးထားပါ သတဲ့။

“မောင်သိန်းလွင်ဆိုတဲ့ ကလေးလာရင် ကူညီလိုက်ပါဆိုပြီး တော့။ အဲဒီတော့ သူတို့ကလည်းဘောင်ဝင်အောင်ဆိုပြီးတော့ ကြည့်မြင်တိုင်က လက်မခံတော့ သမိုင်းကျိုက်ဝိုင်းဘုရားလမ်း မှာရှိတဲ့ မသန်စွမ်းလူကြီးတွေကို လက်ခံတဲ့ကျောင်းပေါ့။ အဲဒီမှာ မျက်မမြင်လက်မခံဘူး။ ခြေတု၊ လက်တုတွေပဲ လက်ခံတာ။  ကျွန်တော်က လက်တုသမားဖြစ်တော့ ဘောင်ဝင်တယ်ဆိုပြီး လက်ခံလိုက်တာ”လို့ သူက ဆိုပါတယ်။

အဲဒီကျောင်းမှာ မျက်မမြင်ဆိုလို့ သူတစ်ယောက်တည်းရှိပါ တယ်။ သူက ကျောင်းကို စရောက်တာနဲ့ ဆယ်တန်းပြန်ထားပေး ဖို့တောင်းပန်ခဲ့ပါတယ်။

အဲဒီက တာဝန်ရှိသူတွေကလည်း သူစိတ်ချမ်းသာရင်ပြီး ရောဆိုပြီး မရမ်းကုန်း အထက (၁) မှာ ကျောင်းပြန်ထားပေးပါ တယ်။ သူတို့ရည်ရွယ်ချက်ထဲမှာ အောင်အောင်၊ ကျကျ ဒီတစ် နှစ်ပဲဆိုပြီး ထားပေးတာဖြစ်ကြောင်း တစ်နှစ်ပြီးလို့ ကျသွားရင် ပြီးသွားမှာဆိုပြီး ကျောင်းအပ်ပေးခဲ့တာပါတဲ့။ ဒါတွေက နောက် တော့မှ သူပြန်ကြားရတယ်လို့ ဆိုပါတယ်။

စာသင်ခန်းထဲမှာ သူက စာကို အကြားအာရုံနဲ့ မှတ်ယူသင် ကြားခဲ့တာပါ။ တခြားကျောင်းသားတွေအတွက်ကတော့ စာ ကိုကြည့်နိုင်၊ မှတ်နိုင်ပါတယ်။ သူကတော့ အကြားအာရုံနဲ့ပဲ သင် ယူရပါတယ်။ စာမေးပွဲဖြေတဲ့အခါမှာလည်း သူက ကျက်မှတ်ထား တဲ့စာတွေကို အခြားသူတစ်ယောက်က လိုက်ရေးပေးပါတယ်။ သူ့ရဲ့ မလျှော့သောဇွဲလုံလနဲ့ ကြိုးပမ်းမှုတွေကြောင့်  အဲဒီပညာ သင်နှစ်မှာ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်မြင်ခဲ့ပါတယ်။

တက္ကသိုလ်က စောင့်နေတယ်

ဆယ်တန်းအောင်မြင်ခဲ့ပေမယ်လို့ မောင်သိန်းလွင်မှာ အပြည့်အဝပျော်ရွှင်ခွင့် မရရှာပါဘူး။ အခက်အခဲတစ်ခုက ရှိနေ ပြန်ပါတယ်။ အဲဒါကတော့ လူမှုဝန်ထမ်းက သူ့ကို ကျောင်းဆက် မထားပေးတော့ပါဘူးတဲ့။ အဲဒါနဲ့ အောင်ဖျာကိုလိပ်လို့ သင်္ဃန်း ကျွန်းမှာရှိတဲ့ သူ့ရဲ့နေအိမ်ကို ပြန်လာခဲ့ပြီး တက္ကသိုလ် ဆက်တက် ပါတော့တယ်။

အမှန်တော့ သူက သင်္ဃန်းကျွန်းဇာတိတော့မဟုတ်ပါဘူး။ သူ့ကို ဗဟန်းမြို့နယ်မှာ မွေးဖွားခဲ့ပြီး အသက်ငါးနှစ်အရွယ်မှာ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်ကို ပြောင်းရွှေ့ နေထိုင်ခဲ့တာပါ။

မျက်မမြင်တစ်ဦးဖြစ်တဲ့ သူ့အတွက် အိမ်ကနေ တက္ကသိုလ် တက်ရတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ သူနေထိုင်တဲ့ သင်္ဃန်းကျွန်းကနေ ရန်ကုန်တက္ကသိုလ်ထိ ၁၃ မိုင်ဝေးပါတယ်။ လိုင်းကားက နှစ်ဆင့်။ အဆင်မသင့်ရင် သုံးဆင့်လောက် စီးရပါ တယ်။ ကျောင်းဖွင့်တဲ့ ပထမနေ့မှာတော့ သူ့ညီဖြစ်သူက လိုက်ပို့ ပါတယ်။ အဲဒီနေ့က မောင်မယ်သစ်လွင် ကြိုဆိုပွဲနေ့ပေါ့။ သူ့ညီက လည်း တက္ကသိုလ်ကျောင်းသားပါပဲ။

နောက်နေ့ကစလို့ သူတစ်ယောက်တည်း ကြမ်းတမ်းတဲ့ ပညာသင်ခရီးကို စတင်လျှောက်လှမ်းရပါတော့တယ်။ သူအိမ်က နေ မနက်ကျောင်းသွားဖို့ မျက်မမြင်လမ်းလျှောက်တုတ်ကို ကိုင် ပြီး ထွက်လာခဲ့တယ်။ ရပ်ကွက်ထဲက သူ့ကိုသိနေတဲ့လူတွေက လည်း လမ်းမှာကြုံရင် တစ်ယောက်မဟုတ် တစ်ယောက်က ကား ဂိတ်ကိုလိုက်ပို့ပေးတယ်လို့ သူက ဆိုပါတယ်။ အဲဒီကားဂိတ်ကနေ သူက ကျောင်းကို နှစ်ဆင့်စီးသွားရပါတယ်။

ကားစီးတဲ့အခါမှာတော့ သူ့ရဲ့အကြားအာရုံကို အသုံးပြုပါ တယ်။ ကားစပယ်ရာခေါ်တဲ့ အသံတွေကို သူက နားထောင်ပါ တယ်။ အဲဒီလိုနဲ့  သူ့စီးရမယ့် ကားလာပြီဆိုရင် တက်လိုက်သွား ပါတယ်။ မျက်မမြင်တစ်ယောက်အတွက် ကားစီးရတာ အလွယ် တကူတော့ မဟုတ်ခဲ့ပါဘူး။

“ဘတ်စ်ကားစီးရတာတွေ အကုန်ခက်ခဲတယ်။ ကား သမားတွေက သူတို့ထင်သလို လုပ်ကြတာ။ မျက်မမြင်တွေကို ကူ ညီရမယ်ဆိုတာ ဘယ်သူမှလုပ်တာမရှိဘူး။ သူတို့ကိုယ်တိုင် ကြင် နာမှ၊ တချို့ဆို နောင်ကြီးနေခဲ့တော့ဆိုပြီး တွန်းတောင်ထုတ် တာ”လို့ သူက ကားစီးရတဲ့ အခက်အခဲကို ပြန်ပြောပြပါတယ်။

ပန်းမခင်းတဲ့လမ်း

ဒီလိုအခက်အခဲတွေ တွေ့ကြုံနေပေမယ့် သူက ဇွဲတော့ မလျှော့ခဲ့ပါဘူး။ တက္ကသိုလ်ကို ပြီးဆုံးအောင်တက်နိုင်ခဲ့ပါတယ်။ သူလျှောက်တဲ့လမ်းက  ပန်းခင်းလမ်းတော့ မဟုတ်ပါဘူး။ ခယောင်းလမ်းကို လျှောက်ရတာပါ ။ မှတ်မှတ်ရရ တက္ကသိုလ်စ တက်တဲ့ ဒုတိယနေ့မှာပေါ့။ မန္တလေးဆောင်နဲ့ တောင်ငူဆောင် ကြားက ခါးလောက်နက်တဲ့ ချောက်ထဲကို သူပြုတ်ကျပါတယ်တဲ့။

“အဲဒီနားက ဓာတ်တိုင်တွေကလည်း ကျွန်တော်နဲ့ မိတ်မ ဆက်ဘူးတဲ့ တိုင် မရှိ။ မျက်မှန်ဆိုလည်း ဘယ်နှလက်မှန်းကို မသိဘူး။ မျက်ခုံးတို့၊ နဖူးတို့ ခဏခဏကွဲ၊ လမ်းဘေးက မြောင်း ဘေးအဖုံးဖွင့်ထားတဲ့ နေရာတွေမှာ ခဏခဏ ကျွံကျ၊ ခြေမ,ကွဲ၊ ခြေသလုံးကွဲတာတွေလည်း ခဏခဏပဲ” လို့ သူက ကျောင်း တက်တုန်းက ဒုက္ခရောက်ခဲ့ပုံကို ပြန်ပြောပြပါတယ်။

တဖြည်းဖြည်းနဲ့ ကျောင်းမှာ သူငယ်ချင်းကောင်းတွေ ရ ရှိခဲ့ပါတယ်။ သူကားပေါ်ကဆင်းပြီဆို တစ်ယောက်မဟုတ် တစ် ယောက်က အမြဲကြိုနေပြီး လာခေါ်ကြတယ်လို့ သူက ပြော ပြပါတယ်။

ဒီလိုနဲ့ သူက ကျောင်းမှာ နေသားကျလာပါတယ်။ သူငယ် ချင်းမိတ်ဆွေကောင်းတွေနဲ့လည်း တွေ့ခဲ့တာကြောင့် သူ့ရဲ့ ကျောင်းသားဘဝဟာ ပျော်ရွှင်ခဲ့ရပါတယ်။ နောက်ပြီးတော့ သူ့ ဘဝရဲ့ လက်တွဲဖော်ကိုလည်း တက္ကသိုလ်မှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။

သူက မျက်မမြင်တစ်ယောက်ရဲ့ ချစ်ခြင်းက သာမန်လူတွေ နဲ့တော့ ခြားနားတာမရှိဘူးလို့ ခံယူထားပါတယ်။ အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့စကားဟာ သူ့အတွက်များ ဖြစ်လာခဲ့သလား မပြောတတ်ပါ။

“နှလုံးသားရေးရာမှာတော့ မျက်စိနဲ့မဆိုင်ပါဘူး။  မျက်စိ မမြင်တဲ့လူလည်း နှလုံးသားရှိတာပဲ။ ချစ်တတ်၊ ကြိုက်တတ်တာ ပါပဲ။ သူကလည်း မျက်မမြင်တွေအပေါ်မှာ ကြင်နာတတ်တဲ့လူ ဖြစ်တယ်။ တော်ရုံလူဆိုရင်တော့ ဘယ်ပြောရဲမလဲ။ ကိုယ်က မျက်လုံးလည်း မမြင်တဲ့လူဆိုတော့”လို့ သူ့လက်တွဲဖော်ကို ချစ်ရေးဆိုခဲ့စဉ်က အကြောင်းကို ရယ်ရယ်မောမောနဲ့ ပြောပြပါတယ်။

သူ့ချစ်သူက ဆယ်တန်းနှစ်ကတည်းက ပေါင်းလာခဲ့တဲ့ သူ့ ကို အမြဲတမ်းစာဖတ်ပေး၊ စာအတူကျက်လာခဲ့တဲ့ သူငယ်ချင်းပဲ ဖြစ်ပါတယ်။ သူက ရည်းစားစကားပြောဖို့ အချိန်အတော်ယူ ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ စပြောတဲ့နေ့က သူ့ကို စာဖတ်ပြနေ ရင်း သူက ပြောလိုက်တယ်။ ကောင်မလေးက ဘာမှပြန်မပြောဘူးတဲ့။ သူဆက်မပြောတော့ဘူး။ အလုပ်နဲ့ သက်သေပြပါတယ်။ နောက်မှသိရတာက သူစကားပြောလိုက်တာကို ကောင်မလေး က စာဖတ်ပြနေတော့ မကြားလိုက်ဘူးလို့ဆိုတယ်။

သူက စာတွေ အပြင်းအထန်ကြိုးစားသလို တစ်ဖက်မှာ စီး ပွားရေးနဲ့ သူ့မှာ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေရှိတယ်ဆိုတာကို လက်တွေ့လုပ်ကိုင်ပြရပါတယ်။ တဖြည်းဖြည်းနဲ့ သူကြိုက်နေတာ ကို ကောင်မလေးက သိသွားပါတယ်။ တစ်နှစ်လောက်ကြာတော့ သူ့ကို အဖြေပြန်ပေးပါတယ်တဲ့။

“သူ့ကို စဉ်းစားတော့ သူနဲ့ စာဖတ်ရင်းနဲ့ လေ့လာမိတာ သူကလည်း ပညာကိုလိုလားတဲ့ သူတစ်ယောက်ဖြစ်တယ်။ အတွေးအခေါ်လည်းပဲ သူ့မှာ မြင့်မြင့်မားမားရှိတယ်။ ဘယ်တော့ မှ အညံ့ခံချင်စိတ်မရှိဘူး။ ကိုယ့်ဘဝတိုးတက်ရေးကိုပဲ ဖန်တီးတဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာကို တွေ့တယ်လေ”လို့ ဦးသိန်း လွင်ရဲ့ ဘဝလက်တွဲဖော်အမိုးက ပြန်ပြောပြပါတယ်။

သူတို့ ချစ်သူသက်တမ်းက ခြောက်နှစ်လောက်ကြာခဲ့ပြီး တက္ကသိုလ်ပြီးတဲ့နောက် နှစ်ကိုယ်တူ ဘဝကို ယုံကြည်မှုတွေနဲ့ အတူ အရဲစွန့်တည်ထောင်ခဲ့ကြပါတယ်။ ဒါလည်း လွယ်လွယ်ကူ ကူ တော့ မဟုတ်ပါဘူး။ အိမ်ထောင်ပြုကြမယ်ဆိုတော့ သူ့ချစ်သူ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ သူငယ်ချင်းတွေက ဝိုင်းဝန်းကန့်ကွက်ခဲ့ ကြပါတယ်။

ကန့်ကွက်သူတွေက မျက်လုံးလည်းမမြင်၊ လက်တစ်ဖက် လည်း မရှိတဲ့ သူ့လိုဒုက္ခိတကို ယူလိုက်ရင် ကိုယ်ကပဲ လုပ်ကျွေး နေရမှာ ဖြစ်တဲ့အကြောင်း သူ့ချစ်သူကို ပြောဆိုကြပါတယ်။ ဒါ ပေမဲ့ လက်ထပ်ပြီး ၁၅ နှစ်လောက်ကြာတဲ့အခါမှာတော့ အများ က ထင်နေကြသလို ဖြစ်မလာတာကို သူသက်သေပြနိုင်ခဲ့ပါပြီ။

“သူ့သူငယ်ချင်းတွေနဲ့ ကွာခြားသွားပြီ။ ဟိုလူတွေက ယောကျ်ားအနှိပ်စက်ခံရတာနဲ့၊ အရက်သမား၊ ဘာညာ ငပျင်း တွေနဲ့ရပေါ့။ မျက်စိတွေတော့ ကောင်းတယ်လေ။ သူ့လို မပူမပင် မကြောင့်မကြမနေရဘူး”လို့ သူ့အမျိုးသမီးကို တင့်တောင့်တင့် တယ် ထားနိုင်တာကို ဂုဏ်ယူစွာနဲ့ပြောပြပါတယ်။

အမိုးကလည်း သူ့အမျိုးသားဟာ “တကယ့်ကို ကောင်းတဲ့ အဖော်မွန်ဖြစ်တယ်။ ပြီးတော့လည်းပဲ ဘယ်လိုပြောရမလဲ၊ သူများနဲ့မတူတဲ့ ယောက်ျားတစ်ယောက်ဖြစ်တယ်”လို့ သူ့အမြင်ကို ပြောပြတယ်။

အိပ်မက်ကို အကောင်အထည်ဖော်ခြင်း

သူက ရန်ကုန်တက္ကသိုလ်ကနေ ၁၉၇၄ မှာ ဒဿနိကဗေဒနဲ့ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီးတော့ ဂုဏ်ထူးတန်း ဆက်တက်ပါတယ်။ အဲဒီအချိန်မှာ သူ့အတွက် ရွေးချယ်စရာ အခွင့်အလမ်းနှစ်ခု ပေါ် လာပါတယ်။ အဲဒါကတော့ သူ့ပါရဂူတန်းအတွက် စာတမ်းရေးရ မယ့် အချိန်မှာပေါ့။ တစ်ဖက်ကလည်း မျက်မမြင်ကျောင်းကိုလည်း တည်ထောင်ဖို့အတွက် ရွေးမလားဆိုပြီး သူကြုံခဲ့ရတာပါ။

ဒါပေမဲ့ သူမှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။ အဲဒါ ကတော့ သူမျက်မမြင်ဘ၀ စရောက်ချိန်က ကျောင်းသွားအပ်တဲ့ အခါမှာ ကျောင်းအပ်မရလို့ စိတ်ဓာတ်ကျပြီး ပြန်လာတဲ့အချိန်က ကြုံးဝါးခဲ့တဲ့အတိုင်း မျက်မမြင်ကျောင်းကို တည်ထောင်ဖို့ပဲ ရွေး ချယ်ခဲ့တာပါ။

“ကျောင်းတွေမရှိရင် ပညာတတ်မျက်မမြင်ဆိုတာ ဘယ်ရှိ တော့မလဲ။ လက်မှုပညာသမားတွေပဲ ပေါ်လာတော့မယ်။ သူများ အုပ်ချုပ်တာပဲခံရမှာ။ အဲဒါကြောင့် ကျွန်တော် ကျောင်း ထောင် ဖြစ်ခဲ့တာ”

“ရည်ရွယ်ချက်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင် ဖို့ လူ့အဖွဲ့အစည်းမှာ တန်းတူရည်တူနေရာရဖို့ပေါ့”လို့ သူက ဆိုပါတယ်။

ကျောင်းစတင်ဖွင့်စကတော့ အခက်အခဲတွေ အများကြီးပါ ပဲ။ သူတို့ကျောင်းကို ဘယ်သူကမှ အသိအမှတ်မပြုကြပါဘူး။ ကျောင်းစဖွင့်တော့ ကျောင်းသားက နှစ်ယောက်တည်းနဲ့ပါ။ ကျောင်းစတင်လည်ပတ်ဖို့အတွက် စေတနာရှိသူတွေဆီကနေ အလှူခံပြီးတော့ တဖြည်းဖြည်းစတင်ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ ခရစ်ယာန်အဖွဲ့အစည်း၊ လူမှုဝန်ထမ်းနဲ့ အစိုးရအဖွဲ့တို့က အသိအမှတ်ပြုလာကြပါတယ်။ နောက်ပြီး ကျောင်းကို လူသိများလာတဲ့အခါမှာတော့ အလှူရှင် တွေက တဖြည်းဖြည်းတိုးပွားလာပါတယ်။

“လက်မှုပညာလည်းသင်တယ်။ ကျောင်းစာလည်းသင် တယ်။ အနှိပ်ပညာလိုမျိုးတွေ ဒီကထွက်ပြီးတော့ အပြင်မှာလုပ် တဲ့ သူတွေလည်းအများကြီးပဲ” သူက ရှင်းပြပါတယ်။

ကနေ့ ဆိုရင်တော့ သူဦးစီးပါဝင်တည်ထောင်ခဲ့တဲ့ ခဝဲခြံ မျက်မမြင်ကျောင်းဟာဆိုရင် မျက်မမြင်ပညာတတ် ထောင် ပေါင်းများစွာကို မွေးထုတ်ပေးပြီးပါပြီ။ ဆက်လက်ပြီးလည်း မွေးထုတ်ပေးနေလျက်ရှိပါတယ်။

ကျောင်းမှာ ဂီတပညာနဲ့ ကျောင်းရန်ပုံငွေရှာတဲ့  ဂီတမှူး တစ်ဦးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဘရန်အောင်ကတော့ သူနဲ့ ဘဝတူ မျက်မမြင်တွေအတွက် မရှိမဖြစ်အရေးပါတဲ့ ကျောင်းတစ်ခုလို့ သူက ရှင်းပြပါတယ်။

“မျက်မမြင်ထုတစ်ခုလုံးနဲ့ ချိန်ထိုးမယ်ဆိုရင် ကိုယ့်ဘာသာကိုယ်နေရင် သူတောင်းစားလည်း ဖြစ်ချင်ဖြစ်မယ်။ အနည်းဆုံးတော့ အသက်ကြီးလာလေလေ မသထာရေစာ စားရမှာ သေ ချာတယ်။ ဒီဘက်ကျောင်းကို ရောက်လာခြင်းအားဖြင့် ပြုစုပျိုး ထောင်မှုကို ခံရခြင်းအားဖြင့် ကိုယ့်ခြေထောက်ပေါ်ကို ကိုယ်ရပ် တည်လာနိုင်တယ်။ နောက်တစ်ဆင့်ကတော့ မိသားစုကိုပြန် ထောက်ပံ့လာနိုင်မယ်။ တကယ့်ကိုအရေးပါတယ်၊ တကယ့်ကို ကြီးမားတဲ့ အခွင့်အရေးပါ”လို့ သူက ဆိုပါတယ်။

သူက ဒီကျောင်းကို အသက်ဆယ်နှစ်အရွယ်ကတည်းက  သူ့ဇာတိ ရှမ်းပြည်တောင်ပိုင်း လားရှိုးမြို့ကနေ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မျက်မမြင်ကျောင်းကလည်း တည်ခါစ။ သူရောက် တော့ ကျောင်းသားက ၁၅ ယောက်ပဲ ရှိပါသေးတယ်။ သူ့ကို ခေါ်ဆောင်လာတဲ့ ဆရာဦးသိန်းလွင်ကိုလည်း သူက ဖခင်တစ် ယောက်အဖြစ် သတ်မှတ်ထားသူပါ။

“ဘာလို့လဲဆိုတော့ ကိုယ်မျက်မမြင်ဘဝနဲ့ အိမ်မှာနေရ မယ်ဆိုရင် ပေးတဲ့အဝတ်ဝတ်၊ ကျွေးတဲ့ အစာစားပြီးတော့ အချိန် ကုန်သွားရမှာပဲလေ။ နောက်ဆုံးပြောရရင် လူ့ဘဝကြီးမှာ တွေး တတ်ခေါ်တတ်အောင်လည်း ဆရာက ဒီနေ့အထိ သွန်သင်နေ တုန်းပဲ။ ဆရာ့ဆီက ပညာတွေ ရယူနေရတုန်းပဲပေါ့လေ။ အဲဒီ တော့ ဖခင်ကောင်းတစ်ယောက်ပါပဲ”လို့ သူ့ဆရာအပေါ်အမြင် ကို ပြောပြပါတယ်။

မျက်မမြင်တို့အတွက် ပြသနာ

မြန်မာနိုင်ငံမှာ မျက်မမြင်တွေကြုံတွေ့နေရတဲ့ အခြေ အနေနဲ့ ပတ်သက်ပြီးတော့လည်း ဦးသိန်းလွင်မှာ ပြောစရာတွေ တစ်ပုံကြီးရှိနေပါတယ်။

“မြန်မာနိုင်ငံမှာ မသန်စွမ်းတွေအတွက် အခက်အခဲတွေ အများကြီးရှိတယ်” လို့ အစချီပြီး သူက အခုလိုဆက်ပြောပါတယ်။

“ဝှီးချဲသမားဆို ဝှီးချဲလမ်းမရှိဘူး။ ပလက်ဖောင်းကောင်းကောင်းမရှိဘူး။ ရှိတဲ့လမ်းတွေကလည်း ဘယ်လိုပြောမလဲ၊ နိမ့် တာ နိမ့်၊ မြင့်တာ မြင့်။ အခုမှ ကျွန်တော်တို့တွေ ဝိုင်းပြောလို့ နည်းနည်းလေးလုပ်တာပဲရှိတာ။ ရှိတာတောင် တချို့ဖြစ်သလို လုပ်ထားတာ”

ဒါ့အပြင် ခရီးဝေးသွားလာတဲ့အခါမှာလည်း အပေါ့၊ အလေးသွားဖို့ ဒုက္ခရောက်ပါသေးတယ်။ ဥပမာ-မီးရထားစီးမယ် ဆိုရင် အိမ်သာမပါတဲ့အခါမှာ ဒုက္ခရောက်ပါတယ်။ လူကောင်း တွေအတွက်ကတော့ လမ်းဘေးဆင်း ကိစ္စရှင်းနိုင်ပေမယ့် မျက် မမြင်တွေအတွက်ကတော့ အတော့်ကို ဒုက္ခရောက်တယ်လို့ သူ က ဆိုပါတယ်။

ဒါပေမဲ့ သူကတော့ အခက်အခဲတိုင်းကို ရင်ဆိုင်ကျော် လွှားပါတယ်။ ဥပမာ-ခရီးဝေးသွားမယ်ဆိုရင် အပေါ့အလေးစွန့် တာကအစ အပေါ့သာစွန့်စေနိုင်ဖို့ သူက ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ကျင့်သားရလာခဲ့ပါတယ်။  နောက်ပိုင်း သူက ပြည်တွင်းခရီးစဉ်သာမက ပြည်ပနိုင်ငံများကိုလည်း ခြေဆန့်ပါ တော့တယ်။

“ကျွန်တော် အမေရိကကို နှစ်ဆယ့်ငါးခေါက်ရှိပြီ။ တစ်ယောက်တည်းသွားတယ်။ မြန်မာနိုင်ငံက ထွက်လိုက်ပြီဆိုတာနဲ့ နိုင်ငံတကာမှာ မျက်မမြင်တွေ ခရီးသွားလို့ရအောင် လုပ်ထား တော့ လွယ်တာပေါ့”လို့ သူက နိုင်ငံတကာမှာ မသန်စွမ်းတွေ ခရီးသွားလာရလွယ်ကူတာကို ရှင်းပြပါတယ်။

ဆက်ပြီးတော့ “မျက်မမြင်တွေရဲ့ အခက်အခဲကတော့ ရွေ့လျားသွားလာခြင်းပဲ။ ထိုင်နေရင်၊ အိပ်နေရင် ပြဿနာ မဟုတ်ဘူး။ စပြီးတော့ ရွေ့လျားသွားလာပြီဆို ပြဿနာစပြီ။ ကိုယ့်ကိုပြမထားရင် ရှေ့မှာ မြေပွေးကြီးချထားလည်း ထသွား လိုက်မှာပဲလေ။ ကျွန်တော်တို့အတွက်ကတော့ ကိုယ်ရပ်နေတဲ့ နေရာကနေ တစ်တောင်ပဲဖြစ်ဖြစ်၊ တစ်ထွာပဲဖြစ်ဖြစ် (ရွှေ့မယ်ဆို ရင်) ပြဿနာပဲ”လို့ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြ ပါတယ်။

ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်

ယနေ့အချိန်မှာတော့ ဦးသိန်းလွင်တစ်ယောက် ကျန်း ကျန်းမာမာနဲ့ အလုပ်တွေကို ဆက်လုပ်နေတုန်းပါပဲ။ ရှေ့ဆက်ပြီး တော့လည်း ဆက်လက်လုပ်ဆောင်နေဦးမှာလို့ သူက ဆိုပါတယ်။

ဦးသိန်းလွင်ရဲ့ဘဝမှာ အခက်အခဲပေါင်းစုံကို ဒဏ်ရာဒဏ်ချက် တွေနဲ့ရင်းလို့ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ သူက သားသမီးငါးဦး၊ ဇနီးနဲ့အတူ ခဝဲခြံ ကျောင်းဘေးက သူ့အိမ်လေးမှာ သာယာချမ်းမြေ့တဲ့ ဘဝလေး တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိဘဝကို အင်မတန်မှ ကျေ နပ်ပြီး ပျော်ရွှင်နေတဲ့ ဦးသိန်းလွင်က ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်က သူ့ဘဝမှာ စိတ်ဆင်းရဲစရာ ကိစ္စတွေကို အချိန်ကုန်ခံပြီး စဉ်းစား လေ့ မရှိပါဘူးတဲ့။

“မျက်စိမမြင်ခါစတုန်းကတော့ တအားပြန်မြင်ချင်တာ ပေါ့။ ဒါပေမဲ့ နွားချိုကို နို့ညှစ်သလိုပဲလေ။ ကျွန်တော့်ဘဝမှာလေ မဖြစ်နိုင်မှန်း သိတာတွေကို တစ်ခါမှမစဉ်းစားဘူး။ ဖြစ်နိုင်တာ တွေ စဉ်းစားတယ်။ ဖြစ်အောင် လုပ်တယ်”

အိန္ဒိယစာဆိုတော်တဂိုး ပြောခဲ့တာလေးကိုလည်း သူက သတိရတယ်လို့ဆိုပါတယ်။ အဲဒီစကားလေးကတော့…

“ဝင်သွားတဲ့လမင်းကြီးကို တမ်းတပြီး ငိုနေရင် နောက် ထွက်လာမယ့် ကြယ်တွေကို ဘယ်တွေ့မလဲ”တဲ့ ။        ။

[:en] 

မျက်မမြင်တို့အတွက် ပြဿနာ

“ဝင်သွားတဲ့လမင်းကြီးကို တမ်းတပြီး ငိုနေရင် နောက် ထွက်လာမယ့် ကြယ်တွေကို ဘယ်တွေ့မလဲ”တဲ့။

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."