တိုင်းပြည်ဖျက်မည့် ကွန်ဖက်ဒရေးရှင်း အိမ်မက်

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Analysis ဖြစ်ပါသည်။

သန်းစိုးနိုင်

၂၀၁၉ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၁ နှစ် မြောက် လွတ်လပ်ရေးနေ့မှာ ရခိုင်အကြမ်းဖက်အဖွဲ့ (AA) က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြပါတယ်။ ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော် ရဲကင်းစခန်းကို AA တပ်ဖွဲ့ ခန့်မှန်း အင်အား ၁၀၀ က လည်းကောင်း၊ ကျောင်းတောင် ရဲကင်းစခန်းကို ခန့်မှန်းအင်အား ၁၀၀ က လည်း ကောင်း၊ ဂုပ်္ပီရဲကင်းစခန်းကို အင်အား ၅၀ ခန့်က လည်းကောင်း၊ ခထီးလှရဲကင်းစခန်းကို AA ခန့် မှန်းအင်အား ၁၀၀ က လည်းကောင်း နံနက် ၆ နာရီကျော်က စပြီး တစ်ပြိုင် တည်း လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ သုံးစွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါ တယ်။ ဒီတိုက်ပွဲစဉ်အတွင်း ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃ ဦး ကျဆုံး၊ ကိုးဦး ဒဏ်ရာရရှိခဲ့ကာ လက်နက် မျိုးစုံ ၄၀ လက်၊ ခဲယမ်းမျိုးစုံ ၁၆,၀၀၀ ကျော်၊ လက် ကိုင် စကားပြောစက်တစ်လုံး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် မိသားစု များ၊ လဝက ဝန်ထမ်းများနဲ့ ကျောင်းဆရာမတချို့ လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်က NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးတဲ့ မြောက်ပိုင်းအဖွဲ့ (FPNCC) နဲ့ စစ်ရပ်စဲရေး၊ ငြိမ်း ချမ်းရေးတို့အတွက်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပသွားရေး အတွက် တပ်မတော်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့ မြောက်ဒေသရှိ စစ်တိုင်း ငါးတိုင်း စစ်နယ်မြေတွေမှာ လေးလတိ တိ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားမယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။ ဒီလို စစ်ရေးလှုပ်ရှားမှုတွေ တစ်ဖက်သတ် ရပ်ဆိုင်း ကြောင်း ကြေညာထားတဲ့ကြားထဲက လွတ်လပ်ရေးနေ့ကြီးမှာ AA အကြမ်းဖက်အဖွဲ့က အစိုးရရဲကင်းစခန်းတွေကို တစ်ပြိုင် တည်း ဝင်ရောက်တိုက်ခိုက်တယ်ဆိုတာ အစီအစဉ်ရှိရှိ ကြိုတင် ပြင်ဆင်ပြီး အကွက်ချတိုက်ခိုက်တာလို့ တပ်မတော်က ယူဆပါ တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အေးချမ်းတည် ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက် လျက်ရှိရာ AA တပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြားကာ အခြေအနေ ပိုမိုရှုပ်ထွေးစေခဲ့ပါတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်နစ်နာဆုံးရှုံး အောင် ရည်ရွယ်ချက်ရှိစွာ စီစဉ်ဆောင်ရွက်လာတဲ့ AA အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက ထိရောက်စွာ  တုံ့ပြန်ချေမှုန်းသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။

တပ်မတော်က ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ တွေ ကျင်းပနိုင်ဖို့ စစ်တိုင်းကြီးငါးတိုင်းမှာ တစ်ဖက်သတ် စစ်ရပ် စဲကြောင်း ကြေညာထားချိန်မှာ AA အကြမ်းဖက်အဖွဲ့က လွတ် လပ်ရေးနေ့မှာ အခုလို စစ်ဆင်တိုက်ခိုက်မှုဟာ ရခိုင်ရိုးမကြီးကို လောင်မီးကျအောင် မီးပွားချလိုက်တာလို့ ဝေဖန်နေကြပါပြီ။ ၂၀၁၇ သြဂုတ်အတွင်းက ဗျွှဗ အကြမ်းဖက်အဖွဲ့ဟာ ရဲကင်း စခန်း ၃၀ ကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်လို့ တပ်မတော် ရဲ့ အကြမ်းဖက်ဆန့်ကျင်ရေး တန်ပြန်လှုပ်ရှားမှုကြောင့် ဘင်္ဂါလီ ခုနစ်သိန်းကျော် ထွက်ပြေးတဲ့ နိုင်ငံတကာအရေးအခင်းကြီး ဖြစ် ပေါ်ပြီး မြန်မာပြည်ကို ကုလသမဂ်္ဂ အပါအဝင် နိုင်ငံပေါင်းစုံက နိုင်ငံရေးဖိအား ပေးခဲ့ကြပါတယ်။ အခု AA အဖွဲ့ရဲ့ လုပ်ရပ်ဟာ ၂၀၁၇ က ARSA အဖွဲ့ရဲ့ လုပ်ရပ်နဲ့ ဦးတည်ချက်အရရော သဏ္ဌာန်အရပါ တူညီနေလို့ လုံးဝလက်မခံနိုင်ကြောင်း အပြင်း အထန် ဝေဖန်နေကြပါပြီ။

AA ရခိုင်အကြမ်းဖက်အဖွဲ့ရဲ့ လွတ်လပ်ရေးနေ့ စစ်ဆင် ရေးဟာ တပ်မတော်ကို စစ်ရေးအားပြိုင်မှုသက်သက် မဟုတ်ဘဲ  ဒေသတွင်းလုံခြုံမှုနဲ့ တည်ငြိမ်မှုမရှိဘဲ ရှုပ်ထွေးအောင် အစီအစဉ် ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဇန်နဝါရီ ၅ ရက်က သဘောထား ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီဖြစ်ရပ်တွေကနေ သုံးသပ်ရင် နိုင်ငံရေးအရ ပံ့ပိုးမှု၊ စစ်ရေးအရ အထောက်အကူပြုမှုတွေ ကြီး ကြီးမားမားရှိနေခြင်း၊ ရှေးခေတ်ရခိုင်နိုင်ငံတော်ပုံရိပ် မြှင့်တင်ပြီး  ရခိုင်မျိုးချစ်စိတ် ပျံ့နှံ့အောင် လှုံ့ဆော်ခြင်း၊ ဤသို့ဖြင့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်တည်ရေးလမ်းစဉ်မှ သွေဖည်စေလိုခြင်း၊ ပြည် တွင်းမှ ငြိမ်းချမ်းရေးမလိုလားသူများနဲ့ ပြည်ပမှ ပထဝီနိုင်ငံရေး ကစားလိုတဲ့ အင်အားစုများရဲ့ ရုပ်သေးရုပ်အဖြစ် AA ဟာ အသုံး ချခံနေခြင်း၊ ရခိုင်ဒေသတွင် စစ်ရေး၊ နိုင်ငံရေး၊ လူမျိုးရေးမုန်တိုင်း ကျစေရန် ချိန်ကိုက်ဖန်တီးခြင်း၊ ရဲစခန်းများကို သာမန်ဝင်စီးခြင်း ဟု မမြင်သင့်ဘဲ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေ ပွန်းပဲ့ ထိပါးရေးတပ်ဦးတွင် AA အဖွဲ့ဟာ နောက်ကွယ်က လက်မည်း ကြီးများ စေခိုင်းသမျှ မားမားရပ် လုပ်ဆောင်နေခြင်းဟု ပြတ် သားပွင့်လင်းစွာ စွဲချက်တင်လိုက်ပါတယ်။

ဆိုခဲ့ပါ ဝေဖန်ချက်တွေနဲ့ စပ်လျဉ်းပြီး AA အကြမ်းဖက် တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်း ဌာနရဲ့ တွေ့ဆုံမေးမြန်းခန်းက တစ်ဆင့် ပြန်လည်ရှင်းလင်းဖြေ ကြားမှုတွေ ရှိခဲ့ပါတယ်။ ဒီရှင်းလင်းဖြေကြားချက်တွေကနေ AA အဖွဲ့ရဲ့ ဦးတည်ချက်၊ သဘောထား၊ မဟာဗျူဟာနဲ့ နည်းဗျူဟာ လုပ်ငန်းစဉ်တွေကို ခြုံငုံသုံးသပ် အကဲဖြတ်လို့ ရနိုင်စရာ အကြောင်း ရှိပါတယ်။

ဘူးသီးတောင်မြို့နယ်က ဒေသခံတိုင်းရင်းသားများ လုံခြုံ ရေးရဲကင်းစခန်းတွေ ဝင်ရောက်တိုက်ခိုက်ရခြင်းနဲ့ ပတ်သက်ပြီး  ရှင်းပြရာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ““ဒီရဲကင်းစခန်းတွေဟာ ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်က ရိက္ခာဖြတ်တောက် ရေး၊ သတင်းဖြတ်တောက်ရေး စတဲ့ ဖြတ် ၄ ဖြတ် လုပ်ငန်းစဉ်တွေ  လုပ်ရာမှာ တက်တက်ကြွကြွ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ၊ အချိန်တချို့ ရှိလာချိန်မှာ သူတို့ကို မပါဝင်ကြဖို့ အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးနေ့မှာ တိုက်တယ်ဆို တာတော့ အကြောင်းတိုက်ဆိုင်သွားလို့ပါ။ နောက်ပြီး ဒီစခန်း တွေရဲ့ ဖွဲ့စည်းပုံအင်အားနည်းတယ်ဆိုတာ မဟုတ်ပါဘူး။ လေ ကြောင်းပစ်ကူနဲ့ အမြောက်လက်နက်ကြီးတွေ မသုံးစွဲနိုင်တာက လွဲလို့ တပ်မတော်နီးပါး ဖွဲ့စည်းပုံအင်အား ပြည့်ပါတယ်။ ဒါပေမဲ့ စည်းကမ်းလျော့ရဲမှုနဲ့ သတိပေါ့လျော့တာကတော့ သူတို့ရဲ့ အား နည်းချက်ပါပဲ။

၂၀၂၀ ဆိုရင် AA အဖွဲ့ကို ထူထောင်လှုပ်ရှားလာတာ ဆယ်စုနှစ်တစ်ခု ပြည့်ပါတော့မယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ် ရေး အပြောင်းအလဲတွေ အတော်များများ ဖြစ်လာနိုင်ပါတယ်။ ဒီအချိန်မှာ သူများရဲ့  ကျွန်ပြုမှုအောက်မှာ ကျရောက်နေပြီး ကိုယ့်ကံကြမ္မာကို သူများက ဆုံးဖြတ်နေတဲ့ အနေအထားက လွတ်မြောက်အောင် ကြိုးစားနေကြရပါတယ်။ ဒါ ခွဲထွက်ဖို့ လုပ် တာ မဟုတ်ဘူး။ ဒီဇင်ဘာ၊ ဇန်နဝါရီဆိုတာ ရခိုင်အချုပ်အခြာ အာဏာကျဆုံးတဲ့ ကာလတွေ ဖြစ်လို့ အောက်မေ့ဖွယ်အခမ်း အနားတွေ လုပ်ကြတာပါ။ ဒါကို ဗမာနိုင်ငံရေးသမားတွေက လွတ်လပ်ရေးကြေညာတာလိုလို၊ ခွဲထွက်ဖို့ ကြိုးစားတာလိုလို ရောထွေးပြောနေကြတာပါ။ဘာပဲဖြစ်ဖြစ် ၂၀၂၀ မှာတော့ “ရခိုင် အိပ်မက်” ကိုတော့ ဝိုင်းဝန်းပုံဖော်ကြရမှာပါပဲ။

ရခိုင်ပြည်နယ်ကို ကျူးကျော် ကျွန်ပြုဖို့ ကြိုးစားနေတဲ့ ARSA အကြမ်းဖက်အဖွဲ့နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် မျိုးချစ်စိတ်နဲ့ လုံးပန်းတိုက်ခိုက်နေတဲ့ AA အဖွဲ့တို့ကြားမှာ ဘာမှ  နိုင်ငံရေးအရ တူညီတာ၊ မဟာမိတ်ပြုစရာ အကြောင်းမရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ကျွန်တော်တို့စခန်း ရှိတယ်ဆိုတာ လည်း တပ်မတော်က ရမ်းသန်းစွပ်စွဲနေတာပါ။ ဘင်္ဂလားဒေ့ရှ်မှာ ဘာစခန်းမှ မရှိပါဘူး။ ဒါပေမဲ့ နယ်စပ်မှာတော့ ရိက်္ခာစုဆောင်း ပြင်ဆင်တဲ့ စခန်း ရှိပါတယ်။ တော်လှန်ရေးအဖွဲ့မှာ နည်းလမ်းမျိုး စုံနဲ့ ရိက်္ခာ၊ လူအင်အား ရှာဖွေစုဆောင်းကြရသလို ရန်ပုံငွေလည်း ထူထောင်ထားရှိရပါတယ်။ ဒီလို ရှာဖွေစုဆောင်းကြရာမှာ အရင်းအမြစ်ကိုတော့ တော်လှန်ရေးအောင်ပွဲရတဲ့အထိ လျှို့ဝှက် ထားကြရစမြဲပါပဲ။ မူးယစ်ဆေးနဲ့ ပတ်သက်သလားဆိုရင်တော့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းမှ မူးယစ်ဆေးလက်တံကို မလွန် ဆန်နိုင်ဘူးလို့ ပြောရမှာပါပဲ။

လွတ်လပ်ရေးနေ့တိုက်ပွဲနောက်ပိုင်း ထုတ်ပြန်ချက်မှာ AA အကြမ်းဖက်အဖွဲ့ကို ချေမှုန်းဖို့ ရဟတ်ယာဉ်သုံးစွဲခွင့်အထိ သမ်္မတက ပေးတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  “အမျိုး သားသင့်မြတ်ရေး၊ ရင်ကြားစေ့ရေး” လုပ်ငန်းစဉ် အတော်အောင် မြင်နေပြီလို့ ဆိုရမှာပါပဲ။ FPNCC ဆိုတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေမှာလည်း တူညီတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ သဘော ထားတွေတော့ ရှိကြပါတယ်။FPNCC အနေနဲ့ NCA ရဲ့ အပစ် ရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရေးမူအရ သဘောတူညီ ကြပါတယ်။ ဒါပေမဲ့ အပစ်ရပ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးခွင့် တွဲစပ် ထားတာတော့ သဘောမကျဘူး။ NCA လက်မှတ်မထိုးရင် မဆွေးနွေးဘူးဆိုတဲ့ သဘောထားကတော့ ဟန်မကျဘူး။FPNCC မှာ သုံးဖွဲ့ Bilateral ထိုးထားပြီး လေးဖွဲ့က မထိုးရသေး ဘူး။ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးပြီး တိုက်ပွဲမရှိချိန်မှာ  နိုင်ငံရေးအရ ဆွေးနွေးသင့်တယ်။ NCA မထိုးရင် နိုင်ငံရေးအရ မဆွေးနွေးဘူးဆိုတာ လက်တွေ့မကျဘူး။

ရခိုင်တပ်ဖွဲ့ (AA) အနေနဲ့ ဖက်ဒရယ်မူဆိုတာထက် “ဝ” အဖွဲ့ရဲ့ မူကို ပိုသဘောကျတယ်။ နိုင်ငံရေးအရ ဖြစ်ချင်တာ၊ ဖြစ် သင့်တာကို သွားတောင်းတာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် တိုက် ယူတာ၊ ကိုယ့်ပြည်နယ် အချုပ်အခြာအာဏာကို ကိုယ့်လက်ထဲ မှာ ထားတာမျိုး ပိုသဘောကျတယ်။ အခြေခံဥပဒေနဲ့အညီ “ဝ” လို အာဏာခွဲဝေမှု မြင့်မားတာမျိုး ပိုကြိုက်တယ်။ အာဏာခွဲေ၀ မှု၊ ပြည်ထောင်စုအခွင့်အရေး ခွဲဝေခံစားမှု ရှိတာမျိုးကို ကြိုက် တယ်။ AA ရဲ့ နိုင်ငံရေးစနစ်၊ နိုင်ငံရေး ရည်မှန်းချက်အရ “ဝ” အဖွဲ့ (UWSA) ကို စံထားတယ်။ ဖက်ဒရယ်ထက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိတဲ့၊ ဘုံကာကွယ်ရေးစနစ် ရှိတဲ့ Confederate စနစ်ကို ပို သဘောကျတယ်။ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီး ဘုံနိုင်ငံ ခြားရေးမူဝါဒတွေ ချမှတ်မယ်။ ကျန်တာတွေတော့ ကိုယ့်ကံ တရားနဲ့ ကိုယ် စီမံဆုံးဖြတ်ခွင့် ရှိရမယ်။

တချို့ကတော့ လွတ်လပ်ရေးနေ့ တိုက်ပွဲစဉ်တွေ အပြီးမှာ  ရခိုင်ပြည်နယ်ဟာ ဆီးရီးယားလို ဖြစ်တော့မယ်လို့ ဟောကိန်း ထုတ်ကြတယ်။ ငါတို့ (ရခိုင်) တိုင်းပြည်ကို ဖျက်ရင် သူတို့တိုင်း ပြည်(မြန်မာပြည်)ကိုလည်း ဖျက်ရမလားဆိုတဲ့ စဉ်းစားမှု ရှိ တယ်။ ငြိမ်းချမ်းရေးကို ကြိုဆိုသလို စစ်ရေးအရ တစ်စစီဖြစ် အောင် လုပ်မယ်ဆိုလည်း ကြိုဆိုမှာပါပဲ။ ၂၀၁၉-၂၀၂၀ ဟာ မုန် တိုင်းကြားဖြတ်ရမယ့် နှစ်ဆိုတာ လူထုကို အသိပေးပြီး ဖြစ်ပါ တယ်။၂၀၁၉ မှာ ငြိမ်းချမ်းရေးဟာ ကမ်းမမြင် လမ်းမမြင်သေးပါ ဘူး””လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။

ဘယ်လိုအကြောင်းပြချက်တွေပဲ ရှိနေပါစေ၊ လွတ်လပ် ရေးနေ့က ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရဲကင်းစခန်းလေးခုကို တစ်ပြိုင်နက် စစ်ဆင်တိုက်ခိုက်မှုဟာ ဘက်ပေါင်းစုံ ပေါင်းဆုံစု စည်းထားပြီး ဖြစ်တဲ့ ရခိုင်ရိုးမဆိုတဲ့ လောင်စာပုံကြီးကို ဓာတ်ဆီ လောင်း မီးရှို့ပေးလိုက်တာ ဖြစ်ပါတယ်။ ရခိုင်ရိုးမပေါ်က တောမီး ကြီးဟာ အမျိုးသားရေး၊ လူမျိုးရေး လောင်စာတွေကြောင့် ရခိုင် ပြည်အနှံ့ မီးခိုးကြွက်လျှောက် လောင်ကျွမ်းပါလိမ့်မယ်။ ပိုဆိုးတာ က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့  “ရခိုင်အိပ်မက်” ကို “Confederation အိပ်မက်” အဖြစ် တိုးချဲ့ပုံဖော်လိုက်ခြင်းက မြန်မာပြည်ကို ဆီးရီး ယား စစ်မြေပြင်လို ဖြစ်အောင် တွန်းပို့ပြီး ယူဂိုစလားဗီးယားနိုင်ငံ လို အစိတ်စိတ်အဩာဩာ ပြိုကွဲသွားအောင် ဖန်တီးလိုက်တာ ဖြစ် ပါတယ်။ ဒါဟာ ပြည်တွင်းစစ် ရာပြည့်စေမယ့်၊ ပြည်တွင်းငြိမ်းချမ်း ရေး အလှမ်းဝေးစေမယ့် ယုတ်မာပက်စက် ဆန်ကောလောက်မှ ဇောက်မနက်တဲ့ အကြံရိုင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ “ကွန်ဖက်ဒရေးရှင်းအိပ်မက်” ကို တန်းတူရေးနဲ့ ကိုယ့်ကြမ်္မာ ကိုယ်ဖန်တီးနိုင်တဲ့  ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်တည် ဆောက်လိုတဲ့ တိုင်းရင်းသားပေါင်းစုံ ပြည်သူတစ်ရပ်လုံးအနေ ဖြင့် NLD အစိုးရ၊ တပ်မတော်တို့နဲ့အတူ လက်တွဲဖြိုဖျက်သွား ရမယ့် အချိန်အခါ ဖြစ်ပါတယ်။

 

“အရေးကြီးလျှင်ဖြင့် သွေးနီးရာ

သွေးစည်းကာ ပါစမြဲပေမို့

ကိုင်း… ထထကြွကြွနှင့် ဝိုင်းကြပါစို့”

(သခင်ကိုယ်တော်မှိုင်း)

#mawkun #magazine #chronicle




 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."