စားသုံးသူ ကာကွယ်ရေးဆိုတာ

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Analysis ဖြစ်ပါသည်။

ဒေါက်တာစိုးခိုင် ရေးသည်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်က စပြီး စားသုံးသူ “Customer” ဆို တဲ့ စကားလုံးကို စပြောလာ ကြပါတယ်။ ဒါပေမဲ့ လေယာဉ်၊ မီးရထား၊ အဝေး ပြေးနဲ့ ဘတ်စ်ကားပေါ်က ခရီးသည်တစ်ဦး၊ ရဲ စခန်း၊ အစိုးရရုံးဌာနတစ်ခုရဲ့ ရုံးခန်းထဲကို ဝင်လာ တဲ့ ပြည်သူတစ်ယောက်၊ ဟိုတယ်၊ စားသောက် ဆိုင်၊ စူပါမားကက်နဲ့ ဈေးဆိုင်ထဲကို ဝင်လာသူ တစ်ယောက်၊ လူနေတိုက်ခန်းတစ်ခန်းကို ငှား ရမ်း၊ ဝယ်ယူနေထိုင်သူတစ်ယောက်ဟာ “စားသုံး သူ” ပဲ ဆိုတာကို အသိအမှတ်ပြုတဲ့ အဆင့်ထိ မရောက်သေးပါဘူး။ ယခုချိန်တိုင်အောင်ပါပဲ။

အဲဒါနဲ့ တစ်ပြိုင်တည်းမှာပဲ “စားသုံးသူ ကာကွယ်ရေး” ဆို တဲ့ ပြောဆိုမှုတွေနဲ့အတူ သက်ဆိုင်ရာ အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာပါတယ်။ နိုင်ငံတော်အစိုးရက ခန့်အပ်တာဝန်ပေး ပြီး လုပ်ပိုင်ခွင့်နဲ့ ရာထူးအဆင့် ဗကအ့သမငအပ ညေိ ဏသျငအငသည ပေး အပ်ထားတဲ့ ဌာနဆိုင်ရာတွေနဲ့ မိမိဘာသာ ဖွဲ့စည်းပြီး မှတ်ပုံတင် ရယူလုပ်ကိုင်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေလည်း ပေါ်ပေါက် လာပါတယ်။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူတို့ရဲ့ လိုလား ချက်ကို ဦးထိပ်ပန်ဆင် ဖော်ဆောင်မယ့် လွှတ်တော်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူတွေ အဆိုပြုကြ၊ မေးကြဖြေကြ လုပ်လာကြပါတယ်။ ငါးနှစ်ကျော်သက်တမ်း ရှိလာတဲ့အချိန်မှာ “စားသုံးသူကာကွယ် ရေး” ရဲ့  Vision ရည်မှန်းချက်၊ Mission လုပ်ကိုင်ဆောင်ရွက် အကောင်အထည်ဖော်မှုနဲ့ ပြည်သူ့ကျန်းမာရေးကို အထောက် အကူပြုတဲ့ သက်ရောက်မှုအတိုင်းအတာ Action and Effect ဘယ်လောက်ရှိခဲ့လဲဆိုတာ ပြန်ပြီး ဆန်းစစ် သုံးသပ်ကြဖို့ အချိန် ကျရောက်ပြီ မဟုတ်ပါလား။

ဒီကနေ့အချိန်အထိ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ် ဆောင်ချက်တွေမှာ ပြည်သူလူထု စားသုံးရန် သင့်လျော်မှု ရှိ၊ မရှိ စစ်ဆေးကြပ်မတ်ခြင်းနဲ့ စားသုံးရန် ဘေးအန္တရာယ်ရှိတဲ့ ကုန် ပစ်္စည်းတွေကို ဖော်ထုတ်ကြေညာ အသိပေးခြင်း၊ အရေးယူခြင်း တို့ကို ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ထူးဆန်းတာက ဒီ စား စရာထဲမှာ ဒီအန္တရာယ်ပစ်္စည်းတွေ ပါနေလို့ မစားပါနဲ့ ဆိုတဲ့ အသိ ပေးကြေညာချက်အပေါ် စားသုံးသူ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု နဲ့ တုံ့ပြန်မှုက လှိုက်လှဲလွှမ်းမိုး တက်ကြွမှု နည်းပါးခြင်းနဲ့ ကြာ ရှည်မခံခြင်း တုံ့ပြန်မှုတွေကို တွေ့ရတာပါပဲ။

ဤသို့ ကြေညာချက် ထွက်ပေါ်လာခါစမှာ မစားသုံးရဲတာပဲ ရှိပြီး မကြာမီ ပြန်ပြီး စားလာကြတာရှိသလို အများစုကလည်း ထွက်ပေါ်လာတဲ့ ကြေညာချက်နဲ့ စပ်ဆိုင်တဲ့ အငြင်းပွားမှုတွေမှာ ပြတ်သားတိကျတဲ့ Black or White, Firmly Standing Statement ရပ်တည်မှု မရှိတဲ့အပေါ် ဇဝေဇဝါ ဝေခွဲမရ “စားရမှာ လား၊ မစားရဘူးလား” ခံစားချက်တွေနဲ့ တိုင်ပတ်ပြီး နောက်ဆုံး တော့ စားမြဲ စားကြတာ တွေ့ရပါတယ်။

အဲဒီလို ဖြစ်ရတာဟာ အန္တရာယ်ရှိ စားသောက်ကုန် Hazardous Foods and Beverages တွေနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေအပေါ် ရှင်းလင်းပြတ်သားတဲ့ အဖြေတစ်ခု ထွက်ပေါ်ရရှိလာအောင် သက်ဆိုင်ရာလွှတ်တော်ကော်မတီက ပါဝင်ဆက်စပ်တဲ့အဖွဲ့အစည်းနဲ့ လူပုဂ်္ဂိုလ်တွေကို ခေါ်ယူပြီး Senate Hearing လွှတ်တော်တွင် ကြားနာစစ်ဆေးခြင်း၊ အငြင်းပွားနေတဲ့ ဘက်တစ်ဖက်ဖက်က တာဝန်ရှိသူတွေကလည်း  မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်၊ ပွင့်လင်းမြင်သာမှုနဲ့ ရိုးသားမှုဆိုင် ရာ သတ်္တိကိုအခြေခံပြီး မှားယွင်းတဲ့ဘက်ကို တာဝန်ယူလာ အောင် တရားဥပဒေအရ စိန်ခေါ်ရင်ဆိုင်ပြီး ဖြေရှင်းထုတ်ဖော်မှု မပြုကြ (မပြုဝံ့ကြ)တာကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီတော့ “ဟုတ်လား၊ မဟုတ်လား”၊ “စားရမှာလား၊ မစားရဘူးလား” ဆိုတဲ့ အဖြေ ဘယ်တော့မှ ထွက်ပေါ်လာနိုင်တော့မှာ မဟုတ်တာ ကြောင့် နောက်ဆုံး နစ်နာသူတွေကတော့ စားသုံးသူ ပြည်သူ လူထုတွေပဲ ဖြစ်ပါတယ်။

စားသောက်ကုန်တစ်ခု စားသုံးရန် သင့်၊ မသင့်  ဆိုတာကို ဆုံးဖြတ်ရာမှာ အဓိကကျတဲ့ အခြေခံအချက်တွေထဲမှာ “ဓာတ်ခွဲ စစ်ဆေးခြင်း (Laboratory Test)” ဆိုတာလည်း ပါပါတယ်။ တိကျမှန်ကန် စနစ်ကျတဲ့ ဓာတ်ခွဲစစ်ဆေးမှု မပြုလုပ်ခင်၊ မပြု လုပ်ဘဲ အရပ်ပြောဈေးပြော သူပြောငါပြော လက်ဖက်ရည်ဆိုင် ပြောက သိရတဲ့ အတင်းအဖျင်း သတင်းတွေကို အခြေပြုပြီး ပြောဆိုကြေညာနေတာဟာ ပြည်သူလူထုကို ထိတ်လန့်ချောက် ချားစေခြင်းသာ ဖြစ်ပေါ်စေပါတယ်။

ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း (Laboratory Testing Administration) ပါဝင်လာတဲ့အခါ ဖြစ်တတ်တာက ပြိုင်ဘက် စစ်ဆေးတွေ့ရှိမှု (Competetive Find Out) ဖြစ်ပေါ်လာတတ် ခြင်းပါပဲ။ စားသောက်ကုန်တစ်ခုကို စစ်ဆေးတဲ့အခါမှာ တွေ့ရှိရ တဲ့အန္တရာယ်တစ်ခုကို အခြားဓာတ်ခွဲခန်းက စစ်ဆေးတဲ့အခါမှာ တော့ အန္တရာယ်မရှိပါဘူးဆိုတဲ့အဖြေ ရရှိလာရင်ဘယ်လိုဆုံး ဖြတ်မှာလဲဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက် မြန်မာနိုင်ငံရဲ့ စားသုံးသူ ကာကွယ်ရေးဥပဒေမှာ ပါရှိပြီလား၊ မပါသေးရင် ဘာလုပ်မလဲ ဆိုတာ တကယ်အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ စမ်းသပ်မည့် ပစ်္စည်းနမူနာ ကောက်ယူစုဆောင်းမှု(Sample Collection Method)၊ စမ်းသပ်မှုနည်းပညာ (Lab Test Method)၊  ပစ်္စည်း ကိရိယာနဲ့ ပညာရှင်တွေရဲ့ အတွေ့အကြုံ သုံးသပ်စဉ်းစား တွေး ခေါ်မှု ခြားနားမတူညီခဲ့လျှင် မတူညီတဲ့ ဓာတ်ခွဲစမ်းသပ်စစ်ဆေး ချက် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဘယ်စစ်ဆေးချက်ရလဒ်ကို အတည်ပြုမလဲဆိုတာကို ဆုံးဖြတ် အရေးယူပေးမယ့် ဥပဒေနဲ့ အဖွဲ့အစည်းတစ်ခု ဧကန်မုချ ရှိကို ရှိရတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ FDA (Food and Drug Administration) ကပဲ တစ်ခုတည်း သော အာဏာပိုင်အဖွဲ့အစည်းအဖြစ် တည်ရှိပြီး ၎င်းင်းဌာနရဲ့ ဓာတ် ခွဲစမ်းသပ်စစ်ဆေးမှုအဖြေသည်သာ အတည်ပြုလက်ခံရမည့် အဖြေရလဒ်အဖြစ် တည်ရှိချက် ရှိပါတယ်။ အဲဒီအတွက် မြန်မာ နိုင်ငံရဲ့ စားသုံးသူ ကာကွယ်ရေးကဏ္ဍမှာ Check and Balance by Third Party ဆိုတာ ရှိသင့်၊ မရှိသင့် ဥပဒေပြုအဖွဲ့အစည်း ဖြစ်တဲ့ လွှတ်တော်က ဘယ်လိုစဉ်းစားမှာလဲဆိုတာ စားသုံးသူ တစ်ယောက်အနေနဲ့ သိချင်စမ်းပါဘိ။

၂၀၁၅ က အိန်္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ က်္ဘာကျော် နြျအူန ကုမ်္ပဏီထုတ် Maggi Instant Noodle အသင့်စား ခေါက်ဆွဲနဲ့ပတ်သက်တဲ့ နာမည်ကျော် အငြင်းပွားမှုဖြစ်ရပ်ဟာ အဲဒီအချက်ကို ထောက်ပြခဲ့တာကြောင့် ဆင်ခြင်စဉ်းစားသုံးသပ် စရာ ဖြစ်လာပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."