မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ ကဗျာဖြစ်ပါသည် မင်းထက်မောင်ရေးသည် တသွင်သွင် စီးလာရဲ့ ကျောက်ကြိုကျောက်ကြားထဲက စ တသွင်သွင် စီးလာရဲ့ ရိုးမကို ကျော် တောအုပ်တွေ ဖြတ် တသွင်သွင် စီးလာရဲ့ ကျေးလက်နဲ့ မြို့ပြယဉ်ကျေးမှုတံတားတွေအောက် တသွင်သွင် စီးလာရဲ့ ခေတ်စနစ်တွေ တစ်ခုပြီး တစ်ခု မရပ်မနားတမ်း တသွင်သွင် စီးလာရဲ့ ပင်လယ်ထဲက ရေစီးကြောင်းကြီးတွေရဲ့ ကြား တသွင်သွင် စီးလာရဲ့ ဝင်ရိုးစွန်းအဖျား ရုတ်တရက် ရပ်တန့်သွား တသွင်သွင် စီးလာရဲ့ သူ့နာမည်ဟာ သွေးခဲမသွားပါဘူး လှုပ်ရှားပူနွေး တသွင်သွင် စီးလာရဲ့ သူ့ဝိညာဉ် ပျံသန်း အလွမ်းတောင်တန်းတွေပေါ်မှာ။ (၅.၉.၂၀ဝ၄) #Poem
မော်ကွန်းမဂ္ဂဇင်းအမှတ် ၆၉ မှ ကဗျာဖြစ်ပါသည်။ မင်းထက်မောင် ဒီ စူပါမားကက်ကြီးထဲမှာ ကျွန်မဟာ ကလေးကစားစရာ အရုပ်တစ်ရုပ်ပါ။ ဒီ စူပါမားကက်ကြီးထဲမှာ ကျွန်မဟာ အသံထွက်နေတဲ့ ကြော်ငြာပိုစတာတစ်ချပ်ပါ။ ဒီ စူပါမားကက်ကြီးထဲမှာ ကျွန်မဟာ ကုန်ဈေးနှုန်းတွေ သိုလှောင်ထားတဲ့ ကွန်ပျူတာတစ်လုံးပါ။ ကျွန်မနဲ့ ဒီ စူပါမားကက်ကြီး ဒီ စူပါမားကက်ကြီးနဲ့ ကျွန်မ ဘယ်လိုလုပ် ခွဲလို့ ရနိုင်ပါ့မလဲရှင်။ ကျွန်မဟာ ဒီ စူပါမားကက်ကြီးထဲမှာ အလုပ်လုပ်တယ် မဟုတ်ဘူး မဟုတ်ဘူး ကျွန်မဟာ ဒီ စူပါမားကက်ကြီးထဲမှာ နေတာ။ ဒီ စူပါမားကက်ကြီးထဲမှာ ကျွန်မ တစ်နေ့လုံး နေတယ် မတ်တတ်ရပ်ပြီး နေတယ် လမ်းလျှောက်ပြီး နေတယ်။ ဒီ […]
မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၈ မှ ကဗျာဖစ်ပါသည်။ တစ်ခါတစ်ခါ ငါဟာ ဗိုက်ပြည့်မယ့် ထမင်းတစ်ပွဲကို ဆာလောင်လို့ တစ်ခါတစ်ခါမှာ ငါဟာ အရသာတွေ့မယ့် လက်ဖက်ရည်တစ်ခွက်ကို ဆာလောင်တယ်။ တစ်ခါတစ်ခါ ငါဟာ ခံတွင်းချဉ်ပြေမယ့် စီးကရက်တစ်လိပ်ကို ဆာလောင်လို့ တစ်ခါတစ်ခါမှာ ငါဟာ စိတ်အဆာပြေမယ့် စာအုပ်တစ်အုပ်ကို ဆာလောင်တယ်။ တစ်ခါတစ်ခါ ငါဟာ ဘာသာစကားတူတဲ့ မိတ်ဆွေကို ဆာလောင်လို့ တစ်ခါတစ်ခါမှာ ငါဟာ အပေးအယူမျှမယ့် ဆန့်ကျင်ဘက်လိင်ကို ဆာလောင်တယ်။ တစ်ခါတစ်ခါ ငါဟာ တစ်ကိုယ်တည်း သီးသန့်ဖြစ်ခြင်းကို ဆာလောင်လို့ တစ်ခါတစ်ခါမှာ ငါဟာ မိသားစုရဲ့ နွေးထွေးပျော်ရွှင်မှုကို ဆာလောင်တယ်။ တစ်ခါတစ်ခါ ငါဟာ မရောက်ဖူးသေးတဲ့ ခရီးဝေးထွက်ခြင်းကို ဆာလောင်လို့ တစ်ခါတစ်ခါမှာ ငါဟာ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို ဆာလောင်တယ်။ […]
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Poem ဖြစ်ပါသည်။ မင်းထက်မောင် ရေးသည်။ အိုဘယ့်… မိုး အုံ့မှိုင်းဖွဲ့ဆင် တိမ်ညိုရှင် ရွာမယ် ပြင်လား မပြင်လား။ ဝေါခနဲပင် မိုးရွာလျှင် တို့ရင် ငြိမ်းအံ့ ဝမ်းသာအံ့။ မိုးရွာပါက လယ်ထဲက တေးလွချိုသီ ကြားပါမည်။ မိုးရွာပါမှ ထွန်ရေးပြ အလှပန်းချီ တွေ့ပါမည်။ မိုးရွာပါမှ မိုးစေ့ချ ဘဝရှင်သန်ရပါမည်။ အို… တို့လောကထဲ မိုးရွာကျဲ စိန်ခဲ ရွှေခဲ ပတ္တမြားခဲ။ အကယ်၍သာ မိုးမရွာ တို့မှာ ဝမ်းနည်း ပူဆွေးမြဲ။ အုံ့မှိုင်းဖွဲ့ဆင် တိမ်ညိုရှင် ရွာမယ် ပြင်လား မပြင်လား။ Office : မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊ ပုဇွနေ်တာင်မြို့နယ် […]
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Poem ဖြစ်ပါသည်။ မင်းထက်မောင် ရေးသည်။ မော်တော်ကားတာယာကို ကွန်ပေါင်းတင်သလို ဘဝကို အသစ်ပြန်လည်ပြင်ဆင်လို့ မရနိုင်။ လွမ်းစရာအိပ်မက်တွေ ဘယ်နှခါ မက်ခဲ့ပြီးပြီလဲ နာရီဟာ ကြောက်မက်ဖွယ် အဆိပ်ပြင်းတဲ့ မြွေတစ်ကောင် ပါးပျဉ်းမထောင်ဘဲ ပေါက်နေသလိုပါပဲ။ ထိုနေရာမှာ ရေချိုးကြ သနပ်ခါးလိမ်းကြ၊ အဝတ်အစားသစ်တွေ ဝတ်ကြ ပြီးတော့ လှပစွာ အိမ်ပြန်ကြပေါ့ ရန်သူဟာ သင့်ခန္ဓာကိုယ်ထဲမှာပဲ ရှိတယ်။ ဒါ ကြေကွဲမယ်ဆို ကြေကွဲဖို့ အကောင်းဆုံးပါပဲကွယ်။ ဟောဟိုမှာ ကြည့်လိုက်စမ်း အမှတ်တရသံယောဇဉ် တောင်တန်းညိုညိုများနဲ့ တယောပြားလို သနားစရာ အလွန်ကောင်းတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ဝတ္ထုတိုတစ်ပုဒ် အပြာလွင့် ဂျင်းန်ဘောင်းဘီ အစုတ်ကလေးတစ်ထည် ရွေ့လျားပျောက်ကွယ် မိုးတိမ်ပေါ့။ အဲဒီနောက်မှာ စားစရာ ထမင်းကို ချစ်လာကြတယ် သီးသန့်အိမ်ရာ၊ […]
၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ Poem ဖြစ်ပါသည်။ မင်းထက်မောင် မိုးဦးလေဦး ညကြီးထဲ လွန်ခဲ့တဲ့ နာရီအနည်းငယ်လောက်က တအုံးအုံးနဲ့ သဲသဲမဲမဲ ရွာချခဲ့တဲ့ မိုးဟာ အခုတော့ တိတ်လို့ ရပ်လို့ တန့်လို့သွား အဲဒီအစား ကွဲပြားခြားနားတဲ့ ဖားအော်သံတွေက ဆေးရောင်စုံတွေ ကြဲပက်ထားတဲ့ ပန်းချီကားတစ်ချပ်လို ရုန်းကြွဆူညံပွက် ဖားမဟုတ်တဲ့ တခြား အင်းဆက်အကောင်ပလောင်တွေရဲ့ စူးစူးရှရှ အော်မြည်နေသံတွေကလည်း စည်းချက်မှန်စွာ အရပ်အနားမရှိ တီးခတ် ဘုရားဘက် အသံမစဲ ပဋ္ဌာန်းပွဲဆီက လွင့်ပျံ့လာတဲ့ ပါဠိတော် ရွတ်ဖတ်သံတို့ ဋ္ဌာန်ကရိုဏ်းကျနစွာ ညထဲ ဖြတ်ရှ လားရာမတူတဲ့ ဆန့်ကျင်ဘက် အရပ်ဆီကတော့ မြူးမြူးကြွကြွ ခေတ်ပေါ် စင်တင်တေးဂီတတွေ လေသင့်ရာ ကျော်လွန်လျှံကျ ခပ်သဲ့သဲ့မက ကြားဖြတ်လို့ တစ်ချက် တစ်ချက် […]
မင်းထက်မောင် ၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ Poem ဖြစ်ပါသည်။ ငါတို့ဆီက မင်းတို့ ယူသွားကြ ဇီဝစုံ ကျေးငှက်နဲ့ တိရစ္ဆာန်တွေ တကယ့် ရှားပါး ဆေးဖက်ဝင်အပင်တွေ။ ငါတို့ဆီက မင်းတို့ ယူသွားကြ သစ်အလုံးလိုက်တွေ သစ်အပင်လိုက်တွေ တကယ့် သဘာ၀ သစ်တောထွက်တွေ။ ငါတို့ဆီက မင်းတို့ ယူသွားကြ ပတ္တမြား ကျောက်စိမ်း ရွှေငွေရတနာတွေ တကယ့် အဖိုးတန် သယံဇာတတွေ။ ငါတို့ဆီက မင်းတို့ ယူသွားကြ ကျောက်မီးသွေးတွေ ရေနံဓာတ်ငွေ့တွေ တကယ့် လောင်စာစွမ်းအင် အသုံးဝင်တွေ။ ငါတို့ဆီက မင်းတို့ ယူသွားကြ လုပ်သားဈေးပေါတွေ ဇနီးမယား အချောတွေ တကယ့် လူသားရင်းမြစ် ရေတိမ်နစ်တွေ။ တရားဝင်ရော […]
၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Poem ဖြစ်ပါသည်။ မင်းထက်မောင် ငါတို့ဆီက ချောင်းလောက်တောင် မရှိတဲ့ မြစ်ပေါ် စက်လှေတစ်ပတ် လှည့်လိုက်ရုံနဲ့ ရောက်တဲ့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းဟာ တစ်နိုင်ငံ တစ်မြေခြားစီတဲ့လား။ ထွက်သွားကြသူတွေ၊ ပြန်လာကြသူတွေ တချို့လည်း ပြန်မလာနိုင်ကြသေးတဲ့သူတွေ တချို့က ဘယ်တော့မှ ပြန်လာလို့ မရတော့တဲ့သူတွေ ရက်တွေ လတွေ နှစ်တွေ ခေတ်တွေ စနစ်တွေဟာ မနည်းလှ မျိုးဆက်နဲ့ ချီတဲ့ ဘဝတွေ ဆင်းရဲဒုက္ခတွေ မလုံခြုံ မငြိမ်းချမ်းမှုတွေဟာ မနည်းလှ အခုလည်း ငါ့မျက်စိရှေ့မှာတင် နောက်ထပ် ထွက်ခွာသွားနေကြသူတွေဟာ ပုရွက်ဆိတ်တွေပမာ စီတန်း လှုပ်ရွ အုံခဲလို့ပ။ အို…ဟိုမှာ ကွန်ကရစ်တံတားအောက်က စီးနေဆဲ မွဲညစ်ညစ်ရေပေါ် […]
၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Poem ဖြစ်ပါသည်။ မင်းထက်မောင်ရေးသည် အရေးကြီးတဲ့ ရုံးဌာနတွေကို မင်း ဝင်ရောက်တဲ့အခါ လွှဲလိုက်တဲ့ ငွေတွေကို ဘဏ်မှာ မင်း သွားထုတ်တဲ့အခါ ရထားလက်မှတ် ကားလက်မှတ်တို့ကို မင်း ဝယ်ယူတဲ့အခါ ခရီးထွက်ရင်း ဟိုတယ်တွေမှာ မင်း တည်းခိုတဲ့အခါ သက်ဆိုင်ရာက စစ်ဆေးခြင်းကို မင်း ခံရတဲ့အခါ ငါဟာ မင်းအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ။ ငါ့အပေါ်မှာ မင်းရဲ့ ဓာတ်ပုံနဲ့အတူ မင်းရဲ့ အမည်၊ မင်းရဲ့ မွေးသက္ကရာဇ် မင်းရဲ့ လူမျိုး၊ မင်းရဲ့ ကိုးကွယ်တဲ့ ဘာသာ မင်းရဲ့ အရပ်အမြင့်၊ မင်းရဲ့ သွေးအမျိုးအစား မင်းရဲ့ ထင်ရှားတဲ့ အမှတ်အသား၊ မင်းရဲ့ အလုပ်အကိုင် မင်းရဲ့ […]
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Poem ဖြစ်ပါသည်။ မင်းထက်မောင်ရေးသည် ဖားတွေဟာ မြက်ခင်းထဲ၊ လယ်ကွင်းထဲ၊ ရေကန်ထဲမှာသာမက ကျွန်တော့်အိမ်ထဲမှာလည်း နေထိုင်ကြ ဒါပေမဲ့ အဲဒီဖားတွေဟာ ဖားပြုပ် မဟုတ်၊ စားဖား မဟုတ်၊ ကျော်စံကေး မဟုတ် ဖားပျံလို့ ခေါ်တဲ့ ဖားတွေပေါ့။ အဲဒီဖားပျံတွေဟာ ဟိုခုန် ဒီကပ်နဲ့ အိမ်ထဲက ချောင်ကြိုချောင်ကြားအနှံ့မှာ ပုန်းအောင်းတွယ်ကပ်လို့ နေကြ ဘုရားစင်ပေါ်က ပန်းအိုးမှာ ဘုရားရှိခိုးသလို ကပ်ပြီး နေတာက တစ်ကောင် စာအုပ်စင်ပေါ်က စာအုပ်တွေ ကြားမှာ မြို့စားရွာစားလို အပိုင်စားပြီး နေတာက တစ်ကောင် အိပ်ခန်းထဲက အဝတ်ကြိုးတန်းနောက်မှာ ကိုယ်ပျောက်ဝိဇ္ဇာလို ကိုယ်ရောင်ဖျောက်ပြီး နေတာက တစ်ကောင် မီးဖိုချောင်ထဲက အိုးခွက်တွေ မှောက်ထားတဲ့ နေရာမှာ […]
၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ ကဗျာ ဖြစ်ပါသည်။ မင်းထက်မောင်ရေးသည်။ မစားရ ဝခမန်း ပြောစကားတွေအရ မှုန်ဝါးဝါး အရှေ့အရပ်ဆီမှာ နေ့သစ်တည်မယ့် ရောင်နီလာလုလု။ တစ်ခုသော လောကကမ်းပါးထက်မှာတော့ မျှော်လင့်ခြင်း ခရီးရှည်အိပ်မက်များ ဝရုန်းသုန်းကား အုံကြွဆူပွက်လို့။ ဒီမှာ ညစာ မစားရသေးသူတချို့နဲ့ တမြည့်မြည့် တလွမ်းလွမ်း သွေးစွန်းတဲ့ သမိုင်းသင်ခန်းစာဟောင်း တချို့။ လေမဝှေ့တဲ့ ကွန်ကရစ်လမ်းမပေါ် သစ်ရွက်ကြွေတို့ အမှိုက်လို လွင့်ပါ ရှပ်တိုက် အထပ်မြင့်တွေက အိပ်ငိုက်နေကြ။ ဘာမှ စိတ်မချရသေးပါဘူး ညှော်စော်နံတဲ့ အဆိပ်မီးခိုးငွေ့တွေ တရွေ့ရွေ့ ပျံ့နှံ့ မြို့ပြသွေးကြောများထဲ။ ပြောရရင် မတရားလှတဲ့ ည သန်းခေါင်ယံအလွန် ကောင်းကင်ကြီးထဲ ကြယ်တွေ ပိုပြီး […]
၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Poem ဖြစ်ပါသည်။မင်းထက်မောင်ရေးသည် သင့်ကို ပထမဦးစွာ ပြောလိုတာက ဒီကဗျာမှာ ခေါင်းစဉ် မရှိဘူး မရှိလို့ မဖြစ်ဘူးဆိုရင်လည်း ဒီကဗျာမှာ ခေါင်းစဉ်မရှိဘူးဆိုတာ ဒီကဗျာရဲ့ ခေါင်းစဉ်ပဲ။ ကောင်းပြီ ဆက်ပြောမယ် ဒီကဗျာမှာ အကြောင်းအရာ မရှိဘူး မရှိလို့ မဖြစ်ဘူး ဆိုရင်လည်း အကြောင်းအရာ မရှိတဲ့ အကြောင်းအရာဟာ ဒီကဗျာရဲ့ အကြောင်းအရာပဲ။ ကောင်းပြီ ဆက်ပြောဦးမယ် ဒီကဗျာမှာ အနက်အဓိပ္ပာယ် မရှိဘူး မရှိလို့ မဖြစ်ဘူး ဆိုရင်လည်း အနက်အဓိပ္ပာယ် မရှိခြင်းဟာ ဒီကဗျာရဲ့ အနက်အဓိပ္ပာယ်ပဲ။ ဆက်ပြီး ပြောရမယ်ဆိုရင်တော့ ဒီကဗျာမှာ ကာရန်၊ အသံ၊ နိမိတ်ပုံ၊ ဂုဏ်၊ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."