မင်းကင်း-၂၀၂၄ ဇွန် ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ မတောကျေးရွာက မင်္ဂလာဆောင်ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၂၈ ဦးမှာ အသက် နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရွယ်မရောက်သေးသူခုနစ်ဦး ပါဝင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ ပါဝင်ခဲ့သူတစ်ဦးက မော်ကွန်းကို အတည်ပြုပါတယ်။ မတောရွာ မင်္ဂလာဆောင် ဗုံးကြဲခံရတာကြောင့် သေဆုံးသူတွေဟာ မတောရွာခံ ၂၁ ဦး၊ ယုံသာရွာခံ သုံးဦး၊ ပထိုးလုံးရွာခံတစ်ဦး၊ ကျွန်းတော်(အနောက်)ရွာခံတစ်ဦးနဲ့ ပျဉ်းပင်ပေါ် ရွာခံတစ်ဦး တို့ဖြစ်ပါတယ်။ “ဗုံးတစ်လုံးက မင်္ဂလာဆောင် မဏ္ဍပ်ထဲတည့်တည့်ကျလို့ သေဆုံးတာများတာ။ တချို့ဆို အစအနတောင်ရှာမရဘူး။ အခုရတဲ့စာရင်းက လက်လှမ်းမီသလောက်ပဲကောက်ထားရတာ။ တချို့က မိသားစုလိုက်လာကြတာဆိုတော့ ကလေးတွေလည်းပါတယ်၊ မိသားစုလိုက်သေသွားတာလည်းရှိတယ်” လို့ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ မင်းကင်းဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကလေးငယ် […]
ရန်ကုန် – ၂၀၂၄ ဇွန် ၆ (မော်ကွန်း) စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်တောင်ပိုင်းက သံတွဲနဲ့ ငပလီမှာ လျှပ်စစ်မီး ပြတ်တောက်နေတာ နှစ်ပတ်နီးပါးရှိလာတာကြောင့် ဒေသခံတွေဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရတော့ဘဲ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ သံတွဲမြို့နဲ့ ငပလီကမ်းခြေမှာ ပြီးခဲ့တဲ့လ ၂၀ ရက်နောက်ပိုင်းကစပြီး လျှပ်စစ်မီးတွေ ပြတ်တောက်သွားတာဖြစ်ပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်း မရရှိတော့တာကြောင့် ဆွေမျိုးတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ရန်ကုန်မြို့ကသံတွဲဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ ငပလီကမ်းခြေက ငွေကြေးတတ်နိုင်တဲ့ ဟိုတယ်တချို့လောက်ပဲ မီးစက်မောင်းကာ ဖုန်းအားသွင်းတာ၊ အင်တာနက်ဝိုင်ဖိုင်လိုင်း အသုံးပြုလို့ရတာရှိပေမယ့် ဒေသတစ်ခုလုံးမှာတော့ အဆက်အသွယ်တွေ ပြတ်တောက်နေတယ်လို့ ၎င်းက ပြောပါတယ်။ ကမ္ဘာကျော်ကမ်းခြေတစ်ခုဖြစ်ပြီး ခရီးသွားဒေသတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေအနီးနဲ့ မိုင်အနည်းပဲ […]
ရန်ကုန်-၂၀၂၄ ဇွန် ၅ (မော်ကွန်း) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦးရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။ ဦးတင်ဦးရဲ့ရုပ်အလောင်းကို ရေဝေးသုသာန်ထဲက ဟံသာဝတီဦး၀င်းတင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့၀င် ဦးစိုးဝင်း၊ NLD ပါတီဥက္ကဌဟောင်း ဦးအောင်ရွှေတို့ရဲ့ အုတ်ဂူတွေအနီးမှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တာပါ။ သူရဦးတင်ဦးရဲ့ဈာပနကို နေအိမ်ကနေ ရေဝေးသုသာန်အထိ လူအများအပြား လိုက်လံပို့ဆောင်ခဲ့ပြီး နာရေးကားတန်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် ၅၄ ရှေ့ကနေ ဖြတ်ကျော်ခဲ့ပါတယ်။ နာရေးကားတန်းလာရာလမ်းတစ်လျှောက်နဲ့ ရေဝေးသုသာန်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေ လုံခြုံရေးအများအပြားယူထားတာတွေ့ရပါတယ်။ သူရဦးတင်ဦးရဲ့ဈာပနအခမ်းအနားကို NLD ပါတီဝင်တွေ၊ နိုင်ငံတကာသံရုံးတွေက တာဝန်ရှိသူတွေ၊ နိုင်ငံရေးသမားတွေ၊ စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နဲ့ ရန်ကုန်တိုင်းစစ်ကောင်စီအဖွဲ့တွေ တက်ရောက်လာတာတွေ့ရပါတယ်။ ဦးတင်ဦးရဲ့နာရေးအခမ်းအနားကို လာရောက်ကြသူ များပြားတာကြောင့် […]
ရန်ကုန် -၂၀၂၄ ဇွန် ၅ (မော်ကွန်း) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦးရဲ့ ဈာပနအခမ်းအနားကိုဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗောဓိရိပ်သာလမ်းက နေအိမ်မှာပြုလုပ်နေပါတယ်။ ဦးတင်ဦးရဲ့ဇနီး ဒေါက်တာတင်မိုးဝေနဲ့ ကျန်ရစ်သူ မိသားစုဝင်တွေက ကွယ်လွန်သူအတွက်ရည်စူးပြီး သံဃာတော်တွေကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ နေအိမ်မှာတော့ သူရဦးတင်ဦးရဲ့ ရုပ်အလောင်းကို ပြင်ဆင်ထားပြီး ဒီနေ့မွန်းလွဲပိုင်းမှာ ရေဝေးသုဿာန်မှာ ဂူသွင်းသင်္ဂြိုဟ်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကပေးပို့ထားတဲ့ လွမ်းသူ့ပန်းခြင်း၊ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်ကပေးပို့ထားတဲ့ လွမ်းသူ့ပန်းခြင်းတွေကို နေအိမ်တွင်းမှာတွေ့ရပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ပန်းခြင်းကို နေအိမ်ပြင်ပမှာချိတ်ဆွဲထားတာလည်းတွေ့ရပါတယ်။ NLD ပါတီရဲ့ နာယကဖြစ်သလို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ သူရဦးတင်ဦးဟာ အခုလ ၁ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်က ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကုကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူရင်း […]
ပခုက္ကူ-၂၀၂၄ ဇွန် ၅ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်နဲ့ပခုက္ကူမြို့နယ်အစပ်က ကံမြင့်ကုန်းကျေးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ မနက်၉:၀၀နာရီဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲကာ တိုက်ခိုက်ခဲ့တာကြောင့် အသက်လေးအရွယ်ကလေးတစ်ဦး၊ အမျိုးသမီးသုံးဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ “လေယာဉ်ကြဲတော့ ပြည်သူအိမ်နှစ်လုံးပေါ်ကျတာ၊အိမ်ထဲမှာလူတွေရှိနေတော့၊ပြည်သူထိတာ ဆယ်ယောက်ကျော်တယ်”လို့ Thu Rain အဖွဲ့ခေါင်းဆောင် ကိုသူရိန်ကပြောပါတယ်။ သေဆုံးသွားသူတွေထဲမှာ လေးနှစ်အရွယ်ယောကျာ်းလေးတစ်ဦး၊ အသက် ၆၀ အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသမီးနှစ်ဦးပါဝင်ပါတယ်။ ဒါအပြင် သေဆုံးတဲ့သူတွေအပြင် ဒဏ်ရာရသူ ၁၂ ဦးရှိခဲ့တယ်လို့ ကိုသူရိန်ကပြောပါတယ်။ ” တစ်ယောက်ဆိုရင် သူ့အိမ်ကနေ ဘုန်းကြီးကျောင်းဘေးက ဇရပ်ပေါ်မှာသွားတင်နေတယ်၊ မျက်နှာတွေလည်းမသဲကွဲတော့ဘူး၊ခန္ဓာကိုယ်တွေလည်းအကုန်ပေါက်ထွက်ကုန်တယ်၊ ဒဏ်ရာရတဲ့ထဲကတစ်ယောက်တော့မျက်နှာတွေကောလက်တွေကောထိထားတယ်၊နောက်တစ်ယောက်ဆိုရင်ခြေထောက်ကလုံးဝကိုကျိုးသွားတယ်၊သေသွားတဲ့ထဲက အန်တီဆိုရင် ခေါင်းမရှိတော့ဘူး၊ခြေလက်မရှိတော့ဘူးဆံပင်ပဲရှိတော့တယ်”လို့ သူကပြောပြပါတယ်။ ကံမြင့်ကုန်းကျေးရွာနဲ့ နှစ်မိုင်အကွာမှာ ဒီဖြစ်ရပ်မဖြစ်ခင် တစ်ရက်က စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ […]
ရန်ကုန် – ၂၀၂၄ ဇွန် ၃ (မော်ကွန်း) ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) ဟာ ရည်ညွှန်းဈေး အခေါက်ရွှေတစ်ကျပ်သားကို ၄၈ သိန်းကျော်အဖြစ် တိုးမြှင့်သတ်မှတ်လိုက်ပြီး ရွှေဆိုင်တွေကို အဲဒီဈေးတန်းမှာအရောင်းအဝယ်လုပ်ဖို့ ထုတ်ပြန်ထားပေမယ့် ရွှေဈေးကွက်အရောင်းအဝယ်ဟာ ရပ်တန့်နေဆဲဖြစ်တယ်လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက်မှာ YGEA ရဲ့ ရည်ညွှန်းဈေးနှုန်းဟာ မနေ့ကတော့ တစ်ကျပ်သားကို ၄၁ သိန်းကျော်ပဲ သတ်မှတ်ထားရာကနေ ဒီနေ့မှာ ၄၈ သိန်းကျော်ကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီး ဒီဈေးနှုန်းနဲ့ အရောင်းအဝယ်မလုပ်ရင် တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီသတ်မှတ်ချက်ဟာ ပြည်တွင်းက နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရှိတဲ့ AD လိုင်စင်ရဘဏ်တွေအကြား အရောင်းအဝယ်လုပ်တဲ့ ဒေါ်လာဈေးအတိုင်း သတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ အဲဒီဈေးကွက်မှာ တစ်ဒေါ်လာကို ၃,၄၀၀ ကျပ် ဝန်းကျင်မှာ […]
ထားဝယ်-၂၀၂၄ ဇွန် ၄ (မော်ကွန်း) တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အိမ်ရှေ့ပြင်ရပ်ကွက်က အခြေခံပညာမူလတန်းကျောင်းမှာ ဒီနေ့လယ် ၁၂ နာရီ ၂၅ မိနစ်က စစ်ကျန်လက်နက်ပစ္စည်းပေါက်ကွဲမှုဖြစ်ပြီး ကျောင်းသားကလေးငယ်တစ်ဦးသေဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ မေ ၁၃ ရက်က စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးအဖွဲ့တချို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကို ရှင်းလင်းမှုတွေလုပ်ပေမယ့် စာသင်ကျောင်းမှာ ကျန်နေခဲ့တဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းတစ်ခုကို ကလေးငယ်တစ်ဦးက ယူပြီးဆော့ကစားရာကနေ ပေါက်ကွဲခဲ့တာလို့ သူကပြောပါတယ်။ “ကျန်ခဲ့တဲ့နေရာတွေမှာ ရှင်းတဲ့နေရာတွေမှာရှင်းပြီးပြီ။ တွေ့တဲ့နေရာတွေပြောတော့ လာရှင်းပေးတာပေါ့နော်။ အဲဒီစာသင်ကျောင်းထဲမှာကျတော့ ကျွန်တော်တို့လည်း မသိဘူးလေ။ ပြောသံလည်း မကြားရဘူး။အဲဒီကလေးက မြက်ပင်တွေထဲမှာတွေ့လား ဘယ်နေရာမှာတွေ့လည်းမသိဘူး။ သူကကောက်ရတာ။ ကောက်လာပြီးတော့ ကျွန်တော်တို့ ကျောင်းရဲ့ဝရံတာ လမ်းလျှောက်တဲ့နေရာလေးပေါ့နော်၊ အဲဒီနေရာလေးမှာ သူက […]
ရန်ကုန် – ၂၀၂၄ ဇွန် ၃ (မော်ကွန်း) ရန်ကုန်ကကျောင်းတချို့မှာ ကျောင်းသားသစ်နဲ့ ကျောင်းအပ်နောက်ကျသူတချို့ကို ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတချို့က မော်ကွန်းကို ပြောပါတယ်။ ရန်ကုန်မြို့၊ ဗိုလ်တထောင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှာ သားဖြစ်သူကို သူငယ်တန်းသွားအပ်နှံခဲ့တဲ့ မိဘတစ်ဦးကတော့ ကျောင်းဝင်ခွင့်ရဖို့ ငွေကျပ်သုံးသိန်းအထိ တောင်းခံတာကို ကြုံခဲ့ရတယ်လို့ ပြောပြပါတယ်။ သူ့ရဲ့သားဟာ အသက်ငါးနှစ်ပြည့်ဖို့ တစ်လကျော်လိုနေသေးတဲ့အတွက် လက်မခံနိုင်ဘူးလို့ ငြင်းဆိုတာကြောင့် ပြေလည်စေဖို့ ပေးခဲ့ရတာလို့ အဲဒီကျောင်းသားမိဘက ပြောပါတယ်။ “ အခြားကျောင်းသားတွေလည်း ပေးရတယ်။ မပေးရင် မတက်ရဘူးဆိုတော့ ညှိပြီး နှစ်သိန်းခွဲပေးလိုက်ရတယ်။ အခုမှ KG တက်မယ့်ကလေးကို ဖြစ်သင့်လား” လို့ သူက မော်ကွန်းကို ပြောပါတယ်။ ရန်ကုန်က တခြားမြို့နယ်တွေက ကျောင်းတချို့မှာလည်း ကျောင်းအပ်နောက်ကျသူတွေ၊ […]
ရန်ကုန် – ၂၀၂၄ ဇွန် ၃ (မော်ကွန်း) ဒီနေ့မှာ တစ်နိုင်ငံလုံးက စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေမှာ အခြေခံပညာစာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ခဲ့ပြီး အခြေခံပညာကျောင်းသား ၆ ဒသမ ၃ သန်းကျော် ကျောင်းအပ်နှံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ဒီနေ့ထုတ် ကြေးမုံသတင်းစာကနေ ထုတ်ပြန်ထားပါတယ်။ ဒီကျောင်းအပ်နှုန်းဟာ မနှစ်ကထက် ကျောင်းအပ်နှံသူအရေအတွက် ရှစ်သောင်းကျော်ထိ လျော့ကျနေပြီး မနှစ်တုန်းက ကျောင်းအပ်နှံမှုဟာ ၆ ဒသမ ၄၇ သန်းကျော်ထိ ရှိခဲ့တာပါ။ Grade-12 အထိ သင်ကြားမယ့် ပညာရေးသင်ရိုးစနစ်သစ်ကို မနှစ်က စာသင်နှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အတန်းပိုများလာပေမယ့် ကျောင်းတက်မှုနှုန်းကတော့ ဆက်လက်လျော့ကျနေတာပါ။ စစ်တပ်အာဏာမသိမ်းခင် စာသင်နှစ်တွေတုန်းကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတက်နှုန်းဟာ နှစ်စဉ် ၁၀ သန်းကျော်ထိ ပျှမ်းမျှရှိခဲ့ရာက စစ်ကောင်စီလက်ထက်မှာ ကျောင်းတက်မှုနှုန်း လေးသန်းနီးပါးထိ […]
မင်းကင်း-၂၀၂၄ ဇွန် ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အနီးက မတောရွာမှာ ပြုလုပ်နေတဲ့ မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို ဒီနေ့မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်လို့ ၁၀ ဦးထက်မနည်းသေဆုံးသလို ထိခိုက်ဒဏ်ရာရသူအများအပြားရှိတယ်လို့ ဒေသခံတချို့က မော်ကွန်းကိုပြောပါတယ်။ “ PDF မင်္ဂလာဆောင်ပေါ့။ အဲဒီ မင်္ဂလာဆောင်ကို ဗုံးနှစ်လုံးကြဲတိုက်ခိုက်သွားတာ လူအသေအပျောက်က တော်တော်များတယ်။ အခုလက်ရှိကို ၁၀ ယောက်ကျော်နေပြီ၊ ခန့်မှန်းချေဆို နှစ်ဆယ်ကျော်လောက်မယ်။ ခြေပြတ်လက်ပြတ်တွေကို တော်တော်များတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မင်္ဂလာဆောင် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သတို့သား၊ သတို့သမီးပါ သေဆုံးသွားတယ်လို့ သတင်းတွေထွက်နေပေမယ့် အတည်မပြုနိုင်သေးဘူးလို သူကဆက်ပြောပါတယ်။ “ဗုံးကြဲခံရပြီး ပေါက်ကွဲတဲ့အသံ မြို့ပေါ်ကနေပါကြားရတယ်။ အိမ်တွေပါတုန်သွားတာ”လို့ မင်းကင်းမြို့ခံတစ်ဦးကလည်း ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မတောရွာဟာ မင်းကင်းမြို့အနီးမှာရှိတဲ့ရွာဖြစ်ပြီး လက်ရှိအချိန်မှာတော့ […]
ဟိုပုံး – ၂၀၂၄ ဇွန် ၂ (မော်ကွန်း) ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသမှာ ဒေသခံအမျိုးသားတစ်ဦး နွားကျောင်းရင်း မိုင်းနင်းမိတာကြောင့် ဘယ်ခြေတစ်ဘက်ပြတ်သွားပါတယ်။ မိုင်းနင်းမိသူဟာ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ လွယ်ဝိုးတုတ်ရွာက ဒေသခံ ဦးတငယ်(၄၉နှစ်)ဖြစ်ပြီး ဒီနေ့ နံနက်ပိုင်းမှာ နွားကျောင်းရင်း မိုင်းနင်းမိခဲ့တာပါ။ ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့် တောင်ကြီးမြို့က စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အခုတော့ အောင်ပန်းဆေးရုံကို လွှဲပြောင်းလိုက်ရပါပြီ။ လွယ်ဝိုးတုတ်ရွာဟာ အိမ်ခြေ ၆၀ ဝန်းကျင်ရှိပြီး ဦးတငယ်ဟာ ရွာမှာ ဒုတိယမြောက် မိုင်းနင်းမိသူဖြစ်ပါတယ်။ မဲနယ်တောင်ဒေသအပါအဝင် ပအိုဝ်းဒေသဟာ ပြီးခဲ့တဲ့ ၂၀၂၃ ကစလို့ စစ်မြေပြင်ဖြစ်လာပြီး အာဏာသိမ်းစစ်တပ်၊ သူ့လက်အောက်ခံ ဌာနေအသွင်ပြောင်းပအိုဝ်းပြည်သူ့စစ်(PNO/PNA)တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ဦးဆောင်တဲ့တပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွါးတဲ့နေရာတွေပါ။ ပအိုဝ်းလူငယ်အစည်းအရုံး(PYO) ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ရှမ်းပြည်တောင်ပိုင်း၊ […]
ကော့ကရိတ် – ၂၀၂၄ ဇွန် ၁ (မော်ကွန်း) ကေအဲန်ယူ၊ တပ်မဟာ(၆)၊ ကော့ကရိတ်မြို့တောင်ပိုင်း၊ ကမိုင်ကုန်းရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ လူငယ်တစ်ဦးသေဆုံးပြီး ကလေးတစ်ဦးဒဏ်ရာရခဲ့ပါတယ်။ မနေ့က နံနက်ပိုင်း လယ်ထဲကို အလုပ်ဆင်းဖို့ ပြင်ဆင်နေချိန်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ၁၈ အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး ၁၃ နှစ်အရွယ်ကတော့ ဒဏ်ရာရခဲ့လို့ ဆေးရုံတင်ထားရပါတယ်။ တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ ရွာထဲကို ဗုံးကြဲချတာလို့ ဒေသခံကပြောပါတယ်။ ကော့ကရိတ်မြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ရယူပြီးတဲ့နောက် မြို့တောင်ပိုင်းကိုပါ ဆက်လက်စစ်ကြောင်းထိုးလာတာကြောင့် ကမိုင်ကုန်း၊ ရွာသစ်၊ ကော့နွဲ့စတဲ့ရွာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွါးနေဆဲပါ။ ကမိုင်ကုန်းဖြစ်ရပ်လိုပဲ အခုနှစ် ဧပြီ ၁၈ ရက်ကလည်း ကမိုင်ကုန်းနဲ့မဝေးတဲ့ မြို့ဟောင်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချလို့ ရွာရဲ့ ကျောင်းထိုင်ဆရာတော်ဟာ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."