ရန်ကုန် – ၂၀၂၄ ဩဂုတ် ၈ (မော်ကွန်း)
အခေါက်ရွှေ ပြင်ပပေါက်ဈေးဟာ ဒီနေ့ညနေပိုင်းမှာ တစ်ကျပ်သားကို ကျပ်သိန်း ၇၀ ကျော်ထိ မြင့်တက်သွားတယ်လို့ ဈေးကွက်စောင့်ကြည့်လေ့လာသူတချို့က ပြောပါတယ်။
ဒီမနက်ပိုင်းဈေးကွက်ဖွင့်လှစ်မှုမှာ တစ်ကျပ်သားကို ၆၉ သိန်းဝန်းကျင်နဲ့ ဖွင့်လှစ်ခဲ့ပြီး နေ့ခင်းပိုင်းဖွင့်လှစ်မှုတော့ တစ်ကျပ်သားကို ၆၉ သိန်း ငါးသောင်းထိ ရောက်ရှိလာတာပါ။
ပြီးခဲ့တဲ့လကုန်ပိုင်းက တစ်ကျပ်သားကို ၆၅ သိန်းဝန်းကျင်ကို စံခီန်တင်ရောက်ရှိခဲ့တဲ့ ပြည်တွင်းအခေါက်ရွှေဈေးဟာ သီတင်းပတ်တစ်ပတ်ကျော်အတွင်းမှာ စံချိန်အသစ်တွေကို ဆက်တိုက်တင်နေတာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကာလအတွင်းမှာ မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာ ကျဆင်းခဲ့တာဖြစ်ပြီး ရွှေဈေးအပါအဝင်၊ ကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ် စတဲ့ ငွေလဲလှယ်နှုန်းတွေဟာလည်း အမြင့်ဆုံးဈေးနှုန်းတွေကို ရောက်ရှိနေတာပါ။
အခုလိုရွှေဈေးနဲ့ နိုင်ငံခြားငွေဈေးတွေ ဆက်တိုက်မြင့်တက်လာတာဟာ နိုင်ငံတဝန်းမတည်ငြိမ်တဲ့ စစ်ရေးအခြေအနေတွေကြောင့်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။
နိုင်ငံတဝန်း စစ်ပွဲဧရိယာကျယ်ဝန်းလာတာကြောင့် စီးပွားရေးလုပ်ငန်းရှင်အများစုက ပိုင်ဆိုင်မှုတွေကို ပြည်ပကိုရွှေ့ဆိုင်းနေတာ၊ နိုင်ငံခြားငွေနဲ့ ရွှေကိုဝယ်ယူစုဆောင်းမှုတွေများလာတွေကြောင့် အခုလိုဈေးနှုန်းတွေခုန်တက်သွားရတာလို့ ရွှေနဲ့ ငွေကြေးဈေးကွက်လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကတော့ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို ၄၆ သိန်းကျော်မှာပဲ ဈေးသတ်မှတ်ထားပြီး ပြင်ပပေါက်ဈေးနဲ့ဆိုရင် တစ်ကျပ်သားကို ကျပ်၂၄ သိန်းနီးပါး ကွာဟနေတာပါ။ သူတို့ကတော့ အဲဒီသတ်မှတ်ဈေးထက်ပိုရောင်းတဲ့ ရွှေဆိုင်တွေကို အရေးယူမယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ပြည်တွင်းကရွှေဆိုင်တွေဟာ ဒီဈေးနှုန်းကွာဟချက်ကို ကာမိအောင် အလျော့တွက်၊ လက်ခကို အဆမတန်မြှင့်တင်ပြီး တွက်ချက်ရောင်းချနေတယ်လို့ ကိုယ်တိုင်ကြုံလာတဲ့ ရွှေဝယ်ယူစုဆောင်းသူတချို့က ပြောပါတယ်။
စစ်တပ်အာဏာမသိမ်းခင်တုန်းက ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်းခွဲခန့်မှာပဲရှိခဲ့ပြီး အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ရွှေဈေးက ငါးဆလောက်ကို ထိုးတက်ခဲ့တာပါ။
ဓာတ်ပုံ – မော်ကွန်း
Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
Telegram
https://t.me/MawkunMM
Facebook
https://facebook.com/mawkunmagazine
Youtube
https://youtube.com/@mawkunmagazine494/community
TikTok
https://tiktok.com/@mawkun.magazine
X
https://x.com/MawKunMM
Substack
https://mawkunmagazine.substack.com/
Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

