မုံရွာ – ၂၀၂၄ ဩဂုတ် ၁၀ (မော်ကွန်း)
မုံရွာမြို့နယ် သာစည်ကျရွာကို စစ်ကောင်စီတပ်က မီးဝင်ရှို့နေတယ်လို့ သာစည်ရွာကနေစစ်ရှောင်လာတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“ဒီမနက်ပဲ မီးဝင်ရှို့တာပါ။ ရွာကလူတွေ တစ်ရွာလုံးနီးပါးပြောင်းရွှေ့ကြလို့ သပ်သပ် မီးဝင်ရှို့တာ” လို့ မုံရွာမြို့ပေါ်ကို ရောက်နေတဲ့ သာစည်ရွာသားတစ်ဦးကပြောပါတယ်။
လွန်ခဲ့တဲ့ ရက်တွေကတည်းက PDF တွေက ရွာထဲကနေပြောင်းဖို့ ပြောနေတာ ၁၀ ကြိမ်လောက်ရှိပြီး စစ်ကောင်စီတပ်က ထွက်ခွင့်မပေးလို့ မထွက်ကြဘဲ နောက်မှ တဖြေးဖြေးပြောင်းရွှေ့နေကြလို့ ဝင်ရှို့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
မုံရွာမြို့နယ် အနောက်မြောက်ဘက်က သာစည်ရွာဟာ ၅၀၈ အမြှောက်တပ်နဲ့ အနီးဆုံးရွာဖြစ်တာကြောင့် စစ်တပ်က မရွှေ့စေချင်တာ ဖြစ်နိုင်တယ်လို့ သူကသုံးသပ်ပြပါတယ်။
ယခင် ရက်ပိုင်းတွေကလည်း သာစည်ရွာနဲ့ကပ်လျက်ရှိတဲ့ ကံပြားရွာကိုလည်း စစ်တပ်က မကြာခဏ မီးဝင်ရှို့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
မုံရွာ အရှေ့မြောက်နယ်ရွာတော်တော်များများကို တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတာ ဖြစ်ပါတယ်။
ပုံစာ – သာစည်ရွာက နာမည်ကြီး ဦးဖိုးရှိနေအိမ်
Photo – Supplied
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

