သတင်းများ

နှစ်လကြာမည့် ညမထွက်ရ အမိန့် ပလက်ဝတွင်ထုတ်ပြန်

November 9, 2019

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ကာ နှစ်လအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည်။ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်ဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်ဟုဆိုကာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခြင်းဖြစ်သည်ဟုပါရှိသည်။ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် အရပ်သားပြည်သူများ အယောင်ဆောင်ကာဝင်ရောက်လာကာ အရပ်သားများကိုတိုက်ခိုက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ မင်းတပ်ခရိုင်၊ ပလက်ဝမြို့အတွင်းရှိခဲ့ပြီး သေဆုံး၊ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟုဖော်ပြထားသည်။ ချင်းပြည်နယ်မဲဆန္ဒနယ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအား ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)ဖမ်းဆီးသွားသည့်ကိစ္စနှင့်ပတ်သတ်၍လည်း အာဏာရ ဒီချုပ်ပါတီက ၎င်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အမြန်ဆုံးပြန်လွှတ်ပေးရန် ယနေ့ နေ့လည်ပိုင်းက ထုတ်ပြန်ထားသည်။ #mawkun #magazine #chronicle #dailynews #AA  

အပြည့်အစုံဖတ်ရန်

စီးပွားရေးကို ပုဂ္ဂိုလ်ရေးပတ်သက်မှုနဲ့ လုပ်ကိုင်ခဲ့တဲ့ ပုံစံကနေ စည်းမျဉ်းဥပဒေကို အခြေခံတဲ့ပုံစံကို ပြောင်းလဲနေပြီလို့ ဒေါ်အောင်ဆန်းစုကြည်အသိပေး

October 22, 2019

ကျော်ဇေယျ အောက်တိုဘာ-၂၂ မြန်မာနိုင်ငံဟာ ပွင့်လင်းမှုနဲ့ယှဉ်ပြိုင်မှုမရှိတဲ့ ပုဂ္ဂိုလ်ရေးပတ်သက်ဆက်နွယ်မှုတွေနဲ့ လုပ်ကိုင်ခဲ့တဲ့ စီးပွားရေးပုံစံကနေ ပွင့်လင်းမြင်သာပြီး စည်းမျဉ်းဥပဒေတွေကို အခြေခံတဲ့ စီးပွားရေးပုံစံကို အသွင်းကူးပြောင်းနေပြီလို့ ဂျပန်ဧကရာဇ်နန်းတက်ပွဲကို တက်ရောက်ဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့်က ရင်းနှီးမြုပ်နှံသူတွေကို အသိပေးပါတယ်။ “ အသွင်းကူးပြောင်းမှုလုပ်ငန်းစဉ်ဟာ မလွယ်ကူပေမယ့် မိမိတို့အနေနဲ့ အောင်မြင်မှုရရှိလိုပါက အားလုံးဝိုင်းဝန်း ကြိုးပမ်း အားထုတ်သွားကြဖို့လည်း လိုအပ်ပါတယ်” လို့ တိုကျိုမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲမှာ ရင်းနှီးမြုပ်နှံသူတွေကို ပြောပါတယ်။ ဒါအပြင် ဂျပန်နိုင်ငံရဲ့ နာမည်ကြီးကုမ္ပဏီကြီးတွေဖြစ်တဲ့ တိုယိုတာ၊ဆူဇူကီး၊ယာကူယူတို(Yakult)နဲ့ အခြား နာမည်ကြီး ကုမ္ပဏီတွေ မြန်မာနိုင်ငံ၊ သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြုပ်နှံနေတာကိုကြည့်ခြင်းအားဖြင့် မိမိတို့အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် စီးပွားရေးလုပ်ငန်းတွေရဲ့ ယုံကြည်မှုရှိနေတာကို ပြသနေတယ်လို့လည်း ဒေါ်အောင် ဆန်းစုကြည်က ပြောတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ […]

အပြည့်အစုံဖတ်ရန်

အရည်အသွေးရှိသော တိုင်းရင်းဆေးပညာရှင်များထွက်ပေါ်လာပါက တိုင်းရင်းဆေးအမည်ခံ တရားမဝင်သင်တန်းကျောင်းများ၊ ဆေးကုသမှုများ အလိုအလျှောက် ပျောက်ကွယ်သွားမည် 

July 18, 2019

ကောင်းထက်စံ ဇူလိုင် ၁၈  တိုင်းရင်းဆေးအမည်ခံ တရားမဝင်ဖွင့်လှစ်နေသော သင်တန်းကျောင်းများနှင့် ဆေးကုသမှုများသည် အရည်အသွေး ရှိသော တိုင်းရင်းဆေးပညာရှင်များ ထွက်ပေါ်လာပါက အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးက ပြောသည်။ “ကျွန်တော်တို့အနေနဲ့ အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးပညာရှင်များ ထွက်ဖို့လိုပါတယ်။ သူတို့ များများထွက်လာရင် ဒီလိုအရည်အသွေးမရှိတဲ့ လိုင်စင်မရှိတဲ့သူများဟာ အလိုလိုပျောက်သွားမှာဖြစ်ပါတယ် ”ဟု ဦးမြင့်ထွေးကပြောသည်။ ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် (၁၃) ကြိမ်အစည်းအဝေးတွင် မြင်းမူမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက တိုင်းရင်းဆေးအမည်ခံသင်တန်းကျောင်းများ၊ တက္ကသိုလ်များအဖြစ် ဖွင့်လှစ်သင်ကြားနေခြင်းများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည်နှင့် ပတ်သက်သည့် မေးခွန်းအား ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ ဦးစိုးစံသက်ထွန်းက တိုင်းရင်းဆေးတက္ကသိုလ် မဟုတ်ဘဲ သင်ကြားနေသည့် သင်တန်းကျောင်းများမှ ဆေးကုသခွင့်များကိုပါ တရားဝင်သဖွယ် လက်မှတ်များထုတ်ပေးနေသည့်အတွက် ပြည်သူများအတွက် ထင်ယောင်ထင်မှားဖြစ်စေနိုင်သည်ဟု ဆိုသည်။ […]

အပြည့်အစုံဖတ်ရန်

နိုင်ငံတစ်ဝှမ်းတွင် ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၅၉ ဦး အထိရှိလာ

July 18, 2019

“ရန်ကုန်တိုင်းတွင် သေဆုံးသူ ၄၆ ဦးရှိပြီး အများဆုံးဖြစ် ” ကျော်ဇေယျ ဇူလိုင်-၁၈ ရာသီတုပ်ကွေး(H1N1)ရောဂါကြောင့် သေဆုံးသူဦးရေဟာ တစ်နိုင်ငံလုံးမှာ ၅၉ ဦးအထိ ရှိလာပြီလို့ ဇူလိုင် ၁၇ မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနထုတ်ပြန်ပါတယ်။ ၂၀၁၉ ဇန်နဝါရီ ၁ ကနေ ဇူလိုင် ၁၇ အထိ တိုင်းနဲ့ပြည်နယ်အသီးသီးရှိ တုပ်ကွေးဖြစ်ပွားသူ ၇၁၀ ဦးကို ဓါတ်ခွဲစစ်ဆေးခဲ့ရာ ထိုလူနာတွေထဲက ၂၉၆ ဦးမှာ ရာသီတုပ်ကွေးရောဂါကူးစက်ခံရတာကို တွေ့ရှိရတယ်လို့ ဒီထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ဒီလူတွေထဲက ၅၉ ဦး အထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးထဲ သေဆုံးသူအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ လူပေါင်း ၃၇၀ ကို ဓါတ်ခွဲစစ်ဆေးခဲ့ရာမှာ ၁၆၉ ဦးက တုပ်ကွေးကူးစက်ခံနေရပြီး ဒီအထဲက […]

အပြည့်အစုံဖတ်ရန်

ဖမ်းဆီးရမိသော တရားမဝင်ကျောက်စိမ်းနှင့်ရတနာများကို နေပြည်တော်တွင် သိမ်းဆည်းထားပြီး ကျောက်မျက်ပြပွဲ များတွင် ပြသရောင်းချလျက်

May 24, 2019

စီဇံမျိုးကျော် မေ ၂၄ ဖမ်းဆီးရမိထားသော တရားမဝင်ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများကို နေပြည်တော်ရှိ ကျောက်မျက် သိုလှောင်ရုံနှစ်ခုနှင့် ကျောက်မျက်ရတနာပြတိုက်ရှိ မီးလုံအာမခံခန်းတွင် ထိန်းသိမ်းထားပြီး ကျောက်မျက်ပြပွဲများတွင် ပြသရောင်းချလျက်ရှိသည်ဟု သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ပြောသည်။ ယနေ့ ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စေတုတ္တရာမဲဆန္ဒနယ်မှ လွတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်မေးမြန်းသည့် တရားမဝင်ခိုးထုတ်သယ်ယူမှုများမှ ဖမ်းမိသောကျောက်မျက်များကို မည်ကဲ့သို့ စီမံခန့်ခွဲသည်ကို သိလိုသည်ဆိုသည့်မေးခွန်းကို ဒုဝန်ကြီးကယခု လိုဖြေကြားခြင်းဖြစ်သည်။ ဖမ်းဆီးရမိသော ကျောက်မျက်များကို နေပြည်တော် ၊ ဒက္ခိဏသီရိ မြို့နယ် တွင်ရှိ သည့် သိုလှောင်ရုံ(၁)၊(၂)နှင့် နေပြည်တော် ကျောက်မျက်ရတနာ ပြတိုက်၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းရှိ မီးလုံအာမခံခန်း ထဲတွင် သက်ဆိုင်ရာအမှုတွဲလိုက် သီးခြားစီထုပ်ပိုး ထိန်းသိမ်းထားရှိသည်ဟု ဒုဝန်ကြီးကဆိုသည်။ […]

အပြည့်အစုံဖတ်ရန်

အကြမ်းဖက်သမားတစ်ဦး မြန်မာနိုင်ငံသို့ရောက်ရှိနေသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး ပြန်လည်ထွက်ခွာခြင်းမရှိသေး

May 23, 2019

မေ ၂၃ ဗညားအေးကျော် သီရိလင်္ကာနိုင်ငံတွင် ယခုနှစ်ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲမှု တရားခံများနှင့်ဆက်စပ်နေသူတစ်ဦး မြန်မာနိုင်ငံသို့ရောက်ရှိနေသည်မှာ တစ်နှစ်နှင့်နှစ်လကျော်ရှိနေပြီး ပြန်လည်ထွက်ခွာခြင်းမရှိသေးကြောင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးသောင်းဟန်က မော်ကွန်းကို ပြောသည်။ သီရိလင်္ကာတွင် ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲအကြမ်း ဖက်တိုက်ခိုက်မှုတွင် ဖမ်းဆီးရမိသည့် တရားခံများနှင့် ဆက်စပ်သူများအနက်မှ အသက် ၃၉ နှစ်ရှိ Mr.Abdul Aslam Irshadmohmood ပစ်စပို့နံပါတ် N 5467645 ကိုင်ဆောင်ထားသူသည် ၂၀၁၈ ဇန်နဝါရီက ကမ္ဘာလှည့်ခရီးသည်ဗီဇာဖြင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာခြင်းမရှိသေးကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှ အကြောင်းကြားစာတွင်ပါရှိသည် ၎င်းကဆိုသည်။ “ပုဂံမှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲတပ်ဖွဲရဲ့ အကြောင်းကြားစာအရ ကျွန်တော်တို့က ဒီသတင်းကို ဆက်ပြီးတော့မှ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို ပူးပေါင်းဆောင်ရွက် တဲ့အနေအထားနဲ့ ဆက်လက် ဖြန့်ဝေပေးလိုက်တာဖြစ်ပါတယ်” […]

အပြည့်အစုံဖတ်ရန်

သင်္ကြန်တွင်း နယ်ပြန်မည့်သူများအတွက် လာမည့် ဧပြီ ၁၁ နှင့် ၁၂ တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မိုင် ၁၀၀ အောက် ခရီးစဉ်အချို့ကို YBS များ ပြေးဆွဲပေးမည် 

April 4, 2019

ဗညားကျော် ဧပြီ ၄ လာမည့် ဧပြီ ၁၁ နှင့် ၁၂ ရက်တွင် နယ်ပြန်ရန် လက်မှတ်အခက်အခဲဖြစ်ပေါ်နေသည့် ခရီးသည်များအတွက် မိုင် ၁၀၀ အောက် ခရီးစဉ်များကို YBS ယာဉ်များဖြင့် ပြေးဆွဲပေးမည်ဟု ဒဂုံ-ဧရာအဝေးပြေးမှ ဒုတိယလက်ထောက်ဌာနမှူး ဦးမြင့်အောင်က မော်ကွန်းကို ပြောသည်။ ယင်းသို့ပြေးဆွဲရခြင်းသည် ခရီးသွားပြည်သူများ လက်မှတ်အခက်ခဲမဖြစ်စေရန် အဝေးပြေးယာဉ်လိုင်းများနှင့် ပေါင်းစပ်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ဦးမြင့်အောင်က ဆိုသည်။ မိုင် ၁၀၀ အောက်ခရီးစဉ်များအဖြစ် ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး၊ ဖျာပုံ၊ ဓနုဖြူ၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်းမြို့နယ် များအထိ YBS ယာဉ် ၁၄ စီးပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိ ဒဂုံ-ဧရာအဝေးပြေးတွင် ခရီးသွားပြည်သူများအသုံးပြုနိုင်ရန် ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်၊ ယာဉ်စီးပေါင်း […]

အပြည့်အစုံဖတ်ရန်

ညောင်ရွာ မီးဘေးသင့်ပြည်သူအချို့ ဝန်ကြီးချုပ်နှင့်တွေ့ဆုံခွင့်ရရန် ဝန်ကြီးချုပ်ရုံး အပြင်ဘက်တွင် စောင့်ဆိုင်းနေကြ

April 4, 2019

စီဇံမျိုးကျော် ရေးသည် ရန်ကုန် ဧပြီ ၄ လှိုင်သာယာမြို့နယ် ညောင်ရွာ မီးဘေးသင့် ပြည်သူ ၄၀ ခန့်သည် ၎င်းတို့နေထိုင်ရာ နေရာ အခက်အခဲ များကိုတင်ပြခွင့်ရရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးအပြင်တွင် ယနေ့မနက်ပိုင်းက စပြီး စောင့်ဆိုင်းနေကြသည်။ မီးဘေးသင့်ပြီး နောက်ပိုင်း အိမ်များပြန်ဆောက်ခွင့်မရခြင်း၊ မီးဘေးသင့် ကယ်ဆယ်ရေးစခန်းမှာလည်း မတ်လ ၁၅ တည်းက ပိတ်သိမ်းလိုက်ပြီဖြစ်ရာ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ရပ်ဆွေရပ်မျိုးများ၏ နေအိမ်များ တွင်နေထိုင်နေရခြင်း စသော အခက်အခဲများကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအားတွေ့ဆုံ တင်ပြခွင့်ရရန် ယခုလို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ မတ်လ ၁၈ ရက်နေ့ ကတစ်ကြိမ်၊ ၂၂ ရက်နေ့ က တစ်ကြိမ် ဝန်ကြီး ချုပ်ရုံးကို ၎င်းတို့၏ အခက်အခဲများကို […]

အပြည့်အစုံဖတ်ရန်

နိုင်ငံ့ဝန်ထမ်းများအား မမှန်မကန်တိုင်ကြားသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာနှင့် ဝန်ထမ်းနှစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

April 3, 2019

ဗညားကျော် ဧပြီ ၃ နိုင်ငံ့ဝန်ထမ်းများအား အဂတိလိုက်စားမှုကျူးလွန်သည်ဟု မမှန်မကန် တိုင်ကြားသည့် အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးနှင့် ဝန်ထမ်းနှစ်ဦးဖြစ်သူ ဦးမျိုးအောင်နှင့် ဦးဆန်နီတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့်အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်လိုက်သည်။ အဆိုပါ သုံးဦးမှ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ အကြီးစားရွှေလုပ်ကွက် များတွင် တရားမဝင် ရွှေသတ္ထုတူးဖော်သူများနှင့် ရွှေခိုးထုတ်ရာတွင် အဂတိလိုက်စား၍ ပူးပေါင်းပါဝင်သော တာဝန်ကျဝန်ထမ်းများအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပြီး ယင်းတိုင်ကြားစာသည် နိုင်ငံ့ဝန်ထမ်းများအား နစ်နာစေရန်ရည်ရွယ်၍ မမှန်မကန်စွပ်စွဲတိုင်ကြားစာအဖြစ် စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ မမှန်မကန် တိုင်ကြားသူ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ လည်းကောင်း၊ မမှန်မကန် တိုင်ကြားရာတွင် […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် စုစုပေါင်း ၂၇၂ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်

March 29, 2019

မကြာမီတွင်ကျင်းပတော့မည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ စုစုပေါင်း ၂၇၂ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများလည်း ပါဝင်ကာ မဲဆွယ်ရာတွင် အချို့သည် ပါတီအမှတ်တံဆိပ်အသုံးပြုသော်လည်း အချို့သည် အသုံးမပြုဘဲ တသီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူများရှိရာ အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ စည်ပင်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်တင့်အား မော်ကွန်းသတင်းထောက် ကောင်းထက်စံက သွားရောက်တွေ့ဆုံမေးမြန်းထားသည့်ထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဦးခင်မောင့်တင့်သည် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်နေရာ မဲဆန္ဒနယ်အမှတ် (၆)မှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူလည်းဖြစ်သည်။ မော်ကွန်း – ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေပြီးတော့ စည်ပင်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဝင်ပြိုင်ကြတာ ဘယ်နှစ်ယောက်လောက်ရှိလဲ။ မြို့တော်နေရာရော မြို့နယ်နေရာရောမှာ။ ဦးခင်မောင်တင့် – ဆရာတို့ပါတီအနေနဲ့က ဒီစည်ပင်သာယာရွေးကောက်ပွဲမှာ ဝင်ပြိုင်ပါ မပြိုင်ပါနဲ့တော့ အဲ့ဒီလို ချမှတ်ထားတဲ့မူဝါဒမရှိဘူး။ ပြီးခဲ့တဲ့ ၂၀၁၄ တုန်းကတော့ […]

အပြည့်အစုံဖတ်ရန်

ဒေါက်တာအေးမောင်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် မသတ်မှတ်တာဟာ ပုဒ်မထက် လုပ်ရပ်ပေါ်မူတည်ဟု NLD ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်ပြော

March 22, 2019

အောင်ပိုင် မတ် ၂၂ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံရတဲ့ ဒေါက်တာအေးမောင်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် မသက်မှတ်တာဟာ ပုဒ်မထက် လုပ်ရပ်ပေါ်မူတည်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မော်ကွန်းကို ပြောပါတယ်။ “ကျနော်တို့ဆိုလည်း ရာဇဝတ်ပြစ်မှုနဲ့ ထောင်ချခံရတာပဲ။ ဒါပေမယ့် နိုင်ငံရေးဆောင်ရွက်ချက်အရ ဖမ်းဆီးခံရတဲ့အတွက် ကျနော်တို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခံရဖူးပါတယ်။ လုပ်ရပ်ပေါ်ပဲ မူတည်ပါတယ်။ ပုဒ်မကို အစွဲမထားပါနဲ့ လို့ပြောချင်ပါတယ်။” လို့ ၎င်းကဆိုပါတယ်။ ပြည်ထောင်စုပြိုကွဲအောင် ဟောပြောစည်းရုံးလှုံ့ဆော်တာဟာ တခြားသောပြည်နယ်တွေကိုပျံ့နှံ့သွားနိုင်ပြီး ခွဲထွက် ချင်လာနိင်ကြောင်းနဲ့ ထိုခွဲထွက်ချင်စိတ်တွေကြောင့်သာ တိုင်းပြည်ဟာ နှစ်ပေါင်း ၅၀ ကျော် စစ်ဖိနပ်အောက် ရောက်ခဲ့တဲ့အတွက် ပြတ်ပြတ်သားဆန့်ကျင်ဖို့လိုတာကြောင့် ရာဇဝတ်မှုကျူးလွန်သူတွေ အဖြစ်သတ်မှတ်တာပါ လို့လည်း ၎င်းကဆက် ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းရဲ့ အတွင်းရေးမှူး […]

အပြည့်အစုံဖတ်ရန်

တရားလွှတ်တော်ရှေ့နေဒေါ်အေးနုစိန်၏သုံးသပ်ချက်တစ်ချို့

March 20, 2019

အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင် တို့ကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲတစ်ခုက ဟောပြောမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတော် ပုန်ကန်မှုပုဒ်မ-၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ) တွေနဲ့ ဒီကနေ့မှာ စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ကျော် အပြစ်ဒဏ် ကျခံရန် ချမှတ်ခဲ့ပါတယ်။ ဒီအမှုမှာ စာရေးဆရာဝေဟင်အောင်၏ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေဒေါ်အေးနုစိန်၏သုံးသပ်ချက်တစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ “ အယူခံတက်မတက်ကိုတော့ ကျွန်မပြောလို့မရဘူး။ ကျွန်မပြောလို့ရတာက ဒီနိုင်ငံ၊ ဒီတရားစီရင်ရေးဟာ ဥပဒေနဲ့ ညီတယ်၊ တရားဥပဒေစိုးမိုးမှုရှိတယ်လို့ သူ့စိတ်ထဲမှာ ယုံကြည်ခဲ့ရင် ဒီလောက်နှစ်ရှည်ထောင်ဒဏ် ချထားတာနဲ့ ပတ် သက်ပြီး အထက်တရားရုံးအဆင့်ဆင့်ကို သူအယူခံတက်ဖို့ကြိုးစားလိမ့်မယ်။ ဒါမှမဟုတ် ဥပဒေနဲ့ညီစေခဲ့သည်ရှိစေကာမူ မတော်မတရား အမိန့်ချမှတ်ခဲ့တယ်လို့ သူခံစားခဲ့ရင်တော့ ဒီအယူခံကိုတက်မှာမဟုတ်ဘူး။ ဒါက ကျွန်မပြောလို့ ရတဲ့အဆင့်။ “ […]

အပြည့်အစုံဖတ်ရန်
1 … 281 282 283 284 285 286 287 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."