ကျော်ဇေယျ မတ်- ၁၉ ပညာရေးဝန်ကြီးဌာနက ဖော်ဆောင်နေသည့် ဗဟိုချုပ်ကိုင်မှုလျော့ချကာ စာသင်ကျောင်းများသို့ ဘဏ္ဍာငွေခွဲဝေသည့် အစီအစဉ်အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၅၄ သန်း ထောက်ပံ့မည်ဟု ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ယခုရန်ပုံငွေကို သြစတြေးလျနိုင်ငံအစိုးရ၊ ဒိန်းမတ်နိုင်ငံအစိုးရနှင့် ဖင်လန်နိုင်ငံအစိုးရတို့က အဓိက ထည့်ဝင်ကူညီခြင်း ဖြစ်ပြီး ကမ္ဘာ့ဘဏ်က ဦးဆောင်လျက်ရှိသည့် အလှူရှင်ပေါင်းစုံ၏ဘက်စုံရန်ပုံငွေအစီအစဉ် ခေါင်းစဉ်အောက်မှတဆင့် ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ယခုထောက်ပံ့မည့်ရန်ပုံငွေဖြင့် နိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းများတွင် အားလုံးအကျုံးဝင်မှုတိုးတက်စေရေး၊ ဆရာအရည် အသွေးတိုးတက်စေရန်အားဖြည့်ရေးနှင့် ဆင်းရဲနွမ်းပါးကလေးများ၏ အတန်းကူးပြောင်းနှုန်းတိုးတက်စေရေးတို့တွင် အဓိ က ပံပိုးမည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။ ပညာရေးဝန်ကြီးဌာနက ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကတည်းမှ နိုင်ငံတစ်ဝှမ်းတွင် အကောင်အထည် ဖော်နေသော ယခုအစီ အစဉ်ကို ကမ္ဘာ့ဘဏ်က ပံ့ပိုးကူညီနေခြင်းဖြစ်ပြီး တိုင်းရင်းသားဒေသများရှိ စာသင်ကျောင်းများမှ ကလေးသူငယ်များကို […]
ဟေမာန်ပြည့် မတ် ၁၂ ရန်ကုန်မြို့ မိလ္လာပြွန်စနစ်ပြုပြင်မွမ်းမံရန် ဂျပန်ယန်း ၄၅ ဘီလီယံ အသုံးပြုမည်ဖြစ်ပြီး အခြား လျှပ်စစ်ဓါတ်အားပေးရေးနှင့် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းများဆောင်ရွက်ရန်အပါအဝင် ဂျပန်နိုင်ငံမှ ယန်း ၈၂ ဘီလီယံ ချေးယူခွင့်ပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့သည်။ အဆိုပါချေးငွေကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency – JICA) ထံမှ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးငွေသက်တမ်း နှစ် ၄၀ ချေးယူရန် စီစဉ်ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်တွင်ပြောသည်။ ဦးမောင်မောင်ဝင်းက “ရန်ကုန်မြို့တော်ရဲ့မိလ္လာပြွန်စနစ်ဟာ နှစ်ပေါင်း ၁၃၀ ကျော်ရှိပြီဖြစ်ပြီးတော့ ကြံ့ခိုင်မှုအခြေအနေ […]
ကျော်ဇေယျ မတ်-၆ စပါးကို ပြည်တွင်းမှာလွတ်လပ်စွာ သယ်ဆောင်ခွင့်ပေးထားတဲ့ အပေါ် စပါးမှောင်ခို တင်ပို့သူတွေက အခွင့်ကောင်းယူ အသုံး ချကာ ပြည်ပသို့ တရားမဝင် ကုန်ကူးနေကြတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ယနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေး မှာ ပြောပါတယ်။ “ တရားမဝင်စပါးသယ်ဆောင်မှုများအားတားဆီးရာမှာ မြန်မာနိုင်ငံအတွင်းစပါးကို လွတ်လပ်စွာ သယ်ယူခွင့်ပြုထားတဲ့ အတွက် ပြည်ပသို့ တရားမဝင်စပါးတင်ပို့ ရောင်းချသူများဟာ ပြည်တွင်း၌သာ သယ်ဆောင်နေသယောင်အသွင်ယူ၍ တရားမဝင်တင်ပို့မှုများ ကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါတယ် ” လို့ ဦးအောင်ထူးက ရှင်းပြတယ်။ ပြည်ပကို စပါးတင်ပို့ရောင်းချခွင့်ပိတ်ပင်ထားပြီး တရားမဝင်စပါး တင်ပို့မှု ဖမ်းဆီးရမိမှု အခြေအနေက ၂၀၁၇-၁၈ နဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွေမှာ စပါးတန်ချိန် ၂၂၀ ကျော် ဖမ်းဆီးအရေးယူ ထားနိုင်တယ်လို့ […]
အောင်ပိုင် မတ် ၅ ဖေဖော်ဝါရီ ၂၅ ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၃ တွင် “ လှိုင်သာယာ – တွံ့တေး ကားလမ်းဘေး ပန်းလှိုင် တံတားအဆင်းရှိ ဆီသိုလှောင်ခြံမီးလောင်မှုဖြစ်” ဆီသိုလှောင်ခြံ မီးလောင်မှုဖြစ်ကြောင်း သတင်းမှားယွင်းဖော်ပြမှု ကြောင့် သတင်းပေးပို့သူ သတင်းထောက်ထွန်းလှိုင်(မြိုင်)နှင့် တာဝန်ရှိစာတည်းအဖွဲ့ဝင်နှစ်ဦးကို ဝန်ထမ်းစည်းမျဉ်းအရ အသီး သီးပြစ်ဒဏ်ချမှတ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနသတင်းနှင့်စာနယ်ဇင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသက် ဆွေက မော်ကွန်းကို ပြောသည်။ “ ပထမတစ်ခုက ကာယကံရှင်သတင်းထောက် ထွန်းလှိုင်မြိုင်ကိုတော့ တစ်နှစ်ပေါ့ သူရဲ့သတင်းတွေကို မြန်မာ့အလင်းနဲ့ ကြေးမုံမှာ အသုံးမပြုဘဲထားပါမယ်။ ဒုတိယတစ်ခုက မြန်မာ့အလင်းက စာတည်းအဖွဲ့ဝင်နှစ်ဦးပေါ့၊ စာတည်းအဖွဲ့ဝင်နှစ်ဦး ကိုတော့ ဦးဆောင်ညွှန်ကြားရေးမှူးကနေ စာနဲ့သတိပေးတာလုပ်ပါတယ်။ အဲ့လိုပြစ်ဒဏ်ချမှတ်ထားပါတယ်။” ဟု ၎င်းက […]
ကျော်ဇေယျ မတ်-၅ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတတိုက်ရိုက်ခန့်တာကနေ သက်ဆိုင်ရာလွှတ်တော်တွေကခန့်တာမျိုး ပြုပြင်ပြောင်း လဲဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကတင်သွင်းလာတဲ့ ၂၀၀၈ ဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းဟာပုဒ်မတစ်ခုတည်းကိုသာကွက်ပြီး ပြင်ဆင်မှာမျိုးဖြစ်တဲ့အတွက် ပြင်ဆင်ဖို့မသင့်လျော်ဘူးလို့ ဆုံးဖြတ်ကြောင်း ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်အများစုပါဝင်တဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ လေ့လာသုံးသပ်ရေးအစီရင်ခံစာမှာဖော်ပြပါတယ်။ သို့သော် ကော်မတီဝင် ၃၀ ဦးအနက် တိုင်းရင်းသားနဲ့ တပ်မတော်သားကိုယ်စားလှယ် ငါးဦးကလွှတ်တော်မှာ ဆွေးနွေး ဆုံးဖြတ်အတည်ပြုဖို့ တောင်းဆိုခဲ့တာကြောင့် ဒီဥပဒေကြမ်း အတည်ပြု၊မပြုကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဥပဒေကြမ်းတွေ့ရှိချက်အစီရင်ခံစာကိုတင်ပြရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိဒါန်းကအစ၊ ပုဒ်မ ၁ ကနေ ပုဒ်မ ၄၅၇ အထိ၊ ဇယား-၁ကနေ ဇယား-၅အထိရှိတဲ့ ပြဌာန်းချက် […]
ဟေမာန်ပြည့် ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၉ ညအချိန်အရှိန်မြှင့်မောင်းနှင်သည့် ပြိုင်ကားများကို လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။ ပြိုင်ကားများ အရှိန်မြင့်ဆူညံစွာမောင်းနှင်မှုကြောင့် ပြည်သူများ အထိတ်တလန့်စိတ်အနှောင့်အယှက်ဖြစ်နေရပြီး လမ်းအသုံးပြုသူများလည်း အသက်အန္တရာယ်ရှိသည့်အတွက် ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် မရမ်းကုန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကမေးမြန်းသည့်အပေါ်ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စည်းကမ်းမဲ့မောင်းနှင်သည့်ပြိုင်ကားများအား ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးရှာဖွေခြင်းများပြုလုပ်ပြီး ၂၀၁၅ မော်တော်ယာဉ်ဥပဒေအရ အရေးယူဆောင်ရွက်နေသော်လည်း ထိရောက်သည့်ဒဏ်ငွေများချမှတ်ခြင်း၊ လူလိုင်စင်၊ ယာဉ်လိုင်စင်များ ပိတ်သိမ်းသည်အထိအရေးယူဆောင်ရွက်နိုင်ရန် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရန်ကုန်တိုင်းဥပဒေချုပ်ရုံးတို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့သည်။ ညအချိန်ဆူညံစွာအရှိန်မြှင့်မောင်းနှင်သည့်အတွက် ၂၀၁၆ တွင် ရှစ်စီး၊ ၂၀၁၇ တွင် တစ်စီး၊ ၂၀၁၈ […]
ကျော်ဇေယျ ရန်ကုန်၊ ဖဖော်ဝါရီ – ၁၉ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်မှာ ယနေ့မဲခွဲဆုံးဖြတ်ကာ ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်တို့က သဘောမတူတာကြောင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၃၈၉ ၊ ကန့်ကွက်သူ ၁၉၂ နဲ့ ကြားနေ သုံးဦးနဲ့အတည်ပြုနိုင်ခဲ့တာပါ။ ဒီကော်မတီဟာ နောက်ငါးလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာအစီရင်ခံစာတစ်စောင် ပြည်ထောင်စု လွှတ်တော်ကိုတင်သွင်းရမှာဖြစ်ပြီး ဥပဒေပြင်ဆင်ရေးအတွက်ဥပဒေကြမ်းတစ်စောင်ကိုလည်း တင်ပြရမှာ ဖြစ်ပါတယ်။ အစီရင်ခံစာကို ဇူလိုင် ၁၇ မတိုင်မီ တင်သွင်းရမှာဖြစ်ပြီး ၎င်းကော်မတီရဲ့သတ်တမ်းကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပြီးချိန်အထိလို့ ကော်မတီဖွဲ့စည်းရေး အမိန့်ကြေညာစာမှာ ဖော်ပြထားပါတယ်။ ကော်မတီရဲ့ဆွေးနွေးမှုတွေကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီအချိန်အထိ လျှို့ဝှက်အဆင့် သတ်မှတ်ထိန်းသိမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။ ကော်မတီအစည်းအဝေးတွေမှာ အဆုံးအဖြတ်ရယူရမယ့် အကြောင်းအရာတစ်ရပ်ကို အစည်းအဝေးတက်ရောက်တဲ့ ကော်မတီဝင်တွေရဲ့ ဆန္ဒမဲအများနဲ့ဆုံးဖြတ်ရမယ်လို့ သတ်မှတ်ပြီး […]
ကျော်ဇေယျ ဖေဖော်ဝါရီ-၁၈ လှိုင်းဘွဲ့မြို့ဟောင်းနေရာကို ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ပေးဖို့မရှိပေမယ့် ရှေးဟောင်း နယ်မြေနဲ့ ယင်းဒေသက ရှေးဟောင်းပစ္စည်းတွေကိုတော့ ဥပဒေနဲ့ကာကွယ်ပေး သွားမယ်လို့ သာသာနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောပါတယ် ။ လှိုင်းဘွဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးခင်ချိုက လှိုင်းဘွဲမြို့မြောက်ဘက်၊ သုံးမိုင်ခန့်အကွာ၊ ထန်းတပင် တောင်ရှိ ဘုရားစေတီဟောင်းနှင့်ဘုန်းကြီးကျောင်းနေရာ ပတ်ဝန်းကျင်တောအုပ်သည် ရှေးနှစ်ပေါင်းများစွာက တည်ထားခဲ့ သောမြို့ဟောင်းနေရာတစ်ခုဖြစ်ရာ နိုင်ငံ၏ယဉ်ကျေးမှုအမွေ အနှစ်တစ်ခုအဖြစ် ပြန်လည်လေ့လာစိစစ်ဖော်ထုတ်ပြီး ထိန်းသိမ်းစောင့်လျှောက်ပေးနိုင်ခြင်း ရှိ၊မရှိ လွှတ်တော်တွင်မေးမြန်းရာ ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့တာ ဖြစ်ပါ တယ်။ ရှေးဟောင်းအဆောက်အအုံတွေကို ရှေးဟောင်းတန်းဖိုး၊ သမိုင်းတန်ဖိုး၊ ဗိသုကာတန်ဖိုးနဲ့ မြို့ဟောင်းနေရာတွင် ယဉ်ကျေး မှုတန်ဖိုးများကျန်ရှိတဲ့ အခြေအပေါ်မူတည်ပြီးတော့လည်ကောင်း၊ ရန်ပုံငွေရရှိမှုပေါ်မှာလည်ကောင်း ထိန်းသိမ်းဆောင်ရွက် […]
ကျော်ဇေယျ ဖေဖော်ဝါရီ-၁၈ အစိုးရသတ်မှတ်ထားတဲ့အနည်းဆုံးအခကြေးငွေရဲ့ အစွန်းထွက်နှုန်းထားလောက်သာရှိတဲ့ထောက်ပံ့ကြေးနဲ့ ပညာသင်ပေး နေတဲ့ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေကဆရာ၊ဆရာမတွေကို ထောက်ပံ့ကြေးတိုးပေးဖို့ပြင်ဆင်ခဲ့ပေမယ့် ခွင့်ပြု ချက်မရတဲ့အတွက် လက်ရှိနှုန်းထားတွေအတိုင်းသာ ဆက်လက်ထောက်ပံ့ပေးနိုင်ဦးမယ်လို့ သာသာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကြည်မင်းက ယနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ဦးစိန်မြင့်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အထက်တန်းပြ၊ အလယ်တန်းပြနှင့်မူလတန်းပြဆရာ၊ဆရာမတွေရဲ့ လစဉ်ထောက်ပံ့ ကြေးငွေကို တိုးပေးနိုင်မှုရှိ၊မရှိ မေးမြန်းမှုကို ဒုတိယဝန်ကြီးက တိုးမြှင့်ပေးဖို့ အခက်အခဲရှိကြောင်း ရှင်းလင်းခဲ့တာပါ။ လက်ရှိထောက်ပံ့ထောက်ပံ့ကြေးကတော့ မူလတန်း ၃၆,၀၀၀ ကျပ် ၊ မူလတန်းလွန်နှင့်အလယ်တန်း ၄၁,၀၀၀ ကျပ်နဲ့ အထက် တန်းသင်တစ်ဦး ၄၅,၀၀၀ ကျပ် နှုန်းတွေနဲ့ ထောက်ပံ့နေတာပါ။ ဦးကြည်မင်းက “ မူလတန်းသင်ဆရာ၊ဆရာမတစ်ဦးလျှင် ငွေကျပ် ၇၂,၀၀၀၊ […]
“ဥပဒေအခွင့်အရေးတွေ၊ လူမှုရေးအခွင့်အရေးတွေ၊ နိုင်ငံသားအခွင့်အရေးတွေ အကုန်လုံးကုန်ဆုံးသွားပြီး သမ္မတကနေ အသနားခံစာပယ်လိုက်တဲ့အဆင့်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ သေဒဏ်အတည်ပြုမိန့်ပေးပြီးမှသာလျှင် သူကိုကြိုးပေးသတ်တာပါ” ၂၀၁၉ ဖေဖော်ဝါရီ ၁၅ ရက်မှာ တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်းဦးနေဝင်းကို ပစ်သတ်ခဲ့တဲ့ သေနတ် သမားကြည်လင်းနဲ့ စေခိုင်းသူအောင်ဝင်းဇော်ကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အင်းစိန်တရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်လို့ ဒီနေ့ခေတ်မှာ ကြိုးမိန့်ဆိုတာ တကယ်ကြိုးပေးပြီးသတ်တာဟုတ်၊ မဟုတ်။ နောက်ပြီး ကြိုးပေးတဲ့ပြစ်ဒဏ်ကို ဘယ်လိုကျင့်သုံးနေသလဲဆိုတာ ပြည်သူတွေက မေးခွန်းတွေထုတ်လာကြပါတယ်။ ဒါကြောင့် ထောင်မှူးကြီး အငြိမ်းစား လည်းဖြစ်၊ ဥပဒေအကြံပေးလည်းဖြစ်တဲ့ ဦးခင်မောင်မြင့်ကို မော်ကွန်းက မေးမြန်းထားတာကို ကောက်နူတ်ဖော်ပြလိုက် ပါတယ်။ မော်ကွန်း။ ။ တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်းဦးနေဝင်းကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားကြည်လင်းနဲ့ စေခိုင်းသူအောင်ဝင်းဇော်ကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ တရားရုံးကအမိန့်ချလိုက်တယ်။ အဲ့ဒီတော့ ဒီနေ့ခေတ်မှာ မသေမချင်းကြိုးကွင်းစွပ်ပြီးသေဒဏ်ပေးတဲ့အမိန့်ကို အကျဉ်းထောင်က […]
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုတွင် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ ထွက်ပြေးလွတ်မြောက်နေသော အောင်ဝင်းခိုင်နှင့် အောင်ဝင်းထွန်းတို့အပေါ် အမိန့်ချမှတ်မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဦးရဲလွင်၏ ပြောကြားချက်။ ရိုက်ကူး – စီဇံမျိုးကျော်
ကြည်လင်းနှင့် အောင်ဝင်းဇော်အား မသေမချင်းကြိုးကွင်းစွပ်သတ်စေရန်အမိန့်ချ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ကြည်လင်းနှင့် စေခိုင်းသူ အောင်ဝင်းဇော်တို့နှစ်ဦးအား မသေမချင်းကြိုးကွင်းစွပ်သတ်စေရန် ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချလိုက်သည်။ အမိန့်တွင် ကြည်လင်းအား ဦးကိုနီအားသတ်မှုဖြင့် ကြိုးမိန့်နှင့်သေဒဏ်၊ အငှါးယာဉ်မောင်းကိုနေဝင်းကို သတ်မှုဖြင့် ထောင်ဒဏ် နှစ် ၂ဝ၊ လက်နက်မှု ၃ နှစ်၊ အောင်ဝင်းဇော်အား ကြိုးမိန့်နှင့် သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် အမှုတွဲပါဝင်သူများဖြစ်သည့် ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်အား ထောင်ဒဏ် ၂ နှစ်၊ ဇေယျာဖြိုးအား ထောင်ဒဏ် ၅ နှစ်၊ အောင်ဝင်းထွန်းအား ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်သည်။ Photo – kaung htet san ကြည်လင်းနှင့် အောင်ဝင်းဇော်အား မသေမချင်းကြိုးကွင်းစွပ်သတ်စေရန်အမိန့်ချ တရားလွှတ်တော်ရှေ့နေ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."