သတင်းများ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မှာကြားချက်နှင့်အညီ AAကို စစ်ဆင်ရေးပြုလုပ်နေကြောင်း တပ်မတော်ပြော

January 18, 2019

ကျော်ဇေယျ ဇန်နဝါရီ-၁၈ ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သော ရက္ခိုင့်တပ်မတော် ( AA- Arakan Army) ကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အဖြစ်သတ်မှတ်ပြီး ပြတ်ပြတ်သားသားချေမှုန်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားခဲ့သည့်အတိုင်း တပ်မတော်မှ စစ်ဆင်ရေးများကို ဆောင်ရွက်နေသည်ဟု ယနေ့ နေပြည်တော်တွင်ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဇန်နဝါရီ ၄ ရက် နံနက်စောစောပိုင်းတွင် ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို AA အဖွဲ့ ဝင်ရောက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က သမ္မတအိမ်တော်တွင် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကာ ယင်း အစည်းအဝေးတွင် “ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ AA အဖွဲ့ဟာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သာဖြစ်တယ်။ ထိထိရောက်ရောက်၊ လျှင်လျှင်မြန်မြန်၊ ပြတ်ပြတ်သားသားချေမှုန်းရန် မှာကြားခဲ့ပါတယ် ” ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ […]

အပြည့်အစုံဖတ်ရန်

အလုံမြို့နယ်အတွင်း ပြည်သူ့ဘဝလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးစေရန် အလုံမြို့နယ်တွင်းနေထိုင်သူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများပူးပေါင်းကာ ယနေ့မနက်တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

January 18, 2019

ဆန္ဒထုတ်ဖော်သူများမှ မတရားဥပဒေမစိုးမိုးရေး၊ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်နေသော ရဲဝန်ထမ်းမျာအား ပွင့်လင်းမြင်သာစွာ အရေးယူပေးရေး၊ ကျောသားရင်သားခွဲခြားနေသော ဥပဒေမလိုမရှိ၊ ပြည်သူ့ဘဝလုံခြုံရေး အစရှိသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ အလုံဈေးရှေ့လမ်းမှစပြီး အလုံမြို့နယ်ရဲစခန်းအထိ ဆန္ဒထုတ်ဖော်ခဲ့သည်။ ဓာတ်ပုံ- ဗညားကျော် #mawkun #magazine #chronicle

အပြည့်အစုံဖတ်ရန်

လွတ်လပ်သော ကချင်နိုင်ငံတော်တည်ထောင်ရန် ကချင်လူမျိုးများ၏အမျိုးသားညီလာခံမှ ထုတ်ပြန်

January 17, 2019

ကျော်ဇေယျ ဇန်နဝါရီ-၁၇   ကချင်ပြည်ကို လွတ်လပ်သော ကချင်နိုင်ငံတော်အဖြစ် တည်ထောင်ရန် သဘောတူဆုံးဖြတ်ကြောင်း ထိုင်းနိုင်ငံ၊ ချင်း မိုင်မြို့တွင် ကျင်းပသည့် ကချင်လူမျိုးများ၏အမျိုးသားညီလာခံမှ ထုတ်ပြန်လိုက်သည်။   ဇန်နဝါရီ ၁၂ မှ ၁၄ ရက်အထိ ကျင်းပခဲ့သော ယင်းညီလာခံမှ လွတ်လပ်သောကချင်နိုင်ငံတော်ကို ထူထောင်ရာတွင် မိမိလူမျိုးတို့၏ ခိုင်မာသောသမိုင်းဖြစ်စဉ်များ၊ နိုင်ငံတကာဥပဒေ၊လုပ်ထုံးလုပ်နည်းများကိုကျင့်သုံးသည့်လမ်းစဉ်နှင့် ငြိမ်း ချမ်းသော နိုင်ငံရေးဆွေးနွေးသည့်လမ်းစဉ်များဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန် ညီလာခံကသဘောတူဆုံးဖြတ် ကြောင်း ထုတ်ပြန်သည်။   ယင်းအပြင် ကချင်ပြည်သူလူထုများ၏ အနာဂတ်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အသက်အိုးအိမ်စည်းစိမ်နှင့် မြေယာလုံခြုံမှုဆိုင်ရာ ကိစ္စများကို ဆက်လက်လုပ်ဆောင်သွားကြရန်လည်း သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။   လွတ်လပ်သည့်ကချင်နိုင်ငံတော် တည်ထောင်ရေးဆုံးဖြတ်ချက်သည် ညီလာခံကျင်းပသည့် အဖွဲ့အစည်းများ၏ သဘော ထားနှင့်အမြင်သာဖြစ်ပြီး […]

အပြည့်အစုံဖတ်ရန်

မြစ်သဲကျောက်များ စုပ်ယူမှုကြောင့် ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ကမ်းပါးပြိုမှုများဖြစ်ပေါ်သဖြင့် မြေနုကျွန်းပေါ် နေထိုင်သူများ ဧရာဝတီမြစ်အတွင်း လှေများဖြင့်ဆန္ဒပြ

January 16, 2019

ဇန်နဝါရီ ၁၆၊ ပြည် ကောင်းထက်စံ   ဧရာဝတီမြစ်အတွင်း မြစ်သဲ ၊ ကျောက်များ စုပ်ယူနေမှုများအပေါ် ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့နယ်၊ ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်ရှိ ဧရာဝတီမြစ်အပေါ် မှီခိုနေထိုင်ကြသော ပြည်သူများက ယနေ့ဆန္ဒပြခဲ့ကြသည်။   “ ဧရာဝတီမြစ်ထဲမှာ မြစ်သဲ ၊ ကျောက်တွေ စုပ်ယူနေတဲ့အတွက် ရေတိုက်စားပြီး ကမ်းပါးတွေပြိုတယ်၊ ကျွန်းတွေ ရေ အောက်မြုပ်ကုန်တယ်။ ငါးဖမ်းလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေပါ ထိခိုက်ကုန်တယ်” ဟုအဆိုပါ ဆန္ဒပြပွဲကို ဦးဆောင် သည့် ဦးကျော်ဆွေက မော်ကွန်းသို့ပြောသည်။   ထို့အပြင် မြစ်အတွင်းရှိ စစ်ကိုင်းကျွန်း၊ မင်းတဲကျွန်းနှင့် မြသိန်းကျွန်းများသည် ရေအောက်သို့ရောက်ရှိသွားကာ အဆိုပါ ကျွန်းပေါ်တွင် ရွာများလည်းရှိသည်ဟု ၎င်းကပြောသည်။   ယခုကဲ့သို့ အခြေအနေများ ရင်ဆိုင်နေရသည်မှာ ၁၀ […]

အပြည့်အစုံဖတ်ရန်

စပ်ဆေးအန္တရာယ်သတိပြုရန်ကြေညာချက်ထုတ်ပြန်သတိပေး

January 16, 2019

ဇန်နဝါရီ-၁၆ ပြည်သူများအနေဖြင့် ဆရာဝန်ညွှန်ကြားချက်မရှိသော စပ်ဆေးများ ကို သုံးစွဲကြခြင်းကြောင့် အစာအိမ်အနာဖြစ်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အစာအိပ်ပေါက်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါဖြစ်ပွားခြင်း၊ အရိုးပွရောဂါ ဖြစ်ပွားခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်း၊ လေဖြတ်ခြင်း စသည့် အန္တရာယ်များအပြင် ရောဂါပိုမို ဆိုးဝါးလာရာမှာ အသက်သေဆုံး သည့်အထိ ဖြစ်လာနိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် သတိ ပေးသည်။ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ စတီးရွိုက်ဆေးနှင့်ပဋိဇီဝဆေးများကို မလိုအပ်ဘဲ (၂)မျိုး၊ (၃)မျိုးအား စိတ်ထင်ရာအမျိုးမျိုးရောချင်သလိုရောစပ်ပြီး ရောင်းချနေသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စပ်ဆေးများသောက်သုံးခြင်းသည် ရောဂါလက္ခဏာကို ခေတ္တသာလျှင် သက်သာစေနိုင်ပြီး ရောဂါအမြစ်ပြတ်စေရန် ကုသမှု ခံယူခြင်း မဟုတ်သည့်အတွက် ရောဂါအခြေအနေ ပိုမိုဆိုးရွာနိုင်ရာမှ အသက်အန္တရာယ်ရှိသည့်အထိ ဖြစ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် […]

အပြည့်အစုံဖတ်ရန်

ပဲခူးရိုးမသစ်တောများအတွင်း အခြေစိုက်စခန်းများဖွင့်ကာ သစ်ခိုးခုတ်မှုများလုပ်ဆောင်နေကြ 

January 16, 2019

ကျော်ဇေယျ  ဇန်နဝါရီ-၁၆  သစ်ခုတ်ခွင့် ၁၀ နှစ် ပိတ်ထားသည့် နာမည်ကျော် ပဲခူးရိုးမသစ်တောများအတွင်း အခြေစိုက်စခန်းများဖွင့်ကာ အင်အား အလုံးအရင်းဖြင့် သစ်ခိုးထုတ်လုပ်မှုများ လုပ်ဆောင်နေကြောင်း ယခုသီတင်းပတ်အတွင်း သစ်ခိုးအဖွဲ့များကို ဝင်ရောက် နှိမ်နင်းရန် ကြိုးပမ်းခဲ့သူတချို့က ပြောသည်။ photo-Olar ပဲခူးရိုးမ ရေတာရှည်မြို့နယ်တောတွင်းတစ်နေရာမှာ အခြေစိုက် သစ်ခွဲနေသည့် တရားမဝင်သစ်ကွင်းတစ်ခု ဇန်နဝါရီ ၁၄ က သစ်ခိုးထုတ်သူများကို နှိမ်နင်းရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အကူအညီဖြင့် ပဲခူးရိုးမ၊ ရေတာရှည်မြို့နယ်အပိုင်ရှိ သစ်တောများအတွင်း တောတိုးဖမ်းဆီးခဲ့ရာ အသင့်လှီးဖြတ်ထားသည့် ကျွန်းသစ်ပုံများကိုသာ တွေ့ခဲ့ရပြီး သစ်ခိုးထုတ်သူများကိုမမိခဲ့ကြောင်း တောတွင်းနှိမ်နင်းရေး ခရီးစဉ်တွင်ပါဝင်ခဲ့သည့်ဦးတင်မောင်(အမည်လွှဲ)က ရှင်းပြ သည်။ “ အားလုံးပေါင်း ၃၂ တန်လောက်တော့ ရှိမယ်။ ဒါက တစ်နေရာတည်းမှာပဲ။ ဓါတ်ပုံမှတ်တမ်းတင်ပြီးပြီ။ ကျွန်တော်တို့ လည်း လုံခြုံရေးအရ နေ့လည် […]

အပြည့်အစုံဖတ်ရန်

ဘဏ်များအနေဖြင့် အာမခံပစ္စည်းဖြင့် ငွေချေးရာတွင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းထက် မကျော်လွန်ရန် ဗဟိုဘဏ်သတ်မှတ်

January 15, 2019

ကျော်ဇေယျ ဇန်နဝါရီ-၁၅  ဘဏ်များအနေဖြင့် အာမခံပစ္စည်းဖြင့် ငွေချေးရာတွင် ချေးငွေအပေါ်တွင်ကောက်ခံသည့် အတိုးနှုန်းသည် ယင်းချေးငွေနှင့် ဆက်စပ်ပြီး အခြားကောက်ခံသည့်စားရိတ်များအပါအဝင် စုစုပေါင်းအတိုးနှုန်း ၁၃ ရာခိုင်နှုန်းထက် ကျော်လွန်ခြင်းမရှိ စေရန် လိုက်နာရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်စာအမှတ် ၁/၂၀၁၉ ဖြင့် ဒီကနေ့ ထုတ်ပြန် အသိ ပေးလိုက်သည်။ ယခု ထုတ်ပြန်ချက်သည် လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် စတင် အကျိုးသက်ရောက်မှု ရှိစေရမည်ဟု ဗဟိုဘဏ်က ထုတ် ပြန်သည်။ ဘဏ်ချေးငွေဖြင့် အလုပ်လုပ်ကိုင်ဖူးသည့် စီးပွားရေးလုပ်ငန်းရှင်တချို့၏ အဆိုအရ ယခင်က ပြည်တွင်းဘဏ်များတွင် ချေးငွေယူလျှင် တစ်နှစ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းအပြင် အခြားခေါင်းစဉ်များဖြင့် ထပ်ဆောင်းကောက်သည့်ပမာဏများကို ပေါင်းပါက ချေးငွေအတွက် အတိုးနှုန်းပေးချေရမှုသည် ၁၃ ရာခိုင်နှုန်းကို ကျော်လွန်နေသည်ဟု ဆိုသည်။ […]

အပြည့်အစုံဖတ်ရန်

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု လေးနှစ်ဆက်တိုက်ကျဆင်းလာ 

January 14, 2019

ကျော်ဇေယျ  ဇန်နဝါရီ- ၁၄ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ လေးနှစ်ဆက်တိုက်ကျဆင်းလာခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ ဝတ်ဆိုင်ရာရုံး ( UNODC ) ရဲ့ ဇန်နဝါရီ ၁၁ က ထုတ်ပြန်တဲ့ ၂၀၁၈၊ မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစိုက်ပျိုးမှုအစီရင်ခံစာမှာ ဖော် ပြထားပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက မြန်မာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ဆက်တိုက်ကျဆင်းလာခဲ့ပြီး ၂၀၁၈ မှာ ဘိန်းအဓိက စိုက်ပျိုး ရာ ဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာဆိုရင် ၂၀၁၇ တုန်းကထက် ဧက ၁၂,၀၀၀ ကျော်နီးပါး ( ဟတ်တာ ၄,၉၀၀) စိုက်ပျိုးမှုကျဆင်းခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ စုစုပေါင်း ဘိန်းထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးက ရှမ်းပြည်နယ်က ထုတ်လုပ်ခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြတယ်။ ဒီဒေသတွေမှာ […]

အပြည့်အစုံဖတ်ရန်

မြန်မာနိုင်ငံမှ အနုပညာရှင် ၁၀ ဦး ပါဝင်မည့် အရှေ့တောင်အာရှ ခေတ်ပြိုင် အနုပညာရှင်များ၏ပြပွဲ ပြသမည်

January 11, 2019

ဗညားကျော် ဇန်နဝါရီ ၁၁ မြန်မာနိုင်ငံမှ အနုပညာရှင် ၁၀ ဦးနှင့် အရှေ့တောင်အာရှမှ ခေတ်ပြိုင်အနုပညာရှင် ၃၀ ကျော်ပါဝင်သည့် “ အယူအဆ၊ ဆက်စပ်မှုအထိုင်၊ တွန်းထိုးရုန်းကန်ခြင်း ရန်ကုန် (CCC) မြန်မာနှင့် အရှေ့တောင်အာရှမှ ခေတ်ပြိုင်အနုပညာလက်ရာ ” အမည်ရှိ အနုပညာပြပွဲကို ပြသသွားမည်ဟု ယနေ့ထုတ်ပြန်လိုက်သည်။ ယင်းပြပွဲကို Goethe-Institute မြန်မာ နှင့် MyanmarArt မှ Nathalie Johnston တို့ ပူးတွဲဦးဆောင်ပြီး ဇန်နဝါရီ ၁၉ မှ ဖေ ဖော်ဝါရီ ၁၀ ရက်နေ့အထိ ဝန်ကြီးများရုံးတွင် အခမဲ့ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ “ မြန်မာအနုပညာရှင်တွေရဲ့ ဖန်တီးမှုလက်ရာအသစ်တွေနဲ့ ကျွန်တော်တို့ ဒီ CCC (Concept Context Contestation) အနုပညာပြပွဲကြီးကို ချဲ့ထွင်ကျင်းပပြု […]

အပြည့်အစုံဖတ်ရန်

Yangon Petrol စက်သုံးဆီဆိုင်များဖွင့်လှစ်မှုရန်ကုန်တိုင်းဒေသကြီးအစိုးရပါဝင်ပတ်သတ်နေ

January 11, 2019

အောင်ပိုင် ဇန်နဝါရီ ၁၁ အခြားစက်သုံးဆီဆိုင်များထက် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၅၀ ဝန်းကျင်ခန့် ဈေးလျော့ရောင်းနေသည့်အတွက် သုံးစွဲ သူများအကြား ရေပန်းစားလာနေသော ရန်ကုန်မြို့မှ Yangon Petrol (YP) စက်သုံးဆီဆိုင်များသည် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက မော်ကွန်းကိုပြောသည်။ ယနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် Yangon Metropolitan ကုမ္ပဏီနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးကော်မတီတို့ တွေ့ဆုံစဉ်ရာတွင် ကော်မတီမှ YP စက်သုံးဆီဆိုင်များတွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ပါဝင်ဆက်နွယ်မှု ၊ စီမံခန့်ခွဲမှုများအကြောင်းကိုမေးမြန်းရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ မှ တာဝန်ခံ ဖြေရှင်းနိုင်သည့် တာဝန်ရှိသူများ မလာရောက်သည့်အတွက် ကုမ္ပဏီဘက်မှ အခြေအနေ […]

အပြည့်အစုံဖတ်ရန်

ICRC မှ ရခိုင်ပြည်မှ နေရပ်စွန့်ခွာသူဦးရေ လေးထောင်ခန့်အား လူသားချင်းစာနာထောက်မှုအကူအညီများ ပေးအပ်

January 11, 2019

ဗညားကျော် ဇန်နဝါရီ ၁၁ ဓာတ်ပုံ – ICRC ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တပ်မတော်နှင့် ရက္ခိုင်တပ်မတော် (AA) တို့ အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ နေရပ်စွန့်ခွာသူဦးရေ လေးထောင်ခန့်အား လူသားချင်းစာနာထောက်ထားမှုအကူ အညီများ ပေးနိုင်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ယမန်နေ့ ဇန်နဝါရီ ၁၀ က ထုတ်ပြန် ခဲ့သည်။ ICRC အနေဖြင့် ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့မှ နေရပ်စွန့်ခွာသူများအား ရေစစ် ပုံးများ၊ စောင်များ၊ အစားအစာ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အခင်းများနှင့် အိမ်သာဆောက်လုပ်ရေးပစ္စည်းများကို ဖြန့်ဝေ ပေးခဲ့ပြီး လာမည့် သီတင်းပတ်အတွင်းမှာလည်း ဖြန့်ဝေမှုတွေထပ်လုပ်သွားမည်ဟု ICRC က ဆိုသည်။ “ ကျွန်တော်တို့အဖွဲ့တွေဟာ […]

အပြည့်အစုံဖတ်ရန်

ကျပ်သိန်း ၁၃၀ ကျော်တန်ဖိုးရှိ ဖရဲသီးများကို အခမဲ့ဝေကာ ဖရဲစိုက်တောင်သူများဆန္ဒပြ

January 7, 2019

အိရွှေဖြူ ဇန်နဝါရီ ၇ ရက်ပေါင်းများစွာကြာမြင့်လာပြီဖြစ်သည့် မြန်မာ-တရုတ်နယ်စပ်ရှိ သစ်သီးရောင်းဝယ်ရေးဂိတ် ပိတ်သည့်ပြဿနာကြောင့် ဒုက္ခဖြစ်နေရသည့် ဖရဲ၊သခွားမွှေးစိုက်တောင်သူများက ကျပ်သိန်း ရာချီတန်ဘိုးရှိသော ယင်းတို့၏ ဖရဲသီးများကို အများ ပြည်သူသို့အခမဲ့ပေးဝေပြီး ပြဿနာ၏ ကြီးထွားပုံကို အစိုးရသတိထားမိအောင် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရရုံးစိုက်ရာ မုံရွာမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ” အသီးတွေက အခင်းထဲတင်ကိုမှည့်နေပြီ။ လွှတ်ပစ်တဲ့ အခြေအနေမရောက်ခင်၊ စားလို့ရတဲ့ အနေအထားမှာ အလကားဝေလိုက်တာဖြစ်တယ်။ ဒီအဖြစ်အပျက်တွေကို နိုင်ငံတော်အစိုးရသိအောင် ဆန္ဒဖော်ထုတ်တာဖြစ်တယ်” ဟု ဆန္ဒထုတ်ဖော်သူများထဲမှ တစ်ဦးဖြစ်သူ ဘုတလင်မြို့နယ်မှဖရဲစိုက်တောင်သူ ဦးသစ္စာက ပြောသည်။ နယ်စပ်ဂိတ်ပိတ်ခံရသည့်ပြဿနာမပြေလည်သည့်အတွက် ဖရဲ၊သခွားမွှေးစိုက် တောင်သူများအနေဖြင့် အချိန်နှင့်အမျှ ဆုံးရှုံးမှုများဖြစ်ပေါ်နေပြီး ယနေ့ ဆန္ဒထုတ်ဖော်ပွဲတွင် ဖရဲသီး တန်ချိန် ၅၀ ကို ပေးဝေခဲ့ကြောင်း ဦးသစ္စာက ရှင်းပြသည်။ ယင်းသည် […]

အပြည့်အစုံဖတ်ရန်
1 … 284 285 286 287 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."