ထက်မြတ်အောင် ဒီဇင်ဘာ ၂ မြောက်ဦးမြို့မှာ ဒီကနေ့ လက်နက်ကြီးကျည်ကျရောက်မူကြောင့် ဒေသခံအရပ်သား သုံးဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိသွားတယ်လို့ မြောက်ဦးမြို့ ဂရုဏာလှိုင်းသွေးလှူရှင်များအသင်းက မော်ကွန်းကို ပြောပါတယ်။ “မြောက်ဦးမြို့နဲ့ ခုနှစ်မိုင်လောက်ဝေးတဲ့ နလိပ်ဆိုတဲ့ရွာတစ်ရွာမှာတော့လက်နက်ကြီးကျလို့ဒဏ်ရာရတဲ့လူနာသုံးဦးကို နေ့လည်ပိုင်း၁နာရီ လောက်ကသွားသယ်တယ်။ နောက် ညနေ၄နာရီခွဲလောက်က အလယ်ဈေးရပ်ကွက်မှာ လက်နက်ကြီးထပ်ကျလို့ ခုနှစ်ဦးဒဏ်ရာထပ်ရတယ်။ နှစ်ယောက်ကပွဲချင်းပြီးဆုံးသွားတယ် ကျန်တဲ့၅ယောက်ထဲက ၁ယောက်ကဆေးရုံရောက်မှဆုံးသွားတယ်” လို့ သွေးလှူရှင်အသင်းက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ပစ်ခတ်မူနဲ့ပတ်သတ်ပြီးတော့ ဘယ်အဖွဲ့အစည်းက ပစ်တာလည်းဆိုတာကို သီးခြားအတည်မပြုနိုင်သေးပါဘူး။ အလားတူ ဒီဇင်ဘာလ ၁ရက်နေ့ကလည်း လက်နက်ကြီး၊လက်နက်ငယ်ထိမှန်လို့ မြောက်ဦးမြို့နယ်၊ ရှာရှည်ပင်ကျေးရွာမှဒေသခံ ၅ ဦး ဒဏ်ရာရရှိထားပါတယ်။ #mawkun #magazine #chronicle #dailynews #rakhine
ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် အထိမ်းအမှတ် ကျင်းပနေသည့် ရာပြည့်အမှတ်သညာပွဲတော်ပထမနေ့ တက္ကသိုလ်ဝင်းအတွင်းပုံရိပ်များ “ဖောက်ပြန်သူအပေါင်း တီးတဲ့စောင်းမှာ ခွပ်ဒေါင်းဘယ်ခါ မကပါ” စာသားကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရုံးရှေ့တွင် ကျောင်းသားများက ချိတ်ဆွဲထားကြသည်။ ဓာတ်ပုံ – အောင်ပိုင် #mawkun #magazine #chronicle #dailynews #yangon_university
ဗညားကျော် ဒီဇင်ဘာ ၂ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) လျှောက်ထားတင်ပြသည့် လယ်ပိုင်ရှင်(၁၄) ဦးထံမှ ငွေကျပ် သိန်းနှစ်ရာ တောင်းခံခဲ့သည့် မော်လမြိုင်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဝင်းအောင်ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း အဂတိတိုက်ဖျက်ရေး ကော်မရှင်က ယနေ့ထုတ်ပြန်သည်။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စုတွင် တပ်မတော်မှ ပြန်လည်စွန့်လွှတ်ခဲ့သည့် သိမ်းဆည်းခံလယ် ယာမြေ (၄၅၃)ဧကနှင့်ပတ်သက်၍ မူလလယ်ပိုင်ရှင်များက ပြန်လည်ရရှိရေး အဆင့်ဆင့်တိုင်ကြားခဲ့သည့်အပေါ် ယင်းဒုတိယဦးစီးမှူး ဦးဝင်းအောင်က တစ်ဧကလျှင် တစ်သိန်းနှုန်း ပေးပါက ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ပြောဆို၍ လယ်ပိုင်ရှင် (၁၄) ဦး ထံမှ ပထမအကြိမ် ငွေကျပ် (၂၅) သိန်းနှင့် ဒုတိယအကြိမ် ငွေကျပ် (၂၅) သိန်း စုစုပေါင်း ငွေကျပ် သိန်း […]
ကျော်ဇေယျ ဒီဇင်ဘာ-၂ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ အစိုးရနဲ့တပ်မတော်ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာဟာ ဒီကိစ္စအပေါ် အစိုးရက တာဝန်ယူ၊ တာဝန်ခံတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဗိုလ်ချုပ် ကြီး ယွက်စစ်က ပြောပါတယ်။ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ ဒီနေ့ကစပြီး ဒီဇင်ဘာ ၄ရက်နေ့အထိ ကျင်းပမယ့် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၆/၂၀၁၉) အဖွင့်မိန့်ခွန်းမှာ သူကထည့်သွင်းပြောခဲ့တာပါ။ “ တစ်ဖက်က သက်သေအထောက်အထားခိုင်လုံမှု ဘယ်လောက်အထိရှိတယ်ဆိုတာလည်း ထည့်တွက်ဖို့ လိုအပ်ပါတယ်” လို့ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။ ဒါ့အပြင် “ ပြည်တွင်းစစ်ဖြစ်ပွားရာ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒေသခံ တိုင်းရင်းသား ပြည်သူတွေက နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရတာတွေကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းဖြင့် ကုစားပေးရမှာ ဖြစ်ပါတယ်” လို့လည်း […]
ဂေထာ ဒီဇင်ဘာ -၂ အများပြည်သူ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ချောမွေ့အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ရထားပေါ်က အဆင်း ကားကို ချိတ်ဆက် စီးနင်းနိုင်ဖို့ အဆင်မြှင့်တဲ့အနေနဲ့ အသေးစား ရှေ့ပြေးစီမံကိန်းတစ်ခုကို သမိုင်းဘူတာရုံကနေ စတင် အကောင်ထည်ဖော်နေပါတယ်။ စီမံကိန်းတွင် ရထားဘူတာနား လိုင်းကားနံပါတ်များပါဝင်သော လမ်းညွှန်ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဝေခြင်း ၊ ဘူတာနဲ့ ကားဂိတ်ကို သွားရောက်ဖို့ လူကူးမျဉ်းကြား ရေးဆွဲခြင်းတို့ ပါဝင်ပါတယ်။ “ ပထမဦးဆုံး ပရောဂျက်ဖြစ်တယ်။ ဘတ်စ်ကားစနစ်မှာ လိုအပ်တာတွေ လုပ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တို့က ချိတ်ဆက် သယ်ယူပို့ဆောင်မှုကတော့ ပထမဦးဆုံးလုပ်သော ပရောဂျက်အပိုင်း ဖြစ်တယ်” လို့ ရန်ကုန်အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ဒီရှေ့ပြေးစီမံကိန်းကို လမ်းပန်းဆက်သွယ်ရေးပိုမိုလွယ်ကူစေပြီး […]
ကျားဖောင်လုပ်ငန်းရှင်များအသင်း (ဖျာပုံ) ရဲ့ သတင်းစာရှင်းလင်းပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့မှာ ပြုလုပ်နေပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲကို ကျားဖောင်ပိုင်ရှင်တွေလည်း တက်ရောက်ကြပါတယ်။ #mawkun #magazine #chronicle #dailynews
၂၀၂၀ ခုနှစ် ဆယ်တန်းစာမေးပွဲ အချိန်စာရင်းကို မြန်မာနိုင်ငံ စာစစ်ဉီးစီဌာနက ထုတ်ပြန်ထားပါတယ်။
ထက်မြတ်အောင် နိုဝင်ဘာ-၂၈ မန္တလေးတိုင်းဒေသကြီးက ဘိလပ်မြေစိမံကိန်းတစ်ခုကို ကန့်ကွက်တာကြောင့် ဖမ်းဆီးထားတဲ့ ရွာသားတွေကို ပြန်လွှတ်ပေးဖို့ ဒီနေ့ ရန်ကုန်မြို့မှာ လမ်းလျှောက်ဆန္ဒဖော်ထုတ်မှုတစ်ခုပြုလုပ်ရာမှာ ဦးဆောင်သူတစ်ချို့ကို ခွင့်ပြုချက် မတင်တဲ့အတွက် ရဲက ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲလိုက်ပါတယ်။ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းကနေ မြို့တော်ခမ်းမရှေ့အထိ လူအင်အား ၆၀ကျော်နဲ့ ယနေ့ နံနက်၉ နာရီက ချီတက် တောင်းဆိုကြရာမှာ ဦးဆောင်သူလေးဦးဖြစ်တဲ့ ကိုဌေးအောင်၊ ကိုကျော်မျိုး ၊ ကိုနောင်နောင်နဲ့ ကိုစိုးဇော်တို့ လေးဦးကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်တာလို့ ကျောက်တံတားမြို့မ၊ ရဲစခန်းမှူးက ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေရွာက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းနဲ့ ပတ်သက်ပြီး မတရားဖမ်းဆီးခံထားရတဲ့ အောင်သပြေရွာသားတွေပြန်လွှတ်ဖို့၊ […]
သဇင်လတ် နိုဝင်ဘာ-၂၈ အိမ်ထောင်စုများ ဝင်ငွေတိုးရေးနှင့် သဘာဝဘေးအန္တရာယ်ခံနိုင်စွမ်းတိုးတက်လာရန် ဒေသလေးခုတွင် ဖော်ဆောင်မည့် စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၁၉၅ သန်းအား မြန်မာနိုင်ငံကိုပေးအပ်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) အတည်ပြုလိုက်သည်။ ထိုအထဲတွင် အမေရိကန်ဒေါ်လာ ၁၈၅ သန်းသည် ချေးငွေအဖြစ်ပေးအပ်ခြင်းဖြစ်ပြီး ၁၀ သန်းကို သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသော ရပ်ရွာဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ထောက်ပံ့ခြင်းဖြစ်ကြောင်း ADB မှ ယမန်နေ့က ထုတ်ပြန်သည်။ “ မြန်မာနိုင်ငံဟာ ရာသီဥတုနဲ့သဘာဝဘေးဒဏ်ခုခံနိုင်စွမ်းအား အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒီနိုင်ငံရဲ့ ကျေးလက် ဒေသတွေမှာ နေထိုင်နေရတဲ့ ပြည်သူတွေဟာ အကြီးမားဆုံးခြိမ်းခြောက်မှုကိုရင်ဆိုင်နေရတာပါ” ဟု ADB အရှေ့တောင် အာရှဒေသ၏ သဘာဝအရင်းအမြစ်နှင့်စိုက်ပျိုးရေးပညာရှင် မစ္စစတပ်ဖန်နီယာဒိုင်နာက ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည်။ ဧရာတီတိုင်းဒေသကြီး ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ကျေးရွာပေါင်း […]
ဂေထော နိုဝင်ဘာ-၂၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အများစုရဲ့ကန့်ကွက်မဲကြောင့် တပ်မတော်သားလွှတ်တော်ကိုယ်စားတွေ တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေမူကြမ်းတစ်ခုကို ဒီနေမှာ ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်လိုက်ပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်အပါအဝင် ၁၄၄ဦးက တင်သွင်းထားတဲ့ ဒီဥပဒေ ကြမ်းမှာ ပါဝင်တာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို သုံးသပ်ပြင်ဆင်တာမျိုးမဟုတ်ဘဲ ပုဒ်မအနည်းငယ် ကိုသာ သီးခြားပြင်ဆင်ဖို့တင်ပြထားတယ်လို့ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်ကို ရှင်းလင်းပြတယ်။ လက်ရှိမှာလည်း ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတင်သွင်းဖို့ ပူးပေါင်းကော်မတီဖွဲ့ကာ ဥပဒေကြီးတစ်ခုလုံးကို စိစစ်နေတာကြောင့် ဒီလုပ်ငန်းစဉ်တွေထဲမှာ ထည့်သွင်းဆွေးနွေးသွားလည်းရတယ်လို့ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်ကို ရှင်းပြတယ်။ ဒါကြောင့် ဗိုလ်မှူးချုပ်မောင်မောင်တင်သွင်းတဲ့ ဥပဒေမူကြမ်းကို သီးခြားမဆွေးနွေးဘဲ […]
နိုဝင်ဘာ ၂၇ နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာက်စ္စများကို ဖြေရှင်းဆောင်ရွက်ရန်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် စေရန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ဥပဒေအကြောင်းအရအကြံပြနိုင်ရန် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit on International Criminal Justice) ကို မနေ့က ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ယင်းအထူးအဖွဲ့ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့မှ ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားကြောင်း သတင်းထုတ်ပြန်ထားသည်။ #mawkun #magazine #chronicle #dailynews #Special_Unict_On_International_Criminal_Justice
ဗညားကျော် နိုဝင်ဘာ ၂၆ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)က ပြဌာန်းထားသည့် အငယ်ဆုံးအသက်ပြဌာန်းချက်အမှတ် – ၁၃၈ ကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ တင်သွင်းသည်။ ယင်းပြဌာန်းချက်တွင် အပိုဒ် ၁၈ ခု ပါဝင်ပြီး ကလေးအလုပ်သမားများပပျောက်ရေး ထိရောက်စွာဆောင်ရွက်နိုင်ရန်၊ စီးပွားရေးတိုးတက်စေရန်နှင့် လူငယ်များ၏ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာပြည့်ဝစွာတိုးတက်မှုနှင့်အညီ အလုပ်အကိုင်အခွင့် အလမ်းရရှိရန် ရည်ရွယ်ပြဌာန်းထားသည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ အငယ်ဆုံးအသက်ပြဌာန်းချက်အမှတ်-၁၃၈ သည် မြန်မာနိုင်ငံမှအပ ကျန်အာဆီယံနိုင်ငံများတွင် လက်ခံကျင့်သုံးလျက်ရှိရာ နိုင်ငံအနေဖြင့် ILO ၏ နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်နှစ်တွင် ယင်းပြဌာန်းချက်အား လက်ခံကျင့်သုံးပါက ILO နှင့် မြန်မာနိုင်ငံတို့၏ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ပိုမိုအကျိုးရှိသည့် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."