သတင်းများ

“ကရင်နီပြည်နဲ့အတူ တော်လှန်ကြ၊ ဖက်ဆစ်ခွေးကို မောင်းထုတ်ကြ” ကလေးမြို့ ပင်မသပိတ် ယနေ့မြင်ကွင်း

January 12, 2022

ကလေး – ၂၀၂၂ ဇန်နဝါရီ ၁၂ (မော်ကွန်း) စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ဒီကနေ့ဆောင်ပုဒ်ကတော့ “ကရင်နီပြည်နဲ့အတူ တော်လှန်ကြ၊ ဖက်ဆစ်ခွေးကို မောင်းထုတ်ကြ”ဖြစ်ပါတယ်။ ပျက်ရက်မရှိတဲ့ ကလေးမြို့ပင်မသပိတ်ဟာ လမ်းပေါ်တက်ဆန္ဒပြလာတာ ဒီကနေ့ဆို ၃၃၉ ရက်ရှိပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ရေဦးမြို့နယ်၊ ချမ်းသာရွာကို အာဏာသိမ်းစစ်တပ် ဝင်ရောက်ဖျက်ဆီးကာ လူသတ်

January 11, 2022

ရေဦး – ၂၀၂၂ ဇန်နဝါရီ ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ရွာသားနှစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံက ပြောပါတယ်။ မနေ့က ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ကျေးရွာအတွင်းက လူနေအိမ်တွေထဲ ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးအပါအဝင် ရွာသားနှစ်ဦးကို သတ်ဖြတ်သွားခဲ့ပြီး အမျိုးသားသုံးဦးလည်း ရိုက်နှက်ခံခဲ့ရလို့ ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ “နှစ်ဦးက ညှင်းပန်းနှိပ်စက်ပြီးအသတ်ခံရတယ်။ သုံးဦးကိုလည်း ဖမ်းဆီးနှိပ်စက်သွားတယ်။ ရွာထဲကနေအိမ်တော်တော်များများကိုလည်းဖျက်ဆီးသွားပြီး ပစ္စည်းတချို့လည်းယူသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ ဒီကနေ့မနက်ပိုင်းက နှစ်ကြိမ် တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေ ရှိနေပါတယ်။ ရေဦးနယ်အနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ကျေးရွာအချို့ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

၃၃၈ ရက်မြောက် ကလေးမြို့ ပင်မသပိတ် ယနေ့မြင်ကွင်း

January 11, 2022

ကလေး – ၂၀၂၂ ဇန်နဝါရီ ၁၁ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းပေါ် ချီတက် ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ၃၃၈ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပုဒ်မသုံးခုအတွက်ထောင်ဒဏ်လေးနှစ်ထပ်မံအမိန့်ချခံရ

January 10, 2022

နေပြည်တော်-၂၀၂၂ ဇန်နဝါရီ ၁၀ (မော်ကွန်း) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကစွပ်စွဲထားတဲ့ ပုဒ်မတွေထဲက ပုဒ်မသုံးခုအတွက် နေပြည်တော်အထူးတရားရုံးက ဒီကနေ့ ထောင်ဒဏ်လေးနှစ် ထပ်မံအမိန့်ချခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။ “ဒီနေ့ချလိုက်တာအမှုသုံးခုမှာ လေးနှစ်ပေါ့၊ ဆက်သွယ်ရေးနဲ့ ပို့ကုန်သွင်းကုန်က တစ်ပေါင်းတည်းလုပ်လိုက်တော့ နှစ်နှစ်ဖြစ်သွားတယ်” လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ(၈) အတွက်ထောင်ဒဏ် နှစ်နှစ်၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၇)အတွက် ထောင်ဒဏ် တစ်နှစ်အမိန့်ချခဲ့ပြီး အဲ့ဒီအမှုနှစ်ခုအတွက် တပေါင်းတည်းပြစ်ဒဏ်ကျခံစေခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ အတွက်ထောင်ဒဏ်နှစ်နှစ် စုစုပေါင်းထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၆ ရက်က ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ပြီးဖြစ်တာကြောင့် လက်ရှိမှာ ထောင်ဒဏ်ခြောက်နှစ်အထိရှိလာပြီး အခြားပုဒ်မတွေအတွက်လည်း အမှုရင်ဆိုင်ရဖို့ရှိနေပါသေးတယ်။ Photo: Mawkun #Dailynews

အပြည့်အစုံဖတ်ရန်

ရေစကြိုနဲ့မြိုင်ဝန်းကျင်နေရာတွေမှာ စစ်ကောင်စီအင်အားဖြည့်တင်းနေကြောင်း ဒေသတော်လှန်ရေးအဖွဲ့များ သတိပေး

January 10, 2022

မကွေးတိုင်း – ၂၀၂၂ ဇန်နဝါရီ ၁၀ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုနဲ့ မြိုင်နယ်တွေမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးတွေ ပြန်လည်လှုပ်ရှားလာကြပြီး တိုက်ပွဲတွေဖြစ်ပွားလာနိုင်လို့ ပြည်သူတွေ ပြင်ဆင်ထားကြဖို့ တက်ကြွလှုပ်ရှားသူ​တွေက ​သတိပေးနေပါတယ်။ စစ်ကောင်စီတပ်တွေဟာ ရေစကြိုမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ရေလယ်ကျွန်းဒေသကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ နီးစပ်ရာ စခန်းတွေကို ရောက်ရှိနေကြကြောင်း ဒေသခံကဆိုပါတယ်။ ချင်းတွင်းမြစ်အနောက်ခြမ်း ရေစကြိုဘက်မှ ချစ်သူရွာ၊ ညောင်ပင်ရွာ၊မိုးကွဲ/မိုးဖြူရွာနဲ့ မြေတော်ရွာ ရဲကင်းစခန်းတွေဆီ စစ်ကောင်စီတပ်တွေ ရောက်ရှိနေပြီး ရေလယ်ကျွန်းဒေသတွေကိုစစ်ကြောင်းထိုးဖို့ဖြစ်ကြောင်း ဒေသခံက ​ပြောပါတယ်။ အလားတူ မနေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို အာဏာသိမ်းစစ်ကောင်စီက စစ်အင်အား များစွာဖြည့်တင်းလာမှုများကြောင့် မကြာမီရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ကြောင်း မြိုင်မြို့-နွေဦးတော်လှန်ရေးအဖွဲ့ကနေ သတိပေးပါတယ်။ ဒါကြောင့် မြိုင်မြို့နယ်အတွင်းရှိ ပြည်သူများအနေနဲ့ တတ်နိုင်သရွေ့ ခရီးသွားလာခြင်းမပြုရန် အထူး […]

အပြည့်အစုံဖတ်ရန်

“ဒူးမထောက် အရှုံးမပေး ငါတို့ KALAY” ကလေးမြို့ ပင်မသပိတ် ယနေ့မြင်ကွင်း

January 10, 2022

ကလေး – ၂၀၂၂ ဇန်နဝါရီ ၁၀ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ပျက်ရက်မရှိတဲ့ ၃၃၇ ရက်မြောက် ဆန္ဒထုတ်ဖော်မှု ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပစ်ခတ်၊ ပေါက်ကွဲမှုတွေကြားက အောင်မြင်စွာ လမ်းပေါ်ချီတက်ဆန္ဒပြကြတဲ့ ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

January 9, 2022

ကလေး – ၂၀၂၂ ဇန်နဝါရီ ၉ (မော်ကွန်း) စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်ဟာ ဒီကနေ့မှာ မြို့တွင်း ပစ်ခတ်၊ ပေါက်ကွဲမှုတွေကြားကနေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ကလေးမြို့ ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ၃၃၆ ရက်ရှိလာခဲ့ပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဝက်လက်နယ် တိုက်ပွဲများတွင် အထိနာထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူကို လူသားဒိုင်းအဖြစ်ဖမ်းဆီးကာ တောနင်းရှာဖွေနေ

January 9, 2022

ဝက်လက် – ၂၀၂၂ ဇန်နဝါရီ ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကျေးရွာပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်တွေကလူသားဒိုင်းအဖြစ်ဖမ်းဆီးကာ တောနင်းရှာဖွေမှုများပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ကစပြီး ဝက်လက် PDF တပ်ရင်း ၂ ပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်တွေကြား ဘုရားလေးကုန်းရွာဝန်းကျင်မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။ ဘုရားလေးကုန်းတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မှာတော့ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ရွာနဲ့ ရေဖြူရွာဝန်းကျင်ရှိ တောတွေမှာ PDF များရှိတယ်အထင်နဲ့ အနီးနားရွာများက ပြည်သူ ၉၀ ဝန်းကျင်လောက်ကို လူသားဒိုင်းအဖြစ်ဖမ်းကာ ရှာဖွေနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဝက်လက်မြို့နယ်၊ ရှားကွဲကျေးရွာကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ […]

အပြည့်အစုံဖတ်ရန်

ဒီပဲယင်းမှာ ပြည်သူတွေကို စစ်ကောင်စီက ပစ်သတ်ပြီး စိုက်ခင်းတွေထဲ ပစ်ထားခဲ့

January 9, 2022

ဒီပဲယင်း – ၂၀၂၂ ဇန်နဝါရီ ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီဟာ အမျိုးသားသုံးဦးကို ပစ်သတ်ပြီး ရုပ်အလောင်းတွေကို စိုက်ခင်းထဲပစ်သွားခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ ဇန်နဝါရီ ၇ ရက် ညနေက ​ဒီပဲယင်းမြို့အနောက်ပိုင်း မဲသည်ရွာကားဂိတ်နားက အရက်ဆိုင်မှာ ထိုင်နေကြတဲ့ အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် မနေ့က မနက်ခင်းပိုင်းမှာတော့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ အမျိုးသားသုံးဦးရဲ့ ရုပ်အလောင်းတွေကို ယင်းတွေရွာမြောက်ဘက်ဧက(၁၀၀)စိုက်ကွင်းအနီးဝန်းကျင်မှာ ပြန်လည်တွေ့ရှိခဲ့ရကြောင်း ဒေသခံက ပြောပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ မဲသည်ရွာက ကိုဖြိုး ၊ ယင်းတွေရွာက ကိုရွှေပြည့်အောင်၊ ပုဂံရွာက ကိုမျိုးဝင်းတို့ ဖြစ်ကြောင်း နယ်ခံတို့ကပြောပါတယ်။ ယနေ့ မနက်ပိုင်းမှာလည်း အဆိုပါ မဲသည်ကားဂိတ်အနီးကို အာဏာသိမ်းစစ်တပ်နဲ့ရဲတွေ ရောက်ရှိနေပြီး အင်အားသုံးဆယ်ခန့်ရှိကြောင်း ဒေသခံတစ်ဦးက […]

အပြည့်အစုံဖတ်ရန်

မန္တလေးတိုင်းလွှတ်တော်မှာ ပေါက်ကွဲမှုတွေဖြစ်

January 8, 2022

မန္တလေး – ၂၀၂၂ ဇန်နဝါရီ ၈ (မော်ကွန်း) မန္တလေးတိုင်းလွှတ်တော်ရုံးမှာ ဒီကနေ့တစ်ရက်ထဲ နှစ်ကြိမ်တိုင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၈:၀၀ နာရီဝန်းကျင်က ပေါက်ကွဲခဲ့ပြီး ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း၊ အရေးပေါ်ကားတစ်စီးလည်းဝင်သွားကြောင်း ဒေသခံက ပြောပါတယ်။ မနက် ၁၁:၂၀ ဝန်းကျင်မှာလည်း တိုင်းလွှတ်တော်ရုံးအနီးမှာ နောက်ထပ်တစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေရှိကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံက ပြောပါတယ်။ “ဒီနေ့ မြောက်ပြင် လွှတ်တော် ဗုံးကွဲပြီးကတည်းက နေရာတိုင်းနီးပါး တော်တော်စစ်နေပါတယ်။ လမ်းတချို့ ပိတ်ထားပြီး စစ်ဆေးနေပါတယ်”လို့ မြောက်ပြင်ဒေသခံတစ်ဦးက ပြောပါတယ်။ မနက်ပိုင်း ၈:၀၀ ဝန်းကျင်က ၁၉လမ်း၊ ၈၆လမ်းနဲ့ ၈၇လမ်းကြားက အောင်မြေသာစံထွေအုပ်ရုံးဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံက […]

အပြည့်အစုံဖတ်ရန်

အသံမတိတ် အလံမလိပ်တဲ့ ကလေးမြို့ ပင်မသပိတ် ၃၃၅ ရက်မြောက် ယနေ့ မြင်ကွင်း

January 8, 2022

ကလေး – ၂၀၂၂ ဇန်နဝါရီ ၈ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ပျက်ရက်မရှိဘဲ လမ်းပေါ် ချီတက် ဆန္ဒပြတဲ့ ၃၃၅ ရက်မြောက် ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ကလေးမြို့ နတ်မြောင်း၊နတ်ချောင်းက စစ်ဘေးရှောင်များ ရိက္ခာပြတ်လပ်တော့မည်

January 7, 2022

ကလေးမြို့- ၂၀၂၂ ဇန်နဝါရီ ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နတ်မြောင်း၊နတ်ချောင်းကျေးရွာတွေက စစ်ဘေးရှောင်တွေ ရက်ပိုင်းအတွင်း စားနပ်ရိက္ခာပြတ်လပ်တော့မယ်လို့ Nat Myaung Youth Foundation က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ဆောင်းတွင်းဖြစ်တာကြောင့် ဆန်၊ဆီ၊ဆား၊ငွေကြေးအပြင် စောင်တွေလည်းအရေးပေါ်လို့အပ်နေတယ်လို့ သူကပြောပါတယ်။ “လူတစ်ထောင့်ငါးရာဆိုတော့ တစ်ရက်ကို ၁၀ တင်းလောက်တော့ကုန်မယ်ထင်တယ်။ဒီတိုင်းတိုက်ပွဲတွေ ဆက်ဖြစ်မယ်၊ သွားရလာရအဆင်မပြေဘူးဆိုရင်တော့ စားရေးသောက်ရေးက ဒုက္ခရောက်လာနိုင်တယ်ဗျ။ လေးငါးရက်လောက်ဆိုရင်တော့ အဲ့လိုမျိုး၊ စစ်ပွဲကမရပ်ဘူး၊ စစ်သားတွေက ဒီမှာပဲတပ်စွဲဦးမယ်ဆိုရင်တော့ ပြန်လို့ကအဆင်မပြေဘူး”လို့ အဲဒီကအခြေအနေတွေကို ပြောပြပါတယ်။ လက်ရှိစစ်ဘေးရှောင်နေကြတဲ့ ဘုန်းကြီးကျောင်းထဲမှာ နတ်မြောင်း၊နတ်ချောင်းက စစ်ရှောင်တွေအပြင် ချောင်းခွ၊ ဟားခါးလေး၊ ရေချိုစတဲ့ရွာတွေကစစ်ရှောင်တွေနဲ့ စုစုပေါင်း လူဦးရေ ၁၅၀၀ လောက်ရှိနေပြီး ထပ်တိုးလာနိုင်ခြေ ရှိနေတယ်လို့ဆိုပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 204 205 206 207 208 209 210 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."