သတင်းများ

၃၂၆ ရက်မြောက် ကလေးမြို့ ပင်မသပိတ် ယနေ့မြင်ကွင်း

December 30, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၃၀ (မော်ကွန်း) စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆိုရင် ရက်ပေါင်း ၃၂၆ ရက်ရှိလာခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီအဖွဲ့တွေ ဖိနှိပ်စောင့်ကြည့်မှုတွေ ကလေးမြို့မှာ ရှိနေပေမယ့် ပင်မသပိတ်ဟာ နည်းမျိုးစုံနဲ့ နေ့စဉ် လမ်းပေါ်တက်နေဆဲပါ။ ကလေးမြို့နဲ့ မလှမ်းမကမ်းမှာဆိုရင်လည်း ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ကလေးမြို့ နတ်ချောင်းနဲ့ နတ်မြောင်းရွာတွေဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံရပြီး သေဆုံးခဲ့ရတဲ့ ပြည်သူတွေရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေအပြီးမှာလည်း ရွာထဲက နေအိမ်တွေကို မီးရှို့ခဲ့ကြကာ ပြည်သူတွေကို ရိုက်နှက် ဖမ်းဆီး၊ ပစ်သတ်တာတွေလည်း လုပ်ခဲ့ကြပါသေးတယ်။ အခုဆိုရင် ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေရဲ့ […]

အပြည့်အစုံဖတ်ရန်

ရွှေညဝါဆရာတော် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ‌သော်လည်း ထောင်တွင်းဆေးရုံမှာ ဆေးကုသမှုဆက်လက်ခံယူနေရ

December 29, 2021

ရန်ကုန် – ၂၀၂၁ ဒီဇင်ဘာ ၂၉ (မော်ကွန်း) ယမန်နေ့က ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရတဲ့ ရွှေညဝါဆရာတော်ဟာ ယခင်ကထက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ‌သော်လည်း အင်းစိန်ထောင်တွင်းဆေးရုံမှာပဲ ဆေးကုသမှုဆက်လက် ခံယူနေရတယ်လို့ ရွှေညဝါဆရာတော်ရဲ့ တပည့်ရင်းတစ်ဦးဖြစ်တဲ့ ဦးဇင်းတစ်ပါးက မော်ကွန်းကို မိန့်ပါတယ်။ ဆရာတော်ဟာ ဇူလိုင် ၂၂ ရက်က အောက်စီဂျင်ကျလို့ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် ICU မှာ ဆေးကုသမှု ခံယူခဲ့ရပြီး ကိုဗစ်စစ်ဆေးရာမှာတော့ မတွေ့ရှိခဲ့ပါဘူး။ ရွှေညဝါဆရာတော် ဦးပညာသီဟ ကို အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)နဲ့ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ပြီး တစ်နှစ်ကို လျှော့ရက် သုံးလရတယ်လို့ ထိုဦးဇင်းက ဆိုပါတယ်။ “ကျန်းမာရေးအခြေအနေက နဂိုထက်စာရင် ကောင်းတယ်၊ သိပ်ပြီး ဆိုးဆိုးဝါးဝါး မရှိတော့ဘူး။ ဒါပေမဲ့ လမ်းလျှောက်လို့မကောင်းဘူးပေါ့နော်။ လမ်းလျှောက်ရင် […]

အပြည့်အစုံဖတ်ရန်

“ထောင်ထဲကရဲဘော်တွေထိလည်း ငါတို့နာတယ်၊ တောင်တန်းတွေထိလည်း ငါတို့နာတယ်” ၃၂၅ ရက်မြောက် ကလေးမြို့ ပင်မသပိတ်

December 29, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၉ (မော်ကွန်း) စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ဟာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဖိနှိပ် စောင့်ကြပ်နေပေမယ့် လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ပျက်ရက်မရှိတဲ့ ကလေးမြို့ ပင်မသပိတ်ဟာ ဒီကနေ့ဆို ၃၂၅ ရက်မြောက်ရှိလာခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကလေးမြို့ နတ်ချောင်းနဲ့ နတ်မြောင်းရွာတွေကို လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ပြီးချိန်မှာလည်း ရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဟာ ရွာတွေကို မီးရှို့ကာ ပြည်သူတွေကို ဖမ်းဆီးတာတွေ၊ ပစ်သတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအပါအဝင် အထောက်အပံ့အကူအညီတွေ လိုအပ်နေပါတယ်။ ဓါတ်ပုံ – CJ

အပြည့်အစုံဖတ်ရန်

ဗကသများအဖွဲ့ချုပ်ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်နှစ် တစ်လချ

December 29, 2021

ရန်ကုန်-၂၀၂၁ ဒီဇင်ဘာ ၂၉ (မော်ကွန်း) ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကို ပုဒ်မ ၅၀၅(ခ)နဲ့ ငြိမ်းစုစီပုဒ်မတွေအတွက် ကျောက်တံတားမြို့နယ်တရားရုံးက ဒီကနေ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်နှစ် တစ်လချ မှတ်ခဲ့ပြီး ချုပ်ရက်ခံစားခွင့်မပေးခဲ့ဘူးလို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ “သူကိုအပေါ်ဆောင်မှာ တခြားအမှုတွေနဲ့အတူတူထားတာလေ။ သူကမာတယ်။ ပြီးခဲ့တဲ့ Silent Strike တုန်းက ရိုက်ခံရတယ်၊ တိုက်ပိတ်ခံရတယ်လို့ကြားတယ်။ စစ်ကောင်စီက ကျောင်းသားခေါင်းဆောင်တွေကို မတရားထောင်ချမှာပဲ” လို့ ကိုဝေယံဖြိုးမိုးနဲ့ ထောင်ထဲမှာရင်းနှီးခဲ့သူတစ်ဦးက မှတ်ချက်ပေးပါတယ်။ ကိုဝေယံဖြိုးမိုးဟာ မတ် ၃ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဗကသများအဖွဲ့ချုပ် ပူးပေါင်းသပိတ်စစ်ကြောင်းမှာ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာပါ။ အာဏာသိမ်းစစ်ကောင်စီက ကိုဝေယံဖြိုးမိုးကို ကမာရွတ်နဲ့ မရမ်းကုန်းမြို့နယ်တရားရုံးတွေမှာလည်း မတရားပုဒ်မတွေနဲ့ အမှုတွေထပ်ဖွင့်ထားသေးတယ်လို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်ကလည်း […]

အပြည့်အစုံဖတ်ရန်

နတ်ချောင်းနဲ့ နတ်မြောင်းရွာတွေဆီ ဆက်သွယ်တဲ့လမ်းတွေကို ပိတ်ဆို့ထားလို့ စစ်ရှောင်တွေရဲ့ ရိက္ခာအခက်အခဲ ရက်ကြာ တောင့်ခံနိုင်မည်မဟုတ်

December 29, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၉ (မော်ကွန်း) ကလေးမြို့ ၊ နတ်ချောင်းနဲ့နတ်မြောင်းရွာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက် အပြီး ကျေးရွာတွေထဲကနေ ပြန်ထွက်မသွားဘဲ ဆက်လက်တပ်စွဲ၊ ဖမ်းဆီး၊ တိုက်ခိုက်နေတာတွေပြုလုပ်နေကာ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းတွေကိုပါ ပိတ်ဆို့ထားလို့ ဒေသခံတွေ စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံသတင်းရင်းမြစ်က မော်ကွန်းကို ပြောပါတယ်။ “ကလေးမြို့ကပဲဖြစ်ဖြစ် ဘယ်ဘက်က လာလာ လမ်းမပေါ်မှာ တပ်စွဲထားတယ်” လို့ ဒေသခံက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ကရင်ပြည်နယ် ၊ လေးကေ့ကော်မြို့သစ်ကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ချိန်မှာပဲ စစ်ကိုင်းတိုင်းက ကျေးရွာတွေ တချို့လည်း ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် သတ်ဖြတ်ခံရကာ အဲဒီအထဲ ကလေးမြို့က နတ်ချောင်းနဲ့ နတ်မြောင်းရွာတွေလည်း ပါဝင်ခဲ့ပါတယ်။ ရွာတွေကို လေကြောင်းက […]

အပြည့်အစုံဖတ်ရန်

တန့်ဆည်မှာ ပေါက်ကွဲမှုဖြစ် အာဏာသိမ်းစစ်ကောင်စီဘက်က ဒဏ်ရာရသူများရှိ

December 28, 2021

တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့က အဝိုင်းပတ်မှာ ဒီကနေ့မနက်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေ ထိခိုက်ဒဏ်ရာများ ရရှိသွား​ကြောင်း ဒေသခံက ပြောပါတယ်။ ဒီကနေ့ မနက် ၉:၄၅ လောက်က တန့်ဆည်အဝိုင်းပတ်မှာ အလံနက်တစ်ခုထောင်ထားတာကိုတွေ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖြုတ်သိမ်းချိန် ပေါက်ကွဲမှုဖြစ်ပွါးပြီး ၎င်းတပ်ဖွဲ့ဝင် ငါးဦးလောက် ဒဏ်ရာရရှိသွားကြောင်း တန့်ဆည်နယ်ခံကပြောပါတယ်။ အဆိုပါဖောက်ခွဲမှုကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ TPCက‌ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်အသိပေးပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နာရေးကူညီမှုကားများ အဝိုင်းပတ်ဆီ သွားနေတာကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။ မြို့တွင်းရှိ တန့်ဆည်ဘောလုံးကွင်းရှေ့အပါအဝင် နေရာအချိူ့မှာလည်း စစ်ဆေးတာတွေ ရှိခဲ့ပါတယ်။ မနေ့က တန့်ဆည်မြို့နယ်၊ မြောက်အင်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ၆ အိမ်ထက်မနည်း […]

အပြည့်အစုံဖတ်ရန်

စစ်မျိုးယုတ်ကို မြေလှန် အောင်လံလွှင့်မယ့်ပွဲ “ကလေးသမိုင်းမရိုင်းစေရ” ကလေးမြို့ ပင်မသပိတ် ယနေ့မြင်ကွင်း

December 28, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၇ (မော်ကွန်း) ရက်ပေါင်း ၃၂၃ ရက်ထိ ပျက်ရက်မရှိဘဲ လမ်းမပေါ်တက် ချီတက်ဆန္ဒပြကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဒီကနေ့ ပင်မသပိတ်ရဲ့ဆောင်ပုဒ်ကတော့ စစ်မျိုးယုတ်ကို မြေလှန် အောင်လံလွှင့်မယ်ပွဲမှာ ကလေးသမိုင်းမရိုင်းစေရ။ ကြောက်သွေးပါရင်ဖောက်ထုတ်ပစ်မယ့် ၅/ တွေ ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အမျိုးသမီးတွေဦးဆောင်တဲ့ မန္တလေးသပိတ်

December 28, 2021

မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၂၈ (မော်ကွန်း) ဒီကနေ့ကတော့ အမျိုးသမီးတွေ ဦးဆောင်တဲ့ မန္တလေးအမျိုးသမီးထုသပိတ်ဟာ လမ်းမထက်ကို ရောက်ရှိလာပြီး အာဏာသိမ်းစစ်တပ်ကို မကြောက်မရွံ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “ရဲမေတို့ရှေ့ထွက် တော်လှန်နှစ်သစ်ခရီးဆက် မုဒိမ်းတပ်ကိုအမြစ်ဖြတ် ဖမ်းဆီးခံပြည်သူများအတွက်”ဆိုတဲ့ စာသားကိုကိုင်ဆောင်ပြီး မန္တလေးအမျိုးသမီးထုသပိတ်ဟာ စစ်ကောင်စီတပ်တွေ လှည့်လည်စစ်ဆေးနေတဲ့ကြားကနေ ရအောင်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ-SIMULATION #Dailynews

အပြည့်အစုံဖတ်ရန်

အမျိုးသမီးတွေ ဦးဆောင်တဲ့ ကလေးမြို့ပင်မသပိတ်

December 28, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၈ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဖိနှိပ်စောင့်ကြည့်နေပေမယ့် ကလေးမြို့ ပင်မသပိတ်ကတော့ ပျက်ရက်မရှိဘဲ လမ်းပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီနေ့မှာတော့ သပိတ်ကို အမျိုးသမီးတွေက ဦးဆောင်ကာ “ရဲမေတို့ ရှေ့ထွက် တော်လှန်နှစ်သစ် ခရီးဆက်၊ မုဒိမ်းစစ်တပ် အမြစ်ဖြတ် ဖမ်းဆီးခံများအတွက်” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ခဲ့ကြပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ သပိတ်ဟာ ဒီကနေ့ဆို ၃၂၄ ရက် ရှိလာခဲ့ပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

တန့်ဆည် မြောက်အင်းရွာကို အာဏာသိမ်းစစ်ကောင်စီ မီးရှို့

December 27, 2021

တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၂၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မြောက်အင်းရွာကို ဒီကနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီး​ခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ ဒီလို မီးရှိူ့ဖျက်ဆီးခဲ့လို့ နေအိမ် ခြောက်လုံးထက်မနည်း မီးလောင်ကျွမ်း၊ ပျက်စီးနိုင်ကြောင်း ဒေသခံက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြောက်အင်းရွာထဲကို အင်အား(၅၀)ခန့်နဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။ ရွာသူရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပြီး ​ငြှိမ်းသတ်ပေးမယ့်လူမရှိတာကြောင့် မီးလောင်ပျက်စီးအိမ်အရေအတွက် ထပ်တိုးလာနိုင်ကြောင်း ဒေသခံက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ တန့်ဆည်နယ်နဲ့ ရေဦးနယ်အစပ်က ကျေးရွာတွေကိုလည်း ဒီဇင်ဘာလ ၂၀နဲ့ ၂၁ ရက်ဝန်းကျင်က ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့ပြီး ရေဦးမြို့နယ် ရေမြက်ရွာမှာ အိမ်ပေါင်းခြောက်ဆယ်ကျော် ပျက်စီးဆုံးရှုံးခဲ့ကာ ပြည်သူ ခုနှစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ပုံစာ – […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ် အကြမ်းဖက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖရူဆိုမှ ကလေးသူငယ်၊ အမျိုးသမီးများနှင့် အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းခြင်းသပိတ်

December 27, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၆ (မော်ကွန်း) ကရင်နီပြည်နယ်၊ ဖရူဆိုမှာ အာဏာသိမ်းစစ်တပ်က ကျူးလွန်ခဲ့သည့် မီးရှို့ သတ်ဖြတ်မှုတွင် ပါဝင်သော ကလေးငယ်များ၊ အမျိုးသမီးနှင့် အပြစ်မဲ့ပြည်သူများအတွက် ယနေ့ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းက ဝမ်းနည်းခြင်း သပိတ်ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်သည် ပျက်ရက်မရှိဘဲ ယနေ့တိုင် လမ်းပေါ်တက် ဆန္ဒထုတ်ဖော်နေရာ ရက်ပေါင်း ၃၂၂ ရက်ရှိလာပြီဖြစ်သည်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ဘယ်လောက်ဖြိုဖြို မပြိုလဲ၊ စည်းလုံးအားတွေနဲ့ အာဏာတံတိုင်းကို အဆုံးတိုင် ဖြိုချမယ်”လို့ဆိုတဲ့ မန္တလေး စုပေါင်းသပိတ်

December 26, 2021

မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၂၆ (မော်ကွန်း) မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အစစ်အဆေး အဖမ်းဆီးများစွာရှိနေတဲ့ကြားကနေ စုပေါင်းသပိတ်စစ်ကြောင်းဟာ ဒီကနေ့ နေ့လယ်ပိုင်းက ၆၂လမ်းမကြီးပေါ်အထိတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ “ငါတို့ မြို့ငါတို့လမ်း ငါတို့ ပိုင်တယ်”၊”စည်းလုံးအားနဲ့ အာဏာတံတိုင်းကို ဖြိုဖျက်ကြမယ်” စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတာပါ။ စုပေါင်းသပိတ်စစ်ကြောင်းမှာ သံဃသမဂ္ဂ စစ်ကြောင်း၊ စက်မှု စစ်ကြောင်း၊သမဝါယမကျောင်းသား/သူများ စစ်ကြောင်း နဲ့ ဘာသာပေါင်းစုံ စစ်ကြောင်း တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဓါတ်ပုံ – Poison #Dailynews

အပြည့်အစုံဖတ်ရန်
1 … 207 208 209 210 211 212 213 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."