သတင်းများ

“စစ်ကောင်စီနဲ့ပူးပေါင်းသူမှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ” ၃၄၆ ရက်မြောက် ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

January 19, 2022

ကလေး – ၂၀၂၂ ဇန်နဝါရီ ၁၉ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ လမ်းပေါ်ချီတက် ဆန္ဒပြတဲ့ ၃၄၆ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ကရင်နီပြည်နှင့်အတူတော်လှန်ကြ၊ ဖက်ဆစ်ခွေးကို မောင်းထုတ်ကြ” ၃၃၄ ရက်မြောက် ကလေးမြို့ပင်မသပိတ်ယနေ့မြင်ကွင်း

January 18, 2022

ကလေး – ၂၀၂၂ ဇန်နဝါရီ ၁၇ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ဟာ ပျက်ရက်မရှိဘဲ လမ်းပေါ်ချီတက် ဆန္ဒပြလာတာ ၃၃၄ ရက်ရှိလာပြီဖြစ်ပါတယ်။ ဒီကနေ့ သပိတ်ဆောင်ပုဒ်ကတော့ “ကရင်နီပြည်နှင့်အတူတော်လှန်ကြ၊ ဖက်ဆစ်ခွေးကို မောင်းထုတ်ကြ”ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

တောင်သူတွေဆီကထွက်တဲ့သီးနှံတွေကို တစ်ဝက်ပေးရမယ်ဆိုကာ အာဏာသိမ်းစစ်တပ် အဓမ္မသိမ်းယူ

January 18, 2022

အရာတော် – ၂၀၂၂ ဇန်နဝါရီ ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဒေသခံတောင်သူတွေရဲ့ ထွက်ရှိတဲ့ သီးနှံတွေကို တစ်ဝက်တိတိသိမ်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင်တွေ အတော်များများရှိပြီး စစ်ကောင်စီတပ်တွေနဲ့ပူးပေါင်းကာ ခုလို ဒေသခံတွေရဲ့ ချွေးနည်းစာကို သိမ်းယူနေတာလို့ ဒေသခံကဆိုပါတယ်။ ဒေသခံတောင်သူတွေရဲ့ ငွေတွင်းကျေးရွာက ထွက်ရှိတဲ့ ကွမ်း၊ မြေပဲ၊ ပဲစင်းငုံတွေကို ထွက်တဲ့ ပိဿာအလိုက် တစ်ဝက်တိတိ သိမ်းယူတယ်လို့ ဆိုပါတယ်။ ဒါဟာ ဓားပြတိုက်တာလို့ ဒေသခံကပြောပါတယ်။ စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်က ငွေတွင်းကျေးရွာအပါအဝင် ကျေးရွာငါးရွာက ပျူစောထီးအဖွဲ့ဝင်တွေဟာ တခြားကျေးရွာ၊ မြို့နယ်တွေကို ကျူးကျော်ဝင်ရောက်လာပါက ပြင်းထန်စွာအရေးယူမယ်လို့ ဒေသခံမဟာမိတ်တပ်ပေါင်းစုက သတိပေးခဲ့ဖူးပါတယ်။ သတိပေးခံထားရတဲ့ ပျူစောထီးတွေဟာ ကွမ်းခြင်းတင်ကားတွေ၊ ကုန်စိမ်းကားတွေနဲ့ […]

အပြည့်အစုံဖတ်ရန်

ညောင်ဦးက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးပစ်ခတ်ခံရ

January 18, 2022

ညောင်ဦး – ၂၀၂၂ ဇန်နဝါရီ ၁၈ (မော်ကွန်း) မန္တလေးတိုင်း၊ ပုဂံညောင်ဦးမြို့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို မြင်းခြံက တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က လာရောက် ပစ်ခတ်သွားကြောင်း ဒေသခံက ​ပြောပါတယ်။ မနေ့ နေ့လယ် ၂း၁၅ နာရီခန့်က ညောင်ဦးမြို့၊ အမှတ်(၁)နယ်မြေက ခိုင်ဝါလက်ဖက်ရည်ဆိုင်ပိုင်ရှင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဌေးလွင်ဆိုသူကိုဆိုင်ထဲထိ ဝင်ရောက်ပစ်ခတ်သွားတာလို့ ဒေသခံက ပြောပါတယ်။ ပစ်ခတ်ခံရသူဟာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးလည်းဖြစ်ပြီး စစ်ကောင်စီသတင်းပေးလို့လူသိများသူဖြစ်ကြောင်း၊ လာရောက်ပစ်ခတ်သွားသူတွေဟာ ဆိုင်အတွင်းမှာ “လုပ်ချင်တာလုပ်၊ ဒလံတော့မလုပ်ကြနဲ့” လို့ကြွေးကြော်သွားပြီး သေနတ်ပစ်ဖောက်သတိပေးသွားတယ်လို့ ဒေသခံတွေက ​ပြောပါတယ်။ အဆိုပါ အုပ်ချုပ်ရေးမှုး ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးပါဘူး။ ဒီပစ်ခတ်မှုကို မြင်းခြံနယ်က Myingyan Twenty -One Guerilla Force(MTGF)နဲ့ OGRE Forceအဖွဲ့တို့ ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့တွေက အသိပေးထားပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

“ဒူးမထောက် အရှုံးမပေး ငါတို့ KALAY” ၃၄၅ ရက်မြောက် ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

January 18, 2022

ကလေး – ၂၀၂၂ ဇန်နဝါရီ ၁၈ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၃၄၅ ရက်မြောက် ချီတက်ဆန္ဒပြကြတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ -CJ #Dailynews

အပြည့်အစုံဖတ်ရန်

မုံရွာမြို့နယ် ၊ တောပုရွာက ပျူစောထီးအဖွဲ့ဝင်အဖြစ် လူသိများသူ ပစ်သတ်ခံရ

January 13, 2022

မုံရွာ – ၂၀၂၂ ဇန်နဝါရီ ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးအဖွဲ့ဝင်လို့ဒေသကလူသိများကြတဲ့ အမျိုးသားတစ်ဦး မနေ့ညနေပိုင်းက ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ပစ်သတ်ခံရသူဟာ တောပုကျေးရွာမြောက်ပိုင်းက ပျူစောထီးအဖွဲ့ဝင်လို့ လူသိများနေတဲ့ အသက် ၆၀ နှစ်ခန့်ရှိ ဦးငြိမ်းဆောင်ဆိုသူ ဍဖြစ်ကြောင်း ဒေသခံက ​ပြောပါတယ်။ အသတ်ခံရသူဟာ လက်သမားဆရာတစ်ဦး ဖြစ်ပြီး ၎င်းနေထိုင်ရာ တောပုရွာကနေ အနောက်ကျွန်းဘက်သို့ သစ်သားဝယ်ဖို့အလာ ညောင်ဖြူပင်ရွာနဲ့ ကျွန်းကြီးကျေးရွာကြားရှိ လက်ပံပင်တန်း အနီးမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း နယ်ခံတွေက ပြောပါတယ်။ အဆိုပါ အမျိုးသား သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေဘက်ကရော ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကလည်း တောပုကျေးရွာက စစ်ကောင်စီတပ်နဲ့ ပျူအဖွဲ့တွေကို […]

အပြည့်အစုံဖတ်ရန်

မြိုင်နယ် လက်ယက်မရွာက စစ်ရှောင်ပြည်သူတွေ ရိက္ခာအပါအဝင် အခြားအကူအညီများ လိုအပ်နေ

January 13, 2022

မြိုင် – ၂၀၂၂ ဇန်နဝါရီ ၁၃ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မစံပြကျေးရွာမှာ စစ်ကောင်စီတပ် တပ်စွဲထားလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့နေထိုင်မှုအခက်အခဲတွေ ရင်ဆိုင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကျေးရွာမှာ စစ်ကောင်စီတပ်တွေ အင်အား ၂၀၀ ခန့်နဲ့ တပ်စွဲထားပြီး ရွာခံပြည်သူများကိုလည်း ပစ်ခတ် ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်တာတွေ၊ နေအိမ်တွေထဲဝင်ရောက်ဖျက်ဆီးတာတွေနဲ့ ရဟန်းသံဃာတော်ကိုပါဖမ်းဆီးထားကြောင်း ဒေသခံက ပြောပါတယ်။ ရွာအတွင်းပိတ်မိနေသူတွေလ​ည်းရှိပြီး ထွက်ပြေးနေရသူများမှာလည်း စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ မနေ့ကတော့ လက်ယက်မရွာနဲ့ သမင်ချောက်ရွာကြားမှာ အင်အားအလုံးအရင်းနဲ့ ထပ်မံစစ်ကြောင်းထိုးခဲ့တာကြောင့် အနီးအနားကရွာတွေလည်း တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို အာဏာသိမ်းစစ်ကောင်စီက ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး အင်အား များစွာဖြည့်တင်းလာခဲ့ပြီးနောက် နယ်မြေခွဲစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံကဆိုပါတယ်။ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီ သတ်ဖြတ်ခဲ့တဲ့ မတူပီမှ ပြည်သူ ၁၁ ဦးနဲ့နိုင်ငံတဝန်းက ကျဆုံးသူတွေကို ကလေးမြို့ပင်မသပိတ် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

January 13, 2022

ကလေး – ၂၀၂၂ ဇန်နဝါရီ ၁၃ (မော်ကွန်း) အာဏာသိမ်းစစ်တပ် အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ ချင်းပြည်နယ်၊ မတူပီမြို့က ပြည်သူ ၁၁ ဦးနဲ့ နိုင်ငံတဝန်းက ကျဆုံးသူတွေကို ကလေးမြို့ပင်မသပိတ်က ဒီကနေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြပါတယ်။ ပျက်ရက်မရှိတဲ့ ကလေးမြို့ပင်မသပိတ်ဟာ လမ်းပေါ်ချီတက်ဆန္ဒပြလာတာ ဒီကနေ့ဆို ရက်ပေါင်း ၃၄၀ ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

မန္တလေး အမရဌာနီအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်ပစ်ခံရ

January 12, 2022

မန္တလေး-၂၀၂၂ ဇန်နဝါရီ ၁၂ (မော်ကွန်း) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အမရဌာနီအနောက်ရပ်ကွက်အုပ်ချုပ်ရုံးမှူးရုံးကို ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ဆိုင်ကယ်စီးလာတဲ့လူနှစ်ဦးက ဗုံးနဲ့ပစ်ပေါက်ခဲ့တာကြောင့် ရုံးစောင့်နေတဲ့ စစ်ကောင်စီတပ်တွေထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။ “အရာခံဗိုလ်နဲ့ တပ်သားတစ်ယောက် မျက်နှာတွေပါထိသွားတယ်၊ သေမယ်ထင်တယ်။ နောက်နှစ်ယောက်ကတော့ရှပ်ထိသွားတာ” လို့ သူကပြောပါတယ်။ လက်ရှိအချိန်မှာတော့ ၎င်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေ အစစ်ဆေးတင်းကြပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဲဒီရပ်ကွက်ရုံးကိုဗုံးနဲ့တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ မတ် ၂၇ ရက်ကလည်း ၉ လမ်းနဲ့ ၁၀ လမ်းကြား လမ်း ၈၀ မှာရှိတဲ့ အမရဌာနီအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လူတစ်ဦးသေနတ်ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ယခုနှစ်တွင် တစ်နိုင်ငံလုံး၏ ပုဂ္ဂဘိကဘဏ်ခွဲပေါင်း ၆၀ ရာခိုင်နှုန်းကျော် ပြန်လည်ဖွင့်လာနိုင်ဟု ဗဟိုဘဏ်ဒုဥက္ကဌပြော

January 12, 2022

ရန်ကုန် – ၂၀၂၂ ဇန်နဝါရီ ၁၂ (မော်ကွန်း) ယခုနှစ်မှာ တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိကဘဏ်ခွဲပေါင်း ၆၀ ရာခိုင်နှုန်းကျော် ပြန်လည်ဖွင့်လာနိုင်ပြီလို့ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က မော်ကွန်းမဂ္ဂဇင်းကို ပြောပါတယ်။ ဖေဖော်ဝါရီ ၁ ရက်ကစစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်အများစု ပိတ်ထားလိုက်ရပြီးCDMလုပ်ဆောင်သူတွေလည်း ရှိတာကြောင့် ဘဏ်စုစုပေါင်းရဲ့ ၅၀ရာခိုင်နှုန်းအောက်သာ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က “ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကလည်း မရဘူး ဘဏ်တွေဖွင့်ရမယ်၊ ပြည်သူလူထု အခက်အခဲမရှိအောင်ဆိုပြီးတော့ တွန်းအားပေးတယ်။ ဗဟိုဘဏ်ကလည်းတွန်းအားပေးတယ်။ မဖွင့်ရင်ဒဏ်ရိုက်မယ်၊ အရေးယူမယ်၊ ဒါတွေ လုပ်ခဲ့ကြတာ” လို့ရှင်းပြပါတယ်။ လက်ရှိ ဖွင့်လှစ်နေတဲ့ဘဏ်ခွဲတွေဟာ ဝန်ထမ်း အင်အားပြန်လည်ပေါင်းစည်းပြီး ဘဏ်ခွဲနှစ်ခု ဒါမှမဟုတ် သုံးခုပေါင်းကာ ဘဏ်ခွဲတစ်ခုတည်း ဖွင့်လှစ်နေရတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘဏ်ခွဲများမှ […]

အပြည့်အစုံဖတ်ရန်

အရာတော်နဲ့ဘုတလင်က စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

January 12, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ ဇန်နဝါရီ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ ဘုတလင်နယ်တွေမှာ စစ်တပ်နဲ့ ရဲစခန်းကို လက်နက်ကြီးများနဲ့ပါပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့နံနက် ၆:၀၀ နာရီခန့်က အမှတ် ၁၀-လေ့ကျင့်ရေးတပ်အတွင်းသို့ အဝေးပစ်လက်နက်ကြီး လေးလုံးပစ်သွင်းခဲ့ကြောင်းဒေသခံက ပြောပါတယ်။ ဒီလို ပစ်ခတ်ခြင်းမခံရမီ တပ်ထဲမှာ အသံချဲ့စက်နဲ့ ပဋ္ဌာန်းတရားများဖွင့်ထားပြီးတရားပြီးသွားချိန် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းနဲ့ တပ်ထဲမှာအရာရှိဟောင်းများ၊ ပျူစောထီးများ ရဲနဲ့စစ်သားဇနီးတွေကို သင်တန်းပေးနေကြောင်း ဒေသခံများက ပြောပါတယ်။ တပ်ထဲမှ အော်ဟစ်သံများဆူညံသွားပြီး ထိခိုက်မှုအခြေအနေမသိရသေးဘဲ တပ်တွင်းမှ အသံပေးပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြောက်ကျားရဲဘော်များမှာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။ အဆိုပါပစ်ခတ်မှုကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF(A.B.N.PDF)တို့ ဦးဆောင်ကာ Knights Of […]

အပြည့်အစုံဖတ်ရန်

ကသာမြို့၊ မိုးတားကြီးရွာကို အာဏာသိမ်းစစ်တပ် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်

January 12, 2022

ကသာ – ၂၀၂၂ ဇန်နဝါရီ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားကြီးရွာကို စစ်ကောင်စီတပ်များ ဗုံးကြဲခဲ့လို့ နေအိမ်တွေနဲ့ စပါးဂိုဒေါင်တွေ မီးလောင်ပျက်စီးပြီး ကလေးငယ်တွေအပါအဝင် ပြည်သူတွေထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နေ့လယ် ၁၂:၃၈ ခန့်က စစ်ကောင်စီတပ်ဟာ ကသာမြို့နယ် မိုးတားကြီးရွာသို့ ဂျက်လေယာဥ် ၃ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်မိပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်းရှိကြောင်း ဒေသခံက ပြောပါတယ်။ ထိခိုက်မိသူတွေထဲမှာ အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးက ညာဘက်လက်၊ ၇နှစ် အရွယ်ကလေးတစ်ဦးက ဘယ်ဘက်ခြေသလုံးနဲ့ ၁၄နှစ်အရွယ်ကလေးငယ်က ညာဘက်ပေါင်တို့ အသီးသီးထိမှန်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံက ပြောပါတယ်။ အရပ်သားနေအိမ် ၁၀လုံးခန့် […]

အပြည့်အစုံဖတ်ရန်
1 … 203 204 205 206 207 208 209 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."