သတင်းများ

ကြောင်အိမ်ထဲက စစ်ကောင်စီထောင်ခဲ့တဲ့ မိုင်းကွဲလို့ ကလေးသုံးဦးမိခင်သေဆုံး၊ ဖမ်းထားတဲ့ ရွာသားတွေကို ဓားနဲ့ထိုးကာ နှိပ်စက်ပြီး သတ်သွား

February 2, 2022

ကနီ – ၂၀၂၂ ဖေဖော်ဝါရီ ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းစံပြကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ထောင်ထားခဲ့တဲ့ မိုင်းပေါက်ကွဲပြီး ကလေးသုံးယောက်မိခင်တစ်ဦး မနေ့က သေဆုံးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ ကျေးရွာတွေကိုမီးရှိူ့၊ လူလိုက်သတ်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်၊ ကင်းရွာကို ဝင်ရောက်ဖျက်ဆီး၊ သတ်ဖြတ်တာတွေ လုပ်အပြီး သေဆုံးသူရဲ့ နေအိမ် မီးဖိုချောင်က ကြောင်အိမ်ထဲမှာ မိုင်းထောင်ခဲ့တာပါ။ “မိုင်းကိုကြောင်အိမ်ထဲထည့်ထားတာ။ ဘက်ထရီအိုးကို ကြောင်အိမ်နောက်ထဲဆင်ထားတာ ကြောင်အိမ်တံခါးကို ဖွင့်တဲ့အတွက် ဒီလိုဖြစ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဇန်နဝါရီလ ၂၉ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရေယာဥ်တွေဟာ ကနီမြို့နယ်၊ ကင်းကျေးရွာကို ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး ရွာသူရွာသား ၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ အသက် ၅၈ […]

အပြည့်အစုံဖတ်ရန်

“အောင်ပွဲနဲ့အတူပြည်တော်ဝင်ဖို့ အားအင်အပြည့်နဲ့ပြည်သူတစ်ရပ်လုံး ရုန်းကြစို့” ဖားကန့်မြို့ပင်မသပိတ်ယနေ့မြင်ကွင်း

February 2, 2022

ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၂ (မော်ကွန်း) ဒီကနေ့ ပြုလုပ်တဲ့ စစ်အာဏရှင်ဆန့်ကျင်တော်လှန်ရေး ဖားကန့်မြို့ လူမျိုးပေါင်းစုံပြည်သူ့သပိတ်ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ပြီး သတင်းအမှောင်ချဖို့ကြိုးစားတာ ငါးလကျော်လာပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဘိုကလေးမြို့မရဲစခန်း ဗုံးပေါက်ကွဲပြီး စစ်ကောင်စီ ဒုရဲအုပ်တစ်ဦး ဒဏ်ရာရ

February 1, 2022

ဘိုကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁ (မော်ကွန်း) ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့မှာ ဒီကနေ့ နံနက်အစောပိုင်းက မြို့မရဲစခန်းထဲ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီ ဒုရဲအုပ်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရဲစခန်းထဲ ဗုံးကွဲသံထွက်ပေါ်လာပြီးနောက်ပိုင်း သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးတွေ ရှိခဲ့တယ်လို့ ဘိုကလေးမြို့ခံတစ်ဦးက ပြောပါတယ်။ “ပေါက်တဲ့အချိန်က အိပ်ချိန်ဖြစ်နေပြီ၊ အုန်းကနဲဆိုပြီး အသံကျယ်ကြီးကြားရတာ အဲ့နောက်ပိုင်းမှ သေနတ် တွေနဲ့ လိုက်ပစ်တာကြားရတာ ခုနှစ်ချက်လောက်ရှိတယ်။ နောက်ကလိုက်ပစ်တာမျိုး ရဲစခန်းကတော့ ဒါပထမဆုံး ပေါက်တာ”လို့ မြို့ခံက ပြောပါတယ်။ ဖောက်ခွဲတဲ့အဖွဲ့ကို သေနတ်နဲ့လိုက်လံပစ်ခတ်ဖမ်းဆီးပေမယ့် ဖမ်းမမိခဲ့ဘူးလို့ ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘိုကလေးမြို့မရဲစခန်းထဲ ဗုံးပေါက်ကွဲမှုဟာ ပထမအကြိမ်ဖြစ်ပြီး မနက်ပိုင်းမှာ မြို့အဝင်အထွက်ဂိတ်တွေနဲ့ လမ်းဆုံးလမ်းဂွတွေမှာ စစ်ဆေးတာတွေ ပိုမိုတင်းကြပ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ […]

အပြည့်အစုံဖတ်ရန်

မအူပင်မြို့တွင် ရဲစခန်းအပါအဝင် သုံးနေရာ ဗုံးကွဲပြီး စစ်ကောင်စီရဲများ သေဆုံးမှုရှိ

February 1, 2022

မအူပင် – ၂၀၂၂ ဖေဖော်ဝါရီလ ၀၁ (မော်ကွန်း) ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက စစ်ဆေးရေးဂိတ်၊ ရဲစခန်းဝန်းနဲ့ မလတ်တိုကျေးရွာထိပ်တွေမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ရဲတွေ သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ မအူပင်မြို့ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ရဲလိုင်းခန်းမှာ မနက် ၁၁:၀၀ နာရီလောက်က ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေက သွားနေချိန်မှာ မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဗုံးတစ်လုံး ထပ်မံပေါက်ကွဲပြီး ရဲ တစ်ဦး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “ဒီမနက်ပေါက်တာ ၃ လုံးရှိပြီး ရဲလိုင်းခန်းမှာဗုံးပေါက်တော့ စစ်တပ်က သွားတာ အများကြီး အဲ့မှာ စစ်ဆေးရေး ဂိတ်မှာထပ်ပေါက်တာ” လို့ ဒေသခံတဦးကပြောပါတယ်။ မြို့အဝင်စစ်ဆေးရေးဂိတ်က ရဲသေဆုံးလို့ ဆေးရုံတင်ကားနဲ့ စစ်ကောင်စီတပ်သားတွေ လာနေချိန်မှာ ရန်ကုန် […]

အပြည့်အစုံဖတ်ရန်

ဝက်လက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲဖြစ်၊ ဒေသခံတွေကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်နေ

February 1, 2022

ဝက်လက် – ၂၀၂၂ ဖေဖော်ဝါရီ ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကျေးရွာမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီး​ကျေးရွာကို ဇန်နဝါရီ ၂၉ ရက်၊ မနက်၂ :၀၀နာရီခန့်က ဧရာဝတီမြစ်ခွဲကနေ ရေ​ကြောင်းနဲ့ စစ်ကောင်စီတပ်တွေဟာ ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် အပြန်အလှန် ထိ​တွေ့မှုတွေဖြစ်ပွားခဲ့ရာ ပြည်​သူ့ကာကွယ်ရေးအဖွဲ့ဘက်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်တွေလိုက်ပါလာတဲ့ စက်လှေတိမ်းမှော​က်သွားပြီး လက်နက်ခဲယမ်းတချို့ မြစ်ထဲကျသွားခဲ့တယ်လို့ ဝက်လက် PDF တပ်ရင်း (၂) က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ တိုက်ပွဲထပ်မံဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ထွက်ပြေးတဲ့ ပြည်သူတွေကိုလည်း လိုက်လံပစ်ခတ်ခဲ့ပြီး […]

အပြည့်အစုံဖတ်ရန်

ထားဝယ်ခရိုင်၊ ကံပေါက်တိုက်နယ် အသံတိတ်သပိတ်မြင်ကွင်း

February 1, 2022

ကံပေါက် – ၂၀၂၂ ဖေဖော်ဝါရီ ၁ (မော်ကွန်း) အာဏာသိမ်းပြီး အုပ်ချုပ်ချင်သော်လည်း တစ်နှစ်ကြာသည်အထိ အုပ်ချုပ်၍ မရသည့် စစ်ကောင်စီအား ဆန့်ကျင်တော်လှန်ကြောင်း နိုင်ငံအနှံ့ပြုလုပ်သော အသံတိတ်သပိတ်တွင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်တိုက်နယ် ပြည်သူလူထု၏ ပါဝင်မှု မြင်ကွင်းများ ဖြစ်ပါသည်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပုလဲမြို့နယ်၊ ပန်းရွာကို စစ်ကောင်စီမီးရှို့၊ မီးဆက် လောင်နေဆဲ

February 1, 2022

ပုလဲ – ၂၀၂၂ ဖေဖော်ဝါရီ ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက် ၁:၀၀ နာရီလောက်ကစလို့ မီးရှို့ခဲ့တာကြောင့် နေ့ခင်းအထိ ဆက်လောင်နေပြီး နေအိမ် ၃၅၀ ဝန်းကျင် မီးထဲပါသွားပြီလို့ ဒေသခံတစ်ဦးကဆိုပါတယ်။ ” ည ၁၂ခွဲကနေ ရွာထဲဝင်လာတယ်။ အိမ်တွေမီးရှို့တယ်။ အစက ရွာဘုန်းကြီး​ကျောင်းမှာရှောင်နေကြတာ နေ့ခင်း ၁၁:၀၀ နာရီလောက်ကို စစ်သားတွေ ရွာထဲပတ်နေလို့ ​တောထဲ ပြေးကြရတယ်”လို့ ပြေးနေရသူ ရွာသားတစ်ဦးကဆိုပါတယ်။ ရွာသားတွေကလည်း မီးငြိမ်းဖို့မသွားရဲတာကြောင့် ဆက်လက်လောင်ကျွမ်းနေတာလို့ ဒေသခံကဆိုပါတယ်။ “မနက်လင်းတော့ ရွာသားတွေက မီးသ​တ်မလို့ရွာထဲပြန်ဝင်တာ စစ်သားတွေ ဝင်လာလို့ မီးမငြိမ်းဘဲပြန်ထွက်ခဲ့ရတယ်”လို့ ရွာသားတစ်ဦးကဆိုပါတယ်။ ပန်းရွာက နေအိမ် ၈၀၀ ဝန်းကျင်ရှိပြီး ရွာရဲ့တစ်ဝက်နီးပါး မီးလောင်ကျွမ်းနေကာ […]

အပြည့်အစုံဖတ်ရန်

တောင်ကြီးမြို့ရဲ့ အသံတိတ်သပိတ်

February 1, 2022

တောင်ကြီး -၂၀၂၂ ဖေဖော်ဝါရီ ၁ ( မော်ကွန်း) ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှာလည်း ယနေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်နေသည့် တိတ်ဆိတ်ခြင်းသပိတ်ကို မြို့ခံအများစုပူးပေါင်းပါဝင်ကာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းပြသနေသည်။ စစ်တပ်က အဓမ္မအာဏာသိမ်းခဲ့သည့် တစ်နှစ်ပြည့်နေ့တွင် ဒီမိုကရေစီလိုလားသူများက နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တိတ်ဆိတ်ခြင်းသပိတ်အဖြစ် အာဏာသိမ်းမှုကိုဆန့်ကျင်ကြရန်လှုံဆော်ခဲ့ရာ ပြည်သူများက ပူးပေါင်းပါဝင်နေခြင်းဖြစ်သည်။ စစ်ကောင်စီ၏ခြိမ်းခြောက်မှုကြောင့် တောင်ကြီးမြို့ပေါ်ရှိ ဈေးများ၊ ဆိုင်များ၊ ကားဂိတ်များနှင့် စူပါမားကပ်များ ဖွင့်ထားရသော်လည်း ထမင်းဆိုင်ကဲ့သို့ အစားအသောက်ရောင်းသည့် ဆိုင်တချို့မှလွဲ၍ ဈေးဝယ်သူမရှိ ဖြစ်နေသည်ကို တွေ့ရသည်။ ယနေ့မဖွင့်သည့် ဆိုင်များကို အရေးယူမည်ဖြစ်သည့်အတွက် လာရောက်ဖွင့်လှစ်ရခြင်းဖြစ်ပြီး ဖွင့်လှစ်ကြောင်းကို လည်း ညနေတွင် လက်မှတ်ထိုးပေးရဦးမည်ဟု တောင်ကြီးမြို့မဈေးအတွင်းမှ အဝတ်အထည်ရောင်းသည့် ဈေးသည်နှစ်ဦး အပြန်အလှန်ပြောနေသည်ကို ကြားရသည်။ မြို့တွင်းရှိတချို့ဆိုင်များကမူ […]

အပြည့်အစုံဖတ်ရန်

“စစ်ကျွန်ဘဝတစ်နှစ်ပြည့်ပြီ၊ပြည်သူ့အာဏာပြန်သိမ်းပိုက်စို့” ကလေးမြို့တော်လှန်ရေးပင်မသပိတ် ယနေ့မြင်ကွင်း

February 1, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁ (မော်ကွန်း) တိုင်းပြည်ကို စစ်တပ်က အာဏာသိမ်းသည့် တစ်နှစ်ပြည့် ယနေ့တွင် ပြုလုပ်မည့် အသံတိတ်သပိတ်အချိန်မတိုင်မီတွင် ကလေးမြို့ပင်မသပိတ်က လမ်းမပေါ်ချီတက် ဆန္ဒပြခဲ့ကြသည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူက ရွေးချယ်တင်မြှောက်သည့် အစိုးရကို ဖမ်းဆီးကာ အာဏာသိမ်းပြီး အုပ်ချုပ်ချင်သော စစ်တပ်သည် ယနေ့ တစ်နှစ်ပြည့်သော်လည်း မအောင်မြင်သေးဘဲ ထောင်ချီသော ပြည်သူများအား သတ်ဖြတ်ထားသည်။ ကလေးမြို့ပင်မသပိတ်သည်လည်း ပျက်ရက်မရှိဘဲ လမ်းပေါ် ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်မှာ ၃၆၀ ရက်ရှိလာပြီဖြစ်သည်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီကခြိမ်းခြောက်သော်လည်း လူထုက အသံတိတ်သပိတ်တွင်ပါဝင်

February 1, 2022

ရန်ကုန်- ၂၀၂၂ ဖေဖော်ဝါရီ ၁ (မော်ကွန်း) နိုင်ငံတော်အာဏာကို စစ်တပ်ကအဓမ္မသိမ်းယူခဲ့တာ တစ်နှစ်တင်းတင်းပြည့်တဲ့အနေနဲ့ တစ်နိုင်ငံလုံး အသံတိတ်သပိတ်စတင်ပြုလုပ်နေပါပြီ။ စစ်ကောင်စီက စျေးဆိုင်ခန်းတွေကို ဖိအားပေးဖွင့်ခိုင်းထားပေမယ့် စျေးဝယ်သူတွေမရှိသလို လမ်းမတွေပေါ်မှာလည်း လူသူရှင်းလင်းနေပါတယ်။ စျေးသည်တစ်ချို့ကလည်း သူတို့ဆိုင်မှာ (၁၀:၀၀) နာရီနောက်ပိုင်း စျေးလာမဝယ်ကြဖို့ပြောဆိုကြတာတွေရှိပါတယ်။ သုဝဏ္ဏမြို့နယ်က စျေးသည်တစ်ဦး က “ ၁၀:၀၀ နာရီနောက်ပိုင်း ငါ့ဆိုင်စျေးလာမဝယ်ကြနဲ့ဟေ့။ လာဝယ်ရင် ရိုက်မှာနော်” လို့ အရွှန်းဖောက်ပါတယ်။ တက္ကစီကားသမားတွေဟာလည်း မနက် ၁၀:၀၀ နာရီ မထိုးခင်ကတည်းက ခရီးသည်မခေါ်ကြတော့ဘဲ လမ်းဘေးမှာပဲ ဂိတ်ထိုးထားကြတာကို မြင်တွေ့ရပါတယ်။ မြို့တွင်းပတ် YBS တွေကတော့ ခရီးသည်မပါဘဲ ပတ်မောင်းနေကြရပါတယ်။ စစ်ကောင်စီက နည်းမျိုးစုံနဲ့ ပြည်သူလူထုကို ဖိနှိပ်ဖို့ကြိုးစားနေပေမယ့် လူထုပါဝင်မှုအားကောင်းတဲ့ အသံတိတ်သပိတ်ကတော့ အရှိန်မြင့်တက်နေဆဲဖြစ်ပါတယ်။ တော်လှန်ရေးအင်းအားစုတွေကလည်း ဒီနေ့ကစလို့ […]

အပြည့်အစုံဖတ်ရန်

အသံတိတ်သပိတ် မြစ်ကြီးနားမြို့ မြင်ကွင်း

February 1, 2022

မြစ်ကြီးနား – ၂၀၂၂ ဖေဖော်ဝါရီ ၁ (မော်ကွန်း) တိုင်းပြည်ကို စစ်တပ်က အာဏာသိမ်းသော်လည်း အုပ်ချုပ်လို့မရဘဲ ပြည်သူက ဆက်လက်တော်လှန်နေတဲ့ တစ်နှစ်ပြည့် အသံတိတ်သပိတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မြင်ကွင်း ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ပြည်တော်ဝင်ဖို့ရုန်းကြစို့၊အဆုံးသတ်တိုက်ပွဲနွဲကြစို့” ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

January 31, 2022

ကလေး – ၂၀၂၂ ဇန်နဝါရီ ၃၁ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ဒီကနေ့ လမ်းမပေါ် ချီတက်ဆန္ဒထုတ်ဖော်တဲ့ ၃၅၉ ရက်မြောက်နေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 200 201 202 203 204 205 206 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."