သတင်းများ

မန္တလေး စိန်ပန်းရပ်ကို အာဏာသိမ်းစစ်တပ် အင်အားရာချီသုံးကာ ရှာဖွေခဲ့

February 9, 2022

မန္တလေး -၂၀၂၂ ဖေဖော်ဝါရီ ၉ (မော်ကွန်း) မန္တလေးမြို၊ မဟာအောင်မြေမြိုနယ်၊ စိန်ပန်းရပ်ကို အာဏာသိမ်းစစ်တပ်က အင်အားရာချီအသုံးပြုပြီး အဝင်အထွက်တွေပိတ်ဆိုကာဝင်ရောက် စီးနင်းရှာဖွေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နံနက်အစောပိုင်းက မဟာအောင်မြိုနယ်၊ စိန်ပန်းတိုက်နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ချော်ဆိပ်ရပ်ကွက်၊ မင်းကုန်းရပ်ကွက်တွေထဲကို အင်အား နှစ်ရာခန့်နဲ့ ဝင်ရောက်စီးနင်းခဲ့ဖြစ်ပြီး အ.ထ.က ၂၄ ထဲကိုလည်း တပ်စွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။ “မနက်အစောကတည်းက ရောက်နေတာ။ လမ်းတွေလည်းပိတ်ထားတယ်။ ပုံတွေကိုင်ပြီးလိုက်စစ်နေတာ”လို့ စိန်ပန်းနယ်ခံတစ်ဦးက ပြောပါတယ်။ ၄၁လမ်းမကြီးတစ်လျှောက် ၈၆လမ်းမှ အနောက်တာရိုး ကုန်စျေးတန်းညစျေးထိပ်အထိ လမ်းတစ်ပြစီတိုင်းမှာ ရဲနဲ့စစ်သားတွေချထားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေလည်းရှိနေပြီး အရေအတွက်မသိရသေးဘူးလို ဒေသခံတစ်ဦးက ပြောပါတယ်။ မန္တလေးစိန်ပန်းနယ်ဟာ နွေဦးတော်လှန်ရေးကာလမှာ အာဏာရှင်ဆန့်ကျင်ရေးတက်ကြွစွာပါဝင်ခဲ့ကြတဲ့ မြိုပေါ်ရပ်ကွက်ကြီးတစ်ခုဖြစ်ပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ၃၆၇ ရက်မြောက်နေ့ မြင်ကွင်း

February 9, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၉ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းမပေါ်ချီတက် ဆန္ဒပြတဲ့ ၃၆၇ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ပြည်တော်ဝင်ဖို့ရုန်းကြစို့၊အဆုံးသတ်တိုက်ပွဲနွဲကြစို့” ကလေးမြို့ပင်မသပိတ် ၃၆၆ ရက်မြောက်နေ့ မြင်ကွင်း

February 8, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၈ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးကလေးမြို့ ပင်မသပိတ်ရဲ့ လမ်းမပေါ် ချီတက်ဆန္ဒပြတဲ့ ၃၆၆ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ကော်သူးလေနယ်မြေတွင် ဇန်နဝါရီ တစ်လအတွင်း အာဏာသိမ်းစစ်တပ်နှင့်နယ်ခြားစောင့်တပ်ဘက်က ၄၀၀ နီးပါး သေဆုံးကာ ၃၀၀ ကျော် ဒဏ်ရာရ

February 8, 2022

ကော်သူးလေ – ၂၀၂၂ ဖေဖော်ဝါရီ ၈ (မော်ကွန်း) ကော်သူးလေနယ်မြေထဲကို ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့တွေဟာ ဇန်နဝါရီလ တစ်လထဲမှာ ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တွေဖြစ်ပြီး ၃၉၉ ဦးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရရှိသူဟာလည်း ၃၀၀ ကျော်ရှိတယ်လို့ KNU က ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ကျူးကျော်မှုကို ကာကွယ်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဘက်ကတော့ ခုနှစ်ဦး ကျဆုံးခဲ့ရပြီး ၂၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်တွေဟာ ကော်သူးလေနယ်မြေထဲက ကျေးရွာတွေကို နေ့စဉ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ ဒါအပြင် မူတြော်နဲ့ […]

အပြည့်အစုံဖတ်ရန်

“ကြွေလွင့်တဲ့ ကြယ်တွေတိုင်းအတွက် ကမ္ဘာမကြေဘူး” ကလေးမြို့ပင်မသပိတ်ယနေ့မြင်ကွင်း

February 7, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၇ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်ရဲ့ ၃၆၅ ရက်မြောက် ပျက်ရက်မရှိ လမ်းမပေါ် ချီတက်ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ကိုင်းတိုင်းမှာ တစ်ရက်တည်း ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက မီးရှိူ့၊ ခေါင်းဖြတ် လူသတ်

February 5, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ ဖေဖော်ဝါရီ ၅ (မော်ကွန်း) စစ်ကိုင်း၊ မြင်းမူနဲ့ ဝက်လက်မြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၃ ရက်နေ့တစ်ရက်တည်းမှာပဲ ပြည်သူ ၁၀ ဦးကို မီးရှို့သတ်ဖြတ်ခြင်း၊ ခေါင်းဖြတ်သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာနေ ကိုသူရထွန်း၊ ဦးဇော်မင်းထွန်း၊ ကိုကိုလင်းမောင်၊ ကိုသဲထွန်းအောင်၊ ဦးမြင့်အောင်နဲ့ ကိုမင်းမင်းထွန်းတို့အား အာဏာသိမ်းစစ်ကောင်စီက စစ်ရာဇဝတ်မှု ကျူးလွန်ကာ မီးရှိူ့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ သစ်ဆိမ့်ကျေးရွာက ဒီအမျိုးသား ခြောက်ဦးကို အဆိုပါကျေးရွာ၊ တုမရဘုရားအနောက်ဘက်မှာ လက်နောက်ပြန်ကြိုးတုတ်ပြီး အရှင်လက်လက်မီးရှို့သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်အလောင်းတွေကို မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့မှာတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။ ဒါ့အပြင် သစ်ဆိမ့်ရွာနဲ့ ကူကြီးရွာ အနောက်ဘက်က တောင်သူ လုပ်တဲ့ […]

အပြည့်အစုံဖတ်ရန်

“ခွပ်ဒေါင်းသွေးမို့ရဲရဲနီ၊အာဏာရှင်ကိုဒူးမထောက်ဘူး” ကလေးမြို့ပင်မသပိတ်ယနေ့မြင်ကွင်း

February 5, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၅ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၃၆၃ ရက်မြောက် ပျက်ရက်မရှိ လမ်းမပေါ်ချီတက် ဆန္ဒပြတဲ့ ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

မင်းကင်းမြို့နယ်က ရွာသုံးရွာကို စစ်ကောင်စီနဲ့ပျူစောထီးတွေ မီးရှို့လို့ နေအိမ် ၁၃၀ ကျော် ပျက်စီး၊ အရေးပေါ်အကူအညီလိုနေ

February 5, 2022

မင်းကင်း – ၂၀၂၂ ဖေဖော်ဝါရီ ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ကကျေးရွာသုံးရွာကိုအာဏာသိမ်းစစ်ကောင်စီနဲ့ ပျုစောထီးအဖွဲ့တွေ မီးရှို့ဖျက်ဆီးလို့ အိမ်ပေါင်း ၁၃ဝ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဇန်နဝါရီလ ၃၁ရက်နေ့နဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့တွေက ချင်းတွင်းမြစ်ကနေ ရေယာဥ်နဲ့ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ မင်းကင်းနယ် သင်တောအုပ်စု ဘင်ရွာ၊ အုန္နဲဘုတ်ရွာ၊ အနောက်တောရွာတို့က အိမ်တွေကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပါတယ်။ ဒီလို အကြမ်းဖက်ခဲ့လို့ ဘင်ရွာမှာ မီးဘေးသင့် အိမ်ခြေ(၁၀၆)လုံး၊ ဘင်ရွာ ငွေသောင်ယံမှာ နေအိမ်(၂၁)လုံး၊ အနောက်တောရွာမှာ နေအိမ်(၃)လုံး၊ အုန္နဲဘုတ်ရွာ နေအိမ်(၄)လုံး စုစုပေါင်း ၁၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ လက်ရှိဒေသရဲ့ရာသီဥတုဟာ အအေးပိုနေတဲ့ကာလဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေမှာ ခြုံစရာစောင်မလောက်ငှဘဲ အခက်အခဲတွေ့ကြုံနေရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ဆောမြို့က စစ်ကောင်စီလက်အောက်ခံရုံးတချို့နဲ့ ကြံ့ဖွံ့ရုံးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ မီးရှို့

February 5, 2022

ဆော – ၂၀၂၂ ဖေဖော်ဝါရီ ၄ (မော်ကွန်း) မကွေးတိုင်း၊ဆောမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီလက်အောက် အလုပ်လုပ်နေဆဲ ဌာနဆိုင်ရာတချို့မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၃:၀၀ နာရီလောက်က ဆောမြို့ပေါ်မှာရှိတဲ့ မီးသတ်ရုံး၊ သစ်တောရုံး၊ စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံးအပါအဝင် ရုံးတချို့နဲ့ ပြည်ခိုင်ဖြိုးပါတီရုံး၊ပြည်ခိုင်ဖြိုးပါတီပိုင် G99 Restaurant ကိုပါ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖောက်ခွဲမီးရှို့လိုက်ကြောင်း ဒေသခံက ပြောပါတယ်။ မနေ့ည ၁၂:၀၀ နာရီနောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပြီး အဆိုပါပစ်ခတ်မှုတွေပြီးတဲ့နောက် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။ ဒီကနေ့မနက် ၁၀:၀၀နာရီလောက်ထိ မီးလောင်နေဆဲဖြစ်ပြီး အာဏာသိမ်းစစ်တပ်ဘက်ကနေ သေနတ်ပစ်ခတ်ခြောက်လှန့်နေကြောင်း ဒေသခံတွေကဆိုပါတယ်။ ယခင်ရက်ပိုင်းအတွင်းကပဲ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ၊ သတင်းပေးတွေ၊ အယောင်ဆောင် CDM တွေ၊ ပျူစောထီးတွေနဲ့ သစ်ခိုးထုတ်သူတွေကို ၄င်းတို့ […]

အပြည့်အစုံဖတ်ရန်

“ခွပ်ဒေါင်းသွေးမို့ ရဲရဲနီ၊ အာဏာရှင်ကို ဒူးမထောက်ဘူး” ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

February 3, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၃ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၃၆၁ ရက်မြောက် လမ်းမပေါ် ချီတက် ဆန္ဒပြတဲ့ ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ကိုင်းက ပျူခေါင်းဆောင်ဆိုသူ တူမီးနဲ့ပစ်သတ်ခံရ

February 3, 2022

စစ်ကိုင်း – ၂၀၂၂ ဖေဖော်ဝါရီ ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က ပျူစောထီးခေါင်းဆောင်တစ်ဦး တူမီးနဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူဟာ စစ်ကိုင်းမြို့နယ်၊ သာဇင်ကျေးရွာနဲ့ အိုင်းဓမ္မကျေးရွာကြားမှာ ညောင်ပင်ရှည်ရွာက ပျူစောထီးခေါင်းဆောင်ဇော်ဝင်းဆိုသူဖြစ်ပြီး ဒီကနေ့ မနက် ၈:၀၀ နာရီလောက်က ပစ်သတ်ခံရတာဖြစ်ပါတယ်။ သူဟာ PDFတွေကို စုံစမ်းပြီး လူသတ်၊ မီးရှိူ့နေတဲ့ စစ်ကောင်စီထံ သတင်းပေးတာတွေ၊ ပျူစောထီးစုဆောင်းတာတွေ ပြုလုပ်နေတာကြောင့် အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)ကနေ တူမီးသေနတ်နဲ့ သုံးချက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကိုင်းမြို့နယ်ဟာ ယခင်နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီသတင်းပေးတွေရှင်းလင်းခံရတာတွေ၊ စစ်ကောင်စီရဲ့ကားတွေ တိုက်ခိုက်ခံရတာတွေ ဖြစ်ပွားလာခဲ့ကာ အုပ်ချုပ်ရေးမှုးတွေလည်း ဆက်တိုက်နှုတ်ထွက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

“ပြည်တော်ဝင်ဖို့ရုန်းကြစို့၊အဆုံးသတ်တိုက်ပွဲနွဲကြစို့” စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ယနေ့မြင်ကွင်း

February 2, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၃၆၁ ရက်မြောက် ပျက်ရက်မရှိ လမ်းမပေါ်ချီတက် ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 199 200 201 202 203 204 205 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."