သတင်းများ

ရိဒ်မြို့မှာ တပ်စွဲထားတဲ့ CNDF စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်ဝင်တိုက်ခိုက်

March 29, 2022

ရိဒ်ခေါ်ဒါရ် – ၂၀၂၂ မတ် ၂၉ (မော်ကွန်း) ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်မြို့မှာ တပ်စွဲထားတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ရဲ့စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) က ဒီကနေ့ ကြေညာပါတယ်။ တိုက်ခိုက်ခံရတဲ့စခန်းဟာ ရိဒ်မြို့ နယ်စပ်ဂိတ်နားက အမှတ်(၁) ရပ်ကွက်မှာရှိပြီး CNDF တပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး အဲဒီနေရာကနေ ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။ အရပ်သားပြည်သူလေးဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားပြီး နှစ်ဦးကို ပြန်လွှတ်ပေးထားကာ ကျန်နှစ်ဦးကိုတော့ ဖမ်းဆီးထားတုန်းပဲလို့ ဆိုပါတယ်။ မကြာသေးခင်ရက်ပိုင်းက ချင်းပြည်နဲ့အိန္ဒိယနယ်စပ် ကုန်သွယ်ရေးစခန်းမြို့ဖြစ်တဲ့ ရိဒ်ခေါ်ဒါရ်မြို့ဘက်က နယ်စပ်တံတားမှာ CNDF အလံကိုလွှင့်တင်ထားပြီး အာဏာသိမ်းစစ်တပ်က ပြန်ဖြုတ်ကာ မြို့တွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာပါ။ #Dailynews

အပြည့်အစုံဖတ်ရန်

ပခုက္ကူက အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရုံးနှစ်ရုံး ဝင်စီးနင်းခံရ

March 28, 2022

ပခုက္ကူ – ၂၀၂၂ မတ် ၂၈ (မော်ကွန်း) မကွေးတိုင်းပခုက္ကူမြို့ပေါ်မှာ အခွန်ရုံးဝင်စီးခံရပြီး ဝန်ထမ်းများ ပြည်သူ့ဘက်ကရပ်တည်ဖို့သတိပေးခံရကြောင်း ဒေသခံက ပြောပါတယ်။ ဒီကနေ့ နေ့လယ် ၁:၀၀ နာရီဝန်းကျင်က ပခုက္ကူမြို့ပေါ်မှာရှိတဲ့ မြန်မာ့အာမခံလုပ်ငန်းနဲ့အခွန်ဦးစီးဌာနရုံးကို အဖွဲ့တစ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး စာရွက်စာတမ်းတချို့ကို သိမ်းယူဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြောင်း၊ ဝန်ထမ်းများကိုလည်း ပြည်သူနဲ့အတူရပ်တည်ကြဖို့ ပြောသွားကြောင်း ဒေသခံက ပြောပါတယ်။ ရုံးဝန်ထမ်းတစ်ယောက်က ဖုန်းဆက်မယ်လုပ်လို့ဖုန်းကိုသိမ်းဆည်းသွားပြီး ပြန်လည်ခုခံဖို့ပြင်ဆင်တဲ့တစ်ယောက်လည်း ရိုက်နှက်ခံရကြောင်း မြို့ခံတွေက ပြောပါတယ်။ အဲဒီဖြစ်စဥ်ကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအပါအဝင် PDF သုံးဖွဲ့ပေါင်းပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကကြေညာချက်ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ “အဲဒါဖြစ်ပြီး မြို့ပေါ်မှာ အစစ်အဆေးတော်တော်ကြမ်းနေတယ်”လို့ မြို့ခံတစ်ဦးက ​ပြောပါတယ်။ ယမန်နေ့ မတ်လ ၂၇ ရက်နေ့က ပခုက္ကူမြို့နယ် မြို့ရှောင်လမ်းပေါ်မှာ ကင်းလှည့်လာတဲ့ […]

အပြည့်အစုံဖတ်ရန်

မနှစ်က တာဟန်းသပိတ်မှာ စစ်တပ်ပစ်သတ်ခဲ့လို့ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် ကလေးမြို့ပင်မသပိတ်က ဆုတောင်း၊ ဂုဏ်ပြုခဲ့

March 28, 2022

ကလေး – ၂၀၂၂ မတ် ၂၈ (မော်ကွန်း) ၂၀၂၁ မတ် ၂၈ ရက်က တာဟန်းသပိတ်မှာ စစ်တပ်ပစ်သတ်လို့ ကျဆုံးခဲ့ရတဲ့ သပိတ်ရဲဘော်တွေကို ကလေးမြို့ပင်မသပိတ်က ဒီကနေ့မှာ ဆုတောင်း၊ ဂုဏ်ပြုခဲ့ကြပါတယ်။ ကျဆုံးခဲ့ရသူတွေဟာ မအားခူ(၃၇နှစ်)၊ ကိုဆန်းသဲရာ(၂၀နှစ်)၊ ကိုရှိုင်းထက်အောင်(ခ)သားချစ်(၂၁နှစ်)၊ ကိုထန်ဟောမ်လျန်း(၂၇နှစ်)နဲ့ ကိုမင်းညို (၃၆နှစ်)တို့ဖြစ်ပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းပေါ်ချီတက်ဆန္ဒပြနေတာ ဒီကနေ့ဆို ၄၁၄ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“တပ်မတော်နေ့ဆိုတာမရှိဘူး၊ ဖက်ဆစ်တော်လှန်ရေးနေ့ပဲရှိတယ်” ၄၁၃ ရက်မြောက် ကလေးမြို့သပိတ်

March 27, 2022

ကလေး – ၂၀၂၂ မတ် ၂၇ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ရက်ပေါင်း ၄၁၃ ရက်မြောက် လမ်းပေါ်ချီတက်ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီး နေအိမ်ပေါ်ကျပြီး ငါးနှစ်အရွယ်ကလေးငယ်နှင့်အဖေဖြစ်သူဆိုက်ကားဆရာတို့ သေဆုံး

March 27, 2022

ရေစကြို – ၂၀၂၂ မတ် ၂၇ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြိုနယ်မှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပြီး အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် သားအဖနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ည ၁၁း၀၀ နာရီဝန်းကျင်က အာဏာသိမ်းစစ်တပ်ရဲ့ ဦးတည်ချက်မရှိ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ရေစကြိုမြို့နယ်၊ ကူတုပ်ရွာက အထက်ပါ သားအဖနှစ်ဦးနေထိုင်တဲ့နေအိမ်ပေါ်ကို ကျခဲ့တာပါ။ ဖခင်ဟာ အသက် ၅၀ ဝန်းကျင်ရှိပြီး ကလေးဟာ ၅ နှစ်အရွယ်ဖြစ်ကာ ၃၇ နှစ်အရွယ် မိခင်ဖြစ်သူလည်း အပြင်းအထန်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “သေဆုံးတဲ့လူက ရေစကြိုစျေးနားမှာ ရိုးရိုးသားသားဆိုက္ကားနင်းစားရတဲ့သူပါ။ အမျိုးသမီးကလည်း ကိုယ်ဝန်ကြီးနဲ့လို့ကြားတယ့်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောဆိုချက်အရ အာဏာသိမ်းစစ်တပ်ဟာ လက်နက်ကြီးနဲ့သုံးကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ကြပြီး ရေစကြိုမြိုက ၂၅၇ နဲ့ […]

အပြည့်အစုံဖတ်ရန်

မန္တလေးမြို့လယ်က စစ်တပ်ရဲ့ အနောက်ပေါက်မှာ ပစ်ခတ်မှုဖြစ်ပွား

March 26, 2022

မန္တလေး – ၂၀၂၂ မတ် ၂၆ (မော်ကွန်း) မန္တလေးမြို့လယ်၊ ၇၈လမ်းမကြီးပေါ်မှာရှိတဲ့ စစ်တပ်ရဲ့ အနောက်ပေါက်ကို အဖွဲတစ်ဖွဲ့က လာရောက်ပစ်ခတ်သွားလို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ယာဥ်ထိန်းရဲတချို့ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံက ပြောပါတယ်။ ဒီကနေ့ မနက် ၁၁း၃၀ ဝန်းကျင်က မန္တလေးမြို့ရဲ့အဓိကကျတဲ့ လမ်းမကြီးတစ်ခုဖြစ်တဲ့ ၇၈လမ်းမပေါ်က စစ်တပ် အနောက်ပေါက်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်တပ်နဲ့ ယာဥ်ထိန်းရဲတချိုကို ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်ဝန်းကျင်က လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “သေနတ်သံ ခြောက်ချက် ခုနှစ်ချက်လောက်ကြားရတယ်။ ယာဥ်ထိန်းနှစ်ဦး ထိတယ်ကြားတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မန္တလေးမြို့မှာ မြို့တွင်းမြို့ပြင် နေ့စဥ် လှည့်လည်စစ်ဆေးပြီး တင်းကျပ်နေတယ်လို မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ လမ်းသွားလမ်းလာယာဥ်တွေကို […]

အပြည့်အစုံဖတ်ရန်

” တောင်ပေါ်မြေပြန့်အတူချီတက်၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် ” ကလေးမြို့ပင်မသပိတ် ၄၁၂ ရက်မြောက်နေ့

March 26, 2022

ကလေး – ၂၀၂၂ မတ် ၂၆ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ပျက်ရက်မရှိ၊လမ်းမပေါ်ချီတက်ဆန္ဒပြတဲ့ ရက်ပေါင်း ၄၁၂ ရက်မြောက်နေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

မိုးကုတ်မှာ အာဏာသိမ်းစစ်တပ် အပူတပြင်းရှာဖွေမှုများပြုလုပ်နေ၊ စစ်သားများထွက်ပြေးသည်ဟုဒေသခံများဆို

March 26, 2022

မိုးကုတ် – ၂၀၂၂ မတ် ၂၆ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကနေ့ အာဏာသိမ်းစစ်တပ်တွေက အပူတပြင်း ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေကိုပြုလုပ်နေတယ်လို့မြို့ခံတွေကဆိုပါတယ်။ ဒီကနေ့မနက်ပိုင်းက မိုးကုတ်မြို့ ငါးရံ့အင်းတပ်စခန်းကနေ တပ်သား ငါးဦး ထွက်ပြေးသွားတာကြောင့် ခုလို ရှာဖွေမှုတွေ လုပ်နေတာလို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်ကဆိုပါတယ်။ “လုံခြုံရေးယူနေကျ ဝတ်စုံနဲ့ပဲ၊ လက်နက်အပြည့်အစုံလည်းပါတယ်၊ အိမ်စီးကားတစ်စိီးကလာခေါ်သွားတာ၊ ဒါကြောင့် မြို့ထဲ အရမ်းစစ်နေတာ”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။ အာဏာသိမ်းစစ်တပ်တွေက ဒီမနက် အစောပိုင်းမှာ မြို့အဝင်အထွက်တွေကို တင်းကြပ်စွာစစ်ဆေးနေပြီး နေ့ခင်းပိုင်းမှာလဲ မြို့အထွက် ပိန်းပြစ်ရွာဘက်မှာ အရပ်ဝတ်တွေနဲ့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ” အရင်ကမစစ်တဲ့နေရာတွေစစ်တယ်၊ မြို့အဝင်အထွက်တွေမှာမစစ်တော့တာကြာပြီ၊ ဒီနေ့မှပြန်စစ်တယ်၊ အနောက်ပိုင်းလမ်းမှာလဲစစ်တယ် “လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ စစ်ကောင်စီတပ်သား ငါးဦးက ဘယ်ကိုထွက်ပြေးသွားတယ်ဆိုတာကိုမသိရသေးဘဲ နေ့ခင်းပိုင်းကလည်း ငါးရံ့အင်းစခန်းမှာ စစ်ကားနှစ်စီးနဲ့အင်အားအပြည့် အသင့်ပြင်ထားတာကိုမြင်တွေ့ရကြောင်း […]

အပြည့်အစုံဖတ်ရန်

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မိုးကုတ်မှာ စစ်ခေါင်းဆောင်ပိုင် Mytel အင်တာနက် အသုံးပြု၍ရ

March 25, 2022

မိုးကုတ် – ၂၀၂၂ မတ် ၂၅ (မော်ကွန်း) မန္တ​လေးတိုင်း၊ မိုးကုတ်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်လိုင်းတွေဖြတ်တောက်ပြီးနောက် စစ်ခေါင်းဆောင်ပိုင် Mytel အော်ပရေတာ တစ်ခုတည်းသာ အင်တာနက်အသုံးပြုလို့ရနေကြောင်း မြို့ခံတွေကဆိုပါတယ်။ ” အင်တာနက်က Mytel နဲ့ သုံးကြတဲ့သူတွေရှိတယ်၊ ဒါပေမဲ့ နှစ်နာရီခြား တစ်ခါ သုံးနာရီခြားတစ်ခါ အချိန်နဲ့ပဲရတာ ၊အဲ့တော့ လိုင်းသုံးရဖို့စောင့်သုံးရတယ်”လို့ဒေသခံတစ်ဦးကဆိုပါတယ်။ စစ်ခေါင်းဆောင်ပိုင်လုပ်ငန်းဖြစ်လို့ အသုံးမပြုကြသူတွေဟာ ဖိုင်ဘာအင်တာနက်နဲ့ ဝိုင်ဖိုင်ကို အသုံးပြုကြတယ်လို့ ဆိုပါတယ်။ ” ဝိုင်ဖိုင် ကျတော့လည်း မီးက ခဏခဏပျက်တယ်၊ မီးက သူလာချင်တဲ့အချိန်မှလာတာ၊ ဝိုင်ဖိုင် သုံးဖို့ဆိုရင် ပါဝါဘန့်ခ် နဲ့သုံးနေရတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ မိုးကုတ်မြို့က စစ်တပ်ပိုင် mytel တာဝါတိုင် ၆ တိုင်ရှိရာမှာ ၃တိုင် က […]

အပြည့်အစုံဖတ်ရန်

“ တောင်ပေါ်ပြေမြန့် အတူချီတတ် ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် “ ကလေးမြို့သပိတ်

March 25, 2022

ကလေး – ၂၀၂၂ မတ် ၂၅ (မော်ကွန်း) ၄၁၁ ရက်မြောက် ကလေးမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ဟာ ဒီကနေ့မှာလည်း လမ်းပေါ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ရွှေဘို လျှပ်စစ်ရုံး ပေါက်ကွဲမှုဖြစ်

March 24, 2022

ရွှေဘို – ၂၀၂၂ မတ် ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က မြို့နယ်လျှပ်စစ်ရုံး မှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံက ပြောပါတယ်။ ဒီကနေ့ မနက် ၉:၀၀ နာရီ ဝန်းကျင်က ရွှေဘိုမြို့၊အမှတ် ၃ ရပ်ကွက်၊ လျှပ်စစ်ရုံးမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လက်အောက်ခံ ဝန်ထမ်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာသွားကြောင်း၊ လျှပ်စစ်ရုံးအဆောက်အဦးက တံခါးမှန်နဲ့ မျက်နှာကျက်တချို့ ပျက်စီးတာတွေရှိကြောင်း ဒေသခံက ပြောပါတယ်။ အဆိုပါပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ဘက်ကရော ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကပါ ထုတ်ပြန်တာမရှိသေးပါဘူး။ ပြီးခဲ့တဲ့လအနည်းငယ်ကလည်း ရွှေဘိုမြို့နယ် လျှပ်စစ်ရုံးကို သတိပေး ဖောက်ခွဲခံရဖူးပါတယ်။ အာဏာသိမ်းစစ်တပ်က မီတာခတွေအတင်းဆောင်ခိုင်းနေလို့ မြို့နယ်လျှပ်စစ်ရုံးတွေမှာ မီတာဆောင်သူတွေ များလာနေပြီး ပေါက်ကွဲမှုတွေလည်း ဖြစ်ပွားနေပါတယ်။ […]

အပြည့်အစုံဖတ်ရန်

“ တောင်ပေါ်ပြေမြန့် အတူချီတက်၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် “ ၄၁၀ ရက်မြောက် ကလေးမြို့ပင်မသပိတ်

March 24, 2022

ကလေး – ၂၀၂၂ မတ် ၂၄ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ရပ်နားခြင်းမရှိတဲ့ ၄၁၀ ရက်မြောက် ဒီကနေ့ ချီတက်ဆန္ဒပြတဲ့သပိတ်ဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 189 190 191 192 193 194 195 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."