ကလေး – ၂၀၂၂ မတ် ၂၈ (မော်ကွန်း)
၂၀၂၁ မတ် ၂၈ ရက်က တာဟန်းသပိတ်မှာ စစ်တပ်ပစ်သတ်လို့ ကျဆုံးခဲ့ရတဲ့ သပိတ်ရဲဘော်တွေကို ကလေးမြို့ပင်မသပိတ်က ဒီကနေ့မှာ ဆုတောင်း၊ ဂုဏ်ပြုခဲ့ကြပါတယ်။
ကျဆုံးခဲ့ရသူတွေဟာ မအားခူ(၃၇နှစ်)၊ ကိုဆန်းသဲရာ(၂၀နှစ်)၊ ကိုရှိုင်းထက်အောင်(ခ)သားချစ်(၂၁နှစ်)၊ ကိုထန်ဟောမ်လျန်း(၂၇နှစ်)နဲ့ ကိုမင်းညို (၃၆နှစ်)တို့ဖြစ်ပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းပေါ်ချီတက်ဆန္ဒပြနေတာ ဒီကနေ့ဆို ၄၁၄ ရက်ရှိလာပါပြီ။
ဓာတ်ပုံ – CJ
#Dailynews

