ရိဒ်ခေါ်ဒါရ် – ၂၀၂၂ မတ် ၂၉ (မော်ကွန်း)
ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်မြို့မှာ တပ်စွဲထားတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ရဲ့စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) က ဒီကနေ့ ကြေညာပါတယ်။
တိုက်ခိုက်ခံရတဲ့စခန်းဟာ ရိဒ်မြို့ နယ်စပ်ဂိတ်နားက အမှတ်(၁) ရပ်ကွက်မှာရှိပြီး CNDF တပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး အဲဒီနေရာကနေ ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
အရပ်သားပြည်သူလေးဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားပြီး နှစ်ဦးကို ပြန်လွှတ်ပေးထားကာ ကျန်နှစ်ဦးကိုတော့ ဖမ်းဆီးထားတုန်းပဲလို့ ဆိုပါတယ်။
မကြာသေးခင်ရက်ပိုင်းက ချင်းပြည်နဲ့အိန္ဒိယနယ်စပ် ကုန်သွယ်ရေးစခန်းမြို့ဖြစ်တဲ့ ရိဒ်ခေါ်ဒါရ်မြို့ဘက်က နယ်စပ်တံတားမှာ CNDF အလံကိုလွှင့်တင်ထားပြီး အာဏာသိမ်းစစ်တပ်က ပြန်ဖြုတ်ကာ မြို့တွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာပါ။
#Dailynews

